Switch Mode

အခန်း (၉၃)

တစ်စုံတစ်ယောက်အား အပုပ်ချခြင်း

အခန်း (၉၃) တစ်စုံတစ်ယောက်အား အပုပ်ချခြင်း

ရန်ရှုအတွက် နေသူတော်စင်ဂိုဏ်းကို ကိုယ်တိုင်ဆက်သွယ်ရန် မဖြစ်နိုင်ပေ။

သူကိုယ်တိုင် နေသူတော်စင်ဂိုဏ်းအား တိုက်ရိုက်ဆက်သွယ်၍ သတင်းပေးခြင်းသည် သူ့အပေါ်  နိုင်ကွက်ကို နေသူတော်စင်ဂိုဏ်းအား ကိုယ်တိုင် သွားပေးသည်နှင့် အတူတူပင်ဖြစ်သည်။ အနာဂတ်တွင် နေသူတော်စင်ဂိုဏ်းက ထိုနိုင်ကွက်ကို သုံး၍ သူ့အား တောက်လျှောက် အကျပ်ကိုင်နေပါက သူ ဘယ်လိုလုပ် ဝါဒတောင်ဂိုဏ်းမှာ ဆက်နေလို့ ရမည်နည်း။

သို့သော်လည်း ရန်ရှု၏အကြီးမားဆုံး အားသာချက်မှာ သိုင်းဆရာသခင်တစ်ယောက်ဖြစ်နေခြင်းဖြစ်သည်။

အဆင့်မြင့်အကြီးအကဲတစ်ယောက်ဖြစ်သောကြောင့် သူ့လက်ဝယ်၌ သတင်းအချက်အလက် အတော်များများ ရှိ၏။

သို့သော်လည်း အခြားရွေးချယ်စရာ မရှိသရွေ့ ရန်ရှုသည် သူ့ဂိုဏ်းကို သစ္စာဖောက်၍ နေသူတော်စင်ဂိုဏ်းဘက်သို့ ဘက်ကူးရန် စဉ်းစားမည် မဟုတ်ပေ။

သူ တည်ဆောက်ခဲ့သော အခြေခံ လုံးဝ ပျက်စီးသွားရုံသာမက သူ၏အရင်းအမြစ်များ၊ အဆက်အသွယ်များကိုပါ အစက ပြန်၍ တည်ဆောက်ရလိမ့်မည်ဖြစ်သည်။

နေသူတော်စင်ဂိုဏ်းထဲသို့ သူ ဘက်ပြောင်းဝင်ခဲ့သော် တစ်ဖက်အုပ်စုက သူ့ကို ကောင်းကောင်းဆက်ဆံထားလျှင်တောင်မှ အပြင်လူတစ်ယောက်အနေဖြင့် နေသူတော်စင်ဂိုဏ်း၏အတွင်းစည်းသို့ ဝင်ရောက်နိုင်မည်ဟု မျှော်လင့်ထား၍ မရပေ။

ထို့ကြောင့် ရန်ရှုသည် နေသူတော်စင်ဂိုဏ်းအား သတင်းပေးရာ၌ သူ့သရုပ်မှန် မပေါ်ပေါက်စေရန် အစီအစဉ် တချို့ကို ပြုလုပ်ခဲ့ရသည်။

သူ ဖြန့်သောသတင်းအား နေသူတော်စင်ဂိုဏ်းက လက်ခံရရှိလျှင်တောင်မှ သူ့နောက်ကို ခြေရာခံရန် လွယ်ကူမည် မဟုတ်ပေ။

ထို့ကြောင့် ရှီတိ  ဖမ်းဆီးထားသော နေသူတော်စင်ဂိုဏ်း၏ အကြီးအကဲနှင့် မျက်နှာချင်းဆိုင်ရလျှင်တောင်မှ ရန်ရှုသည် စိုးရိမ်စရာ မရှိပေ။

သို့သော်လည်း မည်သို့ပင်ဖြစ်စေ ဤအရာများအားလုံးကို ရန်ရှု့သည် အယုံကြည်ရဆုံးလက်ထောက်များမှ တဆင့် စေခိုင်းခဲ့ခြင်းပင်။

ဤအိမ်တော်သည် ရန်ရှု၏ ကိုယ်ပိုင် လျှို့ဝှက် စခန်းဖြစ်သော်လည်း ရှီတိ၏မျက်စိထဲမှ မလွတ်မြောက်နိုင်ခဲ့ပေ။

ကောင်းကင်ကြီးကို မော့ကြည့်ရင်း ရန်ရှုသည် သက်ပြင်းရှည်တစ်ချက် ချလိုက်၏။ အရှေ့ထန်မှာ မမျှော်လင့်ဘဲ ရှီတိ ပေါ်လာကတည်းက သည်တကြိမ်တွင် သူ လွတ်မြောက်ရန် ခက်ခဲလိမ့်မည်ဟု ရန်ရှု့ ခံစားမိခဲ့သည်။ သို့သော်လည်း ရန်ရှု့သည် မျှော်လင့်ချက်ကို ဆက်လက် ဆုပ်ကိုင်ထားသေးသည်။ ဤအခက်အခဲကို ကံကောင်းထောက်မစွာ ကျော်ဖြတ်နိုင်လိမ့်မည်ဟူသော ဖြစ်နိုင်ချေသေးသေးလေးကို သူ လွှတ်မချနိုင်ခဲ့ပေ။

နေရာမှာတင် ရှီတိ သတ်တာ မခံရသရွေ့ သို့မဟုတ် သူ့အား ကောင်းကင်ပိတ်လှောင်ခြင်းချောက်နက်သို့ မပို့သေးသရွေ့ သူ့တွင် မျှော်လင့်ချက် ရှိသေးသည်။

နေသူတော်စင်ဂိုဏ်းနှင့် ပူးပေါင်း၍ အငှားလက်ဖြင့် လူသတ်ရန် ကြိုးစားသော ကိစ္စ မပေါ်ပေါက်ဘဲ ရန်ကျောက်ကဲအား  သက်သေအတုဖြင့် အကောက်ကြံသည့် ကိစ္စသက်သက်ဖြင့်တော့ သူ လွတ်မြောက်နိုင်သေးသည်။

သူ့ရာထူးမှ သေချာပေါက် ဖယ်ရှားခံရမည်ဖြစ်သော်လည်း သူ့အပြစ်ကြွေးကို ရှေ့တန်းစစ်မြေပြင်၌ ပြန်ဆပ်နိုင်မည့် အခွင့်အရေးရဖွယ် ရှိနေသည်။

ထိုအချိန်ရောက်ပါက သူ ထွက်ပြေးရန် အခွင့်အရေး ပေါ်လာမည်ဖြစ်သည်။

သူ့တွင် ဝါဒတောင်၌ နောက်တစ်ကြိမ် ကြီးမြင့်နိုင်မည့် အခွင့်အရေးရှိတော့မည် မဟုတ်ပေ။ အလွန်ဆုံးမှ ဝါဒတောင်ကို သစ္စာဖောက်ပြီး နေသူတော်စင်ဂိုဏ်းသို့ သူ ဘက်ပြောင်းဝင်နိုင်သေးသည်။

သို့သော် ယခုတော့ ထိုမျှော်လင့်ချက်လေးပင် ပျက်စီးသွားခဲ့လေပြီ။

ရန်ရှု့သည် ရန်ကျောက်ကဲအား ငေးမောနေသည်။ သူ့အကြည့်က မှိန်ဖျော့လျက်ရှိသည်။ ဤအခြေအနေရောက်နေပြီဖြစ်ရာ မမျှော်လင့်ဘဲ ရှီတိ ပေါ်လာခြင်းက ရန်ကျောက်ကဲ၏ စနက်ဖြစ်သည်ကို သူ သဘောမပေါက်စရာ အကြောင်း မရှိတော့ပေ။

ရန်ရှုက ရန်ကျောက်ကဲအား စိုက်ကြည့်နေသလို ရန်ကျောက်ကဲကလည်း ရန်ရှုအား ပြန်ကြည့်နေ၏။

ရန်ကျောက်ကဲသည် တွင်းကြီးတစ်တွင်းကို ကိုယ်တိုင် ပြင်ဆင်ထားပြီး အဆုံးမရှိသော ထိုတွင်းနက်ကြီးထဲသို့ ရန်ရှုကိုယ်တိုင် ခုန်ဆင်းလာသည်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။

ရှီတိက ရန်ရှုကို တစ်ချက် ကြည့်သည်။

မင်း ဘာလို့ ရန်ကျောက်ကဲကို သေစေချင်နေလဲဆိုတာ ငါ နားမလည်နိုင်ဘူး၊ ရှုချွမ်နဲ့ အရှေ့ထန်က လူတွေကိုပါ  ဘာလို့ ဒီအရှုပ်ထုပ်ထဲကို ဆွဲသွင်းချင်နေလဲဆိုတာရောပဲ”

မင်းက အမြင်မရှိလို့လား၊ ဒါမှမဟုတ် မင်းက ဒီလောက်အထိ ရေတိုပဲ ကြည့်တတ်တာလား၊ ဒါမှမဟုတ် တခြား ဖုံးကွယ်ရမယ့် အရာတွေ ရှိလို့လား”

အခု ဘာလို့လဲဆိုတာ မင်း ငါတို့ကို ပြောပြလို့ရပြီလား”

ဒီအချိန်ရောက်မှတော့ မင်းအတွက် ဖုံးကွယ်နေလဲ အကျိုးမထူးတော့ပါဘူး”

ရှီတိ၏အကြည့်အောက်တွင် ရန်ရှု တခဏမျှ မျက်လုံးမှိတ်လိုက်သည်။ သူ့လည်ချောင်းထဲတွင် ခြောက်ကပ်ကပ် ခံစားနေရ၏။

ရန်ကျောက်ကဲသည် ရန်ရှုအား ကြည့်နေရင်းမှ ရုတ်တရက် ရယ်လိုက်သည်။

အရင်တုန်းကတော့ အကြီးအကဲရန်က ကျွန်တော့်ကို ဘာလို့ သေစေချင်နေခဲ့လဲ နားမလည်ခဲ့ဘူး”

ဒါပေမယ့် ဒီတစ်ခါ ရီကျင်းကို ကိုယ်တိုင်တွေ့ပြီးတဲ့နောက် ကျွန်တော် နည်းနည်းတော့ သဘောပေါက်လာပြီထင်တယ်”

ရန်ရှု ကြောင်အသွားသည်။ သူသည် ရီကျင်းကို ဓားတစ်ချောင်းအနေဖြင့်သာ အသုံးချခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ သူ့လှုပ်ရှားမှုများနှင့် လုံးဝ မသက်ဆိုင်ခဲ့ပေ။

ထိုအခိုက်တွင် ရန်ကျောက်ကဲ၏ ပြောစကားကို ကြားလိုက်ရရာ စိုးထိတ်မှုတစ်ခုက သူ့နှလုံးသားထဲတွင် စတင် ပေါ်ပေါက်လာသည်။

လက်ရှိတွင် ရီကျင်းသည် ရှီတိ၏လက်ထဲတွင် ရောက်နေ၏။ ရှီတိ၏ ဖိနှိပ်ထားခြင်းကို ခံရသောကြောင့် ရီကျင်းမှာ စကားလည်း မပြောနိုင်သလို လှုပ်လည်း မလှုပ်နိုင်ဘဲ ဝါဒတောင်ဂိုဏ်းက လူစုကိုသာ အံတကြိတ်ကြိတ်ဖြင့် စိုက်ကြည့်နေ၏။

ထိုအခိုက်တွင် သူက ရန်ရှု့နှင့် တစ်ခုခု သက်ဆိုင်နေသည်ဟူသော စကားကို ကြားလိုက်ရရာ ရီကျင်း အလွန် အံ့အားသင့်သွားသည်။ သူ့စိတ်က မကြည်မလင် ဖြစ်နေသေးသော်လည်း သူ့အကြည့်က ရန်ရှုပေါ်သို့ အလိုအလျောက် ရောက်သွားမိသည်။

ရှီတိသည်လည်း အလားတူပင် အံ့အားသင့်သွားသည်။

လမ်းဘေးတွင် မေ့နေသော ရီကျင်းကို ခေါ်လာသည်ဟူသော ရန်ရှု၏ စကားအပေါ် ရှီတိ သံသယဝင်မိသည်မှာ အသေအချာပင် ဖြစ်သည်။

သို့သော် ရီကျင်း လက်စားချေဖို့ကို ကူညီရန်သက်သက်အတွက်နှင့်တော့ ရန်ရှုက ရန်ကျောက်ကဲ၏အသက်ကို မလိုချင်လောက်ဟု ရှီတိ တွေးထားခဲ့သည်။

ထိုအချိန်တွင် လူတိုင်း၏အာရုံက ရန်ကျောက်ကဲအပေါ်၌သာ ကျရောက်နေ၏။

လူတိုင်း၏ စိုက်ကြည့်နေခြင်းကို ခံနေရသော်ငြားလည်း ရန်ကျောက်ကဲ အနည်းငယ်မျှပင် ပျာသိပျာယာ မဖြစ်သွားပေ။

သွေးဝိဉာဉ်ပြန်လည်တမ်းတခြင်းနည်းစနစ်ကနေ တဆင့် အရင်က နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှာ ဖြစ်ခဲ့တာတွေကို အကြီးအကဲတို့အကုန် တွေ့ခဲ့ပြီးပြီပဲ”

အကြောင်းအရင်းကို ထည့်မပြောရင်တောင် ရီကျင်းရဲ့ခန္ဓာကိုယ်က နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှာ စိစိညက်ညက်ကြေပြီး  ပျက်စီးသွားခဲ့ပါပြီ”

ဒါပေမယ့် သူက သူ့ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်နိုင်ခဲ့တယ်၊ ဒီလို နည်းစနစ်က သာမာန်မဟုတ်ဘူး”

လူတိုင်းပဲ တဆက်တည်းနီးပါး ခေါင်းငြိမ့်လိုက်ကြသည်။ ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးသွားပြီး ဝိဉာဉ်ပဲ ကျန်တော့တာတောင် ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်နိုင်သည့် နည်းစနစ်က အမှန်တကယ်ပင် ရှားပါးပြီး ထူးဆန်းလှသည်။

ရန်ကျောက်ကဲသည် ရီကျင်း၏ရှေ့သို့သွား၍ ရီကျင်းအား စေ့စေ့ကြည့်လိုက်သည်။

ဒါတွေအကုန်လုံးက သူ့လက်စွပ်လေးကနေ စတင်လာခဲ့တာပဲ၊ အဲ့လက်စွပ်ထဲကထွက်လာတဲ့ အလင်းနဲ့ ထူးဆန်းတဲ့ ပုံရိပ်ကပဲ”

နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲမှာတုန်းက ကျွန်တော့်စိတ်ထဲ ထူးဆန်းတယ်လို့ ခံစားမိပေမယ့်  အသေအချာ မသိရသေးတော့ ဒီအကြောင်းကို ထပ်မတွေးခဲ့ဘူး”

အခု ခန္ဓာကိုယ်အသစ်နဲ့ ရီကျင်းကို တွေ့ရတော့ ကျွန်တော့်စိတ်ထဲက သံသယက ပိုပိုပြီး ကြီးမားလာတယ်”

ရန်ကျောက်ကဲသည် သူ့ခေါင်းကို ယိမ်း၍ ရှီတိအား ကြည့်လိုက်သည်။ “ပထမဦးလေး အရင်က မီးတောက်မိစ္ဆာတွေနဲ့ ရင်ဆိုင်ဖူးမှာပဲ၊ တူညီနေတယ်လို့ မခံစားမိဘူးလား”

ထိုစကားများကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။

ရန်ရှု့၏ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ရီသွားပြီး အာခေါင်ခြစ်အော်လိုက်သည်။

ရီကျင်းရဲ့နည်းစနစ်က တည်ဆောက်ပေးတဲ့ ခန္ဓာကိုယ်က မီးခန္ဓာကိုယ်ဖြစ်ပေမယ့် မီးတောက်မိစ္ဆာတွေရဲ့ ခန္ဓာကိုယ်နဲ့တော့ မတူဘူး”

ရှီတိ၏အကြည့်က အနည်းငယ် လှုပ်ခတ်သွားပြီး ခေါင်းညိတ်လိုက်သည်။

တူတဲ့နေရာလေးတွေတော့ ရှိပေမယ့် တထပ်တည်း တူတာတော့ မဟုတ်ဘူး”

လူတိုင်းလည်း ခေါင်းငြိမ့်လိုက်ကြသည်။ ရီကျင်း၏ခန္ဓာကိုယ်က မီးတောက်မိစ္ဆာများနှင့် တစ်ထပ်တည်း တူနေပါက သူတို့ ဤမျှလောက် တည်တည်ငြိမ်ငြိမ်ရှိနေမည် မဟုတ်ပေ။

ရန်ကျောက်ကဲက ပြောလိုက်သည်။

လူတိုင်း သိကြတဲ့ မီးတောက်မိစ္ဆာတွေနဲ့တော့ မတူပါဘူး၊ ဒါပေမယ့် မီးတောက်မိစ္ဆာကမ္ဘာရဲ့ ဇာစ်မြစ်နဲ့ ပတ်သတ်တဲ့ ကျွန်တော်တို့အစွန်းရောက်ရှစ်ပါးကမ္ဘာရဲ့မှန်းဆချက်တွေကို အားလုံး သိကြမှာပါ”

ရှီတိ၏အမူအရာ ပြောင်းလဲသွားသည်။ ကျောက်တုံးတစ်တုံးကဲ့သို့ တည်ငြိမ်လေးနက်သည့် သူ့မျက်နှာက ပထမဆုံးအကြိမ် ပြောင်းလဲသွားသည်။ “မီးတောက်မိစ္ဆာဧကရာဇ်လား”

ရန်ကျောက်ကဲက ခေါင်းညိတ်၏။

“ဟုတ်တယ်၊ ကောင်းကင်မီးတောက်ဧကရာဇ်လို့ လူအများ သိကြတဲ့ မီးတောက်မိစ္ဆာဧကရာဇ်ပဲ၊ မဟာကပ်ဘေးမတိုင်ခင်က သူ့ကျော်ကြားမှုက ကမ္ဘာကို ကိုင်လှုပ်နိုင်ခဲ့တယ်၊ မဟာကပ်ဘေးပြီးတဲ့နောက် အဲ့ဒီ့ ဒဏ္ဏာရီလာကျင့်ကြံသူရဲ့ သတင်းက အစအန မကျန်အောင် ပျောက်ကွယ်သွားတယ်”

“ကျွန်တော်တို့အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ လက်ရှိ လူအများစု လက်ခံထားတဲ့ ခန့်မှန်းချက်က မီးတောက်မိစ္ဆာကမ္ဘာရဲ့ဇစ်မြစ်ဟာ မီးတောက်မိစ္ဆာဧကရာဇ်ရဲ့ အမွေအနှစ်ကနေ ဆင်းသက်လာတယ်ဆိုတာပဲ”

“ကျွန်တော်တို့အစွန်းရောက်ရှစ်ပါးကမ္ဘာလိုပေါ့၊ မဟာကပ်ဘေးမတိုင်ခင်က အင်အားစုတွေ ကျန်ရစ်ခဲ့တဲ့ အမွေအနှစ် အကြွင်းအကျန်တွေကို အခြေခံပြီး ယနေ့အထိ အဆက်မပြတ် တိုးတက်လာသလိုမျိုး”

ရန်ကျောက်ကဲက အေးအေးလူလူ ဆက်ပြောသည်။

“ကျွန်တော်တို့ ဝါဒတောင်ဂိုဏ်းရဲ့ သိုင်းပညာတွေ၊ နေသူတော်စင်ဂိုဏ်းနဲ့ ကျောက်စိမ်းပင်လယ်မြို့တော်တို့လို အခြားထိပ်သီးနယ်မြေတွေရဲ့ သိုင်းပညာတွေဟာ နှစ်ပေါင်းများစွာ ပြုပြင်မွန်းမံလာခဲ့ပြီးတဲ့နောက် မဟာကပ်ဘေးမတိုင်ခင်က သိုင်းပညာတွေနဲ့ မတူတော့သလိုမျိုး”

နှစ်ပေါင်းများစွာ အသွင်ပြောင်းလဲပြီးတဲ့နောက် မီးတောက်မိစ္ဆာမျိုးနွယ်ရဲ့ အမွေအနှစ်ဟာလည်း မီးတောက်မိစ္ဆာဧကရာဇ်ရဲ့ တိုက်ရိုက်အမွေအနှစ်ကနေ ကွဲထွက်လာမှာပဲလေ”

ဘေးတွင် ရပ်နေသော အရှေ့ကောင်းကင်ဒေသ၏စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက ယခုမှ အသိပြန်ဝင်လာပြီး ခပ်တိုးတိုးမေးလိုက်သည်။

“မင်းပြောချင်တာက….. ရီကျင်းရဲ့လက်စွပ်ထဲက အမွေအနှစ်က မီးတောက်မိစ္ဆာဧကရာဇ်ရဲ့ တိုက်ရိုက်အမွေအနှစ်လား”

သူ့အမွေအနှစ်က မဟာကပ်ဘေးပြီးတာတောင် မပျက်စီးဘဲ ဆက်ကျန်နေသေးတာလား”

ရန်ကျောက်ကဲက အနည်းငယ် ပြုံးလျက် သူ့စကားကို အဆုံးသတ်လိုက်သည်။

“ဒါက ကျွန်တော် တစ်ယောက်ထဲရဲ့ ထင်မြင်ချက်ပဲ၊ ဘယ်လောက်အထိ မှန်လဲ ဆိုတာတော့ စုံစမ်းစစ်ဆေးပြီး အတည်ပြုဖို့ လိုသေးတယ်”

အဲဒါအပြင်ကို ရီကျင်းနဲ့ မီးတောက်မိစ္ဆာကမ္ဘာကြား အဆက်အသွယ်ရှိလား ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း သိရဖို့ လိုအပ်တယ်”

ရန်ကျောက်ကဲက ရည်ရွယ်သလိုလို မရည်ရွယ်သလိုလိုဖြင့် ရန်ရှု့အား စောင်းငဲ့ပြောလိုက်သည်။

“အကြီးအကဲရန် ရီကျင်းကို ဘာလို့ ကူညီလဲ ဆိုတာကိုရောပဲ…”

ရန်ရှု၏မျက်နှာက လုံးဝ အရောင်ပြောင်းသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

“မဟုတ်တန်းတရား စကားတွေ”

ဝါဒတောင်ဂိုဏ်းနှင့် နေသူတော်စင်ဂိုဏ်းကြား တင်းမာမှု မြင့်တက်နေပြီး အလုံးစုံ စစ်ပွဲ ဖြစ်ပွားခဲ့လျှင်တောင်မှ ပြန်လည် ငြိမ်အေးနိုင်ချေ ရှိသေးသည်။ သို့သော် မီးတောက်မိစ္ဆာများနှင့် ဆက်စပ်နေသည့် မည်သူမဆို အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံး၏ ဘုံရန်သူအဖြစ် သတ်မှတ်ခြင်းခံရကာ အဆုံးသတ်ကောင်းလိမ့်မည် မဟုတ်ပေ။

မီးတောက်မိစ္ဆာများသည် အခြားသက်ရှိများ၏ သွေးသားများကို အစာအဖြစ် စားသုံးကာ အထူးသဖြင့် ကျင့်ကြံသူများကို အလွန် နှစ်သက်လေသည်။

ရန်ကျောက်ကဲက ပြုံးပြသည်။ သို့သော် ခွန်းတုံ့မပြန်ချေ။

ရှီတိက ဖြည်းညှင်းစွာ ပြော၏။

“ရန်ရှုနဲ့ ရီကျင်းတို့ကြား ဆက်ဆံရေးကို လောလောဆယ် ကောက်ချက်ချလို့ မရသေးဘူး၊ ဒါပေမယ့် ရီကျင်းရထားတဲ့သိုင်းအမွေအနှစ်က မီးတောက်မိစ္ဆာဧကရာဇ်နဲ့  ဆက်နွယ်မှု ရှိလောက်တယ်”

ရှီတိ၏စကားကြောင့် လူတိုင်း ရင်ထိတ်သွားသည်။

ရှီတိသည် ရီကျင်းထံသို့ ကြည့်လိုက်သည်။

“သွေးဝိဉာဉ်တမ်းတခြင်းနည်းစနစ်ကနေ ပြန်လည်ပြသတဲ့ မြင်ကွင်းမှာ ရီကျင်းရဲ့ဝိဉာဉ် လက်စွပ်ထဲကို ဆွဲခေါ်တာခံရတုန်းက ပြိုင်ဘက်ကင်းလောက်အောင် စွမ်းအားကြီးတဲ့ အရှိန်အဝါတစ်ခု ထွက်ပေါ်လာတယ်”

ကိုယ်တိုင်ကိုယ်ကျ မြင်ရတာမျိုးမဟုတ်ဘဲ သွေးဝိဉာဉ်တမ်းတခြင်းနည်းစနစ်က ထုတ်လွှတ်တဲ့ အလင်းကနေတောင် အဲ့အရှိန်အဝါက ဘယ်လောက် ကြောက်မက်ဖွယ်ရာကောင်းပြီး စွမ်းအားကြီးလဲ ခံစားကြည့်လို့ရတယ်၊ အဲဒါကြီး ငါတို့ဆီ ဆင်းသက်လာရင် ဘယ်လောက်တောင် ဆိုးဝါးလိမ့်မယ်ဆိုတာ စိတ်ကူးကြည့်လို့တောင် မရဘူး”

ရှီတိက တထစ်ချ ပြောလိုက်သည်။

“သမိုင်းမှတ်တမ်းတွေနဲ့ ယှဉ်ကြည့်ရင် ငါတို့ဂိုဏ်းရဲ့တည်ထောင်သူဘိုးဘေး ဟန်ထျန်းပုဂ္ဂိုလ်မြတ်ရဲ့ လက်ထဲမှာ သေသွားတဲ့ မီးတောက်မိစ္ဆာဘုရင်တောင် အဲ့လောက် ကြောက်ဖို့မကောင်းဘူး”

လူတိုင်း၏မျက်နှာက လေးနက်သွားသည်။ ထိုနှစ်က ပေါ်လာခဲ့သော မီးတောက်မိစ္ဆာဘုရင်မှာ သမိုင်းတစ်လျှောက် တွေ့ဖူးခဲ့သမျှ မီးတောက်မိစ္ဆာများအနက် စွမ်းအားအကြီးဆုံးဖြစ်သည်။

သူ့ထက်တောင် ကြောက်ဖို့ကောင်းတယ်ဆိုတော့….

ရန်ရှု၏မျက်နှာ ပြာနှမ်းသွားသည်။

သူနှင့် ရီကျင်း ဆက်စပ်မှုရှိသည်ဟူသော ရန်ကျောက်ကဲ၏စွပ်စွဲချက်ကို ရှီတိက မျက်စိမှိတ်ခေါင်းငြိမ့် သဘောတူလိုက်မည်မဟုတ်သော်လည်း အခြေအနေသည် သူမျှော်မှန်းထားသည်ထက် အများကြီး ပိုမို ဆိုးဝါးသော အနေအထားသို့ ရောက်ရှိလာခဲ့လေပြီ။

ရန်ရှုသည် သူ့လူယုံ ဝမ်နင်ဇီ၏အကြောင်းကို ရုတ်တရက် တွေးမိသွားသည်။

သူ့ကို ကြည့်ရင်း ရန်ကျောက်ကဲ၏နှုတ်ခမ်းထောင့်က ကွေးညွတ်သွားသည်။ “ငါနာမည်ပျက်အောင် အပုပ်ချချင်တယ်ပေါ့ဟုတ်လား၊ ငါလည်း လုပ်တတ်တယ်”

Comment

Leave a Reply

Options

not work with dark mode
Reset