ဒါကို လုရန်ကြားတော့ သဘောတူသည်။
အမျိုးသမီး လျို လို တစ်စုံတစ်ယောက်အတွက်၊ သေခြင်းသည် နှမြောဖို့ကောင်းသည်။
ချုစစ်ဟန် ချက်ချင်းမတုံ့ပြန်ခဲ့ဘူး။
သူ မျှော်လင့်ချက်အပြည့်နဲ့ သူမရဲ့ မျက်နှာ ကို စိုက်ကြည့်ပြီး “ ငါမင်းကို ကတိပေးတယ် ဒါပေမယ့် ငါ့မှာ အခြေအနေတစ်ခုရှိတယ်။”
“အခြေအနေတစ်ခု?” လုရှန်းခေါင်းညိတ်သည်။ “ဟုတ်ပြီ။ သို့ပေမဲ့ ကျွန်မလုပ်ပေးနိုင်ရင် လုပ်ပေးမယ်။”
သူမက သူ့ရဲ့ ထောင်ချောက်ထဲကို မကျရောက်ခဲ့ပေ။
“စိတ်မပူပါနဲ့။” သူ့နှုတ်ခမ်းပါးလွှာက အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ “မင်း ဒီအခြေအနေကို သေချာပေါက် ဖြည့်ဆည်းပေးနိုင်တယ်။”
ဒီမိန်းကလေး ယုံလွယ်ပုံရပေမယ့် စမတ်ကျသည်။
သူမ နဲ့ တစ်ရက်ခွဲလောက်ပဲ ဆက်ဆံရသေးပေမဲ့ ချုစစ်ဟန် သူမဘယ်လိုနေထိုင်သည်ကို နားလည်နိုင်သည်။
အရေးကြီးတာတစ်ခုခုပြောတိုင်း သူမ အကြောင်းအရာကို အမြဲရှောင်သည်။
ချုယွမ်ဘေးမှ အံ့အားသင့်စွာ ကြည့်နေ၏။
သခင်က ပြုံးနေတာလား?
ချုယွမ်က ချုစစ်ဟန် ရဲ့အနောက် ခုနစ်နှစ် ရှစ်နှစ်ကြာအောင် လိုက်ခဲ့ပြီး တစ်ကြိမ်မျှ ပြုံးပြသည်ကို မမြင်ဖူးပေ။
တရားသူကြီးဖြစ်လာပြီးနောက် ချုစစ်ဟန် ပို၍တင်းကျပ်လာသည်။
သူ ရံဖန်ရံခါ ပြုံးပြတဲ့ တစ်ခုတည်းသော အချိန်က ရှီရီ၊ယွမ်တင်း တို့နဲ့ အတူ ရှိနေချိန် ဖြစ်သည်။
သခင် လုရှန်းကို ပြုံးပြနေတာက သူမကို သဘောကျနေလို့များလား?
ချုယွမ် မျက်မှောင်ကြုံ့ သွား၏။
လုရှန်း သည် လှပသော်လည်း၊ သူမ၏ အရည်အချင်းနှင့် ဉာဏ်က သခင်နဲ့တန်းတူရှိပ့ါမလား?
ဘာမှ ကြီးကြီးမားမား မရှိဘဲ လှပနေရုံနဲ့ ဘာမှ သုံးလို့မရဘူးလေ။
သူ့သခင်သည် တပ်မက်မှုဖြင့် သွေးဆောင်ခံရမည့် ထိုလူယုတ်မာများထဲမှ မဟုတ်ကြောင်း သူသိသည်။
“သဘောတူတယ် !”
လုရှန်း high-five လုပ်ဖို့ လက်မြှောက်လိုက်သည်။
အံ့အားသင့်သောအကြည့်ဖြင့် ချုစစ်ဟန် သူ့လက်ဖဝါးမြှောက်ပြီး ငုံ့ကြည့်ပြီးနောက် ပြုံးနေသောမိန်းကလေးကို ပြန်ကြည့်လိုက်သည်။ သူရဲ့ အေးစက်တဲ့ မျက်လုံးတွေက တွေးတောစရာ ဖြစ်လာသည်။
အနှစ်နှစ်ဆယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မိန်းကလေးတစ်ယောက် ကို ထိမိခြင်းပင်။
သူမရဲ့ လက်ဖဝါးက ဖြူဖွေးနုအိနေပေမယ့် အဆီပိုလေးတွေရှိသည်။
“ဗိုက်ဆာနေလား?” သူ မေးလိုက်သည်။
ချုယွမ်က သူ့ကိုပြောနေသည်ထင်ပြီး အမြန်ပြန်ဖြေတယ် ။ “သခင် ကျွန်တော် ခေါက်ဆွဲစားပြီးပြီ”
“ငါ မင်းကို မမေးဘူး။”
“အိုး!” ချုယွမ်နှုတ်ခမ်းစူသွား၏။
“ကျွန်မကိုမေးတာလား?” လုရှန်းရဲ့ မျက်လုံးများ တောက်ပလာသည်။
“တကယ်တော့ ကျွန်မဗိုက်ဆာနေတာ။”
သူမ ရဲ့ အိတ်ကပ်ထဲမှာ အကြွေအများကြီးမကျန်တော့ဘူး။ ထို့ကြောင့် အခမဲ့ ထမင်းကျွေးတာကို အမြဲကြိုဆိုတယ်။
“ငါတို့စားပြီးပြီ။”
လုရန် ချုစစ်ဟန် ကို ရဲရဲကြီး စိုက်ကြည့်နေ၏။
ဒီလူက ဘယ်သူလဲ မသိသလို လုရှန်းနဲ့ ဘာကြောင့် စကားပြောချင်ရတာလဲ? အခု သူ့ညီမ ဗိုက်ဆာနေသလား မစားဘူးလားလို့တောင် ဂရုစိုက်နေသည်။
“အစ်ကိုကြီး ညီမလေး မစားရသေးဘူး!”
လုရှန်းက လုရန်ရဲ့ လက်ကို တိတ်တဆိတ်ဆွဲလိုက်သည်။
“ဒါပေမယ့် ဗိုက်မပြည့်သေးဘူး” လို့ လုရန်မှုပ်ကုပ်ကုပ် နဲ့ ကူရာမဲ့စွာပြောတယ်။
“ဗိုက်မပြည့်သေးဘူး?” ချုယွမ်အံ့သြသွားသည်။ “မင်း ခေါက်ဆွဲ ပန်းကန်ကြီးနှစ်လုံးစာ စား ပြီးပြီလေ !”
သူ့ဗိုက်ကို သတ္တုနဲ့ ပြုလုပ်ထားလေသလား?
လုရှန်း ပြုံးပြီး “အင်း… အစ်ကိုက စားချင်စိတ်အရမ်းရှိတယ်။”
ချုစစ်ဟန် ပြုံးပြီး။ “သွားကြရအောင်။”
စားသောက်ဆိုင်တစ်ဆိုင်သို့ လျှောက်သွားကာ အခန်းတစ်ခန်းယူသည်။
စားသောက်ဆိုင်အတွင်း လုဂျန်နဲ့ လုရှင်းကမုန့်များစားနေစဉ် လုရန် တိတ်ဆိတ်နေခဲ့သည်။
ချုယွမ်က ဗိုက်ပြည့်နေလို့ မလိုက်တော့ဘူးလို့ ဆိုသည်။
“ရှင်က ဟောင်ရန်မြို့ကလား”
“ဟုတ်တယ် ”
“ရှင့် နာမည်က ချုစစ်ဟန် လား?” လုရန်က ချုစစ်ဟန် ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ “ဒါဆို သခင်ချူနဲ့ မင်းရဲ့ဆက်ဆံရေးက ဘယ်လိုမျိုးလဲ။?”
ချုစစ်ဟန် ရဲ့ ကျော်ကြားမှုကြောင့် လုရန် သူ့အကြောင်းကို အရင်က ကြားဖူးသည်။ သို့ပေမဲ့ သူ့ကို မတွေ့ဖူးဘူး။
“သူ?”
ချုစစ်ဟန် ရဲ့ လက်များ ရပ်တန့်သွားသည်။ လုရှန်းကို အပြုံးတစ်ဝက်ဖြင့် ကြည့်ရင်း “သူက ငါ့ဦးလေး”
“ဦးလေး?”
လုရန်အံ့သြသွားသည်။ “သခင်ချူမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုတူလေးတစ်ယောက်ရှိမယ်လို့ မမျှော်လင့်ထားဘူး!”
အသက်ငယ်တယ် ?
လုရှန်း လုရန်ကို သံသယဖြင့် ကြည့်လိုက်သည်။