Switch Mode

အခန်း (၉၄)

ဘယ်ကောင်မှလွတ်ဖို့မစဉ်းစားနဲ့

အခန်း (၉၄) ဘယ်ကောင်မှလွတ်ဖို့မစဉ်းစားနဲ့

ရှီတိက…

“ဒီကိစ္စရဲ့အဖြစ်မှန်က အခုချိန်မှာ ငါတို့ အတိအကျသိနိုင်တဲ့အရာ မဟုတ်သေးဘူး ၊ ဒါပေမဲ့ မီးတောက်မိစ္ဆာတွေနဲ့ ပတ်သက်နေတယ်ဆိုတော့ သေသေချာချာ စုံစမ်းရမယ် ၊ ဒီကိစ္စရဲ့အရေးပါမှုက ချောက်နက်ဖျက်စီးရေးအဖွဲ့အစည်းထက်တောင် ပိုများတယ်”

စောစောက သွေးဝိညာဉ်အမှတ်ရခြင်းနည်းစနစ်ဖြင့် ပြန်ကြည့်စဉ် ရီကျင်း၏လက်စွပ်မှထွက်ပေါ်လာသော ပြင်းထန်သည့် စွမ်းအားရောင်ဝါကို ရှိတိ စိတ်ထဲတွင် တိတ်တဆိတ်လျှို့ဝှက်မှတ်သားထားသည်။

သူက ပေါ့ပေါ့တန်တန် ကောက်ချက်မချတတ်သူ ဖြစ်လေရာ မေးခွန်းများကို သူ့စိတ်ထဲတွင်သာ မြှုပ်နှံသိမ်ဆည်းထားခဲ့သည်။

ငရဲမှ မူမမှန်မှုများကို လူတိုင်းသတိထားရမည်ဖြစ်သော်လည်း နေ့ရက်အဆုံးတွင် ထိုအန္တရယ်က သိသိသာသာ လျော့နည်းသွားသည်။

သို့သော် မီးတောက်မိစ္ဆာများက အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ကာလာရှည်ကြာ ရန်သူတော်များ ဖြစ်သည်။ နှစ်ဦးနှစ်ဖက် နှစ်ပေါင်းရှည်ကြာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြပြီး နှစ်ဖက်လုံးက တစ်လက်မပင် အသာစီးမရကြပေ။

ရီကျင်းက မီးတောက်မိစ္ဆာဘုရင်၏ အမွေအနှစ်ကို အမှတ်မထင်ရရှိသွားခြင်းက ပြဿနာ မရှိပေ။ သို့သော် မီးတောက်မိစ္ဆာနယ်မြေနှင့် အဆက်အသွယ်ရှိနေမည်ဆိုလျှင်တော့ အမှန်တကယ်ပင် အလေးအနက်ထားရမည့်ကိစ္စတစ်ခု ဖြစ်သည်။

ရှီတိက ဤကိစ္စကို လုံး၀ အတည်မပြုနိုင်သေးသော်လည်း သူ့စိတ်ထဲတွင်တော့ ထိုအကြောင်းအရာ၏ အရေးပါမှုက သံသယဝင်စရာကောင်းလောက်အောင် မြင့်တက်လာသည်။

သူ့မျက်နှာက အိုးဖင်ကဲ့သို့မဲမှောင်နေစဉ် ရန်ရှုက စကားလုံးအနည်းငယ်ကို သွားကြားထဲမှ ဖြစ်ညှစ်ထုတ်လိုက်သည်။

“ဒီကိစ္စကတော့ ဒီအဘိုးကြီး လုံး၀ မသိတဲ့ကိစ္စပါ”

ရန်ကျောက်ကဲက မနှေးမမြန်လေသံဖြင့်…

“ဒါဆိုရင်တော့ အကြီးအကဲက ကျွန်တော့်ကို ဘာလို့ သေစေချင်ရသလဲဆိုတာ မစဉ်းစားတတ်တော့ပါဘူး”

ရန်ရှုနှာခေါင်းရှုံ့လိုက်သည်။ သူ့မျက်နှာတွင်တော့ စိတ်ရှုတ်ထွေးမှုများက အထင်းသားပေါ်လွင်နေသည်။ လက်ရှိတွင် လူတိုင်းက ရီကျင်းကို အာရုံစိုက်နေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အကဲဖြတ်နေကြသည်။

ရီကျင်းမှာတော့ အကျပ်ရိုက်လျှက်ရှိသည်။

လူတိုင်းက သူ့ကို အာရုံစိုက်ကာ ဝိုင်းကြည့်နေကြသည့်အတွက် အလွန်အမင်း စိတ်မသက်မသာခံစားနေရသလို ဒေါသလည်းထွက်လျှက်ရှိသည်။

ဤလောကတစ်ခုလုံးအပေါ် သူ နားလည်နိုင်စွမ်း မရှိတော့ပေ။ သူက မီးတောက်မိစ္ဆာများ၏တည်ရှိမှုနှင့်ပတ်သက်ပြီး ရင်းနှီးသူတစ်ယောက်ဖြစ်သည်။ ထိုအချိန်တွင် သူက မီးတောက်မိစ္ဆာများနှင့်  ပူးပေါင်းသည်ဆိုသည့်သတင်းကို ကြားလိုက်ရသည့်အခါ ထိတ်လန့်ပြီး ဒေါသထွက်သွားရသည်။

ရန်ကျောက်ကဲလှမ်းကြည့်လိုက်သည့်အခါ ရီကျင်း၏ခန္ဓာကိုယ်တစ်ခုလုံးတွင်ရှီနေသည့် မီးတောက်သဏ္ဌန်များက ပိုမိုတောက်ပလာပြီး ခန္ဓာကိုယ်တစ်ခုလုံး လောင်ကျွမ်းနေသည့်အလား ထင်မှတ်ရသည်။

ရီကျင်းက ဒေါသတကြီး ကျုံးဝါးသံပြုလိုက်ရင်း…

“ရန်ကျောက်ကဲ ၊ ငါက မင်းလက်ခုပ်ထဲကရေပဲ ၊ သတ်ပစ်ချင်လား ၊ ခုတ်ဖြတ်ပစ်ချင်လား ၊ ကြိုက်တာလုပ်”

“ဒါပေမဲ့ မင်းကိုယ်မင်းလည်း ဆီလျော်အောင် လုပ်စမ်းပါဦး ၊ မင်းက ငါ့ကိုထပ်ပြီး စွပ်စွဲချင်နေတာလား ၊ မင်းလိုခွေးကောင်က အမှန်တရားကို လှည့်စားနေတာပဲ”

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါး လေသံဖြင့်…

“မင်းကိုယ်မင်း ပိုက်ကွန်ထဲငါးလို ၊ အိုးထဲကလိပ်လို ပြောနေပေမယ့် ငါက မင်းကိုအရေးစိုက်သင့်မှာ စိုက်မှာပေါ့ ၊ ပြီးတော့ မင်းကို စွပ်စွဲနေစရာလည်း အကြောင်းကို မရှိဘူး”

“မင်းက သတိထားလွန်းနေတာလည်း ဖြစ်နိုင်တာပဲ ၊ ဒါပေမဲ့ အတည်ပြုဖို့က မခက်ပါဘူး ၊ မင်းကို ဂိုဏ်းထဲပြန်ခေါ်သွားပြီး ငါတို့ အကြီးအကဲတွေက မင်းရဲ့လက်စွပ်ကိုစစ်ဆေးခွင့်ပြုလိုက်မယ် ၊ ဒါဆို နိဂုံးချုပ်အဖြေတစ်ခု ထွက်လာမှာပဲလေ”

ရန်ကျောက်ကဲက ရီကျင်းကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

“မင်းကိုယ်မင်း သိပ်တော့ အထင်ကြီးမနေနဲ့ ၊ ငါ့မှာက လုပ်စရာတွေအများကြီး ၊ မင်းအတွက်နဲ့ အချိန်ဖြုန်းမနေနိုင်ဘူး”

ထိုစကားကြေင့် ရီကျင်း ပိုမိုဒေါသထွက်လာပြီး သူ့ခန္ဓာကိုယ်ထက်မှ မီးတောက်သဏ္ဌန်များက မယုံနိုင်လောက်အောင်ပင် မီးတောက်အစစ်များအဖြစ် တောက်လောင်လာသည်။

မီးတောက်များကြားတွင်ရှိနေသည့် ရီကျင်းက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ သူ့အကြည့်က ရန်ကျောက်ကဲ ၊ အရှေးကောင်းကင်နယ်မြေ၏ စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲ ၊ ရှီတိနှင့် အခြားသူများထံသို့ စူးစူးစိုက်စိုက် ကျရောက်သွားသည်။

“မင်းတို့ဝါဒတောင်ဂိုဏ်းကလူတွေက တစ်ကျိတ်တည်း တစ်ဉာဏ်တည်းတွေပဲ ၊ အချင်းချင်းကာကွယ်ပေးနေကြတာ”

“မင်းတို့တွေရဲ့စိတ်က မိစ္ဆာတွေလိုပဲ ဖောက်ပြန်တယ် ၊ သွေးမထွက်စေဘဲ စကားနဲ့တင် အခြားသူတွေကို သတ်ဖြတ်တတ်တယ် ၊ အခြားသူတွေကို ဝါးမျိုတဲ့အခါ အရိုးကိုတောင် ထွေးမထုတ်ဘူး ၊ မင်းတို့တွေက မီးတောက်မိစ္ဆာတွေထက်တောင် ကြောက်စရာကောင်းပြီး ယုတ်မာကြသေးတယ်”

“မင်းတို့လိုလူမျိုးတွေနဲ့ တစ်ဂိုဏ်းတည်းဖြစ်ရတာထက် မီးတောက်မိစ္ဆာတွေလို ရိုးရှင်းဖြောင့်မတ်ရတာက ပိုကောင်းပါသေးတယ်”

ကောင်းကင်ကိုမော့ကြည့်ပြီး ရီကျင်းက ဒေါသတကြီး ကျုံးဝါးလိုက်သည်။

သူ့လက်ဖဝါးထက်ရှိ အေသွးအသားများထဲမှ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မီးတောက်တစ်ခု ထွန်းညှိထားသည့်အလား အနီရင့်ရောင်အလင်းစက်ဝန်းတစ်ခုက သူ့လက်ချေင်းများထက်မှ ထွက်ပေါ်လာသည်။ ထိုအရာက အနီရင့်ရောင်လက်စွပ်ပင် ဖြစ်သည်။

လက်စွပ်မှ အလင်းတန်းများ ထွက်ပေါ်လာသည်နှင့် ရီကျင်း၏နောက်ကျောဘက်ရှိ လေထုထဲတွင် ပုံရိပ်ယောင်မြင်ကွင်းတစ်ခုက ေ၀ဝါးစွာ ထွက်ပေါ်လာသည်။

ထိုပုံရိပ်ယောင်ထဲတွင် ချော်ရည်များဖုံးလွှမ်းနေသည့် မြေပြင်နှင့် မီးတောက်များဖုံးလွှမ်းနေသည့် ကောင်းကင်ပြင်တစ်ခုကို တွေ့မြင်ရသည်။

ထိုမြင်ကွင်းထဲမှ ကြောက်မက်ဖွယ်ရာမီးတောက်ကြီးတစ်ခုထွက်ပေါ်လာပြီး ထိုအရာက လက်ရှိ ရှီကျင်းပိုင်ဆိုင်ထားသည့် ပြင်းထန်သည့် ရောင်ဝါဖြစ်သည်။ ထိုရောင်ဝါကို တစ်ခါတစ်ရံတွေ့မြင်ရပြီး တစ်ခါတစ်ရံတွေ့မြင်ရခြင်း မရှိပေ။ သို့သော် လူတိုင်း၏ စိတ်နှလုံးကို တုန်လှုပ်စေသည်။

ထိုမြင်ကွင်းကိုတွေ့လိုက်သည်နှင့် ရန်ကျောက်ကဲ မျက်လုံးတစ်ချက်လှန်လိုက်သည်။

“မင်းရဲ့ဦးနှောက်ကတော့ မီးနဲ့အကြော်ခံလိုက်ရပြီထင်တယ်”

ထိုမြင်ကွင်းက စောစောက သွေးဝိညာဉ်အမှတ်ရခြင်းနည်းစနစ်ဖြင့် တွေ့မြင်ရသော မြင်ကွင်းမျိုးမဟုတ်ပေ။ မြင်ကွင်းက အစစ်အမှန်ပမာ ထင်ရှားလာသည်။

ပုံရိပ်ယောင်မြင်ကွင်းများနှင့် ရီကျင်း၏တန်ခိုးစွမ်းအားကို ခံစားရပြီးနောက် ဘေးမှကြည့်နေကြသော ရန်ရှုအပါအဝင် အားလုံးသောသူများက ရန်ကျောက်ကဲ၏ ထင်မြင်ချက် မှန်ကန်သည်ဟု ယုံကြည်လာကြသည်။

ရီကျင်း၏ လက်ချောင်းထက်မှ အနီရင့်ရောင်လက်စွပ်ကိုကြည့်ပြီး ရန်ရှုတွေးလိုက်သည်။

“အဲဒီလက်စွပ်က သူ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်နေတာကိုး ၊ တစ်လျှောက်လုံး ငါ အာရုံမခံနိုင်တာ မအံ့သြတော့ပါဘူး”

ရှီတိက ခံစားချက်ကင်းမဲ့သည့် မျက်နှာဖြင့်…

“ဒါက ကျုပ် ရှီတိ ဘဝတစ်လျှောက်လုံး တွေ့မြင်ဖူးခဲ့သမျှထဲမှာ အပြင်းထန်ဆုံးပဲ ၊ အဲဒါက အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးကို သုတ်သင်ပစ်လိုက်ရင်တောင် ရိုးရှင်းတဲ့ကိစ္စတစ်ခု မဖြစ်နိုင်ဘူး”

“ဒါပေမဲ့ အဲဒါကို စိတ်ဝိညာဉ်တစ်ခု ဒါမှမဟုတ် စိတ်ဆန္ဒအကြွင်းအကျန်တစ်ခုခုက ကျန်ရစ်ခဲ့တဲ့အပိုင်းအစတစ်ခုလို့ မသတ်မီတ်နိုင်ဘူး ၊ အရိပ်အယောင်တစ်ခုလောက်ပဲ ကျန်ရစ်တော့တာမို့ လောကကို လွှမ်းမိုးနိုင်မှာ မဟုတ်သေးဘူး”

ပြောပြီးသည်နှင့် ရှီတိက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ သူ၏လက်ဖဝါးထက်တွင် ဖန်သားပမာကြည်လင်တောက်ပသည့် ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ရွှေခန္ဓာတန်ခိုးစွမ်းအားပင် ဖြစ်၏။

ရှီတိ၏လက်ဝါးရိုက်ချက်ထိမှန်သွားသည်နှင့် ပုံရိပ်ယောင်မြင်ကွင်းရှေ့မှ ရီကျင်းက နာကျင်စွာအော်ဟစ်လိုက်ပြီး ဒေါသတကြီးကြုံးဝါးသံကိုပါ ပြုလုပ်လိုက်သည်။

ရီကျင်းမြေပြင်ထက်သို့လဲကျသွားကာ မလှုပ်ရှားနိုင်တော့ဘဲ ခန္ဓာကိုယ်ထက်မှ မီးတောက်များလည်း ငြိမ်းသတ်သွားသည်။ သူက ရန်ကျောက်ကဲနှင့် ရှီတိကို မကျေမနပ်ဖြင့် စိုက်ကြည့်နေသည်။

မူလက စကားပြောရန်ဟန်ပြင်နေသည့် ရှီတိက စကားမပြောတော့ဘဲ ခြေတစ်လှမ်းတည်းဖြင့် အိမ်အပြင်ဘက်သို့ ရောက်ရှိသွားသည်။

အိမ်အပြင်ဘက်ရောက်သည်နှင့် စောစောက တရှိန်ရှိန်တောက်လောင်နေသော ကောင်းကင်ထက်မှနေမင်းက ရုတ်တရက် မှေးမှိန်သွားသည်။

ညအချိန်ရောက်သွားသည့်အလား ကောင်းကင်တစ်ခုလုံး ချက်ချင်းပင် မှောင်မိုက်သွားသည်။

အမှောင်ထုထဲတွင် တောက်ပသည့်လရောင်တစ်ခုကို ပေါ်လာလိုက် ၊ ပျောက်ကွယ်သွားလိုက် ဖြင့် တွေ့မြင်ရသည်။

ရန်သူဟုသိလိုက်သည်နှင့် ရှီတိ၏ခန္ဓာကိုယ်တစ်ခုလုံးမှ တောက်ပပြီး ရှေးကျသည့် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

မိုးနဲ့မြေကြားတွင် အလင်းတစ်လှည့်အမှောင်တစ်လှည့်ပြေးလွှားနေပြီး တန်ခိုးစွမ်းအားလှိုင်းလုံးများစွာ ထွက်ပေါ်လာကာ အိမ်၏အုတ်မြစ်တစ်ခုလုံး ပြိုကျလာသည်အထိ ပတ်ဝန်းကျင်တစ်ခုလုံးကို လှုပ်ခါသွားစေသည်။

ထိုသို့ တုန်လှုပ်ဖွယ်ရာ လှိုင်းလုံးများနှင့် ရင်ဆိုင်ရသည့်အခါ ဝါဒတောင် စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ပထမအဆင့် အကြီးအကဲရှီတိမှာ ကြီးမားသည့် ဖိအားတစ်ခုကို ခံစားလိုက်ရသည်။

“မဟူရာဆည်းဆာလမင်း”

ရှီတိ ရေရွတ်လိုက်သည်။

“ဒီလိုကျင့်ကြံခြင်းအဆင့်ရှိတဲ့သူက အာဏာရှင်နေမင်း (၇)စင်းထဲက ဆည်းဆာအရှင်ပဲ ဖြစ်ရမယ်”

ရန်ကျောက်ကဲက သူ၏မေးဖျားကို အသာပွတ်သပ်လိုက်ရင်း…

“ကျွန်တော်သိသလောက် ဆည်းဆာအရှင်ရဲ့ ကျင့်ကြံခြင်းအဆင့်က အာဏာရှင်နေမင်း (၇)စင်းရဲ့ ခေါင်းဆောင်ဖြစ်တဲ့ လောကထွန်းလင်းအရှင်အရှင်နဲ့အတူတူပဲ ၊ သူ့အဆင့်က သူတို့အားလုံးထဲမှာ ဒုတိယရှိနိုင်တယ်”

စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ပထမအဆင့် အကြီးအကဲက ခေါင်းညိတ်လိုက်သည်။

“အမှန်ပဲ ၊ သူ့ရာထူးက လောကထွန်းလင်းအရှင်ရဲ့ အောက်မှာရှိပေမယ့် သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ စွမ်းအားကတော့ မနိမ့်ကျဘူး ၊ သူက နေသူတော်စင်ဂိုဏ်းရဲ့ ထိပ်တန်းအကြီးအကဲတစ်ယောက်ပဲ”

“အာဏာရှင်နေမင်း (၇)စင်းထဲမှာ  ဆည်းဆာအရှင်ကတော့ ညစ်ပတ်တဲ့အလုပ်တွေနဲ့ စိတ်ပျက်စရာကောင်းတဲ့အလုပ်တွေကို လုပ်လေ့ရှိတယ် ၊ ပြီးတော့ သိုသိုသိပ်သိပ်နေတတ်သလို လူလည်းအသတ်ဆုံး ပုဂ္ဂိုလ်တစ်ယောက်ပဲ”

ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း…

“သူတို့က ကျွန်တော့်ကို တကယ်အထင်ကြီးနေကြတာပဲ… ဟမ် ၊ ရှောင်ရှန်းကို သတ်လိုက်တာ အလကားမဖြစ်ဘူးပဲ”

“မဟူရာဆည်းဆာလမင်း” ဆိုသည်မှာ မဟာနေမင်းသိုင်းပညာ (၇)ရပ်တွင် အထူးခြားဆုံးပညာတစ်ခု ဖြစ်သည်။ ထိုသိုင်းပညာက လွတ်လပ်ပြီး ကိုယ်ပိုင်စွမ်းအားရှိသည်။ နေ့နှင်ညကို လိုသလို လှည့်စားနိုင်စွမ်း ရှိသည်။

အစစ်အမှန်နှင့် ထင်ယောင်ထင်မှားကြား အတက်အကျများ ပြုလုပ်နိုင်ပြီး နေနှင့်လကို တစ်လှည့်စီဖြစ်ပေါ်စေနိုင်သည်။ ပုံရိပ်ယောင်ဖြစ်ခြင်းနှင့် သိုင်းပညာကို ပေါင်းစပ်ထားသည့် ပညာတစ်ခုဖြစ်ကာ နေသူတော်စင်ဂိုဏ်းမှ အခြားသောသိုင်းပညာများနှင့် မတူခြားနားသည်။

ယခု ဆည်းဆာအရှင် ထုတ်ဖော်ပြသလိုက်သည်က မိုးနဲ့မြေ တစ်လှည့်စီ လှည့်ပတ်ပြသသည့် တန်ခိုးစွမ်းအားဖြစ်သည်။

ရှီတိသာ မတုန်လှုပ်သည့် ကျောက်တိုင်တစ်ခုပမာ ကာကွယ်ပေးမထားလျှင် ဝါဒတောင်မှ ဂိုဏ်းသားများအားလုံး လရောင်အောက်တွင် ချက်ချင်း ဝါးမျိုခံရကာ ပျောက်ကွယ်သွားမည် ဖြစ်သည်။

“သံမဏိခြင်္သေ့”

တိုးလျနက်ရှိုင်းသည့်အသံတစ်သံက လရောင်ထဲမှ ထွက်ပေါ်လာသည်။

သံမဏိခြင်္သေ့ရှီတိက ဆည်းဆာအရှင်ကို ပိတ်ဆို့ထားသည့်အခါ အမှောင်ထုထဲမှ အခြားသော နေသူတော်စင်ဂိုဏ်းသားများက ရန်ကျောက်ကဲနှင့် အခြားသူများကို တိုက်ခိုက်လိုက်ကြသည်။

အရှေ့ကောင်းကင်ဒေသမှ စည်းကမ်းထိန်းသိမ်းရေးအကကြီးအကဲနှင့် ဝါဒတောင်မှဂိုဏ်းသားများကလည်း ချက်ချင်းပင် ပြန်လည်တိုက်ခိုက်လိုက်ကြပြီး ပြင်းထန်းသည့်တိုက်ပွဲတစ်ခု စတင်တော့သည်။

မူလက ဖြစ်သမျှအကြောင်းအကောင်းဟု လက်ခံထားသည့် ရန်ရှုသည် အခွင့်အရေးကိုတွေ့မြင်သည် ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။

သူက ရန်ကျောက်ကဲကို မုန်းတီးမှုအပြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး တုံ့ဆိုင်းမနေဘဲ ထွက်ပြေးသွားသည်။

ထိုအချိန် ရီကျင်းသည်း အန္တရယ်ထဲမှထွက်ပြေးရန် ကြံစီနေသည်။ သူက ရန်ကျောက်ကဲကို ဒုက္ခပေးချင်သည့်တိုင် အမှောင်ထုထဲတွင် အခြေအနေများကို ခန့်မှန်းနိုင်ခြင်း မရှိပေ။ ထို့ကြေင့် ရန်လိုမုန်းတီးစွာ တစ်ချက်အော်ဟစ်လိုက်ပြီး အပြင်ဘက်သို့ ထွက်ပြေးသွားတော့သည်။

လေထဲတွင် မတ်တတ်ရပ်နေသည့် ရှီတိက အေးစက်စွာ “ဟွန့်” ခနဲ နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။

ထို့နောက် သူ့ထံမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရန်ရှု၏ခန္ဓာကိုယ်အား ရိုက်ချလိုက်သည်။

ထွက်ပြေးနေသည့် ရန်ရှုတစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်သွားပြီး ပါးစပ်မှ သွေးများအန်ထွက်လာသည်။

သူ့တစ်ကိုယ်လုံးရှိ ချွေးပေါက်များမှ အနီရောင်တောက်တောက်သွေးများ ထွက်လာပြီး တစ်ကိုယ်လုံး သွေးချင်းချင်း နီရဲသွားသည်။

ရှီတိက နေသူတော်စင်ဂိုဏ်းမှ ဆည်းဆာအရှင်ကို အာရုံစိုက်နေရသဖြင့် ရန်ရှုမှာ အသက်မသေဘဲ ဒဏ်ရာအပြင်းအထန်ရသွားခြင်း ဖြစ်သည်။ သို့သော် သူက တစ်ချက်မတုံ့ဆိုင်းဘဲ ကုန်းရုန်းထပြီး ဆက်ပြေးသည်။

ရန်ကျောက်ကဲက ရှီတိထံသို့ အသံပို့လွှတ်စနစ်ဖြင့် လှမ်းပြောလိုက်သည်။

“ပထမဆရာဦးလေး ၊ ရန်ရှုနဲ့ရီကျင်းကိစ္စ ကျွန်တော့်တာဝန်ထားလိုက်ပါ”

ရှီတိက ခဏမျှတုံ့ဆိုင်းနေပြီးမှ စကားပြန်ပြောသည်။

“တစ်ဖက်လူက ခုခံမယ်ဆိုရင် တစ်ခါတည်းသာ ရှင်းပစ်လိုက်”

“စိတ်ချပါ ၊ ပထမဆရာဦးလေး”

ထို့နောက် ရန်ကျောက်ကဲ၏မျက်နှာထက် အေးစက်စက်အပြုံးတစ်ချက်ထင်ဟပ်လာပြီး ချက်ချင်း လှုပ်ရှားလိုက်သည်။

“ဘယ်ကောင်မှလွတ်ဖို့မစဉ်းစားနဲ့”

Comment

Leave a Reply

Options

not work with dark mode
Reset