Switch Mode

အပိုင်း(၂၁)

အရှင်သခင်ဓား

‘ဘာလဲ’

စုတုံက အော်လိုက်ပြီး သူမရဲ့လှပတဲ့ မျက်နှာလေးက ချက်ချင်းပဲ ပန်းရောင်သန်းသွားသည်။

ဘုရားရေ လီဖန်းက သူမကို ဖိနပ်ချွတ်ပေးလိုက်တယ်။ ရှက်လိုက်တာနော်။

‘နည်းနည်းတော့နာမယ်။ သည်းခံဦး’ လီဖန်းက ခေါင်းကိုမမြှောက်ဘဲ သေသေချာချာနှိပ်နေသည်။ သူအခုစုတုံကိုမြန်မြန်သက်သာအောင် လုပ်ပေးချင်နေသည်။

မဟုတ်လျှင် သက်သက်အခွင့်အရေးယူနေတဲ့ လူယုတ်မာလို့ အထင်ခံရတော့မှာပါ။

ခြေဖဝါးနောက်ဘက်ရှိ ခြေချင်းဝတ်တွင် လီဖန်းရဲ့ လက်တွေဟာ ခုန်ပေါက်နေသော ဝိဉာဉ်များကဲ့သို့ ပြေလွှားနေသည်။

စုတုံက သူမခြေထောက်မှာ လျှပ်စီးကြောင်းတစ်ခုဖြတ်ပြေးနေတယ်လို့ ထင်ရပြီး တရွရွခံစားရသော နာကျင်မှုက ရုတ်တရက် အသက်ရှူကြပ်သွားစေသည်။

‘အိုး’ ထိုအသံကရှင်းမပြနိုင် လောက်တဲ့ ဆွဲဆောင်မှုမျိုးပါဝင်ပြီး မကြာခင်ကမှ ဖိနှိပ်ထားသော ခံစားမှုမှာ ပြန်ပေါ်လာပြီး လီဖန်းမှာ အာခေါင်များခြောက်သွေ့လာပြန်သည်။

သူက ချစ်သူထားဖူးပြီး လူပျိုလည်းမစစ်တော့ပါ။ ဒါပေမယ့် ဂျပန်ဝပ်ဆိုဒ်ထဲက ကူရာအီ၊ အိုဇာဝါ၊ မိုမိုကာနီ တို့နဲ့သာ ဖြေသိမ့်ခဲ့ရပြီး တကယ့်အပြင်တွင် မလှုပ်ရှားရတာ ကြာပြီဖြစ်သည်။

လက်ကလာတဲ့ နူးညံ့တဲ့အထိအတွေ့ကြောင့် စိတ်ခံစားမှုတွေ မြင့်တက်လာပြီး လှုပ်ရှားမှုတို့ပြောင်းလဲသွားသည်။

ထိုနည်းအားဖြင့် အထိအတွေ့တို့ကို ပိုမိုခံစားမိလာပြီး အာခေါင်မှာပို၍ ခြောက်သွေ့လာသည်။

‘မဖြစ်ဖူး ငါဒီလိုလုပ်လို့မရဘူး’ လီဖန်းက လျှာကိုနာနာလေးကိုက်လိုက်ပြီး သတိကိုနာကျင်မှုဖြင့် ပြန်ထိန်းလိုက်သည်။ ထိုမှသာစိတ်ပြန်ငြိမ်လာပြီး နှိပ်ချက်တို့က စနစ်တကျပြန်ဖြစ်လာသည်။

စုတုံက သူ့ကိုအရမ်းယုံခဲ့သည်။ ဒါကြောင့်ပဲ သူအသားယူလို့မဖြစ်ပါဘူး။ ကံကောင်းစွာနဲ့ သူကသတိကြီးပြီး စုတုံက မရိပ်မိခဲ့ပါ။

မဟုတ်ပါက သူတို့နှစ်ယောက်က လုပ်ဖော်ကိုင်ဖက်တွေတောင် ဖြစ်နိုင်တော့မှာ မဟုတ်ပါ။

စုတုံ ကလည်းနေလို့သိပ်မကောင်းပါဘူး။ တစ်ခန်းထဲမှာ နှစ်ယောက်ထဲရှိနေပြီး လီဖန်းက သူမခြေထောက်ကို နှိပ်နေသည်။

ဒီခံစားချက်က သူမကိုပုရွက်ဆိတ် အကောင်တစ်ထောင်လောက် ဝိုင်းကိုက်နေသလိုပါပဲ။

ရှက်ခြင်းနှင့် တုန်လှုပ်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့က သူမစိတ်ကို မြူခိုးထဲ၌နစ်မြုတ်သွားစေသည်။

နောက်ဆုံးတော့လီဖန်းကနှိပ်လို့ပြီးသွားသည်။

အစ်မကျီလင်ရဲ့ အသံလည်းပေါ်လာသည်။

‘ဒင်ဂုဏ်ယူပါတယ် သခင် တာဝန်ပြီးမြောက်ပါပြီ။ ဆုကြေးများကို ထုလွှင့်လိုက်သည်’

‘ဒင် ဂုဏ်ယူပါတယ် သခင် EXP၅၀နှင့် ၅၀၀စနစ်အမှတ်ကို ရရှိသည်’

လီဖန်းက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သူတစ်ကယ်ကို ထိန်းချုပ်ရခက်သွားသည်။ ကံကောင်းစွာပဲ တာဝန်ကပြီးဆုံးသွား၍ သူလည်းသက်သာသွားသည်။

သခင်- လီဖန်း

အဆင့်- C

EXP- ၄၀၀/၅၀၀

စနစ်အမှတ်- ၃၆၀၀

အောင်မြင်မှတ်- ၀

စကေး- ရောနှောသိုင်း (အဓိကစကေးများသာဖော်ပြပြီး ကျန်အရန်စကေးများကို ချန်လှပ်ထားသည်)

တာဝန် – နတ်ဘုရားမလေး ဝေ့ပင်ချင်း အားကယ်တင်ပါ(၂)

‘ကောင်းပြီ လှုပ်ရှားကြည့်လေ နာသေးလား’ လီဖန်းက နဖူးကချွေးများကိုသုတ်ကာ ပြောလိုက်သည်။

နှိပ်ပေးတာက မပင်ပန်းပါဘူး။ သူစိတ်ကို ကြိုးစားထိန်းနေရလို့သာ ချွေးများကထွက်ခြင်းဖြစ်သည်။

‘တကယ်ပဲ အလုပ်ဖြစ်တယ်။ ကျေးဇူး လီဖန်း’ စုတုံက ဖိနပ်ပြန်ဝတ်ပြီး ခြေချင်းဝတ်ကို လှုပ်ကြည့်ရာ အစကလောက်မနာတော့ကြောင်းတွေ့ရသည်။

တစ်ယောက်နဲ့ တစ်ယောက် နီးနီးကပ်ကပ်နေလိုက်တော့ စုတုံရဲ့ ပုံစံကပို၍ပွင့်လင်းလာပြီး လီဖန်းကိုလည်း အကောင်းပိုမြင်လာသည်။

ပြီးတော့ လီဖန်းအကြောင်းလည်းပို ၍သိချင်လာသည်။ ချမ်းသာပြီး ဒီမှာလည်း အလုပ်လာလုပ်တယ်။

သူနဲ့လဲမဆိုင်ပဲနဲ့ ဝမ်လင်းနဲ့ တွေ့တုန်းက ကူညီပေးသေးတယ်။ ဒါတင်မကသေး နှိပ်လည်းနှိပ်တတ်သေးသည်။ ဒီလူ့မှာ ဘယ်လောက်တောင်လျှို့ဝှက်ချက်တွေရှိသေးလဲ။

‘ဒါလေးက ဘာမှမဟုတ်ပါဘူး’ လီဖန်းကို လက်ကိုယမ်းလိုက်ပြီး သူ့စိတ်မှာလည်း အပစ်ရှိသလိုခံစားရသည်။

သူကစုတုံအပေါ် အခုပဲမကောင်းတဲ့ စိတ်ရှိခဲ့တာပါ။ ဒါကိုသူမသိလျှင် သူ့ကိုဆက်ကျေးဇူးတင်နိုင်ဦးမလား။

အလုပ်ချိန်ပြီးတော့ သူတို့နှစ်ယောက် ပစ္စည်းတွေယူကာ ရုံးခန်းကထွက်လာကြသည်။ လီဖန်းမသိတာက ဝေ့ကျီဖန်က ဒီအချိန်မှာ စောင့်ကြည့်ရေး အခန်းမှာပါ။ သူတို့ရဲ့လှုပ်ရှားမှုတွေကို တွေ့နေလေသည်။

‘ဟန့် ဝေ့ပင်ချင်းမင်းနောက်မှာရှိတယ်ဆိုပြီး ငါ့နဲ့လာယှဉ်ချင်တာလား။ ဟေး ဟူစီ သူတို့နောက်ကိုလိုက်သွား။  သေချာစောင့်ကြည့်ပြီး အစီအစဉ်အတိုင်းလုပ်’ ဖုန်းချပြီးနောက် အေးဆက်သောအလင်းရောင်တစ်ခု ဝေ့ကျီဖန်ရဲ့ မျက်လုံးမှာ ဖြတ်ပြေးသွားသည်။

နာရီဝက်လောက်ကြာတော့ လီဖန်းနဲ့ စုတုံတို့လမ်းဘေးက ပင်လယ်စာဆိုင်သို့ ရောက်လာကြသည်။

‘မင်းဒီမှာစားချင်တာ သေချာလား’ လီဖန်းက ထူးဆန်းသောအမူအရာဖြင့်မေးလိုက်သည်။ သူကဒီရပ်ကွက်နဲ့ မရင်းနီးလို့ စားဖို့နေရာ စုတုံကိုရွေးခိုင်းလိုက်သည်။

ဘယ်သူသိနိုင်မလဲ စုတုံက ဒီနေရာကိုမှ ရွေးတာ။ဒါကလီဖန်းက လမ်းဘေးအစားအစာ မစားချင်လို့ပြောတာမဟုတ်ပါဘူး။

ဒါပေမယ့် ပထမဆုံးလူတစ်ယောက်ကိုဖိတ်ကျွေးလျှင် အဆင့်မြင့်နေရာကို သွားသင့်တယ်ထင်လို့ပါ။

‘ဒီနေရာက ရေထွက်ပစ္စည်းတွေက အရမ်းလတ်ဆတ်ပြီး အရသာလည်း ကောင်းတယ်။ အထူးသဖြင့် ကျောက်ပုစွန်အစပ် ။ ရှင်စားကြည့်တဲ့အခါ သိလိမ့်မယ်’ စုတုံက ဒီဆိုင်ရဲ့ ဖောက်သည်ပါ။

ဒီနေရာကိုရွေးရတဲ့ အကြောင်းအရင်း ကလီဖန်း ဧည့်သည်တွေခေါ်လာလျှင် ကျွေးဖို့ပါ။ ဈေးနှုန်းက လည်းအလွန်သင့်တော်သည်။

လီဖန်းကချမ်းသာပေမယ့် စုတုံက သူများကိုအခွင့်အရေးယူတတ်တဲ့ သူမဟုတ်ပါဘူး။

‘တကယ်လား။ ကိုယ်လည်းအဲ့ဒါမျိုးကြိုက်တယ်’ လီဖန်းက စုတုံသူ့ကို ပိုက်ဆံအကုန်မခံစေချင်တာ သိသည်။ ဒါကြောင့်မလို့ သူဘာမှမပြောတော့ပဲ နေရာရှာထိုင်ကာ စမှာတော့သည်။

စုတုံလိုမိန်းကလေးမျိုးက ရုပ်ချောတယ်။ ဘော်ဒီလှတယ်။ ပြီးတော့ လူမှုရေးနားလည်တယ်။ သိတတ်တယ်။ ဒါကြောင့် လက်ထပ်ဖို့ အရမ်းသင့်တော်သည်။

ထိုအချိန်မှာပဲ လူစိမ်းငါးယောက်က သူတို့ဘေးကစားပွဲမှာ ဝင်ထိုင်လိုက်သည်။ ပြီးတာနဲ့ စကားစပြောကြသည်။

‘ဟေး အစ်ကိုကျား ညကမင်းတအားကြမ်းလွန်းတယ်။ ခြောက်​ေယာက်တစ်ယောက်ချတာ စောက်ရမ်းမိုက်တယ်’

‘ဒါကတော့ ငါတို့ရဲ့ အစ်ကိုကျားကဘယ်သူလည်း။ အရှင်သခင်ဓါး။ မြို့ရှေ့ပိုင်းမှာ အစ်ကိုကျားအကြောင်းကို မကြားဖူးတဲ့သူ မရှိဘူး’ ။

‘အစ်ကိုကျားရဲ့ ဓါးသိုင်းကတကယ့်ကိုစူပါပဲ။ တစ်ခါထုတ်လျှင် တစ်ခါသွေးသောက်တယ်’

‘အိုကေ မြှောက်ပင့်မနေကြနဲ့ ။ နှိမ့်ချကြစမ်းပါ။ မင်းတို့နားမလည်ဘူးလား’ အစ်ကိုကျားဆိုသူက ခပ်အုပ်အုပ်ပြောလိုက်သည်။

အနီးမှာရှိတဲ့ စားသုံးသူတွေဟာ အကုန်ကြောက်ကုန်ကြသည်။ အမြန် ငွေရှင်းကာထွက်သွားတော့သည်။

သူတို့အရက်သောက်ပြီး ပြဿနာရှာလျှင် ဘယ်လိုလုပ်မလဲ။ စားသောက်ဆိုင် ပိုင်ရှင်က ခါးသက်စွာကြည့်နေသည်။

စားသုံးသူအများကြီး ကြောက်ပြီးထွက်ပြေးသွားကြသည်။ ဒါပေမယ့်သူက သာမန်လူသာဖြစ်ပြီး သူတို့မြန်မြန်စားသောက်ပြီး ပြန်သွားကြဖို့သာ ဆုတောင်းနေသည်။

‘လီဖန်း ငါတို့နေရာပြောင်းကြမလား’ စုတုံက အနည်းငယ်ကြောက်နေသည်။

‘မလိုပါဘူး ငါရှိလျှင် သူတို့ပြဿနာမရှာစေရဘူး’ လီဖန်းကတည်ငြိမ်သည်။ သူရှင်းခဲ့ဖူးသူတွေက ခေသူတွေမဟုတ်ခဲ့ပါ။ ဘာကိစ္စ လူမိုက်နည်းနည်းကြောင့် နေရာပြောင်းစားရမလဲ။

‘အဲ့ဒါဆိုလည်း….ထားလိုက်ပါတော့’ စုတုံက လီဖန်းရဲ့စကားကိုကြားပြီး အနည်းငယ်နေလို့ကောင်းသွားသည်။

‘ဟေး အစ်ကိုကျား ဒီမိန်းကလေးကိုကြည့်ဦး’

‘ကျွန် တော်​တော့ကြိုက် သွားပြီ။ ဒီမိန်းကလေးက တကယ်လှတယ်’

လူမိုက်တွေက စုတုံကို တွေ့ပြီး မျက်လုံးတွေ အရောင်တောက်လာသည်။

‘အလှလေး ရင်းနှီးကြရအောင် ကျွန်တော့နာမည် ဖန်းဟူ ပြီးတော့ လမ်းပေါ်ကညီအစ်ကိုတွေအားလုံး က အစ်ကိုဟူလို့ခေါ်ကြတယ်’ ဖန်းဟူကစတင်ကာဦးဆောင်ပြီး လာကာမိတ်ဆက်သည်။

ပြောနေရင်းက စုတုံရဲ့ တစ်ကိုယ်လုံးကို ကြည့်နေတာ ဖောက်ထွင်းပြီးမြင်နေရတဲ့ အတိုင်းပါပဲ။

စုတုံမျက်နှာ ရုတ်တရက်ဖြူစွတ်သွားသည်။ သူမငြင်းလိုက်လျှင် ဒေါသထွက်သွားမှာကြောက်၍ တိတ်တဆိတ်သာနေလိုက်သည်။

‘ဟန့် ငါ့ကိုမျက်နှာသာမပေးတာလား’ ဖန်းဟူကမျက်မှောင်ကြုတ်လိုက်ပြီး မကျေနပ်စွာပြောလိုက်သည်။

‘မိန်းကလေး မင်းကအစ်ကိုကျားကိုတောင် မျက်နှာသာမပေးတာ သေချင်နေတာလား’။

‘အလှလေး အစ်ကိုကျားနဲ့ တစ်ခါလောက်လာသောက်လိုက်ပါ။ မဟုတ်လျှင်တော့ နောင်တရသွားလိမ့်မယ်’

နောက်ကငါး ယောက်က ချက်ချင်းဝိုင်းပြောကြသည်။ စူတုံနောက်ဆုတ်သွားပြီး သူမရင်ထဲမှာ ကြောက်စိတ်ကပိုကြီးလာသည်။

ဒီလူမိုက်တွေက အရမ်းဆိုးသည်။ သူမကိုစားမတတ်ဝါးမတတ်ပဲ။ အခုဘာလုပ်ကမလဲ။

ထွက်ပြေးရမလား။ ရဲခေါ်ရမလား။ အကုန်လုံးကနောက်ကျသွားလောက်ပြီ။

စုတုံက ဘာလုပ်ကမှန်းမသိ ဖြစ်နေတုန်းရှိသေး လီဖန်းကထရပ်ကာ သူမကိုကာလိုက်ပြီး

‘တောင်းပန်ပြီး ကိုယ့်ပါးကိုအချက်၅၀ချ။ ဒါဆို အခုဘာမှမပြောခဲ့ဘူးလို့ ယူဆထားပေးမယ်’။


Comment

Leave a Reply

Options

not work with dark mode
Reset