လုရန် “လူငယ်” ရဲ့ အဓိပ္ပါယ်ကို မသိဘူးလား။
သူ့တူက အသက်နှစ်ဆယ်ရှိနေပြီဆိုမှတော့ သခင်ချူ က ဘယ်ငယ်တော့မလဲ?
ဟင်းပွဲတွေက စားပွဲပေါ် အမြန်ရောက်လာသည်။ လုဂျန် နဲ့ လုရှင်းတို့ စောစောက စားခဲ့တာမို့ ဗိုက်ပြည့်နေပေမဲ့ ကြက်ပေါင်တစ်ချောင်းစီ ကိုက်ကြသည်။
လုရန်လည်း အသားအနည်းငယ် စားသည်။
လုရှန်း ဗိုက်အပြည့်စားပြီးနောက် ပါးစပ်ကိုသပ်သပ်ရပ်ရပ်သုတ်နေသည့် ချုစစ်ဟန် ကို ကြည့်လိုက်သည်။ သူမ တစ်ခုခုပြောချင်သော်လည်း ရပ်လိုက်သည်။
“မိန်းကလေး လု မင်းဘာမေးချင်လို့လဲ?”
ချုစစ်ဟန် သူမကို အေးအေးဆေးဆေးကြည့်ကာ မေးလိုက်သည်။
“အင်း။ ရှင့် ဦးလေးနဲ့ ကျွန်မတို့ ရဲ့ စေ့စပ်ကြောင်းလမ်းထားတာကို သိတယ် မဟုတ်လား”
“သိတယ်။”
“ရှင့် ဦးလေး မုဆိုးဖိုလား”
မဟုတ်ရင် သူဘာလို့ မယား မရှာနိုင်ရတာလဲ?
“အဟွတ်။!အဟွတ်!”
ချုစစ်ဟန် စကားမပြောခင် လုရန် ချောင်းဆိုးပြီး မျက်နှာရဲတက်လာ၏။
ချုစစ်ဟန် က “မဟုတ်ဘူး…”
သူက အရင်အိမ်ထောင်ထောင် မပြုဖူးဘူး။ ဘယ်လိုလုပ် မုဆိုးဖို ဖြစ်ရမှာလဲ?
“ဒါဆို တရားသူကြီးမင်းက ဇနီးမယားတစ်ယောက် ဘာလို့ ရှာမတွေ့ရတာလဲ? “ လုရှန်း နှုတ်ခမ်းစူပြီး “သူဟာ အကျင့်ပျက်သူတစ်ယောက်ဖြစ်နေမလား”
ချုစစ်ဟန် ပိုပို၍ ရယ်စရာကောင်းလာသည်လို့ တွေးမိသည်။
ချောင်းဆိုးတာရပ်သွားတဲ့ လုရန်ဟာ စကားမပြောနိုင်ဖြစ်သွားသည်။
“လူကြီးမင်းချု သူမကို စိတ်မရှိပါနဲ့ ကျွန်တော့်ညီမက အဓိပ္ပာယ်မရှိတာပြောနေတာပါ ညီမလေး သခင်ချုကိုမပြောနဲ့တော့!”
မကြာခဏ ဒုက္ခက ပါးစပ်က ထွက်လာတတ်သည်ဆိုတာ သူမ မသိဘူးလား?
“အဆင်ပြေပါတယ်။”
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ချုစစ်ဟန် က ရုတ်တရက် ပြန်ဖြေသည်။
“ဒါပေမယ့် ကျွန်မ ပြောလိုက်မယ်။ ကျွန်မ ရှင့်ဦးလေး နဲ့လက်မထပ်နိုင်ဘူး။”
လုရှန်း စကားပြောနေစဉ် လက်ပေါ် မေးတင်ကာ “ကျွန်မရဲ့အလှ က ရှင့်လိုချောမောသူနဲ့မှ လိုက်ဖက်တာ”
“ဟုတ်လား?” ချုစစ်ဟန် တိုးတိုးတိတ်တိတ် ရယ်မောတယ်။
လုရန် သူ့ နဖူးကို ဖိနှပ်ထားလိုက်တော့သည်။
သူ့ညီမ အရင်တုန်းက ဒီလိုမဟုတ်ဘူး။
ဒါ ငါ့ညီမ မဖြစ်နိုင်ဘူး!
ချူစီဟန် နဲ့ ကျန်တဲ့သူတွေကိုနှုတ်ဆက်ပြီးနောက် မောင်နှမများ လမ်းပေါ်၌ ပစ္စည်းအချို့ဝယ်ကာ ရွာသို့ ပြန်ခဲ့ကြသည်။
လုရှန်း က အိမ်ပြန်ရောက်ပြီး ပထမဆုံးလုပ်ခဲ့တာက ပန်းခြံထဲက အပင်တွေကို ရေလောင်းသည့်အလုပ်ဖြစ်သည်။
“လုရှန်း?”
ခြံစည်းရိုးအပြင်ဘက်တွင် ခြင်းတောင်းကို ထမ်းလာသည့် အမျိုးသမီး ခေါင်းကို ငုံ့ကာ စကားလာပြော၏။
“ဟုတ်!”
လုရှန်း သူမရဲ့ သစ်သားရေပုံးကို ချလိုက်ပြီး မြန်မြန်လျှောက်လာကာ “ အဒေါ် လျန် ကျွန်မကိုဘာလို့ရှာတာလဲ?”
လုရှန်း ဒီ အမျိုးသမီးကို အမျိုးသမီးလျန် လို့ခေါ်တာကို မူလ ခန္ဓာကိုယ်မှတ်ဉာဏ်မှသိရှိခဲ့သည်။ ထိုအမျိုးသမီးနဲ့ အမျိုးသမီး ဟဲ တို့သည် အန်းယုရွာသူတွေဖြစ်သည်။ သူတို့နှစ်ဦးစလုံးသည် လျိုယွဲ့ ရွာမှ အမျိုးသားများနဲ့ လက်ထပ်ခဲ့သည်။
“တကယ် မင်းပဲ!”
အမျိုးသမီးလျန် က လုရှန်း ရဲ့ မျက်နှာကို စိုက်ကြည့်ရင်း အံ့သြသောအမူအရာတစ်ခုကို ထုတ်ဖော်သည်။
အမျိုးသမီးလျို ခြင်းတောင်းကိုပေးပြီး “မင်းအဖွားပေးခိုင်းလိုက်တာ။“
လုရှန်း ခြင်းတောင်းကိုယူပြီး အထဲကိုကြည့်လိုက်တော့ ကြက်ဥများ ပြည့်နေသည်ကို တွေ့လိုက်ရသည်။
ခဏကြာတော့ အမျိုးသမီးလျန် က ပိုက်ဆံအိတ်ကို ထုတ်ပြီး သူမကို ပေးသည်။
“ဒီမှာ ငွေလေးတွေရှိတယ်။ မင်းရဲ့အိမ်မှာ ဖြစ်ပျက်ခဲ့တာကို မင်းအဖွားကြားပေမယ့် ခြေထောက်တွေ အားနည်းပြီး မင်းဦးလေး အိမ်မှာမရှိလို့ ကိုယ်တိုင်လာလို့မရဘူး။ ကောင်းတဲ့ဘဝတစ်ခုကို ဦးဆောင်ဖို့နဲ့ အဲဒီလူယုတ်မာတွေကို ထောင်ထဲမှာပဲ ချုပ်နှောင်ထားဖို့ပြောခိုင်းလိုက်တယ်။”
အမျိုးသမီးလျန် ပြောပြီးနောက် မူလခန္ဓာကိုယ်ပိုင်ရှင်မှာ အဖွားနဲ့ ဦးလေးတစ်ယောက်ရှိနေကြောင်း လုရှန်း သတိရမိသည်။
သို့ပေမဲ့ သူတို့ရဲ့ ဘဝက ခက်ခဲလွန်းသည်။ ဒီ ငွေအနည်းငယ်က သူတို့ ၏ မိသားစုအတွက် ဝီရိယစိုက်ထုတ်စုဆောင်းထားသော စုဆောင်းငွေဖြစ်နိုင်သည်။
သူ့ဦးလေးက အသက် ၁၇ နှစ် ၊ ၁၈ နှစ် ရှိပြီဖြစ်ပေမဲ့ လူလွတ်ဖြစ်ဆဲပဲ။
သူအရမ်းဆင်းရဲလို့ ဖြစ်နိုင်သည်။
“ဒေါ်ဒေါ် က ဘာလို့ ရောက်လာတာလဲ?”
နွားလှည်းကို ပြန်ပေးလိုက်သော လုရန်က အမျိုးသမီးလျန် ကို သံသယဖြင့် ကြည့်သည်။
သူတို့သည် တစ်ရွာတည်းနေဖြစ်ပေမဲ့ အိမ်များ ဝေးကွာကြသည်။
“လုရန်!” အမျိုးသမီးလျန် ပြုံးပြီးပြောသည် “အန်းမုရွာက က ပြန်လာတာ မင်းအဖွားက မင်းအတွက် တစ်ခုခု ယူသွားပေးဖို့ ပြောတယ်။”
လုရန်မျက်မှောင်ကြုတ်ပီး “အဖွားက ဘာလို့ဒီလိုလုပ်တာလဲ။ ကျွန်တော်တို့ဆီ ဘာမှမပို့ရင်တောင် ကျွန်တော်တို့ ငတ်မှာမဟုတ်ဘူး။”
တစ်ဖက်မိသားစုက ရုန်းကန်နေရပေမယ့် သူတို့အတွက် စိုးရိမ်မိသည်။
အမျိုးသမီးလျန် က ဖြည်းညှင်းစွာ သက်ပြင်းချသည်။ “မင်းအဖွားက မင်းကို ချစ်တယ်။ သူ့ခြေထောက်တွေ ကောင်းရင် သူ့ကိုယ်တိုင် လာမှာ။”
Good