Switch Mode

အပိုင်း(၂၈)

တာဝန်အသစ်

‘တာဝန်ကရောက်လာပြန်ပြီ။ ဘာတုန်းဟ’

လီဖန်းက ရေရွတ်ရင်း

‘စစ်ကြည့်’

‘တာဝန်- ဘဝသစ်’

‘တာဝန်ဖော်ပြချက်- ဝေ့မိသားစုခေါင်းဆောင် ဝေ့ဖူကို ကူညီပြီး သူ့ကို အနည်းဆုံး နှစ်ဝက် အသက်ထပ်ရှင်စေပါ’

‘တာဝန်ဆုကြေး- EXP၁၀၀၊ ၁၀၀၀စနစ်အမှတ်’

‘မှတ်ချက်- အလှလေးရဲ့ မျက်နှာသာလိုချင်လျှင် သူချစ်တဲ့မိသားစုကို အရင်သိမ်းသွင်းရမည်။ ဒါဟာစော်လိုက်နည်း၃၆မျိုးထဲက တစ်ခုပဲ’

တာဝန်ရဲ့ မိတ်ဆက်မှုကိုဖတ်ပြီး လီဖန်းက ဝမ်းနည်းလာပြန်သည်။

မဟုတ်သေးဘူးလေကွာ။ ဝေ့ဖူကို ငါက ဘယ်နားကအသက်ကို သွားပေးရမှာလဲ။ ဒါငါ့ကို အမှတ်ကုန်အောင်လုပ် ချင်နေတာသိသာတယ်။

‘စနစ် ကုန်တိုက်ကိုဖွင့်လိုက်’ အသက်ကို ရှူပြီး လီဖန်းက တာဝန်ပြီးမြောက်ဖို့ အမှတ်သုံးရန်ဆုံးဖြတ်လိုက်သည်။ အမှတ်က ရှာလို့ရသေးသည်။ အငယ်ကောင်တိုသွားပါက ပြန်ရှည်အောင် လုပ်လို့ရမည်မဟုတ်ပါ‘ဟန့်’

ထို့နောက် အလင်းမျက်နှာပြင်ပေါ်လာသည်။

‘သခင် သင့်တော်တဲ့ ပစ္စည်းတွေကို လိုအပ်ချက်အတိုင်း ရှာပေးထားသည်’ အစ်မကျီလင်ရဲ့ အသံကဆွဲဆောင်မှုရှိစွာပေါ်လာသည်။

လီဖန်းက သေသေချာချာကြည့်လိုက်ရာ စနစ်က လေးမျိုးရှာပေးထားကြောင်းတွေ့ရသည်။

ရှောင်ဟွန်ဒန်၊ နယ်ယင်ဒန်၊ တဟွန်ဒန်၊ စုမုံ့(အသက်ဆွဲဆန့်ခြင်း)ဆေးလုံး။

ထိုထဲတွင် ရှောင်ဟွန်ဒန်က ဈေးအပေါဆုံးဖြစ်ပြီး ၁၀၀၀စနစ်အမှတ်သာလိုသည်။ သုံးပြီးပါက ဘယ်လောက်ဆိုးတဲ့ရောဂါဖြစ်ဖြစ် အသက်နှစ်ဝက်ဆက်လက်ရှင်သန်နိုင်သည်၊ တစ်ကြိမ်ထက်ပိုမသုံးနိုင်။

နယ်ယင်ဒန်၅၀၀၀စနစ်အမှတ်၊ အသက်တစ်နှစ်ဆွဲဆန့်နိုင်သည်။

တဟွန်ဒန်၁၀၀၀၀စနစ်အမှတ်် အသက်သုံးနှစ်ဆွဲဆန့်နိုင်သည်။

စုမုံ့ဆေးလုံး ၅၀၀၀၀စနစ်အမှတ်၊ အသက်၁၀နှစ် ဆွဲဆန့်နိုင်သည်။

ဒီဆေးလုံးတွေဟာ တစ်ကြိမ်သာအသုံးဝင်ကြသည်။

လီဖန်းရဲ့ လက်ရှိအခြေအနေအရ ရှောင်ဟွန်ဒန်သာတတ်နိုင်သည်။ ကံကောင်းစွာဖြင့်‌ တာဝန်ပြီးမြောက်ရန်လုံလောက်လေသည်။

တစ်ဖက်မှာတော့ ဝေ့ပင်ချင်းက စိတ်နာစွာဖြင့် ‘ဒုတိယအန်ကယ် အဖိုးကနေမကောင်း လို့စိတ်လှုပ်ရှားလို့မရတာ သိရက်နဲ့ ဘာလို့ဒီလိုလုပ်ရတာလဲ။

မိန်းကလေးဖြစ်နေတာနဲ့ ဥက္ကဌနေရာကနေ ဖြုတ်

ချချင်လို့လား။

‘ပင်ချင်း ငါက ကျီဖန်အတွက် တရားမျှတမှုပဲ လိုချင်တာပါ’ ဝေ့ချန်ကုန်း ဖုန်းချကာ မျက်မှောင်ကြုတ်နေသည်။

တကယ်တော့ ဝေ့ပင်ချင်းပြောတာ တစ်ဝက်ပဲမှန်ပါတယ်။ သူမနေရာကို လိုချင်တာက မိန်းကလေးဖြစ်တာနဲ့ မဆိုင်ပါဘူး။ သူ့လောဘကြောင့်ပါ။ တခြားတစ်ယောက်က ဒီနေရာမှာဆိုလဲ သူပြဿနာရှာနေဦးမှာပဲ။

‘ပင်ချင်းနင်က လူကောင်းကိုမှားပြီး စွတ်ဆွဲနေတာပဲ။ နင့်ဦးလေးကဒီလို မဟုတ်ပါဘူး’ ဖန်းဝေက ဝင်ပြောလိုက်သည်။

‘ငါဥက္ကဌ အရမ်းဖြစ်ချင်တယ်များထင်နေလား။ နင်တို့လက်ထဲမှာ လုပ်ငန်းစုက ပျက်စီးသွားမှာစိုးလို့သာ’

‘ဒါကအဖိုးတည်ထောင်ခဲ့တဲ့ ကုမ္ပဏီ။ သူ့ရဲ့ တစ်ဘဝလုံးရင်းထားရတဲ့ဟာ။ ငါအဖိုးကို စိတ်မပျက်စေချင်ဘူး။ အဖိုးတစ်ခုခု ဖြစ်လျှင် နင်တို့ကိုလုံးဝခွင့်မလွှတ်ဘူး’ ဝေ့ပင်ချင်းက စိတ်ကုန်နေသည်။

သူတို့ထက်အငယ်က မျက်နှာ ချင်စဆိုင်ပြီး ပြောဆိုနေတော့ ဝေ့ချန်ကုံးနှင့် သူ့မိန်းမတို့ မျက်နှာပျက်နေသည်။

အခုချိန်မှာ ဝေ့ပင်ချင်းရဲ့ ထွက်ပေါ်နေတဲ့ အရှိန်အဝါကြောင့်သာ သူတို့မငြင်းရဲကြတာ။ ထို့ကြောင့်သုန်မှုန်သောမျက်နှာဖြင့် နှုတ်ဆိတ်နေကြသည်။

‘စုတုံ ကားမောင်းသမားကို ခေါ်လိုက် ငါ့ကို အိမ်ပို့ခိုင်းဖို့’။ ထိုသို့ပြောပြီး ဝေ့ပင်ချင်း လှည့်ကာထွက်သွားတော့သည်။

အဖိုးက အရေးကြီးတဲ့ အချိန်ရောက်နေပြီ သူမအမြန်သွားရမှာပါ။

‘ခဏ ငါမင်းကို လိုက်ပို့မယ်’ လီဖန်းက နောက်ကလိုက်လာသည်။ စနစ်က တာဝန်ပေးထားသည်။ သူပြီးမြောက်အောင်လုပ်ရမှာပါ။

‘မင်းကဘာအဆင့်မို့လို့ စံအိမ်ဟောင်း ကိုလိုက်ရမှာလဲ’ ဝေ့ပင်ချင်းမပြောခင် ဝေ့ချန်ကုံးက ဝင်ပြောလိုက်သည်။

လီဖန်းကရပ်သွားပြီး ဝေ့ချန်ကုံးကို လှည့်ကြည့်လိုက်သည်။ ထို့နောက်ပြုံးလိုက်သည်။

ဝေ့မိသားစုရဲ့ဒုတိယသားဖြစ်လို့ လူတိုင်းက သူ့ကို ဖားယားနေမယ်ထင်နေလားတော့မသိဘူး။ ငါ့အတွက်တော့ စောရီးပဲ ဒိုးလိုက်တော့။

‘ငါက မင်းအမိန့်ပေးလို့ရတဲ့သူမဟုတ်ဘူး’ လီဖန်းက ဝေ့ချန်ကုန်းဆီလျှောက်သွားကာ လည်ပင်းကိုညှစ်ပြီး မြှောက်လိုက်သည်။ ဒီဘဲကြီးပေါ်လာတည်းက သူ့ကိုပြဿနာတစ်ခါပြီးတစ်ခါ ရှာနေတာပါ။ ဝေ့ပင်ချင်းကြောင့်သာ မဟုတ်လျှင် အခုချိန်ထိသည်းခံမှာ မဟုတ်ပါဘူး။

လီဖန်းရဲ့လက်က သံလိုပါပဲ။ ဝေ့ချန်ကုံးမှာ အသက်ရှူတောင်မဝတော့ပါ။ ထိုအချိန်မှာ ဝေ့ချန်ကုံး အေးစက်မှုကို ခံစားလိုက်ရသည်။ လီဖန်းက သူ့ကို သတ်လိုက်မှာလို့တောင် သူထင်သွားသည်။

‘အာ့ လူသတ်နေတယ်။ လူသတ်နေတယ်’ ဖန်းဝေက အော်ပြီး ပြေးဝင်ကာ လက်ကိုဖယ်ဖို့ကြိုးစားသည်။ ဒါပေမယ့် သူမဘယ်လောက် ကြိုးစားကြိုးစား လီဖန်းလက်ကို မလှုပ်နိုင်ပါ။ စုတုံက သူမနှုတ်ခမ်းကို လက်ဖြင့်အုပ်ထားပြီး လန့်နေသည်။ အိုးမိုင်ဂေါ့ ဒါက ကုမ္ပဏီရဲ့ ဒုဥက္ကဌပါ။ လီဖန်းက အတင့်ရဲလွန်းသည်။

‘လီဖန်း သူ့ကိုလွှတ်ပေးလိုက်’ ဝေ့ပင်ချင်းက အပူတပြင်းပြောလိုက်သည်။ သူမက ဝေ့ချန်ကုံးရဲ့ လုပ်ရပ်အပေါ် ဒေါသအရမ်းထွက်ပေမယ့် ဘာပဲဖြစ်ဖြစ်သူမအန်ကယ်ပဲလေ။ ဒီအတိုင်းလွှတ်ထားလို့မရပါဘူး။

‘ခင်ဗျား မစ်ဝေ့ကိုကျေးဇူးတင်သင့်တယ်။ သူမကြောင့်မဟုတ်လျှင် ဒီကိစ္စကလွယ်လွယ်နဲ့ ပြီးသွားမှာမဟုတ်ဘူး’ ပြောပြီးနောက် လီဖန်းက လက်ကိုလွှတ်လိုက်သည်။

‘ဝေ့ချန်ကုံးက မြေပေါ်ကိုကျသွားပြီး ပြင်းထန်စွာချောင်းဆိုးနေသည်။

‘အဟွတ် အဟွတ် အဟွတ် မင်းငါ့ကိုရိုက်ရဲတယ်။ ဝေလေးရဲခေါ်လိုက်။ ပြီးလျှင် ဒီကောင်ကို ဖမ်းခိုင်း’ ဖန်းဝေက ဖုန်းထုတ်ပြီး ရဲခေါ်ဖို့လုပ်ပါတယ်။

‘​ တော်လောက်ပြီ။ အဖိုးက အခုစိုးရိမ်ရတဲ့ အခြေအနေမှာ အရင်မြန်မြန်သွားမကြည့်ဘူးလား’ ။

‘ပြီးတော့ လီဖန်းရှင်က ကုမ္ပဏီထဲမှာတောင် ဘယ်လိုလုပ်နိုင်ရတာလဲ’ ဝေ့ပင်ချင်းက အေးစက်သောမျက်နှာဖြင့် လီဖန်းကိုပါဆက်ပြောဖို့လုပ်သည်။

ဒီလိုမှသာ ဒုတိယအန်ကယ်ရဲ့ ဒေါသကို ဖြေဖျောက်နိုင်မည်ဖြစ်သည်။ ဒါကလည်းလီဖန်းကောင်းဖို့ အတွက်ပါ။

‘မစ်ဝေ့ ကျွန်တော် ဆေးပညာကျွမ်းကျင်တယ်။ ဝေ့ခေါင်းဆောင်ကို ကျွန်တော်ကူညီနိုင်လောက်တယ်’ လီဖန်းက ဖြတ်ပြောလိုက်သည်။

ဝေ့ပင်ချင်းကသူ့ကိုကူညီချင်တာ လီဖန်းသိသည်။ ဒါပေမယ့် သူမှန်တယ်လို့ထင်သည်။ ဝေ့ချန်ကုံးက သူ့ကိုလက်ညှိုးငေါက်ငေါက်ထိုးပြီး စော်ကားတာပါ။ ဘယ်ယောက်ျားက ဒါမျိုးကို သည်းခံနိုင်မှာလဲ။

‘ဘာ တကယ်လား’ ဝေ့ပင်ချင်းက ရုတ်တရက်အံ့ဩသွားသည်။ တခြားလူတစ်ယောက်ပြောလျှင် သူမဒီအတိုင်း ယုံလိုက်မှာမဟုတ်ပါ။ ဒါပေမယ့်လီဖန်းက သူမအိပ်ခန်းထဲကို ထူးဆန်းစွာရောက်လာသူပါ။ ပြီးတော့သူမအသက်ကို ကယ်ခဲ့တာ။ ဒါကြောင့်သူပြောတဲ့ စကားတိုင်းကို သူမသတိထားသည်။

‘တကယ်ပါ။ ဒါကြောင့်ငါ့ကို ခေါ်သွားဖို့လိုတယ်’ လီဖန်းက အများကြီးမပြောနိုင်ပါဘူး။ ဝေ့ပင်ချင်းနဲ့ အရင်ဆုံးလိုက်သွားဖို့သာ တတ်နိုင်သည်။

‘အိုကေ လိုက်ခဲ့’ ဝေ့ပင်ချင်းက အများကြီးမတွေးတော့ပဲ လီဖန်းကို ခေါ်ကာ ကားပါကင်နေရာသို့ အမြန်ထွက်လာလိုက်သည်။

‘ ချန်ကုံး ကျွန်မတို့ အခုဘာလုပ်ကြမလဲ’ ဖန်းဝေက ဖုန်းကိုကိုင်ကာ တွန့်ဆုတ်စွာမေးလိုက်သည်။

‘အိမ်ကိုအရင်ပြန်ကြတာပေါ့’ ဝေ့ချန်ကုံးက နောက်ဆုံးတော့ အံကြိတ်ကာပြောလိုက်သည်။ ဒီနေ့ကိစ္စက ဒီမှာမပြီးပါဘူး။ ဒါပေမယ့် လီဖန်းဘာလုပ်နိုင်လဲဆိုတာ သူသိချင်သည်။

လီဖန်းကြောင့် အဖိုးကြီးပိုဆိုးသွားလျှင်် ဝေ့ပင်ချင်းကို သေချာပေါက် အပစ်တင်မှာပါ။ သူမကို အဖိုးကြီး စိတ်ပျက်သွားနိုင်သည်။

ဝေ့ချန်ကုံးနဲ့ သူ့မိန်းမတို့ အမြန်ထွက်သွားတာကိုကြည့်ပြီး စုတုံက ကြောင်သွားသည်။

ပြီးနောက် ‘ ဥက္ကဌဝေ့နဲ့ လီဖန်းရဲ့ဆက်ဆံရေးက တကယ်ပဲ ပုံမှန်မဟုတ်ဘူး…’

ဝေ့ပင်ချင်းက လူတိုင်းကို လွယ်လွယ်ယုံတဲ့သူမဟုတ်ဘူးဆိုတာ စုတုံသိသည်။ သူမလီဖန်းကို ခေါ်သွားတည်းက သူ့အပေါ်မှာ ယုံကြည်ချက်ရှိလို့ပါ။

နာရီဝက်လောက်ကြာတော့ မြို့မြောက်ပိုင်းမှာရှိတဲ့ ဗီလာတစ်ခုတည်းသို့ ကားနှစ်စီးဝင်လာသည်။


Comment

Leave a Reply

Options

not work with dark mode
Reset