သွေးထွက်သံယိုနဲ့ ဆိုးသွမ်းတဲ့ လေထုတွေရှိသည့် ဒီလိုနေရာမျိုး ကလေးတွေကို မခေါ်သင့်ဘူးဆိုတာ လုရှန်းသိသည်။
သို့ပေမဲ့ လုဂျန် နှင့် လုရှင်းတို့က အမျိုးသမီး လျို ကို အလည်အပတ်သွားလိုသောကြောင့် ဒီနေရာကို ခေါ် လာခဲ့သည်။
လုရှန်း လှည့်ပြီး တိတ်တဆိတ် လျှောက်သွားကာ ကလေးများကို သူ့ဘေးနားသို့ ဆွဲလိုက်သည်။
လုရန် တင်းမာသောအကြည့်နဲ့ သူတို့နောက်ကလိုက်လာသည်။ သူလည်း
ဒီလိုနေရာမျိုးကို ပထမဆုံးရောက်ဖူးတာဖြစ်သည်။
ထောင်မှူးက အစပိုင်းမှာ မည်သည့်အမူအရာမှမရှိခဲ့ပေမဲ့ လုရှန်းနဲ့ အကြည့်ချင်းဆုံတော့ သူ့မျက်လုံးများ ချက်ချင်းတောက်ပသွားသည်။
သူမရဲ့အဝတ်အစားတွေက ရိုးရှင်းပေမယ့် သူမရဲ့မျက်နှာအလှကို ဖုံးကွယ်ထားလို့မရဘူး။
သူမ မျက်နှာက သူ့ လက်ဖဝါးထက်သေးပြီး မျက်လုံးတွေက ရေစိုသည်။ သူမ၏ နှုတ်ခမ်းများ ပြုံးကာ မပြုံးယောင်ယောင် ရှိပေမဲ့ အထက်သို့အနည်းငယ်ကွေးတက်နေသည်။
သူမရဲ့ လှပတဲ့ မျက်နှာလေးက ဖော်ရွေပြီး ဖော်ရွေတဲ့ပုံပေါက်စေသည်။ သို့ပေမဲ့ ချဉ်းကပ်မရနိုင်သော အသွင်အပြင်ကိုလည်းပေးစွမ်းသည်။
“မင်းက မိန်းကလေး လုပဲဖြစ်ရမယ်။”
ချုမိသားစု တိုင်စာကြောင့် လုရှန်းရဲ့ ပျောက်ဆုံးမှုအကြောင်းကို ရုံးတော် ရှိ လူတိုင်း သိကြသည်။
ထောင်မှူးက သူမ သည် သာမန်ရွာသူလေးတစ်ယောက်ပဲလို့ယူဆထားပြီး ဒီလို လှပတဲ့ မျက်နှာရှိမယ်လို့ မမျှော်လင့်ထားပေ။
အစောင့်တွေက လုရှန်းရဲ့ အလှ ကြောင့် ထောင်မှူးရဲ့ သဘောထားတွေ သိသိသာသာ ပြောင်းလဲသွားတာကိုမြင်တော့ သူတို့ ဘာမှ မပြောဘဲ ပြုံးနေ၏။
သို့ပေမဲ့ လုရန် ထောင်မှူးကို ရဲရဲကြီး စိုက်ကြည့်ကာ လုရှန်းရဲ့ အရှေ့ ခပ်သွက်သွက် လျှောက်သွားသည်။
လုရှန်းက “ကျွန်မတို့အဖေဆီ မလည်ပတ်ခင် အမျိုးသမီး လျို နဲ့ လုနိုင်း အရင်သွားကြည့်ချင်တယ် ”
အသက် ၁၆ နှစ် အရွယ် မိန်းကလေးသည် ချောမောလှပပြီး သူမ၏အသံမှာ ကြည်လင်ပြတ်သားသည်။
ထို့ကြောင့် ထောင်မှူး၏ စိတ်ထဲတွင် အတွေးအချို့ ပေါ်လာသည်။
သခင်ချူက ဒီမိန်းကလေးအပေါ် ခံစားချက်မရှိတာဘဲ ငါ့ကို ဘာလို့ ခွင့်မပြုတာလဲ?
“သွားရအောင်၊ ငါ လိုက်ပို့မယ်။”
ဒီလိုနေရာမျိုးမှာ သူတို့ရဲ့ပထမဆုံးအကြိမ်မို့ လုဂျန် နဲ့ လုရှင်း က အနည်းငယ်ကြောက်နေသည်။ သူတို့က လုရှန်း၏လက်ကို ပို၍ပင်ပြင်းထန်စွာဆုပ်ကိုင်ထားကြသည်။
အမျိုးသမီး လျို နဲ့ လုနိုင်း တို့ကို တစ်ခန်းတည်းသော့ခတ်ထားသည်။ သူတို့ ခေါင်းငုံ့ကာ ထောင့်တစ်နေရာတွင် ခွေ့ခွေ့လေးရှိနေကြသည်။
“အမေ!”
လုရှင်း မဝံ့မရဲအော်ခေါ် လိုက်သည်။
အမျိုးသမီး လျို အံ့အားသင့်သွားသည်။ အမျိုးသမီး လျို ခေါင်းကို မော့ကြည့်လိုက်တော့ လုရှန်း မြင်ပြီး ချက်ချင်း ပြူးကျယ်သွား၏။ အမျိုးသမီး လျို ကောက်ကျစ်သောအမူအရာဖြင့် “လုရှန်း မင်းဒီကိုဘယ်လိုလာရဲတာလဲ။”
လုရှန်း မျက်ခုံးပင့်လိုက်ပြီး “ကျွန်မ ဘာလို့မလာရဲရမှာလဲ?”
“နင့်ကြောင့်သာမဟုတ်ရင် ငါဒီကြောက်စရာကောင်းတဲ့နေရာမှာရှိနေမှာလား? ငါတို့ကို အခုချက်ချင်းလွှတ်ပေးဖို့တောင်းဆိုလိုက် !”
လုနိုင်း ဘေး၌ ထိုင်နေပြီး စိတ်လွတ်နေပုံပေါ်၏။
တစ်ဖက်မှာလဲအမျိုးသမီး လျို ဒေါသတကြီး ဖြစ်နေသည်။
“အရာရှိ ၊အမျိုးသမီး လျို ကို ဘာအပြစ်ပေးမှာလဲ” လုရန် ထောင်မှူးကို မေးသည်။
“မင်း က ?”
“ကျွန်တော်က လုရန် ပါ”
“အင်း ဒါဆို မင်းကမိန်းကလေး လုရဲ့အစ်ကိုပေါ့ ” ထောင်မှူး အမျိုးသမီး လျို အား မထီမဲ့မြင် စိုက်ကြည့်ကာ လှောင်ပြောင်တယ်။ ” သမီးဖြစ်သူကို အန္တရာယ်ပြုဖို့ ကြံကတည်းက ထောင်သုံးနှစ် ကျသင့်တယ်။ ဒါပေမယ့် လူသတ်မှုနဲ့လည်း အပြစ်ရှိတယ်၊ ဒါကြောင့် သေဒဏ်အထိ ချမှတ်ခံရနိုင်တယ်။”
“သေဒဏ်လား? ” လုရန် မျက်မှောင်ကြုံ့သွားသည်။ “လုဒါဟွားကော။”
“သူ?” ထောင်မှူးက “သူကိုယ်တိုင် ဝင်လာပြီး အရာအားလုံးကို ဝန်ခံလို့ သူ့အမှားကို သိသွားပြီလို့ ယူဆတယ် ဒါကြောင့် ထောင်ဒဏ် အနှစ်နှစ်ဆယ်ပဲ ချမှတ်တယ်။ ”
လုရန် က အခု ဘယ်လို ခံစားနေရလဲ မသိပေ။ စိတ်သက်သာရာရသလို လုဒါဟွား အပေါ် မုန်းတီးမှုလည်း ခံစားရ၏။
“အမေ!”
လုရှင်း ငိုပြီး ထပ်ခေါ်သည်။
အမျိုးသမီး လျို လုရှင်း ကို စိုက်ကြည့်ကာ “ကြွတ်စုတ်လေးတွေ၊ ငိုတာကလွဲရင် တခြားဘာလုပ်တက်လဲ? ငါ လွတ်အောင်နည်းလမ်းရှာကြ !”
လုရှင်း အမျိုးသမီး လျို ရဲ့ ပြင်းထန်သောအမူအရာကြောင့် ကြောက်ရွံ့ထိတ်လန့်သွားပြီး ချက်ချင်းပင် မျက်ရည်များကျလာသည်။
လုဂျန် အံကြိတ်ကာ လုရှင်း ၏လက်ကို ဆုပ်ကိုင်ပြီး လှည့်ထွက်သွားသည်။
လုရှန်း သူတို့ကို ငုံ့ကြည့်သော်လည်း တိတ်ဆိတ်နေ၏။
ထို့နောက် သူတို့လေးယောက် လုဒါဟွားဆီ သွားကြသည်။
လုဒါဟွားက တစ်နေ့တာအတွင်း အသက်ကြီးလာပြီး အလွန်အမင်း စိတ်ပျက်နေပုံရသည်။ သူတို့ကိုတွေ့တော့ ဘာမှပြန်မပြောဘဲ ခေါင်းငုံ့ပြီး ငိုသည်။