Switch Mode

Chapter 23 – ထောင်ထဲ လာလည်သည် – ၁

ထောင်ထဲ လာလည်သည် - ၁

လုရှန်းနိုးလာချိန် လုရန် မနက်စာပြင်နေသည်။

သူမ အံ့အားသင့်စွာကြည့်ပေမဲ့ ဘာမှပြန်မပြောပေ။

ရေချိုးပြီးနောက် ပေါက်ပြားကို ထမ်းကာ ဥယျာဉ်ကို သွားသည်။

အရင်တုန်းကတော့ သူမ ရဲ့ ဆရာက သူ့ကိုယ်ပိုင် ဟင်းသီး ဟင်းရွက်တွေ စိုက်ပြီး ရေဘူးတွေသယ်ကာ တောင်ပေါ်မှာ ထမင်းချက်သည်။

ဒါကြောင့် သူမ ကျင့်ကြံခြင်းအပြင် အချက်အပြုတ်ကိုလည်း စိတ်ဝင်စားခဲ့သည်။

အာလူးကို ရေလောင်းဖို့ တွေးရင်း မြေပြင်က စိုစွတ်နေတာကို တွေ့လိုက်သည်။

သူမခဏရပ်ပြီး လုရန် ကိုမေးလိုက်သည်။ “အစ်ကို မနေ့က မိုးရွာထားတာလား?”

“မဟုတ်ဘူး၊ ငါရေလောင်းတာ။”

လုရန် က ရေပိုက်ကို ရေကန်ထဲသို့ ပြန်ချလိုက်သည်။

ဒီနေ့ သူတော်တော် ကောင်းမွန်လာပြီ။ သူ့ဘဝကို ရှာတွေ့လိုက်ပုံပေါ်သည်။

လုရှန်းက ပေါက်ပြားကို ချလိုက်ပြီး လုရန် ဆီကို လျှောက်လာတယ်။ ”အစ်ကိုကြီး ရုံးတော် ကို သွားတော့မလို့၊ လိုက်ချင်လား?”

လုရှန်း ရွမ်ယဲ့ တိုင်းပြည်ရဲ့ ဥပဒေများကို ကောင်းစွာ မသိတာကြောင့် လူသတ်မှုက သေဒဏ် ဒါမှမဟုတ် ဘယ်ပြစ်ဒဏ်သင့်သလဲဆိုတာ သူမ မသိဘူး။ မနေ့ညက အမျိုးသမီး ဟဲ ရဲ့ ဝိဉာဉ်ကို လုဒါဟွားရဲ့ အခန်းထဲကို တမင်တကာ လွှတ်ပေးခဲ့ပြီး အမျိုးသမီး ဟဲ ဘယ်လိုလုပ်ဆုံးဖြတ်ချက်မျိုး ချမလဲ စောင့်ကြည့်ခဲ့သည်။

သို့ပေမဲ့ အမျိုးသမီး ဟဲ လုဒါဟွား ကိုမသေစေချင်ပုံပဲ။

ရုံးတော် ဆိုသည့်စကားကြားတော့ လုရန် ရဲ့မျက်နှာမှောင်မဲကျသွား၏။

“ညီမလေးနဲ့အတူလိုက်ခဲ့မယ်။”

“ဒါဆို လုဂျန် နဲ့ လုရှင်း။”

လုရန် က ငယ်ရွယ်တဲ့ မွေးချင်းတွေအပေါ် ငြီးငွေ့နေဆဲပဲဆိုတာ လုရှန်းပြောနိုင်သည်။

လုရန် ငြိမ်သက်သွားပြီး “သူတို့ကိုပါ ခေါ် သွားမယ်”

သူတို့ကအမျိုးသမီး လျို ရဲ့ သားသမီးအရင်းများဖြစ်ပေမဲ့ လုဒါဟွားရဲ့ သားသမီးများလည်းဖြစ်သည် ထို့ကြောင့် သူတို့တွေ သည် သူ့မောင်နှမတွေဖြစ်တယ်။

“ကောင်းပြီ။”

လုရှန်း လက်ဆေးသည်။ သူမတံခါးခေါက်ဖို့လက်ရွယ်စဉ် လုဂျန် လုရှင်းကို ဦးဆောင်ပြီးထွက်လာတာကိုမြင်ရသည်။

သူတို့နှစ်ယောက်က သူမကိုတွေ့ပေမဲ့ နည်းနည်းလေးတောင်မလှုပ်ဘူး။

“နိုးပြီလား?” လုရှန်း လုရှင်း ရဲ့ ခေါင်းကို ပုတ်ရင်း အပြုံးဖြင့် “သွား သွားဆေးကြော၊ ဒုတိယအစ်မ မင်းတို့ကိုအစားကောင်းကျွေးဖို့ မြို့ထဲ လိုက်ပို့ပေးမယ်”

‘အစာကောင်း’ ကိုကြားသောအခါ မောင်နှမ နှစ်ယောက် ရဲ့ မျက်လုံးများ တောက်ပသွား၏။

နံနက်စာစားပြီးသောအခါ လုရန် မြို့ကို သွားဖို့ သူ့အိမ်နီးနားချင်းထံမှ နွားလှည်းငှားသွားသည်။

“ဒုတိယအစ်မ၊ အမေနဲ့ တတိယအစ်မ ကို တာဝန်ရှိသူတွေက ဖမ်းသွားသတယ်လို့ ကြားတယ်။ သူတို့ကို သွားကြည့်လို့ရမလား”

လုဒါဟွားက အများအားဖြင့် အိမ်တွင်မရှိဘူး။ ဒါကြောင့် လုဂျန် က လုဒါဟွားမရှိတာနဲ့ ပတ်သက်လို့ဘာမှမခံစားရဘူး။

သူ့အဖေ ထောင်ကျမယ်လို့လည်း မမျှော်လင့်ထားဘူး။

“မင်း သွားနိုင်တယ်။” လုရှန်းပြုံးပြီး “ဒုတိယအစ်မနဲ့အစ်ကိုကြီး မင်းတို့ကို လိုက်ပို့ပေးမယ်။”

လုရန် ရုံးတော်အပြင်ဘက်တွင် နွားလှည်း ကို ရပ်လိုက်သည်။

လုရန် အရာရှိကို ဘာပေးမှန်း မသိပေမယ့် အရာရှိရဲ့ တင်းမာတဲ့ မျက်နှာ ပိုဖော်ရွေပြီး လိုက်ပို့ပေးခဲ့သည်။

လုရန် ကို ကြည့်လိုက်တော့ လုဒါဟွားထားခဲ့တဲ့ ငွေတုံး၂၀ သတိရသွားသည်။

ဒီငွေက လုရန် ရဲ့ ပညာရေးအတွက် ရည်ရွယ်ပြီး သူရဲ့ ဝင်ခွင့်စာမေးပွဲ ဘယ်လောက်ကုန်ကျမယ်ဆိုတာ ဘယ်သူမှမသိဘူး။

မောင်နှမများ ထောင်အ၀င်ဝ ရောက်လာချိန် ပြင်းထန်ပြီး ရွံရှာဖွယ်ကောင်းသော အနံ့အသက်ဆိုးများ နှာခေါင်းထဲသို့ ဝင်ရောက်လာသည်။

လုရန် မျက်မှောင်ကြုတ်ပြီး မောင်နှမတွေ နှာခေါင်း အုပ်လိုက်ကြသည်။ လုရှန်းကသာ ဟန်ချက်ညီညီ ဆက်လက်လျှောက်လှမ်းလာသည်။

တာဝန်ရှိသူများက သူမကို အံ့အားသင့်စွာ ကြည့်နေသော်လည်း ဘာမှ မပြောပေ။

“ဘာလိုချင်လို့လဲ?”

တင်းမာသောအသံတစ်ခု သူတို့ထံရောက်လာသည် ။

နောက်ထပ်အရာရှိတစ်ယောက်က ရှေ့ကို အမြန်ပြေးလာပြီး “ခေါင်းဆောင် သူတို့က လုမိသားစုကပါ။”

“လုမိသားစု?”

“လျိုယွဲ့ရွာက လုမိသားစု၊ လုဒါဟွားရဲ့မိသားစု”

“အိုးသူတို့ကို ဝင်ခွင့်ပြုလိုက်”

လုရှန်း မှောင်မိုက်သောထောင့်မှာ ရပ်နေတဲ့ အရပ်ရှည်ရှည်နှင့် ထွားကျိုင်းသော အသွင်ကို တွေ့လိုက်ရသည်။

ထိုလူ က သွေးစိမ်းတွေနဲ့ အုပ်ထားတဲ့ ကြာပွတ်ရှည်ကြီးကိုကိုင်ထား၏။

ထိုပုံစံက တစ်ယောက်ယောက်ကိုအပြစ်ပေးပြီးခဲ့ပုံပေါ် သည်။

Comment

Leave a Reply

Options

not work with dark mode
Reset