Switch Mode

အပိုင်း(၂၆)

ဖက်ကိုက်ကြသည်

ကျင်းမုံ့ယောင်ရဲ့ ခြေထောက်ဟာ လီဖန်းရဲ့ ခါးကြားသို့ဝင်သွားပြီး လီဖန်းက သူမကန်လိုက်သောခြေထောက်၏‌ အရင်းကိုချုပ်ရာ လဲကျသွားပြီး နှစ်ယောက်လုံး မျက်နှာချင်းနီးကပ်သည့် အနေအထားသို့ရောက်သွားသည်။

‘ငါ့ကိုလွှတ်စမ်း’ ကျင်းမုံ့ယောင်က ရှက်သွားပြီး ဒေါသလည်းထွက်လာသည်။ သူမကိုဝင်တိုးပြီး ချုပ်ရဲသည်။

မျက်နှာချင်းတောင်ကပ်သွားရာ အရိုင်းအစိုင်း၊ လူယုတ်မာ၊ လူယုတ်မာ။ လှုပ်လို့မရသေးလို့သာ မဟုတ်ပါက လီဖန်းကို သူမသေချာပေါက် အလွတ်ပေးမည်မဟုတ်တော့ပါ။ သူ့နောင်မျိုးဆက်တွေအထိပေါ့။

လီဖန်းလည်း ပြန်လွှတ်တော့မလိုပါ။ ဒါပေမယ့် စနစ်က တာဝန်ပြီးမြောက်ကြောင်း အသိမပေးသေးပါ။

ပြီးတော့ ကျင်းမုံ့ယောင်ရဲ့ ခါးကလည်း ထိလို့ကောင်းနေသည်။ ခံစားရတာကို ကြည့်ချင်းအားဖြင့် သူမက ဂျင်ဆော့လေ့ရှိကြောင်းသိနိုင်သည်။

မျက်နှာကလှပြီး ဘော်ဒီကလည်းမိုက်ရာ စနစ်က အလွတ်မပေးတာ အံ့ဩစရာတော့ မဟုတ်ပါ။

‘ဒင် ဂုဏ်ယူပါတယ်သခင် တာဝန်ပြီးမြောက်ပါပြီ။ ဆုကြေးများကို ထုတ်လွှင့်လိုက်သည်’

‘ဒင် ဂုဏ်ယူပါတယ် သခင် EXP၂၀၀နှင့်စနစ်အမှတ်၁၀၀၀ကိုရရှိသည်’။

နောက်ဆုံးတော့ အစ်မကျီလင်ရဲ့ အသံကိုကြားရပါပြီ။ လီဖန်းလည်း စိတ်အေးသွားသည်။ သူကရပ်လိုက်တော့မှာပါ။

‘အာ့ ငါနင့်ကိုသတ်မယ်’ ကျင်းမုံ့ယောင်က ရူးသွပ်သွားပါပြီ။ သူမက သူ့လည်ပင်းကို ကိုက်လိုက်ရာ လီဖန်းမှာ မတားနိုင်တော့ပါ။

လီဖန်းလည်း ဒေါသထွက်သွားသည်။ သူကျန်းမုံ့ယောင်ကို ပစ်မှားမိတာမှန်ပေမယ့် တမင်လုပ်တာမဟုတ်ပါဘူး။

ထို့နောက်သူလည်းတင်းကာ သူမလည်ပင်းကို ပြန်ကိုက်ပါတော့သည်။ ထိုအချိန်မှာပဲ စစ်ကြောရေးတံခါးက ပွင့်လာခဲ့ပြီး ကျန်းဟောင်မေနဲ့ စုတုံတို့ ဝင်လာကြသည်။

‘အာ့..’ တစ်ယောက်နဲ့တစ်ယောက် ပူးကပ်ခါ ကိုက်နေသောနှစ်ယောက်ကိုမြင်တော့ ကျန်းဟောင်မေက မျက်လုံးကို လက်ဖြင့်ကောက်အုပ်ထားလိုက်သည်။

မဟုတ်သေးဘူး စစ်ကြောရေးခန်းထဲမှာမှ ဒီလိုလုပ်ရလား။ တစ်ယောက်နဲ့တစ်ယောက် မြင်မြင်ချင်းချစ်မိပြီး စိတ်မထိန်းနိုင်ကြလျှင်လည်း အိမ်သို့မဟုတ် ဟိုတယ်သို့သွားသင့်ပါသည်။ ဒီအခန်းထဲမှာက တကယ်ကို မသင့်တော်ပါဘူး။

စုတုံကလည်းသူမ မျက်စိကို အမြန်အုပ်လိုက်သည်။

သူမက လီဖန်း မတရားလုပ်ခံရမှာကို ကြောက်ပြီး စိတ်ပူနေခဲ့တာပါ။ ဒါပေမယ့် ဘယ်သူသိမလဲ ဒီလိုမြင်ကွင်းမျိုးကို မြင်ရလိမ့်မယ်လို့။

ခဏအတွင်းမှာပဲ စုတုံ အလွန်စိတ်မသက်မသာ ခံစားလိုက်ရသည်။ စိတ်ပျက်ခြင်းနှင့်အတူ အနည်းငယ် နာကျင်သွားသည်။

‘မဟုတ်ဘူး ဒါငါတို့ထင်သလိုမဟုတ်ဘူး’ ကျန်းဟောင်မေက တစ်ခုခုမှားနေတာကို တွေ့လိုက်သည်။

ကျင်းမုံ့ယောင်အပေါ် သူ့နားလည်မှုအရ ဒီလိုအရှက်မရှိတဲ့ အလုပ်ကိုလုပ်မှာ မဟုတ်ပါ။ သူတို့ မျက်နှာကြည့်ရတာ လည်း တစ်ခုတော့တော့လွဲနေတယ် မဟုတ်လား။

မေးပါရစေဦး ချစ်တင်းနှောနေလျှင် ဘယ်သူက ဒီလိုဒေါသထွက်နေတဲ့ မျက်နှာကြီးဖြစ်နေမှာလဲ။

‘အခုရပ်တော့’ ကျန်းဟောင်မေက အော်လိုက်သည်။

ထို့နောက်လီဖန်းကို ဆွဲကာ လူခွဲဖို့ကြိုးစားလိုက်သည်။

‘ဒါရိုက်တာ ကျန်း မဆွဲနဲ့တော့ ဒီမှာသားတောင်ပြတ်တော့မယ်’ လီဖန်းက သူကိုက်ထားတာကို လွှတ်ကာပြောလိုက်သည်။

‘မုံ့ယောင် ငါနင့်ကို အမိန့်ပေးနေတာ လွှတ်လိုက်တော့’ ကျန်းဟောင်မေက နောက်ဆုံးတော့ အခြေအနေကိုရိပ်မိလိုက်သည်။

‘မလွှတ်နိုင်ဘူး သူကျွန်မကိုအရင် စော်ကားတာ။ ဒီနေ့ သူ့ကိုသေအောင်မကိုက်ရလျှင် ကျင်းဆိုတဲ့ မျိုးရိုးကို သွားပြောင်းပစ်လိုက်မယ်။

ကျင်းမုံ့ယောင်က ပြောလိုက်ပြီးနောက် ပြန်ကိုက်ပါတော့သည်။ လီဖန်းလည်းတော်တော် တင်းနေပါပြီ။

မင်းက အဆုံးမသတ်ချင်တော့လည်း ငါက လိုက်လျောပေးရမှာပေါ့။ လီဖန်းက ပါးစပ်ပြန်ဟပြီး ကျင်းမုံ့ယောင် လည်ပင်းကို ထပ်ကိုက်လိုက်တော့သည်။

ကျန်းဟောင်မေ ‘???’

မဟုတ်ဘူး။ မင်းတို့က ခွေးတွေလား။ ကိုက်တာသောက်ရမ်းကြိုက်နေကြတယ်ပေါ့။

ဘာလို့မှန်းတော့မသိပါ။ လီဖန်းနဲ့ ကျင်းမုံ့ယောင်တို့ သူမထင်သလိုမဟုတ်ဘဲ ရန်ဖြစ်နေတာသိလိုက်တော့ စုတုံမှာ ပို၍နေလို့ကောင်းသွားသည်။

နောက်ဆုံးတော့ ကျန်းဟောင်မေနှင့် စုတုံကို ကျေးဇူးတင်ရမည်။ သူတို့ကို ခွဲနိုင်ခဲ့ပြီလေ။

လည်ပင်းက ကိုက်ရာတွေကိုကြည့်ပြီး လီဖန်းကပိုအထိနာတာကို သိနိုင်သည်။ သွေးတွေတောင်မြင်နေရပါပြီ။

ဘာပဲဖြစ်ဖြစ် ဒါက လီဖန်းအရင်မှားခဲ့တာကို။ ဒေါသထွက်ပေမယ့် သူတကယ်မကိုက်ခဲ့ပါဘူး။

‘ကျွန်မကိုလွှတ် ဒီကောင့်ကိုသတ်မယ်’ အခုကိုက်လိုက်တာက ကျင်းမုံ့ယောင်ရဲ့ ဒေါသကိုအနည်းငယ်ပြေသွားစေသည်။ စိတ်ကိုနည်းနည်း ထိန်းနိုင်လာပါပြီ။ ဒါပေမယ့် ကျေနပ်သေးတာတော့မဟုတ်ပါ။

‘ဟန့် ယောက်ျားကောင်းဆိုတာ မိန်းမတွေနဲ့ ရန်မဖြစ်ဘူး’ လီဖန်းက ဂုဏ်ယူစွာပြောလိုက်ပြီး ကျင်းမုံ့ယောင်နဲ့ ဆက်ပြိုင်မနေတော့ပါ။

ဖိလည်းဖိရတယ်။ ကိုင်လည်းကိုင်လိုက်ရသည်။ ဆက်ဖြစ်နေလျှင် သူလွန်မှာပေါ့။

‘မုံ့ယောင် အခုကဘာထဖြစ်ကြတာလည်း’ ကျန်းဟောင်မေက ဒါရိုက်တာ တစ်ယောက်ရဲ့ ဟန်ပန်ဖြင့် လေးနက်စွာမေးလိုက်သည်။

‘အဲ့ဒါက..ဘာမှမဟုတ်ပါဘူး။ သူ့ကို မျက်စိထဲကြည့်မရလို့ ရိုက်ပစ်ချင်တာ’ အဖြစ်အပျက်မှာ ရှက်စရာကောင်းလွန်း၍ သူမလုံးဝမပြောချင်ပါ။

ပြီးတော့ ကျန်းဟောင်မေက လီဖန်းအတွက်လာခဲ့တယ် ဆိုတာသိသာသည်။ သူအေးအေးဆေးဆေးဖြစ်နေတာ အံ့ဩစရာတော့မဟုတ်ပါ။

‘မင်း မင်း ဘာလို့ဒီလို လုပ်ရတာလဲ’ ကျန်းဟောင်မေက သက်ပြင်းချကာ အကူအညီမဲ့သလို ခံစားရသည်။ ကျင်းမုံ့ယောင်က အစကစခန်းမှာ နာမည်ကြီးသည်။  လူမိုက်တွေ သူမလက်ထဲရောက်တာနဲ့ ရိုက်ပစ်ပြီး အပြစ်ကို ပြင်းပြင်းထန်ထန်ပေးတာ။

နောက်ဆုံးမတတ်နိုင်လို့ သူမကို ဒီစခန်းခွဲမှာ ပြောင်းလိုက်တာ။ ဒါပေမယ့် သူမအကျင့်ကို ပြောင်းမရပါဘူး။

သာမန်ရဲတစ်ယောက်သာ အမိန့်နားမထောင်ပဲ ဒီလိုတွေလုပ်လျှင် ထုတ်လိုက်တာကြာပါပြီ။ ဒါပေမယ့် သူမနောက်ခံက မ​​ ​​ သေးပါ ။

သူမက စစ်တပ်မိသားစုမှာ မွေးဖွားလာပြီး အဘိုးကြီးကျင်းက ဩဇာအလွန်ကြီးသည်။

‘ဒါရိုက်တာကျန်း ရှင်သူ့ကိုလာထုတ်တာလား။ ကျွန်မတစ်ခါတည်းပြောလိုက်မယ်။ ရှင့်ရဲ့လုပ်ဆောင်ချက်က စည်းမျဉ်းနဲ့မညီလျှင် ကျွန်မလက်ခံမှာမဟုတ်ဘူး’ ကျင်းမုံ့ယောင်က လီဖန်းကိုကြည့်ရင်း အေးစက်စွာပြောလိုက်သည်။

ဒင်းကသူမကို အခွင့်အရေးယူတာ များပါပြီ။ ဘယ်လိုလုပ် လွယ်လွယ်လွှတ်ပေးရမှာလည်း။ တခြားလူက ကျန်းဟောင်မေကို ကြောက်ချင်ကြောက်မယ်။ သူမကတော့ မကြောက်ပါ။

‘မုံ့ယောင် ဝေ့ကျီဖန်က လီဖန်းကို တရားမစွဲတော့ဘူး။ ဒါဆိုလုံလောက်ပြီလား’ ကျန်းဟောင်မေကလည်း မလာချင်ပါ။

ဝေ့ပင်ချင်းက သူ့ကိုဖုန်းခေါ်ပြီး တောင်းဆိုကာ ဝေ့ကျီဖန်ကလည်း အမှုမဖွင့်တော့ဘူးဆိုလို့သာ သူကိုယ်တိုင်လာပြီး လွှတ်ခိုင်းရတာ။

လီဖန်းက ငြိမ်သွားသည်။ ဝေ့ကျီဖန်က သူ့ကိုအမှုပိတ်လိုက်တယ်။ မဟုတ်သေးဘူး ဒီကောင်ကသူ့ကို သတ်ချင်နေတာ။

ဒါပေမယ့် ကျန်းဟောင်မေကလည်း လိမ်ပြောမှာမဟုတ်ရာ လီဖန်းမှာ ပဟေဠိဖြစ်သွားသည်။

‘ဒါပေမယ့်…’ ကျင်းမုံ့ယောင်က လီဖန်းက ရဲကိုတိုက်ခိုက်ခဲ့တယ်လို့ ပြောမလို့ပါ။ ဒါပေမယ့်သူမ အရှိန်သတ်လိုက်သည်။ လီဖန်းက သူမရင်ဘက်ကို ဆွဲပြီးကိုင်ပေါက်လာတာ ပြောရမှာ ရှက်ဖို့ကောင်းလှသည်။

သူမက မတားတော့သဖြင့်သာ ကျန်းဟောင်မေမှာသက်ပြင်းချနိုင်သည်။ ကျင်းမုံ့ယောင်နှင့် စကားအနည်းငယ်ပြောပြီးနောက် လီဖန်းကို ခေါ်ကာ စစ်ကြောရေးခန်းမှ ထွက်လာလိုက်သည်။

မသွားခင် လီဖန်းက ကျင်းမုံ့ယောင်ကို မဲ့ပြီးပြောလိုက်သည် ‘နှုတ်ဆက်တယ် မိန်းမကြမ်းလေး’။

ကျင်းမုံ့ယောင်မှာ ချက်ချင်းပေါက်ကွဲချင်လာသည်။

‘ရှင်စောင့်နေ ဒီနေ့အကြွေးကို နောက်မှပြန်တောင်းပြမယ်’ သူမက လက်သီးဆုပ်ကာ အံကြိတ်ရင်းပြောလိုက်သည်။


Comment

Leave a Reply

Options

not work with dark mode
Reset