Switch Mode

အပိုင်း(၂၇)

ချမ်းသာပြီး အောက်တန်းကျသည်

‘အဖေ ဘာလို့တရားမစွဲတာလဲ။ ဒီကောင်က သားအကြိုက်ဆုံး ပြိုင်ကားကို ရိုက်ခွဲပြီးလူပုံအလယ်မှာ အရှက်ခွဲခဲ့တာ။ ကျွန်တော်က သတ်တောင်ပစ်ချင်နေတာ’ ခန်းနားတဲ့ ဗီလာတစ်ခုရဲ့ ဧည့်ခန်းထဲမှာ ဝေ့ကျီဖန်က မကျေနပ်စွာပြောနေသည်။

လွန်ခဲ့တဲ့ ၁၀မိနစ်လောက်တုန်းက သူအိမ်ကိုပြန်လာပြီး အဝတ်လဲကာ စခန်းကိုလိုက်သွားဖို့လုပ်ခဲ့သည်။ ဒါပေမယ့်သူ့အဖေက ရဲစခန်းကို ဖုန်းခေါ်ပြီး လီဖန်းကို အမှုမဖွင့်တော့ဘူးဟု ပြောလိုက်လေသည်။

‘ကျီဖန် ဒါကငါးကြီးကြီးဖမ်းမိဖို့ပဲကွ’ ဝေ့ချန်ကုန်းက လက်ဖက်ရည်သောက်ကာ ရယ်မောနေသည်။

‘ဘာကို ငါးကြီးကြီးဖမ်းမိဖို့လဲ။ လီဖန်းက ကျွန်တော်တို့မိသားစုရဲ့ အခိုင်းအစေတစ်ယောက်ပဲကို။ သူ့ကို ဂရုစိုက်ဖို့ လိုလို့လား’ ဝေ့ကျီဖန်က စဉ်းစားမရဖြစ်သွားသည်။

‘အဲ့ဒါလီဖန်းမဟုတ်ဘူး။ ဝေ့ပင်ချင်း။ မင်းပြန်မလာခင် သူမငါ့ကို ဖုန်းဆက်ပြီးပြီ။ ဒီကိစ္စကို ကျေအေးပေးဖို့ပြောတာ။ သူမလုပ်ပုံကို မင်းဘယ်လိုထင်လဲ’ တေ့ချန်ကုန်းက လက်ဖက်ရည်ခွက်ကိုချရင်း အဓိပ္ပာယ်ရှိစွာပြောလိုက်သည်။

‘ကျေအေးပေးဖို့ပြောတယ် ဖာ့ခ်’ ဝေ့ကျီဖန်က စိတ်ဆိုးသွားသည်။ ဝေ့ပင်ချင်းက ပထမ သူ့ကိုလွှင့်ပစ်ခိုင်းတယ်။ နောက်တော့အမှုပိတ်ခိုင်းတယ်။ သူကပဲအပြင်လူကျနေတာပါ။

ဝေ့ပင်ချင်းနဲ့ လီဖန်းရဲ့ ဆက်ဆံရေးကဘာလဲ။ ဘာလို့ဒီလောက်တောင် လိုက်ကာကွယ်ပေးနေရတာလဲ။

‘ဒီကိစ္စကို အဖိုးကြီးသိသွားလျှင် ဘယ်လိုထင်မလဲ’ ဝေ့ချန်ကုန်းက စီးကရက်ကို ပါးစပ်မှာတေ့ရင်း မေးလိုက်သည်။

‘ဆိုလိုတာက…’ ဝေ့ကျီဖန်ရဲ့ မျက်လုံးလက်သွားသည်။ သူနားလည်သွားပါပြီ။

‘ဟန့် ပိုင်ဆိုင်မှုတွေ ထပ်ခွဲနိုင်မယ်ဆို ခဏလောက်သည်းခံတာက ဘာအရေးလဲ။ စောင့်ကြည့်နေလိုက် မနက်ဖြန် ဝေ့ပင်ချင်းအကြွေးပြန်ပေးရလိမ့်မယ်’ ဝေ့ချန်ကုန်းက ပြောပြီး အားပါးတရ ရယ်လိုက်ရာ ဧည့်ခန်းထဲတွင် ဆူညံသံများ ပဲ့တင်ထပ်သွားသည် ။

ရဲစခန်းက ထွက်လာပြီး လီဖန်းမှာ ကျန်းဟောင်မေကိုယ်တိုင်လာရခြင်းအကြောင်းမှာ ဝေ့ပင်ချင်းတောင်းဆိုလို့ ဖြစ်ကြောင်းကို သိသွားသည်။

လီဖန်းရဲ့ ဝေ့ပင်ချင်းအပေါ်ထားတဲ့ ခံစားချက်တွေ ပို၍ရှုပ်ထွေးလာခဲ့သည်။

တစ်ချိန်တည်းမှာ စုတုံနဲ့ ညစာစားဖို့ နေရာကိုတွေ့သွားသည်။

‘ရှင်ဘယ်တော့ ပြောင်းလာမှာလည်း’ စုတုံက စကားအဖြစ်မေးလိုက်သည်။ လီဖန်းရဲ့ အခန်းနဲ့သူမနဲ့က ကပ်နေတယ်ဆိုတာကို ကြာကြာဖုန်းကွယ်လို့ရမှာ မဟုတ်ပါ။ ဒါပေမယ့်သူမ အခုပြောဖို့ကျ ရှက်နေပြီး သူမကိုယ်သူမလည်း ရှုပ်ထွေးနေသည်။

‘ဒီနှစ်ရက်အတွင်းလောက် ပြောင်းဖြစ်မယ်’ လီဖန်းက ခဏတွေးကာပြောလိုက်သည်။ သူ့ပထမအိမ်မှာ သယ်စရာ ပစ္စည်းတွေ အများကြီးရှိသည်။ သူတစ်ယောက်တည်းအကုန် သယ်နိုင်သော်လည်း ဒီညတော့ ပျင်းနေလေပြီ။

‘အိုး…’စုတုံက သက်သာရာရသွားပြီး တွေးလည်းကြည့်မိသည်။ လီဖန်းသာ သူမနဲ့ ကပ်ရပ်အခန်းကို ငှားမိတယ်ဆိုတာ သိသွားလျှင် ဘယ်လိုခံစားရမလဲ။

စုတုံမသိတာက လီဖန်းက ထိုအခန်းကိုငှားလိုက်တာက သူမနဲ့ ကပ်နေလို့ပါ။ သူမသိလျှင်ရော ဘယ်လိုတုန့်ပြန်မလဲ။

နောက်တစ်နေ့ ကုမ္ပဏီကို လီဖန်းလာတော့ ဝေ့ပင်ချင်းက မနေ့ကကိစ္စကို ခေါ်ပြောမယ်လို့ထင်ပေမယ့် မခေါ်ခဲ့ပါ။ ထူးဆန်းတယ်လို့ ခံစားရပေမယ့် သူက ဝေ့ပင်ချင်းကို ခေါ်မေးလို့ မရတာကြောင့် ဒီအတိုင်းသာ နေလိုက်ရသည်။

လက်ထောက်ရုံးခန်းမှာ စုတုံက လီဖန်းကို လုပ်ငန်းနဲ့ ရင်းနီးအောင် သင်ပေးနေသည်။ ရုတ်တရက် လူလတ်ပိုင်းအရွယ် စုံတွဲနှစ်ယောက် ဒေါသတကြီးဝင်လာလေသည်။ သူတို့နောက်မှာ ဝေ့ပင်ချင်းလည်းပါလာသည်။

‘မင်းက လီဖန်းလား။ အခုငါက ဒုဥက္ကဌ အနေနဲ့မင်းကို အလုပ်ထုတ်လိုက်ပြီ။ ပစ္စည်းတွေကို ယူပြီးထွက်သွားလိုက်တော့’။

လူလတ်ပိုင်းလူကြီးက လီဖန်းကို မထီမဲ့မြင် ကြည့်ရင်းပြောလိုက်သည်။

လီဖန်းက မျက်ခုံးပင့်လိုက်ပြီး ထိုနှစ်ယောက်ကို ငြိမ်သက်စွာကြည့်လိုက်သည်။ လူကြီးက အသက်၄၀၊ ၅၀အရွယ်လောက်ရှိပြီး ရုပ်ရည်က အသင့်အတင့်နဲ့ အနက်ရောင် ဝတ်စုံကို ကျနစွာဝတ်ထားသည်။ အဆင့်အတန်း မြင့်မားသောပုံစံနှင့် လုပ်ငန်းစုရဲ့ ဒုတိယဥက္ကဌ ဝေ့ချန်ကုန်း ဖြစ်သည်။

အမျိုးသမီးကြီးကလည်း အသက်၄၀လောက်ရှိကာ မိတ်ကပ်များနှင့် ကြည့်ကောင်းနေသေးသည်။ သူမက ချမ်းသာတဲ့ အမျိုးသမီးကြီးတစ်ယောက် ပုံပေါ်သည်။ ဒါကတော့ ဝေ့ကျီဖန်ရဲ့ အမေ ဖန်းဝေပါ။

စုတုံက အမြန် မတ်တပ်ရပ်ကာ ခေါ်လိုက်သည် ‘မစ္စတာဝေ့’ ပြီးနောက် လီဖန်းကို စိုးရိမ်တကြီးကြည့်နေသည်။

လီဖန်းက ဘာမှပြန်မပြောရာ သူမမှာ ပို၍စိုးရိမ်လာသည်။ ဝေ့ချန်ကုန်းနဲ့သူ့ဇနီးက ဝေ့ကျီဖန်အတွက် လာကြတာပါ လီဖန်းက ဘာလို့တိတ်ဆိတ်နေတာလဲ။

‘ငါမင်းကိုပြောနေတယ်။ နားကန်းနေလား’ လီဖန်းရဲ့ မသိသလိုအပြုအမူကြောင့် ဝေ့ချန်ကုန်းက ပိုပြီးဒေါသထွက်ကာ အော်လိုက်သည်။

လီဖန်းရဲ့ နှုတ်ခမ်းက တွန့်ကွေးသွားသည်။ ဒုဥက္ကဌက ဘာလုပ်ရမှာလဲ။ မင်းဘာသာ ဘာကောင်ကြီးပဲဖြစ်ဖြစ် ငါ့ကိုခြောက်ချင်တာလား။ ဆုတောင်းနေလိုက်။

ဘေးနားက စုတုံကတော့လန့်နေပါပြီ။ ဝေ့ချန်ကုန်းရာထူးက ဝေ့ပင်ချင်းထက်သာနိမ့်ပြီး သူမရဲ့ အကြီးအကဲလည်းဖြစ်ရာ လီဖန်းက မသိချင်ယောင်ဆောင်နေလို့ အဆင်ပြေပါ့မလား။

တစ်ဖက်မှာရှိတဲ့ ဝေ့ပင်ချင်းရဲ့ မျက်နှာကလည်း အနည်းငယ်ပြောင်းသွားသည်။ လီဖန်းရဲ့ ခေါင်းမာမှုကို သူမနားလည်မှု အသစ်ရသွားသည်။ ဒါပေမယ့် သိပ်တော့မအံ့ဩပါ။

လီဖန်းက ဝေ့ကျီဖန်ကိုတောင် ရိုက်ရဲတာ သူ့အဖေကို ဂရုမစိုက်တာ့ ဘာဖြစ်သေးလဲ။ ‘ကောင်းတယ်၊ ကောင်းတယ် မင်းလို လူငယ်မျိုးကို ငါပထမဆုံးမြင်ဖူးတာပဲ။ ဝေလေး လုံခြုံရေးခေါ်ပြီး သူ့ကိုမောင်းထုတ်ခိုင်းလိုက်’ ဝေ့ချန်ကုန်းက ဒေါသထွက်သွားသည်။

သူက ဝေ့မိသားစုရဲ့ ဒုတိယသားကြီးဖြစ်ပြီး မြို့တော်ဝန်တောင် သူ့ကို မျက်နှာသာပေးရသည်။ သူ့အလုပ်က အလုပ်သမားက သူ့ကို ဂရုမစိုက်လုပ်ရဲတယ်။ ဒါကတော့ လွန်သွားပါပြီ။

ဖန်းဝေက ခေါင်းငြှိမ့်ကာ လုံခြုံရေးကို သွားခေါ်ဖို့လုပ်သည်။

‘နေပါဦး ဒုတိယဦးလေးနဲ့ အန်တီ ကျီဖန်ကို မနေ့က လွှင့်ပစ်ခိုင်းလိုက်တာ ကျွန်မပါ။ ကျွန်မကိုပါ အလုပ်ဖြုတ်ချင်လို့လား’ ဝေ့ပင်ချင်းက တားလိုက်ပြီး အေးစက်စွာပြောလိုက်သည်။

လီဖန်းမှာ မျက်ခုံးပင့်မိသည်။ ဘာပဲဖြစ်ဖြစ် သူကသူစိမ်းတစ်ယောက်ပါ။ ဝေ့ပင်ချင်းက သူ့အတွက် ဒုတိယ အန်ကယ်နဲ့ အဒေါ်ကို ရင်ဆိုင်ပေးတာ ၊ မနေ့ကသူမ ကူညီခဲ့တာတွေက လျစ်လျှူရှုထားလို့မရပါဘူး။

‘ဟန့် မင်းအဲ့လိုပြောတာ မရှက်ဘူးလား။ မနေ့က လူပုံအလယ်မှာ ကျီဖန့်ကားကို ဒီကောင် ရိုက်ခွဲပြီး အရှက်ခွဲလိုက်တာကရော။ မင်းကဘာပြောချင်သေးလဲ’ ဝေ့ချန်ကုန်းမျက်လုံးမှာ အရောင်လက်သွားသည်။

‘အဲ့ဒါက ကျီဖန်က ပြဿနာသွားရှာတာ ပြီးတော့ လီဖန်းကသူ့ကို ခြောက်လိုက်ရုံပဲ။ ရိုက်တောင်မရိုက်ခဲ့ဘူး’ ဝေ့ပင်ချင်းက သက်ပြင်းချကာ ပြောလိုက်သည်။

မနေ့က သူမလည်း လန့်သွားတာပါ။ ဒါပေမယ့် နောက်ဆုံးပြန်စစ်ကြည့်လျှင် ကျီဖန်က အရင်စတာပါ။ ပြီးတော့ဘာဒဏ်ရာမှ မရခဲ့ပါဘူး။

‘တွေ့လားအဖေ။ ပင်ချင်းက လက်တောင်မထပ်ရသေးဘူး ကျွန်တော်တို့ကိုအရေးမလုပ်တော့ဘူး။ ဒီလုပ်ငန်းစုကို စိတ်ချလက်ချ သူ့ကိုလွှဲပေးမလို့လား’ ဝေ့ချန်ကုန်းက သူ့ဖုန်းကိုထုတ်လိုက်ပြီး ဒေါသထွက်စွာ အော်လိုက်သည်။

‘ဒုတိယအန်ကယ် ဖိုးဖိုးကို ဖုန်းခေါ်ထားတာလား’ ဝေ့ပင်ချင်းမှာ အံ့ဩသွားပြီး မယုံကြည်နိုင်စွာ မေးလိုက်သည်။

‘ ဟုတ်တယ် မင်းကြောက်သွားပြီလား’ ဝေ့ချန်ကုန်းက လှောင်လိုက်သည်။

‘အဖိုး ယုံပြီမှတ်လား။ အစ်မက အပြင်လူနဲ့ပေါင်းပြီး ကျွန်တော့ကိုအနိုင်ကျင့်တာ’ ဝေ့ကျီဖန်ရဲ့ အသံကိုလည်း ဖုန်းတစ်ဖက်မှ ကြားလိုက်သည်။

‘အဖေ ဝေ့ပင်ချင်းကို ဒီကိစ္စနဲ့ပက်သက်ပြီး ကောင်းကောင်းအရေးယူရမယ်။ မဟုတ်လျှင် သူမကို ဥက္ကဌအဖြစ် ကျွန်တော်တို့ လက်ခံမှာမဟုတ်ဘူး’။

‘ဟုတ်တယ် အဖေ ကျွန်တော်တို့အကြီးတွေတောင် လန့်နေပြီ၊ ဟေး’

‘ဆရာ..’

ဖုန်းထဲကနေ အသံပေါင်းများစွာကို ကြားလိုက်ရသည်။ နောက်ဆုံးတော့ ဝေ့ပင်ချင်းနားလည်သွားသည်။ ဝေ့ချန်ကုန်းက သူ့သားအတွက်လာတာမဟုတ်ပါဘူး။ ဥက္ကဌရာထူးအတွက်လာတာပါ။

ဒီကိစ္စအတွက် မိသားစုတစ်ခုလုံးကိုတောင် ခေါ်ထားသေးသည်။ ဒါပေမယ့် အဖိုးကအသက်ကြီးပြီး ရောဂါလည်းရှိသည်။ အိပ်ယာပေါ်မှာပဲ လှဲနေနိုင်တာကို စိတ်လှုပ်ရှားလို့ ဘယ်ဖြစ်မလဲ။

ဒီဥက္ကဌနေရာက အဖိုးရဲ့ အသက်ထက်ပိုပြီး အရေးကြီးနေတယ်ပေါ့။

‘ဖိုးဖိုး စိတ်မလှုပ်ရှားနဲ့။ ကျန်းမာရေးက အရေးကြီးတယ်။ သမီးပြန်လာလျှင် အားလုံးရှင်းပြမယ်’ ဝေ့ပင်ချင်းက စိုးရိမ်တကြီးပြောလိုက်ပြီး အိမ်ပြန်ဖို့လုပ်လေသည်။

‘နင်က အိမ်ကိုပြန်ဖို့မျက်နှာ ရှိသေးတယ်ပေါ့။ အခုငါ့ကို ကျေနပ်အောင်မရှင်းနိုင်လျှင် အိမ်ထဲတောင်ဝင်ဖို့မစဉ်းစားနဲ့’ ဝေ့ချန်ကုန်းကတော့ စိုးရိမ်စိတ်မရှိပါဘူး။ ဆက်၍သာ ပြောနေသည်။

‘ဟုတ်တယ်’။

‘အဖေ ပင်ချင်းက သူများနဲ့လက်ထပ်သွားရမှာ။ သူမက ဥက္ကဌလုပ်ဖို့ တကယ်မသင့်တော်ပါဘူး’။

‘လုပ်ငန်းက ရှယ်ယာကိုသူမကိုအများကြီးပေးလို့မဖြစ်ဘူး၊ ၁%လောက်ဆိုရပြီ’

‘နင်တို့ပါးစပ်တွေပိတ်ထားကြ’ ဖုန်းထဲကနေအော်သံနှင့်အတူ ‘အဖေ အဆင်ပြေရဲ့လား’။

‘အဖေ၊ အဖေ’

‘အဖိုး ကျွန်တော့ကို မခြောက်ပါနဲ့။ အမွေတောင်ခွဲမပေးရသေးဘူးလေ’

ရုတ်တရက် ဖြစ်ပေါ်လာတဲ့ အဖြစ်အပျက်က ဝေ့ပင်ချင်းကို အေးခဲသွားစေသည်။ ဝေ့ချန်ကုံးရဲ့ အမူအရာလည်းပြောင်းသွားသည်။

‘အဖေက ဘာဖြစ်လို့လဲ’

‘အဖိုးကြီးက သတိလစ်သွားတာ’

‘ဒေါက်တာ ကျောက်ကို အမြန်ခေါ်လိုက်’

‘အောက်စီဂျင်အရင်တပ်ပေး အမြန်’

ဖုန်းထဲကနေ အသံကိုကြားလိုက်တာနဲ့ လီဖန်းက ဝေ့ဖူအခြေအနေ မကောင်းတာသိလိုက်သည်။

ထိုအချိန်တွင် အစ်မကျီလင်ရဲ့ ရဲ့အသံပေါ်လာသည်။

‘ဒင် သခင် တာဝန်အသစ်ရှိသည်။ စစ်ကြည့်မလား’


Comment

Leave a Reply

Options

not work with dark mode
Reset