‘ဒီတစ်ခါတော့ သေပြီ’ လီဖန်းက အနည်းငယ်လန့်သွားသည်။
တခြားလူက ရဲဆိုလျှင် သူဘယ်တော့မှ ဒီလိုလုပ်မှာမဟုတ်ပါ။ တချို့ကိစ္စတွေက လုံလောက်တဲ့ အဆင့်အတန်းတစ်ခုမရှိလျှင် မထိသင့်ပါဘူး။
အခုတော့ ပြဿနာတက်တော့မှာပါ။ ဒါပေမယ့် ပြောရမယ်ဆိုလျှင် ရဲမေလေးက တော်တော်လှသည်။
အသက်က၂၃နှစ်၂၄နှစ်လောက်ရှိပြီး သိမ့်မွေ့တဲ့ပုံစံ၊ လှပသောအသားအရည်နှင့် သူရဲကောင်းဆန်သော ခံစားချက်ကိုလည်းပေးနိုင်သည်။
မြေပေါ်မှာ လဲကျနေတာတောင်မှ သူမက ဆွဲဆောင်မှု ရှိသေးသည်။
ယူနီဖောင်းကိုထားလိုက်ပြီး သူကိုင်ခဲ့တာကို မှန်းကြည့်လျှင် အနည်းဆုံး ၃၆ဆိုဒ်လောက်ရှိသော လူသတ်လက်နက်တစ်ခုကြောင်း သိနိုင်သည်။
သူမက ဘောင်းဘီရှည်အပွကို ဝတ်ထားပေမယ့် ရှည်လျားတဲ့ ခြေတံနဲ့ တင့်တယ်တဲ့ ကောက်ကြောင်းတို့ကို တွေ့နိုင်သည်။
ဆောင်းဝမ်ကျင်းနဲ့ ယှဉ်လျှင်တောင် အောက်မကျပါ။
‘အိုးမိုင်ဂေါ့’ စုတုံက သူမမျက်လုံးကို လက်ဖြင့်အုပ်ပြီး အော်လိုက်သည်။
လူမိုက်တွေနဲ့ ကားကိုရိုက်တာရှင်းလို့ရနိုင်သေးသည်။ ပိုက်ဆံနဲ့ ရှင်းလိုက်ရုံပါ။
ဒါပေမယ့် ရဲကိုရိုက်တာက တကယ့်ပြဿနာပဲ။ တစ်ဖက်က မကျေနပ်လျှင် ထောင်နန်းစံရမှာပါ။
မဖြစ်ဘူး။ ငါဒီကိစ္စ မစ်ဝေ့ကို အသိပေးရမယ်။ သူပဲဒီပြဿနာကို ရှင်းနိုင်မှာ။
စုတုံက သူမရဲ့ သွားလေးများကိုကိုက်ရင်း အဝေးသို့ဆုတ်ကာ ဝေ့ပင်ချင်းကို ဖုန်းခေါ်တော့သည်။
ရှက်စိတ်မွှန်ပြီး ဒေါသထွက်နေတဲ့ ဝေ့ကျီဖန်ကလည်း တစ်ဖက်ကနေ လုံးဝ ကြက်သေသေ သွားလေသည်။
မဟုတ်သေးဘူး..လီဖန်းက ရဲကိုတိုက်ခိုက်တယ်။ ဒီကောင်ဦးနှောက်ပျက်သွားတာလား။ ငါတောင် အဲ့လောက်ထိ သွားမစရဲဘူး။
ကြည့်နေတဲ့သူတိုင်းက ကြောင်သွားကြသည်။ ဒီကောင်က တကယ့်ကောင်ပဲ။ လူမိုက်ပြီးတော့ ကားကိုရိုက်ခွဲတယ် ပြီးတော့ရဲကိုတောင် တွယ်လိုက်သေးတယ်။
တချို့လူတွေက ဖုန်းတွေထုတ်ပြီး ရိုက်နေပါပြီ။ ဒီကိစ္စက လိုက်တွေတစ်ပုံကြီး ရတော့မှာပါ။
‘ဒင် သခင်ကိုအသိပေးအပ်ပါသည်။ ဖြတ်သွားဖြတ်လာတစ်ယောက် သခင့်ကို ဓါတ်ပုံရိုက်နေသည်။ တားပေးရမလား’
‘ဘာလဲ စနစ်ကဝင်ပါလို့ရတယ်ပေါ့’ သူ့ရဲ့ စိတ် ပူမှုကို ထိန်းရင်းမေးလိုက်သည်။
‘သခင် ကောင်းကင်ကိုးခုနဲ့ မြေကမ္ဘာဆယ်ခုမှာ အစွမ်းထက်ဆုံး စနစ်ရဲ့ စွမ်းဆောင်ရည်ကို သံသယမဝင်ပါနဲ့။ သခင့်ရဲ့ ဂုဏ်သတင်းကောင်းကို အင်တာနက်ပေါ်မှာ မတင်စေချင်လျှင် စနစ်က ဖျောက်ပေးနိုင်တယ်’
‘မြန်မြန် ဖျောက်လိုက်တော့။ ငါမကျော်ကြားချင်သေးဘူး’
လီဖန်းက တကယ်လန့်သွားတာပါ။ ယခုအခါ အင်တာနက်က လူကို တိတ်တဆိတ်သတ်နိုင်သည်။
ရဲကိုတောင် ပြန်ရိုက်တာ ဒီလိုပို့သာတင်လိုက်လျှင် ဝိုင်းပြောလို့ သူများတံတွေးတွေနဲ့တင် နစ်ပြီးသေသွားနိုင်သည်။
‘အိုကေလေ’ အစ်မကျီလင်က ပြန်ပြောလိုက်သည်။
ခဏနေတော့ အသံတွေကိုကြားလိုက်သည်
‘အို..ဟန်..အကုန်ပျက်ကုန်ပြီ’ နင့်မေကြီးတော်။
ကျင်းမုံ့ယောင်က မြေပေါ်မှာလဲနေပြီး မှင်သက်နေသည်။ သူမက ကင်းလှည့်နေတာပါ။
လီဖန်းက ဝေ့ကျီဖန်ကို လက်နဲ့ဆွဲမြှောက်တာမြင်လို့ အမြန်ပြေးလာပြီး တားဖို့ကြိုးစားတာပါ။ ဘယ်သူသိမှာလဲ သူမပါခံလိုက်ရမယ်လို့။
ကင်းလှည့် ကင်းလှည့်ရတဲ့အဆင့် ပဲဖြစ်ပေမယ့် အထူးရဲတပ်ဖွဲ့မှာ သူမရဲ့တိုက်ရည်ခိုက်ရည်က ထိပ်ပိုင်းမှာရှိသည်။
ဌာနက အကြမ်းဆုံးရဲတောင် သူမကို အလွယ်တကူ မနိုင်ပါ။ ပိုအရေးကြီးတာက သူမရဲ့ရင်ဘတ်ကို ကိုင်ပြီး ကိုင်ပေါက်ခံရတာပါ။ ဒါမျိုးတော့ သည်းမခံနိုင်ပါဘူး။
‘မလှုပ်နဲ့ လက်မြှောက်ထား’ ကျင်းမုံ့ယောင် ပြန်ထကာသူမရဲ့လက်ကို ခါးနားမှာရွယ်လိုက်သည်။
သေနတ်ထုတ်တော့မယ့်ပုံပါ။ ဒီမှာ လူအများကြီးရှိသည်။ သူမကသာမန်ကင်းလှည့်နေတာဖြစ်ပြီး သေနတ်ပစ်ခွင့်မရှိပါဘူး။
ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားလျှင် ရှင်းလို့ရမှာမဟုတ်တော့ပါ။ ဒါကြောင့်ပါမလာတဲ့ သေနတ်ကို ရှိသလိုလုပ်ပြီး ခြိမ်းခြောက်လိုက်တာပါ။
‘အာ့..အလှလေး ကျွန်တော်ရှင်းပြပါရစေ’ လီဖန်းက မျက်ရည်မကျပဲ ငိုနေပါပြီ။
‘ငါနင့်ကိုလက်မြှောက်ထားလို့ပြောနေတယ်’ ကျင်းမုံ့ယောင်က ရင်ဖိုနေသည်။ ဒါပေမယ့် လီဖန်းက ရန်လိုတဲ့ပုံမပေါ်တာကို သူမတွေ့ပြီး အံ့ဩသွားသည်။
‘ကောင်းပြီလေ လက်မြှောက်လိုက်ပြီ ဒါပေမယ့်ကျွန်တော်က လူကောင်းပါ။ မင်းမယုံဘူးဆို ငါ့အဖော်ကို မေးကြည့်နိုင်တယ်’ လီဖန်းက လက်ကိုမြှောက်ကာ အကူအညီမဲ့စွာ နဲ့ပြောလိုက်သည်။
ထို့နောက်စုတုံကို အကူအညီတောင်းဖို့ လှည့်ရှာလိုက်သည်။ ဒါပေမယ့်…ဘယ်မှာလဲ။ ဟေး ..
တစ်ပတ်လောက်လှည့်ရှာပြီးမှ အဝေးမှာ ဖုန်းဆက်နေတဲ့ စုတုံကိုတွေ့လိုက်သည်။ အစ်မကြီး နင်ကဖုန်းဆက်ဖို့ အချိန်ရှိသေးတယ်ပေါ့ ဒီမှာကပွဲတောင် ကောင်းနေတာ။
‘ဟန့် နင့်ဘာသာကောင်းကောင်းမကောင်းကောင်း နင်သူများကားကို ဖျက်စီးပြီး လူကိုပါရိုက်ဖို့လုပ်နေတာကိုပဲ ငါတွေ့တယ်’ ကျင်းမုံ့ယောင်က ပြောလိုက်ပြီး လက်ထိပ်ကိုထုတ်ကာ လီဖန်းဆီသို့ လျှောက်သွားသည်။
လီဖန်းက ခေါင်းရှုပ်သွားတယ်။ သူလက်ထိပ်ခတ် မခံချင်ပါ။ ငါပေမယ့် ခုခံရင်လည်း ပိုဆိုးကုန်မှာ။
‘ဒင် သခင် တာဝန်အသစ်ရှိသည်။ စစ်ကြည့်မလား’
လီဖန်းက စိတ်ရှုပ်နေတုန်းရှိသေးသည်။ အစ်မ ကျီလင်ရဲ့ အသံကစိတ်ထဲမှာပေါ်လာသည်။
‘မဟုတ်သေးပါဘူး အခုချိန်မှလာပြီး ငါ့ကိုခုခံခိုင်းမလို့လား’။ လီဖန်းဒီလိုတွေးတာလည်း မလွန်ပါဘူး။ ဒီစနစ်ကပြောလို့ရတာမဟုတ်ပါ။
‘စစ်ကြည့်’
‘တာဝန် – ကျေနပ်စွာ အဖမ်းခံပါ’
‘တာဝန်ဖော်ပြချက်- ကျင်းမုံ့ယောင်လက်ထိပ်ခတ်တာကို မခုခံပါနှင့်’
‘တာဝန်ဆုကြေး- EXP၅၀၊ ၁၀၀စနစ်အမှတ်’
‘မှတ်ချက် – အောင်မြင်မယ့်လူဆိုတာ အခြေအနေအတိုင်း လှုပ်ရှားနိုင်ရတယ်။ တစ်ဘဝတာ သူရဲကောင်းဖြစ်ဖို့ တစ်ခဏတာတော့ ပေးဆပ်ရစမြဲပါ’
လီဖန်းက နောက်ဆုံးတော့ သက်ပြင်းချလိုက်သည်။ စနစ်က ဒီတစ်ခါတော့ လုပ်နည်းတွေပြောင်းသွားသည်။ အစကလို မြှောက်မပေးတော့ပါ။
ကျင်းမုံ့ယောင်လည်း နောက်ဆုံးလက်ထိပ်ခတ်ပြီးမှ သက်ပြင်းချနိုင်သည်။ ကြည့်နေသူတွေလည်း အကြောင်းအမျိုးမျိုးကြောင့် သက်ပြင်းတစ်ဝက်ချလိုက်ကြသည်။
လီဖန်းက တစ်ချိန်တည်းမှာ အကူအညီမဲ့သလို ခံစားရသည်။ ရုပ်ရှင်ရုံသွားပြီး ရဲကားလေးဘာလေးသွားကြည့်ထားဦးမှပါ။ ဒီကသခင်လေးက ဥပဒေကို လိုက်နာတဲ့ နိုင်ငံသားကောင်းတစ်ယောက်ပါ။ လူမိုက်လည်းမဟုတ်ရပါဘူး။
‘ဟားဟား ဟား လီဖန်း လီဖန်း မင်းတော့ဒီတစ်ခါသေပြီ’ ဝေ့ကျီဖန်က ပျော်ရွှင်စွာရယ်လိုက်သည်။
လီဖန်းမျက်နှာမကောင်းတာကိုမြင်တည်းက သူကနေလို့ကောင်းလာသည်။ နောက်ဆုံးတော့ ဟားဟားဟား ဒီလိုပဲဖြစ်ရမယ်။
လီဖန်းရဲ့ အခုလုပ်ပုံက တရားဥပဒေကို မထီမဲ့မြင်လုပ်ပြီး ရဲတစ်ယောက်ရဲ့ တာဝန်ကိုထိခိုက်စေတာပါ။
ဖန်းဟူတို့ခြောက်ယောက်ကို ဒဏ်ရာရစေတာနဲ့ သူ့ကားကိုခွဲတာနဲ့ပါဆို ဝေ့ကျီဖန်က သူ့မိသားစု အရှိန်အဝါကိုသုံးပြီး ထောင်နှစ်ချီပြီးကျအောင် လုပ်လို့ရသည်။
‘မင်းမသေပဲနဲ့တော့ ငါသေမှာမဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် သတိထားနေ’ လီဖန်းက အထင်းသေးစွာပြောလိုက်သည်။
‘ဟေး မင်းကြားလား။ ဒီကောင်က စော်ကားလွန်းတယ်။ သူ့ကို ပြင်းပြင်းထန်ထန်ဆုံးမရမယ်’ ဝေ့ကျီဖန်က အော်နေလေသည်။
လီဖန်းကို လက်ထိပ်နဲ့ခတ်ထားပေမယ့် သူအနားမကပ်ရဲပါဘူး။ ဒါကြောင့် ကျင်းမုံ့ယောင်ကို သာအကူအညီတောင်းနိုင်သည်။
ဒါပေမယ့် ကျင်းမုံ့ယောင်ရဲ့ မျက်နှာကိုတွေ့လိုက်ချိန်မှာ သူ့မျက်လုံးမှာ အရောင်တွေလက်သွားသည်။ သူ့မျက်နှာမှာလည်း တနှာကြီးတဲ့ ပုံပေါ်လာသည်။
ဒီမိန်းကလေးက တကယ်လှတာပဲ။ စုတုံနဲ့ ယှဉ်လျှင်တောင် ယူနီဖောင်းနဲ့ တစ်မျိုးလှပနေသည်။
ထူးဆန်းနေပြီ ပုလဲမြို့မှာ ဘာလို့ဒီလိုအလှလေးရှိတာကို မကြားရတာလဲ။ ကိစ္စမရှိပါဘူး ဒီကသခင်လေးတွေ့ပြီဆိုတည်းက ဒီမိန်းကလေးကပြေးမလွတ်တော့ဘူး။
‘နင်ကဘယ်သူလဲ’ ကျသ်းမုံ့ယောင် ဝေ့ကျီဖန်ရဲ့ လေသံနဲ့ အမူအရာကိုမကြိုက်ပါ။ ဒါကြောင့်သူမအသံက တုံးတိဖြစ်နေသည်။
‘ကျွန်တော်က ဝေ့မိသားစုက ဝေ့ကျီဖန်။ တွေ့ရတာဝမ်းသာတယ် အလှလေး’ ဝေ့ကျီဖန်က ဂုဏ်ယူစွာပဲ ပြောလိုက်သည်။
ကျင်းမုံ့ယောင် ကသူမခေါင်းကို လှည့်သွားပြီး ‘အို့’ သူ့ကိုလှစ်လျူရှုသွားသည်။
အဲ့ဒါကြောင့်ကို ဝေ့မိသားစုက အမှိုက်ဖြစ်နေတာ ပဲ အချိုးမပြေတာ အံ့ဩစရာမရှိဘူး။ ဒါဆိုလျှင် သူ့ကားကို ရိုက်ခွဲလိုက်တာ လူကောင်းဖြစ်ရမယ်။
အာ့ ဘာလူကောင်းလည်း သူလည်းငါ့ရင်ဘတ်ကို ကိုင်ထားတာ မကောင်းတဲ့ကောင်ပဲ။