လုရှန်း ထောင်မှူးကို တံခါးဖွင့်ပေးဖို့ တောင်းဆိုသည်။ ဒါပေမယ့် လုရှန်းမဝင်ပဲ လုရန်တစ်ယောက်တည်းဝင်သည်။
“ဒုတိယအစ်မ၊ အဖေကရော ဘာလို့ဒီမှာရှိနေတာလဲ?”
လုဂျန် နားမလည်ဘူး။
သူ့အမေနဲ့ တတိယညီမ အဖမ်းခံရတာကို မျက်မြင်တွေ့ခဲ့ရပေမယ့် သူ့အဖေက အရင်နေ့တုန်းက သူတို့နဲ့အတူ ရှိနေဆဲပဲလေ။
“သူက ခွင့်မလွှတ်နိုင်တဲ့ ရာဇ၀တ်မှုတစ်ခုကို ကျူးလွန်တဲ့အတွက် ဒီမှာ ရှိနေတာ။”
လုဂျန် မျက်မှောင်ကြုံ့ပြီး “အမေ၊ တတိယညီမနဲ့ ထပ်တူ ပြစ်မှုကျူးလွန်ခဲ့တာလား?”
လုရှန်း ခေါင်းညိတ်သည်။ “ခပ်ဆင်ဆင်ပဲ”
“ဒါဆို အိမ်ပြန်လို့ရသေးလား”
“ငါမသိဘူး။”
လုရှန်း ခေါင်းယမ်းသည်။ သူမ ကလေးတွေကို ဘာပြောရမှန်းတောင် မသိတော့ဘူး။
လုရှင်း ငိုရင်း မောပန်းလာပြီး မြန်မြန် အိပ်ပျော်သွားသည်။
လုရန် လုဒါဟွားကို တစ်ခုခုပြောပြီး ထွက်လာချိန် သူ့မျက်လုံးတွေ နီရဲနေသည်။
လုရန် အိပ်ပျော်နေပြီဖြစ်သော လုရှင်း ကို ပွေ့ဖက်ထားပြီး နောက်ပြန်မလှည့်ဘဲ လုရှန်းနဲ့ လုဂျန် တို့နဲ့အတူ ထောင်မှထွက်လာခဲ့တယ်။
ထောင်မှူးက လုရှန်းကို စိုက်ကြည့်နေပြီး နီးကပ်ဖို့ကြံရွယ်နေချိန် အပြင်ဘက်မှအသံထွက်ပေါ်လာ၏။
အစောင့်တွေက “သခင်ချူ၊ ကျေးဇူးပြုပြီး လိုက်ခဲ့ပေးပါ !”
သခင် ချူ ?
သူတို့ဘာကြောင့်လာတာလဲ?
သူတို့နှစ်ယောက် ဒီကိုရောက်ရတဲ့ အကြောင်းရင်းကို သူမ နားမလည်ပေမယ့် သူတို့ကို ထောင်မှူးနဲ့ ကျန်တဲ့လူတွေ နှုတ်ဆက်ကြသည်။
လုရှန်း လုဂျန် ရဲ့ လက်ကို ဆုပ်ကိုင်ထားပြီး ကြည့်လိုက်တော့ ထောင်အပြင်ဘက်တွင် ရင်းနှီးနေသော မျက်နှာနှစ်ခု တွေ့လိုက်ရသည်။
တစ်ယောက်က မနေ့ညက ကူညီပေးခဲ့တဲ့ လူငယ်။
နောက်တစ်ယောက်ကတော့ ရုံးတော် အရာရှိ ၀တ်စုံဝတ်ထားတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဘေးမှာ ရပ်နေသည်။ သူက ထိုလူငယ်အပေါ် အလွန်ရိုသေစွာ ပြုမူဆက်ဆံနေတာ ထင်ရှားသည် ။
သူ့နောက်ခံ က ဒီလောက်မရိုးရှင်းပုံရသည်။
ချုစစ်ဟန်က လုမိသားစုကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို တောင်းဆိုခဲ့သည်။
လုရှန်းတို့ ထောင်သို့လာရောက်လည်ပတ် ကြောင်း ကြားသိချိန် ချက်ခြင်းအပြေးအလွှားရောက်လာခဲ့တယ်။
ဘာလို့လဲ မသိပေမဲ့ လုရှန်းက မနေ့ညက သူတွေ့ဖူးသောလူ ဟုတ်မဟုတ် အတည်ပြုချင်သည်။
တံခါးဝတွင် ရပ်ကာ ချောင်းကြည့်ကာ သူ့နှလုံးသားထဲတွင် နားမလည်နိုင်သော မျှော်လင့်ချက်များ ပေါ်လာသည်။
ချုယွမ် သခင်ဖြစ်သူ နောက်တွင် ရပ်နေသော်လည်း နားမလည်နိုင်အောင်ရှိနေ၏။
သူ့သခင်က ရွာကမိန်းကလေးကို ဘာလို့ ဒီလောက် စိတ်ပူနေရတာလဲ။
ရှေ့လမ်းကို ပိတ်ဆို့ထားသောကြောင့် လုရန် ဆက်လျှောက်ရမလား မသိဖြစ်နေ၏။
သို့ပေမဲ့ လုရှန်းက ရှေ့သို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားတာမြင်တော့ လုရှန်းအနောက်မှ လိုက်လာခဲ့သည်။
ချုစစ်ဟန်က လုရှန်းအတွက် လာခဲ့သည်။ ဒါကြောင့် သူမနဲ့ ကျန်တဲ့သူတွေ ထွက်သွားတော့ သူ့အကြည့်များက သူမအပေါ် ကျရောက်လာသည်။
မျက်နှာပေါ်ရှိ အညစ်အကြေးများ ကင်းစင်နေသည့် သူမရဲ့ အသားအရေသည် ပုံမှန်အတိုင်း ကြည်လင်ဖြူစင်နေကာ ချောမွေ့နေပုံရသည်။
သူမရဲ့ မျက်နှာ… သူမဟာ လုံးဝအလှတရားတစ်ခု မဟုတ်ပေမယ့် ထူးထူးခြားခြား အလှတရားလို့ သတ်မှတ်လို့ရသည်။
ဒါ့အပြင် သူမရဲ့ အလှတရားဟာ သာမန်ထက် ပိုသည်။ ဒါဟာ တစ်စုံတစ်ယောက်ကို ဒုတိယအကြိမ် လှမ်းကြည့်ဖို့ တွန်းအားဖြစ်စေမယ့် အလှတစ်မျိုးဖြစ်သည်။
ချုစစ်ဟန် အရင်က အလှများစွာကို မြင်ဖူးသော်လည်း သူမက သူ့ကိုအကြိမ်အနည်းငယ်ကြည့်ရူစေချင်စိတ်ဖြစ်ပေါ် စေသည့်ပထမဆုံးမိန်းကလေးဖြစ်သည်။
လုရှန်းရဲ့ မျက်နှာကိုမြင်တော့ ချုယွမ် လည်း ထိတ်လန့်သွားသည်။
သူ့ရှေ့က မိန်းမလှလေးဟာ လွန်ခဲ့တဲ့ နှစ်ရက်လောက်က သူတောင်းစားဖြစ်သည်ဆိုတာ သူ လက်မခံနိုင်ဘူး။
ခရိုင်တရားသူကြီး လုရှန်းကို စိုက်ကြည့်ပြီးနောက် ချုစစ်ဟန်ကို မျက်မှောင်ကြုတ်ပြီး ပြန်ကြည့်သည်။
သို့ပေမဲ့ သူ့အမူအရာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
သူက ရှေ့ကို လျှောက်လာပြီး “မင်းက လုမိသားစုထဲက ဖြစ်ရမယ် ဟုတ်လား”
“ဟုတ်ကဲ့ !”
ခရိုင်တရားသူကြီးနဲ့မျက်နှာချင်းဆိုင်တော့ လုရန် ပိုတင်းမာသွားပြီးသတိထားနေသည်။
လုရှန်းရဲ့ အကြည့် ချုစစ်ဟန်ရဲ့ မျက်နှာပေါ်သို့ ရောက်သွားသည်။ သို့ပေမဲ့ သူလည်း သူမကို ကြည့်နေမှန်း သူမ သိလိုက်သည်။
သူ့အကြည့်တွေက တအံ့တသြနဲ့ ဖြစ်နေပေမဲ့ တစ်ချိန်တည်းမှာပဲ သူမကို ဆန်းစစ်ကြည့်နေသည်။
သူမ သူ့ကို ပြုံးပြလိုက်သည်။ စောစောက သူမ ပြုံးသည့်တောက်ပသည့်အပြုံးမဟုတ်ပဲ ကျီစားနေသည့်အပြုံးမျိုးဖြစ်သည်။
ချုစစ်ဟန်က သူ့စိတ်အခြေအနေကြောင့်လား မသိပေမယ့် ဒီမိန်းကလေးရဲ့ အပြုံးက သူ့ကို နှိုးဆွဖို့ ကြိုးစားနေသည်လို့ ခံစားနေရသည်။
ချုစစ်ဟန် စိတ်ခံစားချက်မဲ့လျက် စိုက်ကြည့်ပြိး “လုမိန်းကလေး ကို ငါ ပြောစရာရှိတယ် ”