ချုစစ်ဟန် က သူ့ကိုယ်သူ ရည်ညွှန်းပြီးတော့ သုံးနှုန်းပြောသည်။ ဒါက ခရိုင်တရားသူကြိးကို အံဩစေပေမဲ့ ခဏကြာတော့ သဘောပေါက်သွားသည်။
ချုစစ်ဟန် သူ့ရဲ့နောက်ခံကို လုရှန်း သိတာမျိုးမလိုလားဘူး။
ချုယွမ်က ထက်မြက်တဲ့ ဉာဏ်ပညာရှိပြီး လုရန် ကို “ကျွန်တော်တို့သခင်က မိန်းကလေးလုနဲ့စကားပြောချင်နေလို့ လူကြီးမင်း လု ကျေးဇူးပြုပြီး ကျွန်တော်တို့ အနောက် အရင်လိုက်ခဲ့ပေးပါ။”
ဒီ စကားကိုကြားတော့ လုရန် လုရှန်းကို စိုးရိမ်တကြီး ကြည့်သည်။
လုရှန်းက လုဂျန်ကို အစ်ကိုဖြစ်သူဆီ ကမ်းပေးပြီး “အစ်ကို ညီမလေးအဆင်ပြေတယ် စိတ်မပူနဲ့”
မသွားခင် လုရန် ရှုပ်ထွေးသောအကြည့်နဲ့ သူမကို ပြန်ကြည့်သည်။
ညီမလေး ပျောက်သွားပြီး ပြန်လာကတည်းက ပင်ကိုယ်စရိုက်နဲ့ တခြားရှုထောင့်တွေ အများကြီး ပြောင်းလဲသွားသည်လို့ သူ ခံစားနေမိသည်။
“မိန်းကလေး လု၊ အနောက်ကို လိုက်ခဲ့ပါ။”
ခရိုင်တရားသူကြီးက သူတို့နောက်ကို လိုက်ချင်ပေမယ့် ချုစစ်ဟန်က ရုတ်တရက် အေးစက်စက် အကြည့်တစ်ချက်ကြောင့် သူ့ခြေလှမ်းကို သတိမထားဘဲ ရပ်လိုက်သည်။
ချုစစ်ဟန် သူ့အကြည့်ကို ဆုတ်လိုက်ပြီး အရင်ထွက်လာခဲ့သည်။
လုရှန်း ပြုံးပြုံးရွှင်ရွှင်ဖြင့် ခရိုင်တရားသူကြီး ကို ဦးညွှတ်ပြီး ချုစစ်ဟန်ရဲ့ အနောက်ကို အမြန်လိုက်လာခဲ့တယ်။
ထောင်မှူးက ဒါကိုမြင်တော့ စွန့်လွှတ်ဖို့ နည်းနည်း ဝန်လေးသလို ခံစားလာရပေမဲ့ တခြား အကြံဥာဏ်တွေ မတွေးဝံ့တော့ဘူး။
ချုစစ်ဟန်နဲ့ လုရှန်း ထောင်ကနေအပြန် စားသောက်ဆိုင် ၁ ဆိုင်ကိုဝင်ကြတယ်။
စားပွဲထိုးက သူတို့ကို ဒုတိယထပ်က အခန်းတစ်ခုစီ ပို့ပေးပြီး မထွက်သွားခင် သူတို့ကို အဆာပြေ နဲ့ လက်ဖက်ရည် ချပေးတယ်။
နှစ်ယောက်လုံး ဆန့်ကျင်ဘက် ထိုင်နေကြပြီး စကားအကြာကြီး မပြောဖြစ်ကြပေ။
“ကျွန်မ လှလား? ” လုရှန်း တိတ်ဆိတ်မှုကိုချိုးဖျက်ပြီး မျက်ခုံးပင့်ကာ ပြုံးပြရင်း မေးလိုက်သည်။
ဒီ မေးခွန်းကြောင့် ချုစစ်ဟန် ပြောစရာ စကားမဲ့သွား၏။
သူ့ဘဝရဲ့ အနှစ်နှစ်ဆယ်အတွင်း ပထမဆုံးအကြိမ် ဒီလိုမိန်းကလေးမျိုးတွေ့ဖူးတာပဲ။
“ချုစစ်ဟန်”
“ဟင်?” လုရှန်းက အချိန်မီ မတုံ့ပြန်နိုင်ခဲ့ ။
သူက စိတ်ရှည်ရှည်နဲ့ “ငါ့နာမည်”
“အိုး။” သူမ ပြုံးပြီး လက်ကို တန်းကာ နှုတ်ဆက်လိုက်သည်။ “လုရှန်း”
ချုစစ်ဟန် ထူးဆန်းသောအမူအရာနဲ့ သူမရဲ့လက်ကို စိုက်ကြည့်သည်။
ဒီတော့မှ လုရှန်း က ဒီခေတ်လူတွေက လက်ဆွဲနှုတ်ဆက်တာ မဟုတ်ကြောင်း သတိရမိသည်။ သူမပြုံးပြီး ငြိမ်သက်စွာ လက်ကိုပြန်ရုတ်လိုက်သည်။
ဖြစ်စဉ်ကတော့ သူမ ကိတ်မုန့်တစ်ချို့ကို ယူပြီး ပါးစပ်ထဲထည့်လိုက်၏။
ချုစစ်ဟန်က သူမဆီက တုံ့ပြန်မှုကို စောင့်မျှော်နေပေမဲ့ သူမကတော့ အနှိုင်းမဲ့ လက်ဖက်ခြောက်ကို ဆက်သောက်နေခဲ့သည်။
သူ မျက်မှောင်ကြုံ ကာ “မင်းမှာ မေးစရာမရှိဘူးလား?”
“ဘာလဲ?”
သူမရဲ့ ကြည်လင်သော မျက်လုံးများသည် ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည်။
“ငါက ချုမိသားစုက”
“အဲတော့?”
ချုစစ်ဟန် သူကိုယ်တိုင် ဘာပြောဖို့ကြိုးစားမိနေသလဲမသိပေ။
ချုစစ်ဟန် တိတ်တဆိတ် သက်ပြင်းမချမီ သူမကို ခဏလောက် ကြည့်သည်။
“ကိစ္စမရှိဘူး။” သူ စကားမဆက်ခင် ခဏလောက် ငြိမ်ပြီး “မနေ့ညက တောင်ပေါ်ကို သွားခဲ့တာလား”
“အနောက်ဘက်တောင်တန်း? “ လုရှန်း မျက်တောင်ခတ်ကာ “အဲဒါ ဘယ်မှာလဲ?”
သူမရဲ့ မျက်နှာ အပြစ်ကင်းစင်သောပုံပေါက်နေပေမဲ့ သူမစိတ်ထဲ၌ ဒီလူက မရိုးသားဘူး။ တစ်ချက်ကြည့်လိုက်တာနဲ့ သူက ငါမှန်းသိနေမှန်း သံသယဖြစ်နေမှာစိုးမိတယ် !
“မင်း က ငြင်းနေတော့လည်း ထားလိုက်ပါတော့”
သူ့မှတ်ဉာဏ် အမြဲကောင်းနေပြီး အရပ်အမြင့်နဲ့ လူတစ်ယောက်ရဲ့ ပုံသဏ္ဍာန်ကို အရင်နေ့ကတည်းက မှတ်သားခဲ့သည်။
အခန်းထဲမ၀င်ခင် သူမအနောက်က ရည်ရွယ်ချက်ရှိရှိနဲ့ လျှောက်ခဲ့တယ်။ သူမရဲ့ပုံသဏ္ဍာန်ဟာ သူမှတ်သားထားသမျှနဲ့ ထပ်တူကျနေတာကို တွေ့ရှိခဲ့သည်။
သူမ ရဲ့ ဆံပင်အရှည်ကတောင် အတူတူပဲ။
“ဒါဆို ကျွန်မကို ဖိတ်ကြားပြီး ဘာပြောချင်တာလဲ?”
ချုစစ်ဟန် သူမရဲ့ စိတ်မရှည်သံကြားလိုက်ရသည်။
သူမ မေးခွန်းကို ရှောင်ဖို့ သတိထားနေတာကို သိတော့ ချုစစ်ဟန် ရုတ်တရက် သူမအား ရီစရာ ဟာသတခုလို ပြောလိုက်သည်။
“မင်းဘယ်သူနဲ့လက်ထပ်ရမယ်ဆိုတာ မင်းသိလား”
လုရှန်း ထိုစကားကြားတော့ ဂရုမစိုက်ပဲ “လင်းဂျန်အိမ်တော်ရဲ့ တရားသူကြီးလို့တော့ သိထားတယ်။”
သူမ ပြောပြီးတာနဲ့ လက်ဖက်ရည်ဆက်သောက်ရင်း ညည်းညူတယ် “ သူ့အကြောင်း ပြောရမယ်ဆိုရင်တော့ တော်တော်အိုနေပြီ ပြောတယ် အဲဒီအရွယ်မှာ ငယ်ရွယ်ပြီး လှပတဲ့ မိန်းကလေးတစ်ယောက်ကို တောင်းတယ်ဆိုထဲက အဲဒီ့လူကြီးက လူကောင်းမဖြစ်နိုင်ဘူး။ ဖြစ်နိုင်တာကတော့ အကျင့်ပျက်နေတဲ့ အရာရှိတစ်ယောက် ဖြစ်ပုံပဲ။”
ချုစစ်ဟန် ‘အကျင့်ပျက်အရာရှိ ချုစစ်ဟန်အကြောင်း’ သူမ ပြောတာကြားတော့ ဘာပြောရမှန်းမသိ ဖြစ်သွား၏။