Switch Mode

အပိုင်း(၂၂)

ကြိုးကိုင်သူက ဘယ်သူလဲ

ထွက်မသွားတဲ့ စားသောက်သူတွေမှာ ငြိမ်သက်သွားကြသည်။

ဒီလူငယ်က သတ္တိကောင်းလှသည်။ ဖန်းဟူကိုတိုက်ရိုက် စိန်ခေါ်ရဲတဲ့သတ္တိက ချီးကျူးဖို့တောင်ကောင်းသည်။

စုတုံမှာလည်း ရပ်နေမိသည်။

လီဖန်းက အခုလိုအချိန်မျိုးမှာ သူမကိုကာကွယ်ပေးလို့ ရင်ထဲထိသွားသော်လည်း သူတကယ်ပြောနေတာလား။

ဟိုမှာကလူကြမ်း၆ယောက်တောင်။

ဖန်းဟူတို့၆ယောက် ဒေါသထွက်စွာရယ်လိုက်ကြသည်။ သူတို့ကြားလိုက်တာက ဘာ တောင်းပန်ရမယ်။ ကိုယ့်ကိုယ်ကိုပါးရိုက်ရမယ်။

သူ့ကိုသူ ဟွမ်ဖေးဟုန်တို့ရဲ့ဝမ်တို့ များမှတ်နေလား။

လမ်းဘေးမှာရပ်ထားတဲ့ အဝါရောင်ဖရာရီကားပေါ်မှာ ဝေ့ကျီဖန်က စီးကရက်ကိုအေးဆေးဖွာကာ အခြေအနေကိုလှမ်း ကြည့်နေသည်။

ဖန်းဟူက သူဖုန်းဆက်လိုက်တဲ့ လူပါ။ ဒီအစီအစဉ်မှာ ဖန်းဟူကလီဖန်းကို ပြင်းထန်စွာရိုက်နှက်ပြီး စုတုံကိုစော်ကားဖို့လုပ်ရန်ဖြစ်သည်။

အဓိကအချိန်ကိုရောက်လျှင် သူကပေါ်လာပြီး အထာကျကျသိုင်းကွက်တွေပြကာ ဖန်းဟူကို မှောက်သွားအောင်ဆုံးမလိုက်မည်။

အဲဒီအချိန်မှာ စုတုံကသူ့ဆီကို လိုလိုချင်ချင်နဲ့ ကိုယ်တိုင်ရောက်လာမယ်။

‘စုတုံ စုတုံ ဒီကသခင်လေး လိုချင်တဲ့မိန်းကလေးက မလွတ်မြောက်နိုင်ပါဘူး မင်းစောင့်နေ ငါကောင်းကောင်းကစားပြမယ်မင်းကို’ ။

စုတုံကို သူပိုင်ဆိုင်တော့မယ်လို့ စဉ်းစားရင်း ဝေ့ကျီဖန်က သဘောကျစွာရယ်နေသည်။

တခြားဘက်မှာတော့ ‘ငါကမတောင်းပန်တော့ မင်းကဘာလုပ်မလဲ’ ဖန်းဟူကပြောလိုက်သည်။

‘ဟားဟား အစ်ကိုကျား သူကဘာလုပ်ရဲမှာလဲ အစ်ကိုကလူမသတ်ရဲတဲ့ သူမှမဟုတ်တာ’

‘ဒိုးလိုက်တော့ကောင်လေး၊  မင်းပါပါးကို လာရှုပ်မနေနဲ့’

နောက်ကငါးယောက်ကလည်း လီဖန်းကိုဝိုင်းလှောင် ကြသည်။

‘ဒါဆိုလည်း ဘာမှပြောစရာမရှိတော့ဘူးပေါ့’ လီဖန်းက ပုခုံးတွန့်ကာ ပြောလိုက်သည်။

သူကစုတုံနဲ့ အေးအေးဆေးဆေး ထမင်းစားချင်တာပါ။ ဘာပြဿနာမှမရှိချင်ပါ။ ဒါပေမယ့် တခြားလူကပြဿနာလာရှာလျှင်တော့ ဆုံးမဖို့ဝန်လေးမှာမဟုတ်ပါဘူး။

‘လီဖန်း သွားကြစို့’ စုတုံကစိတ်ပူစွာနဲ့ လီဖန်းလက်ကိုဆွဲကာ ပြောလိုက်သည်။

ဒီလူတွေကမကောင်းတဲ့လူတွေပါ။ တစ်ခါတစ်လေ လူကြားထဲမှာ သူ့ကိုစိုက်ကြည့်လို့ဆိုပြီးတောင် ထချလေ့ရှိကြသည်။ အခုအခြေအနေက ပိုဆိုးသည်။

‘ရှင်ဘာလုပ်နေတာလဲ’ လီဖန်းကို မြန်မြန်ခေါ်မသွားလျှင် တကယ်ချကြတော့မှာပါ။

‘သွားသင့်တာကသူတို့။ ငါတို့မဟုတ်ဘူး။ စိတ်မပူနဲ့ အခြေအနေကို ငါထိန်းနိုင်တယ်’ လီဖန်းကစုတုံရဲ့ လက်လေးကိုကိုင်ကာ နှစ်သိမ့်လိုက်သည်။

စုတုံ ‘…’

လီဖန်းဘာကို ဆိုလိုတာလဲ သူမနားမလည်ပါဘူး။ ပြီးတော့ သူမလက်ကို ကိုင်ထားသေးသည်။ လီဖန်းကသူမကို နှစ်သိမ့်နေတာသိပေမယ့် မသိတဲ့သူတွေက စုံတွဲတွေလို့ ထင်သွားနိုင်သည်။

‘မင်းကသူရဲကောင်းလုပ်နေတယ်ပေါ့။ အိုကေလေ ငါမင်းကိုအခွင့်အရေးပေးလိုက်မယ်’ ဖန်းဟူကပြုံးလိုက်သည်။

သူလိုချင်တာကလည်း လီဖန်းကသူရဲကောင်းဝင်လုပ်တာကိုပါ။ ဝေ့ကျီဖန်ကသာ စောစောရှင်းပြမထားလျှင် သူတို့လုပ်နေကျအတိုင်း လုပ်လိုက်တာကြာပါပြီ။ အခုလို စကားများနေမည်မဟုတ်ပါ။

ထို့နောက် ဖန်းဟူက နောက်ကိုခြေတစ်လှမ်းဆုတ်ကာ ညီငယ်ငါးရောက်ကို အချက်ပြလိုက်သည်။ နောက်ကငါးယောက်လည်း လီဖန်းဆီကို ထွက်လာကြသည်။

‘ဒီမှာရပ်နေ မလှုပ်နဲ့’ လီဖန်းက စုတုံကိုသူ့နောက်ကိုပို့လိုက်သည်။

ထို့နောက်ညာခြေထောက်နဲ့ စက်ဝိုင်းပုံစံ ကန်လိုက်ရာ‘ဘန်း ဘန်း ဘန်း’ သုံးယောက်က ကန်ချက်တစ်ချက်နဲ့တင် လဲသွားသည်။

တစ်ချိန်ထဲမှာပဲ ကျန်တဲ့နှစ်ယောက်က လီဖန်းအနောက်ကနေကန်လိုက်ရာ ရှောင်တိမ်းရန် (သို့) ကာရန်မဖြစ်နိုင်ပုံပါ။

‘သတိထား’ စုတုံက မနေနိုင်တော့ပဲ အော်လိုက်သည်။ ဘေးကကြည့်နေသည့် လူများမှာလည်း လီဖန်းအတွက် ချွေးစေးတွေပြန်နေကြသည်။

လီဖန်းရဲ့နောက်ကို ကန်မိတော့မယ့်အချိန်မှာ လီဖန်းက ခါးကိုစောင်းလိုက်ရာ သူ့အပေါ်ပိုင်းက ၉၀ဒီဂရီ စောင်းသွားပြီး လွတ်သွားလေသည်။

နောက်ကနှစ်ယောက်မှာ လည်းရုတ်တရက်ကြောင်သွားသည်။ သူတို့ခြေထောက်တွေကို ပြန်မရုတ်နိုင်ခင်မှာပဲ လီဖန်းက ဖမ်းကာ လိမ်ချိုးလိုက်သည်။

‘ရောနှောသိုင်း’မသုံးလျှင်တောင် လီဖန်းရဲ့အားက ကမ္ဘာ့ချန်ပီယံနဲ့ ယှဉ်နိုင်ရာ ထိုနှစ်ယောက်မှာ အရိုးကျိုးသံနှင့်အတူ ‘အာ့ ငါ့ခြေထောက်ကျိုးပြီ’

‘နာတယ် လွှတ်တော့’ နေရာမှာတင် အော်လိုက်ကြသည်။

ပြီးမှ လီဖန်းကလွှတ်ပေးလိုက်ရာ နှစ်ယောက်လုံးမြေပေါ်မှာ လူးလိမ့်အော်ဟစ်နေသည်။

ပတ်ဝန်းကျင်မှ လူများမှာ လန့်သွားကြသည်။ ၅ယောက်တစ်ယောက် ဟေး ငါတို့က မင်းအတွက်ချွေးစေးတွေတောင် ရွှဲနေပြီလေ။ မင်းကဘာလို့ အေးဆေးနိုင်သွားတာလဲ။

မင်းကို သာမန်လူလို့ထင်ထားကြတာ မင်းကတကယ့်ကို အကောင်ပဲ။

စုတုံက ကြောက်ရွံ့စွာဖြင့် သူမပါးစပ်ကို လက်နဲ့အုပ်ထားသည်။ သူမရဲ့ ခံစားချက်တွေလည်း ရှုပ်ထွေးနေသည်။

ဝတ်စုံဝယ်ပေးတုန်းကသူမကိုကူညီပုံ၊ ဝေ့ကျီဖန်ကိုရုံးခန်းထဲကလွှင့်ပစ်ပုံ၊ သူမကိုနှိပ်ပေးပုံ၊ အခု သူမအတွက်တိုက်ခိုက်ပေးနေပြန်သည်။

ဘုရားရေ တစ်နေ့အတွင်းမှာပဲ လီဖန်းနဲ့ ကိစ္စတွေအများကြီးဖြစ်သွားတာပဲ။ သူမနဲ့လီဖန်းရဲ့ တွေ့ဆုံမှုကို ရေစက်ပဲလို့ မှတ်ရမည်လား။

ဖန်းဟူကတစ်ဖက်မှာ ကြောင်ပြီးရပ်နေသည်။ ချီး ငါ့ချီး ဒါဘယ်လိုအခြေအနေတုန်းဟ။ ဒီကောင်တွေ ဘာဖြစ်တာလဲ အားနည်းလှချည်လား။

အခုသူ့ကိုယ်သူမေးနေတာက ရှေ့ဆက်ကမလား အရှုံးပေးလိုက်ရမလားဆိုတာပဲ။

လမ်းဘေးက ဖရာရီကားပေါ်မှာ  ဝေ့ကျီပင်က စီးကရက်ဖွာရင်း ခြေထောက်တွေ တုန်နေသည်။

စိတ်ကူးယဉ်ကောင်းတုန်းရှိသေးသည်။ လီဖန်းကဖန်းဟူရဲ့ လူငါးယောက်ကို အလွယ်တကူ အမှောက်သိပ်လိုက်သည်။

‘ဘာတုန်းဟ’ ဝေ့ကျီဖန်းက ကြောက်လန့်ကာ စီးကရက်မှာ ခြေထောက်ပေါ်သို့ လွတ်ကျသွားပြီး ဘောင်းဘီမှာ အပေါက်ကြီးပေါ်လာသည်။

‘ငါ့ကိုသတ်မယ်လို့ ပြောလိုက်တာမင်းလား’လီဖန်းက ဖန်းဟူဆီသို့လျှောက်ရင်းမေးလိုက်သည်။

‘သူငယ်ချင်း ပြောစရာရှိလည်း အေးဆေးပေါ့ ကြည့်နေတဲ့လူတွေလည်းအများကြီးရှိတယ်’ ဖန်းဟူက တုန်နေပါပြီ။

‘မင်းက အရှင်သခင်ဓါးမဟုတ်ဘူးလား။ ဓါးတစ်ခါထုတ်လျှင် သွေးသောက်တယ်ဆို။ အခုထုတ် ငါကြည့်ပါရစေဦး’ လီဖန်းကပြောလိုက်သည်။

‘ငါ..ငါလျှောက်ပြောနေတာ။ ငါ့ဘော့စ်ကမှ အရှင်သခင်ဓါးအစစ်။ သူ့မျက်နှာကို ထောက်ပြီး ငါ့ကိုတစ်ကြိမ်တော့လွှတ်ပေးပါကွာ။ မကောင်းဘူးလား’ ဖန်းဟူမှာ ဟန်မဆောင်နိုင်တော့ပဲ အမှန်တိုင်းပြောလိုက်သည်။

တကယ့် အရှင်သခင်ဓါးက မြို့အရှေ့ဘက်မှာ အုပ်စိုးပြီး ဆောင်းဝမ်ကျင်းတို့နဲ့ အဆင့်တူမှာရှိသည်။

‘ငါမင်းကိုသွားခိုင်းလို့ရတယ်။ ဒါပေမယ့် ငါ့ကိုပြဿနာရှာခိုင်းတဲ့လူကိုတော့ မင်းပြောရလိမ့်‌မယ်’ လီဖန်းက ဖန်းဟူပုခုံးကိုပုတ်ကာပြောလိုက်သည်။

‘ဘာ..ဘာလဲ။ မင်းပြောတာငါနားမလည်ဘူး’ ဖန်းဟူရဲ့စိတ်ထဲမှာ မိုးတွေချိန်းနေပါပြီ။ လီဖန်းက ဘယ်လိုသိသွားတာလဲ။

‘ငါ ကုမ္ပဏီက ထွက်လာကတည်းက မင်းငါ့ကိုလိုက်နေတာ။ ပြီးတော့မင်းဒီမှာ မထိုင်ခင်ငါ့ကိုကြည့်နေတာ ငါအားလုံးသိတယ်။ ငါ့ကိုဘယ်သူခိုင်းတာလဲလို့ပြောပြတာ မင်းအတွက်ပိုကောင်းလိမ့်မယ်။

‘မဟုတ်လျှင်တော့ ဟန့်’။

လီဖန်းက နောက်ယောင်ခံဖမ်းနည်းမသင်ရသေးပေမယ့် ဖန်းဟူတို့ကလည်း မကျွမ်းကျင်ကြပါ။

နောက်ကဒီလောက်လိုက်နေတာ လီဖန်းကမသိပဲနေမလား။

သူကဖန်းဟူကို မတွေ့ဖူးပါဘူး။ ဒါကြောင့် သူ့ကိုပြဿနာရှာစရာအကြောင်းမရှိပါ။ ဒါဆိုမေးခွန်းက ကောင်းခွန်လား၊ ဝေ့ကျီဖန်လား။

အဲ့ဒီအချိန်မှာပဲ အစ်မကျီလင်ရဲ့ အသံကိုကြားလိုက်ရသည်။

‘ဒင်သခင် တာဝန်အသစ်ရှိသည်။စစ်ကြည့်မလား’

‘စစ်ကြည့်’

‘တာဝန်- ကြိုးကိုင်သူ’

‘တာဝန်ဖော်ပြချက်- ဖန်းဟူကို ခိုင်းစေတဲ့လူကို ရှာပြီး ပညာပေးပါ’

‘တာဝန်ဆုကြေး- EXP၁၀၀၊ ၁၀၀၀စနစ်အမှတ်’


Comment

Leave a Reply

Options

not work with dark mode
Reset