သူက အသက်ကြီးပြီး အဂတိလိုက်စားတဲ့ အရာရှိတစ်ဦးလို့ သူမကို ဘယ်သူ ပြောတာလဲ?
ချုစစ်ဟန် အသက် ၁၅ တွင် သူ့ရဲ့မြို့တွင် ထိပ်တန်းကျောင်းသားဖြစ်နေပြီ ခရိုင် ၁၅ ခုမှာ ရပ်တည်နိုင်ပြီ။ နောက်ဆုံး ဟန်လင်းကောလိပ်ဝင်ရောက်ပြီး အင်ပါယာက စာရေးတစ်ယောက်ဖြစ်လာခဲ့တယ်။
အသက် ၁၈ နှစ်တွင် အမဲလိုက်ပွဲမှာ ဧကရာဇ်မင်းရဲ့ အသက်ကို ကယ်တင်ခဲ့သည်။ ဒါကြောင့် သူက စတုတ္ထအရာရှိအဖြစ် ရာထူးတိုးမြှင့်ခံရပြီး လင်းဂျန်အိမ်တော် ရဲ့ တရားသူကြီးအနေနဲ့ ခန့်အပ်ခြင်းခံခဲ့ရသည်။
ထိုအချိန်တုန်းက သူ သည် ဟောင်ရန်မြို့ နဲ့ ရွမ်ယွဲ့ တိုင်းပြည်တစ်ခုလုံးကို အကြီးအကျယ် ရုန်းရင်းဆန်ခတ်ဖြစ်စေခဲ့တယ်။
ဒါ့အပြင် အမှုပေါင်းမြောက်မြားစွာကို ဘက်မလိုက်ဘဲ တရားမျှတစွာ ကိုင်တွယ်ခြင်းကြောင့် သူရဲ့ ကျော်ကြားမှု က ဒီ ၂ နှစ်အတွင်းမှာ တိုးတက်လာခဲ့တယ်။
သူမ ပြောမှပဲ သူက ဘယ်လိုလုပ် အကျင့်ပျက်တဲ့ အရာရှိဖြစ်သွားတာတုန်း ??
“အဆင်ပြေရဲ့လား? ရှင့် အမူအရာကဘာလို့ရုပ်ဆိုးနေတာလဲ?”
လုရှန်း သူ့ကို သံသယနဲ့ ကြည့်သည်။
ခဏနေဦး သူ့မျိုးရိုးက ‘ချု ‘ လို့ ပြောခဲ့တာမဟုတ်လား? ငါလက်ထပ်မယ့်လူက ချုမျိုးရိုး မလား?
“တရားသူကြီးက ရှင့် ဦးလေးလား?”
ချုစစ်ဟန် စကားမပြောနိုင်အောင်ဖြစ်သွားသည်။
အခု သူ ဦးလေး တစ်ယောက် ဖြစ်သွားပြန်ပြီ။
“အဲဒါ အရေးမကြီးဘူး။”
အရေးကြီးတာက။
“မင်း က မနေ့ကလူလား”
“ဟုတ်ရင် ဘာဖြစ်မလဲ? မဟုတ်ရင် ဘာဖြစ်မလဲ?”
သူမ ယောင်ဝါးဝါးဖြင့် ပြန်ဖြေပြီး အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။ “ဒီကိတ်မုန့်တွေကို ကျွန်မ ယူလို့ရမလား”
စောစောက မြည်းကြည့်တော့ တော်တော်အရသာရှိသည်။ လုဂျန်နဲ့ လုရှင်းတို့ ကြိုက်မှာပဲ။
ဒါ့အပြင် ချုစစ်ဟန် က မုန့်စားတာကို ကြိုက်တဲ့ပုံ မပေါ်ဘူး။
သူမရဲ့ ဆရာက စားကောင်းသောက်ဖွယ်အားလုံးမှာ စိတ်ဝိဥာဉ်ရှိသည်တဲ့။ ဒါကြောင့် လူတွေက အစာကို မဖြုန်းတီး သင့်ဘူးတဲ့လေ။
“ကောင်းပြီ။”
ချုစစ်ဟန် ခေါင်းညိတ်ပြီးနောက် လုရှန်း အဝတ်အနည်းငယ်ကို တနေရာမှ ထုတ်ယူလိုက်ပြီး မုန့်များကို ထုပ်ပိုးလိုက်သည်။
မုန့်တွေကို ထုပ်ပိုးပြီးနောက် သူမ သူ့ကို တုံးအစွာ ရယ်မောပြီး နှာခေါင်းကို ကုတ်ရင်း “ရှင့်မှာပြောစရာရှိသေးလား?”
“မရှိဘူး။”
မကြာခင် သူမဆီက အဖြေမရတော့ဘူးဆိုတာ သိလိုက်ရတော့ ချုစစ်ဟန် သူမကို ဆက်နေဖို့ အတင်းအကြပ် မလုပ်တော့ပေ။
ဘာပဲဖြစ်ဖြစ် သူကဟောင်ရန်မြို့မှာ အချိန်အကြာကြီးနေရဦးမှာပဲလေ။
အောက်ထပ်ကို ဆင်းလာတော့ ချုယွမ်က တခြားသူများကိုခေါ်လာသည်။
လုရှင်းနိုးနေပြီဖြစ်တာမို့ သူမ မုန့်ပုံးတစ်ပုံးကို ယူကာ လုရန်အနောက်ကနေ လိုက်လာသည်။
လုဂျန် မုန့် ၂ ဘူး သယ်လာသည်။
“အစ်ကိုကြီးဘာလို့ သူတို့အတွက်မုန့်ဝယ်ပေးတာလဲ? ညီမလေး စားသောက်ဆိုင်ထဲက တစ်ချို့ ယူလာတယ်။”
လုရှန်း ရဲ့စကားဆုံးချိန် လုရန်က ချုစစ်ဟန်ယွမ်ကို ထူးဆန်းသောအမူအရာဖြင့် ကြည့်လိုက်တာကို တွေ့ရသည်။
“ငါ ဒါတွေကို မဝယ်ခဲ့ဘူး”
သူ့မှာ ငွေအများကြီးမရှိဘူး စားဖို့သောက်ဖို့ပါးစပ်အများကြီးရှိသေးလို့။ ဘယ်လိုလုပ်ဒီလို ငွေသုံးရဲမှာလဲ?
လုရှန်းအံ့အားသင့်သွားသည်။ “အစ်ကိုကြီးဝယ်ပေးတာမဟုတ်ဘူးလား?”
ဒါဆို ဒါတွေကိုဘယ်သူဝယ်ပေးတာလဲ?
လုဂျန် တိုးတိုးလေးပြော၏။ “ဒုတိယအစ်မ ၊ အစ်ကိုချု ဝယ်ပေးတာ”
“အစ်ကို ချုယွမ်”
လုရှန်း ဘေးမှာရပ်နေတဲ့ ချုယွမ်ကို တစ်ချက်ကြည့်လိုက်သည်။ချုယွမ် ရင်ဘတ်ပေါ် လက်ပိုက်ထားပြီး ခေါင်းကိုမောက်မာစွာ မော့ထား၏။
သူက ချုစစ်ဟန်အနောက် သွားရပ်သည်။
လုရှန်းက လုရန်ရဲ့ လက်ထဲ သူမရဲ့ မုန့်များကို ထည့်လိုက်ပြီး ချုစစ်ဟန် ကို ပြုံးပြုံးလေးဆိုသည်။” လူကြီးမင်း ချုစစ်ဟန်၊ တရားသူကြီးကိုသိလား”
ချုစစ်ဟန် သူမကိုကြည့်ကာ ခေါင်းညိတ်၏။
“ဒါဆို။ဒါဆို ကျွန်မကိုမျက်နှာသာပေးနိုင်မလား?”
ချုစစ်ဟန် ခေါင်းညိတ်ပြီး ဂရုတစိုက် နားထောင်၏။ “ပြောပါ။”
“အင်း ငါ့မိထွေးအကြောင်း” သူမ လုဂျန်ကို ငုံ့ကြည့်ပြီး တိုးတိုးလေးပြောသည်။ “သူ့ကို သေဒဏ်မပေးဖို့ တောင်းပန်လို့ရမလား?”
“အိုး?” ချုစစ်ဟန် မျက်ခုံးပင့်သွား၏ ။ “ဘာလို့လဲ? သူမ မင်းကို သေစေချင်နေတာလေ။ မင်း လက်စားချေချင်တာလား?”
လုရန်လည်း မျက်မှောင်ကြုတ်ကာ ရှုပ်ပွသောအမူအရာဖြင့် သူမကို ကြည့်နေသည်။
ဘဝတစ်ခုအတွက် ဘဝတစ်ခုဖြစ်သည်။
အမျိုးသမီး လျို ဟာ သူ့အမေကို သတ်ခဲ့ပြီး သူ့ညီမကို သတ်လုနီးပါးဖြစ်ခဲ့သည်။ ဘာလို့ ယုတ်မာတဲ့အမျိုးသမီးအစား အသနားခံနေတာလဲဆိုတာ သူနားမလည်ဘူးဖြစ်နေသည်။
“လူတချို့အတွက်၊ လွယ်လွယ်နဲ့သေတာ သိပ်နှမြောဖို့ကောင်းတယ်။”
“ဒါဆို မင်းဘာလုပ်ချင်လဲ?” ချုစစ်ဟန် က စပ်စုသော အကြည့်နဲ့ မေးသည်။
“ထောင်ထဲမှာပဲ အသက်ကြီးတဲ့အထိ သေစေချင်တယ်။”
ချက်ခြင်းသေခြင်းနဲ့ ယှဉ်ရင်အမျိုးသမီး လျို ဟာ နှိပ်စက်ညှဉ်းပန်းတဲ့ပုံစံနဲ့ သေထိုက်သည်လို့ သူမ ခံစားရသည်။
ဒါ့အပြင်။
ဒီနည်းလမ်းနဲ့ အနည်းဆုံးလုဂျန်နဲ့ လုရှင်းစိတ်ငြိမ်သက်မှုကို ပေးစွမ်းနိုင်လိမ့်မယ်။