Switch Mode

အခန်း (၈၅)

ဝါဒတောင်ဂိုဏ်း၏နာကျင်မှု

အခန်း (၈၅) ဝါဒတောင်ဂိုဏ်း၏နာကျင်မှု

သူတို့သည် အခြားတစ်နေရာသို့ ရွေ့ပြောင်း၍ ပုန်းအောင်းလိုက်ကြသည်။

အားဟူသည် နောက်လှည့်၍ လေဝိဉာဉ်တောင်ကြား ရှိရာဘက်သို့ ကြည့်နေ၏။

အားဟူက အနည်းငယ် ဝမ်းနည်းစွာ ပြောလိုက်သည်။ “လေဝိဉာဉ်တောင်ကြား မျက်နှာပြင်ပေါ်မှာ တည်ဆောက်ထားတာတွေ အားလုံး ပျက်စီးကုန်ပြီ၊ ကံကောင်းလို့ တိမ်သွေးကြောသလင်းကျောက်မိုင်းတွင်း အပါအဝင် မြေအောက်က မိုင်းတွင်းအများစု မပျက်စီးသေးဘူး”

သူ့ဘေး၌ ရပ်နေသော ရှု့ချွမ်က သိပ်ဂရုမစိုက်ပေ။ “နေသူတော်စင်ဂိုဏ်းက အဲ့နေရာကို ထိန်းချုပ်ထားပေမယ့် အထိန်းအကွပ်မဲ့ လျှောက်ဖျက်စီးမှာတော့မ ဟုတ်ဘူး၊ သူတို့ဒေါသကို ဖွင့်ချချင်တယ်ဆိုရင်တောင် သေးငယ်ပြီး အရေးမပါလှတဲ့ လေဝိဉာဉ်တောင်ကြားလောက်ကို ဒေါသဖွင့်မချလောက်ဘူး၊  ငါတို့ဂိုဏ်းက တည်ဆောက်ထားတဲ့ အဆောက်အဦးတွေ ဖျက်စီးရုံလာက်နဲ့ပဲ ပြီးသွားလိမ့်မယ်”

ကျောက်စိမ်းအစီအနှစ် လျှို့ဝှက်ချက် မပေါက်ကြားသရွေ့ သူတို့ လေဝိဉာဉ်တောင်ကြားကို သိမ်းပိုက်ထားရင်တောင် သာမာန်အရင်းအမြစ်တွေ တူးဖော်ရုံလောက်အတွက်ပဲ ဖြစ်လိမ့်မယ်”

ရှု့ချွမ်သည် ရန်ကျောက်ကဲအား ကြည့်၍ သက်ပြင်းချလိုက်ပြီး ချီးကျူးစကား အနည်းငယ် ပြောလိုက်သည်။ “ကောင်းကင်အောက်မှာ ရှိတဲ့လူတွေအကုန်လုံး သခင်လေးရန်ကို အရင်က အထင်သေးခဲ့ကြတယ်”

အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုတို့ တိမ်သွေးကြောသလက်းကျောက်တို့လို အရေးပါတဲ့ စွမ်းအောင်မှုတွေကို ထည့်မတွက်ထားရင်တောင် သခင်လေးရန်ရဲ့ ကိုယ်ပိုင်ခွန်အားက လူငယ်မျိုးဆက်တစ်ခုလုံး ဦးညွှတ်ကလောက်တယ်”

အားဟူက ရိုးသားသော အပြုံးတစ်ခု ဆင်မြန်းလိုက်သည်။ “လက်ရှိခေတ်ရဲ့ မင်းသားလေးပါးထဲမှာ ကျွန်တော်တို့မင်းသားရဲ့ နေရာကို အရင်တုန်းက သူတို့ သံသယဝင်ခဲ့ကြတာ ရယ်စရာကြီးပဲ”

အလင်းမင်းသားဟွမ်ကျိက ရှောင်ရှန်း၊ ချောင်ယွမ်လုံတို့နဲ့အတူ တက်သစ်စနေလေးစင်းထဲမှာအပါအဝင်ပဲ၊ ဒါပေမယ့် ကျွန်တော်တို့မင်းသားက ကျင့်ကြံမှု အဆင့်တူမှာ ရှောင်ရှန်းနဲ့ ချောင်ယွမ်လုံကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့တယ်”

ရှု့ချွမ်က စဉ်းစားရင်း ပြောလိုက်သည်။ “အဲ့နှစ်မှာ အလင်းမင်းသားဟွမ်ကျိ သိုင်းပညာရှင်ဖြစ်တဲ့သတင်းကလွဲပြီး ဒီဖက်နှစ်တွေမှာ သူ့သတင်းတွေကို မကြားရသလောက်ပဲ”

တက်သစ်စနေလေးစင်းထဲကပဲဖြစ်ဖြစ်  လက်ရှိခေတ်ရဲ့ မင်းသားလေးပါးထဲမှာပဲဖြစ်ဖြစ် ဟွမ်ကျိက အလျှို့ဝှက်ဆုံးပဲ၊ သူ့လက်ရှိ ကျင့်ကြံမှုနဲ့ စွမ်းအားကို တကယ်ပဲ ဆုံးဖြတ်ဖို့ ခက်ခဲတယ်”

အလင်းမင်းသားကို ထည့်မတွက်ထားရင်တောင် နေသူတော်စင်ဂိုဏ်းရဲ့ တက်သစ်စနေလေးစင်းအပြင် သခင်လေးရန်နဲ့ နည်းနည်းပါးပါး ယှဉ်နိုင်မယ့် နေမင်းရောင်ခြည်ဓားတန်ယောင်ဟိုဆိုတာ ရှိသေးတယ် ထင်တယ်”

ဒါပေမယ့် တန်ယောင်ဟို ဆိုရင်တောင် သခင်လေးရန်လို ကျင့်ကြံမှုအဆင့်တူမှာ ရှောင်ရှန်းနဲ့ ချောင်ယွမ်လုံတို့ကို အလွယ်တကူ အနိုင်ယူဖို့ မဖြစ်နိုင်ဘူးလေ။

နေမင်းရောင်ခြည်ဓားတန်ယောင်ဟိုကို တက်သစ်စနေလေးစင်း၏ခေါင်းဆေင်အဖြစ် အသိအမှတ်ပြုထားကြကာ အသက်အရွယ်အရလည်း အကြီးဆုံးဖြစ်သည်။

တချိန်တည်းမှာပင် သူသည် နေသူတော်စင်ဂိုဏ်းလူငယ်မျိုးဆက်၏ အကျော်ကြားဆုံး ပါရမီရှင်ဖြစ်သည်။

အလင်းမင်းသားဟွမ်ကျိမှာ သိုသိုသိပ်သိပ် နေလွန်းလေရာ သူသာ လက်ရှိဂိုဏ်းချုပ်၏သားမဟုတ်ပါက တန်ဟောင်ဟို၏တောက်ပမှုအောက်တွင် နစ်မြုပ်သွားလောက်ပြီဖြစ်သည်။

နေသူတော်စင်ဂိုဏ်းအုပ်ချုပ်ရာ နယ်မြေများ၌ လူအများအပြားက တန်ယောက်ဟိုကို အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးတွင် လက်ရှိလူငယ်မျိုးဆက်၏ နံပါတ်တစ်ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ကြသည်။

အခြေအနေ တမူထူးခြားသော ထူးကဲယင်မိန်းမပျိုများကို ထည့်မတွက်ပါက အခြားအရာများကို ထည့်မစဉ်းစားဘဲ ကျင့်ကြံသူ၏ ကိုယ်ပိုင်ခွန်အားသက်သက်ကိုသာ ကြည့်ပါက တန်ယောင်ဟိုသည် အစွန်းရောက်ရှစ်ပါးကမ္ဘာ၏လူငယ်မျိုးဆက်ကို အုပ်မိုးနေသော ပုဂ္ဂိုလ်ဖြစ်သည်။

သိသာစွာပဲ အခြားထိပ်သီးဂိုဏ်းများ အုပ်စိုးသော နယ်မြေများ၌ ဤအချက်ကို လက်ခံကြလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း အနည်းဆုံးသော တန်ယောင်ဟိုက လူငယ်မျိုးဆက်တစ်ခုလုံး၏ထိပ်ဆုံးက ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်ကို လူတိုင်းက လက်ခံကြသည်။

ရန်ကျောက်ကဲက ပြုံးလိုက်၏။ “တန်ယောင်ဟိုမှာ အရည်အချင်းတချို့တော့ ရှိပါတယ်၊ ဒါပေမယ့် ကျွန်တော် မြင်ရသလောက်တော့ ဒီလူ့လို ဖြောင့်ဖြောင့်မတ်မတ် ပွင့်ပွင့်လင်းလင်းလုပ်တဲ့သူက ပိုလို့ ရှားပါးတယ်”

သူက လူငယ်မျိုးဆက်ရဲ့ နံပါတ်တစ်နေရာအတွက် ယှဉ်ပြိုင်ချင်ရင် ကျွန်တော်တို့ဂိုဏ်းရဲ့ စီနီယာအကိုကြီးရှု့ကို အရင် အနိုင်ယူရလိမ့်မယ်”

ရှု့ချွမ် ပြုံးလျက် ခေါင်းငြိမ့်၏။

ဝါဒတောင်၏ ကောင်းကင်နတ်ငှက်ရှု့ဖေးသည် တန်ယောင်ဟိုနှင့် သက်တူရွယ်တူဖြစ်ကာ ထိုနှစ်ယောက်သည် ငယ်ရွယ်စဉ်အခါမှ ယနေ့ ထူးချွန်သော ပါရမီရှင်များ ဖြစ်လာသည်အထိ တောက်လျှောက် ယှဉ်ပြိုင်ခဲ့ကြသည်။ သူသည်လည်း ဝါဒတောင်ဂိုဏ်းလူငယ်မျိုးဆက်၏ခေါင်းဆောင်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။

ရန်ကျောက်ကဲ ခေါင်းယမ်းလျက် ရယ်မောလိုက်သည်။ တွေးကြည့်ပါက ဝါဒတောင်နှင့် နေသူတော်စင်ဂိုဏ်းတို့၏ လူငယ်မျိုးဆက်များအကြား ယှဉ်ပြိုင်မှုသည် တစ်ဖက်နှင့်တစ်ဖက် တစ်လက်မတောင်မပေးဟု ဆိုနိုင်သည်။

ရှု့ဖေး နှင့် တန်ယောင်ဟို၊ လုဝမ် နှင့် ရှောင်ရှန်း၊ အတိတ်က ရန်ကျောက်ကဲ နှင့် ချောင်ယွမ်လုံ၊ စသဖြင့်။

အောက်ကို နည်းနည်းဆင်းကြည့်ပါက စစ်ခုန်ချင်းသည်လည်း မန်ဝမ်နှင့် ယှဉ်ပြိုင်ရမည့်တာဝန်ကို ယူရဖွယ်ရှိသည်။

သူတို့အထက်ကို ကြည့်လိုက်လျှင်လည်း ရန်ငြိုးများနှင့် ယှဉ်ပြိုင်မှုများ စဉ်ဆက်မပြတ် ဖြစ်ပေါ်ခဲ့ကြသည်။

နှစ်ဖက်စလုံး အနိုင်ရခဲ့သည်များ ရှိခဲ့သလို ရှုံးနိမ့်ခဲ့သည့် အကြိမ်များလည်း ရှိခဲ့ကာ အနိုင်အရှုံးမပေါ်ခဲ့သည်များလည်း ရှိလေ၏။

၎င်းမှာ တကယ်ကို မင်းက လေ၊ ငါက သဲ၊ အဆုံးအထိ လုံးထွေးဟူသော စကားအတိုင်းပင်။

လွန်လေပြီးသောနှစ်များအတွင်း ပြိုင်ဘက်အားလုံးကို ဖိနှိပ်နိုင်ခဲ့သော ရန်ကျောက်ကဲ၏အဖေ ရန်တိက လွဲလျှင် နှစ်ဖက်စလုံးသည် ဤသို့သော ပုံစံမျိုးဖြင့် တောက်လျှောက် ယှဉ်ပြိုင်ခဲ့ကြသည်။

အတိအကျ ပြောရလျှင် ရန်တိတို့ခေတ်ကို ထည့်မတွက်ထားပါက နေသူတော်စင်ဂိုဏ်းဘက်မှ အမြဲလိုလို အသာစီးရခဲ့လေသည်။

ထိုသို့သော ရလဒ်များကြောင့်ပင် နေသူတော်စင်ဂိုဏ်း၏ အသာရမှုက ပိုမို ကြီးမားလာ၏။

ရှု့ချွမ်က သက်ပြင်းချလိုက်သည်။ “ဂိုဏ်းချုပ် တံခါးပိတ်ကျင့်ကြံမယ်ဆိုတဲ့ သတင်းကို ငါကြားတယ်၊ သူ မသေဘဲ သိုင်းသူတော်စင်ဖြစ်သွားနိုင်မလားတော့ မသိဘူး”

သူ့စကားများကို ကြားသောအခါ ရန်ကျောက်ကဲသည်လည်း တိတ်ဆိတ်သွားသည်။

သေသလား ရှင်သလား မသိရသော ပျောက်ဆုံးနေသော ဒဏ္ဏာရီလာ နေသူတော်စင်ကို ထည့်မတွက်ထားလျှင်တောင်မှ လက်ရှိတွင် နေသူတော်စင်ဂိုဏ်းသည် သိုင်းသူတော်စင်တစ်ယောက်ရှိခြင်းကြောင့် ဝါဒတောင်ဂိုဏ်းမှာ နေသူတော်စင်ဂိုဏ်းနှင့် ယှဉ်လျှင် အားနည်းပေသည်။

ထိုနှစ်က မီးတောက်မိစ္ဆာများ ကျူကျော်မှုကြောင့် ဝါဒတောင်ဂိုဏ်းမှာ အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ရသည်။

ကံကောင်းထောက်မစွာပဲ သူတို့ဘိုးဘေးများ၏ကျေးဇူးကြောင့်  သူတို့ဂိုဏ်းကို စောင့်ကြပ်နေသော အထွတ်အမြတ်ဝိဉာဉ်လက်နက်နှင့်အတူ မျိုးဆက်ပေါင်းများစွာ အားထုတ်၍ ပြုပြင်မွန်းမံလာခဲ့သော အကာအကွယ်အစီအရင်ကြောင့် ဝါဒတောင်မှာ မထိုးဖောက်နိုင်အောင်ဖြစ်ခဲ့သည်။

ကောင်းကင်ခန့်မှန်းသူ ကျန်းရှီလော့ကိုလည်း ကျေးဇူးတင်ရပေမည်။ သူ ကွယ်လွန်သွားပြီးဖြစ်သော်လည်း သူ့လက်ထက်တွင် ဝါဒတောင်သည် နောက်ဆုံး လက်ကျန် အသက်ဓာတ်လေးကို ထိန်းသိမ်းနိုင်ခဲ့သည်။

ထို့နောက် နှစ်ပေါင်းများစွာ စနစ်တကျ တည်ဆောက်၍ အင်အားကို စုဆောင်းနိုင်ခဲ့ခြင်းကြောင့် ဝါဒတောင်ဂိုဏ်းမှ အရည်အချင်းရှိသော ပုဂ္ဂိုလ်များစွာ ထွက်ပေါ်လာခဲ့ကာ အနည်းဆုံးတော့ ထိပ်သီးနယ်မြေအဆင့်မှ လျောကျမသွားတော့ပေ။

သို့သော်လည်း ဝါဒတောင်ဂိုဏ်း၏အကြီးမားဆုံးနာကျင်မှုမှာ ကောင်းကင်ခန့်မှန်းသူ ကျန်းရှီလော့ ကွယ်လွန်သွားပြီးနောက် ဝါဒတောင်ဂိုဏ်း၌ သိုင်းသူတော်စင်တစ်ယောက်မှ မထွက်ပေါ်လာတော့ပေ။

မသန့်စင်မှုတွေကို ခဝါချပြီး သူတော်စင်ဘဝသို့ ဝင်ရောက်ခြင်းသည် အလွန်အမင်း ခက်ခဲသော အလုပ်ဖြစ်သည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးမှာတောင်မှ လက်ရှိ သိုင်းသူတော်စင်အရေအတွက်ကို လက်တစ်ဖက်တည်းဖြင့် ရေတွက်နိုင်လေသည်။

ရန်ကျောက်ကဲက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “အဲ့နှစ်က ဆရာဘိုးဘိုး ရခဲ့တဲ့ဒဏ်ရာတွေကြောင့် ခန္ဓာကိုယ်ထဲမှာ ပြဿနာတချို့ကျန်ခဲ့တယ်၊ အဲ့တာကြောင့် အချိန်ဒီလောက် ကြာနေတာတောင် နောက်ဆုံးအဆင့်ကို မနင်းနိုင်သေးတာပဲ”

ရှု့ချွမ်၏မျက်နှာက စိတ်မကောင်းဖြစ်မှုများနှင့် ပြည့်နှက်နေ၏။

ရန်ကျောက်ကဲ၏ ဆရာဘိုးဘိုး၊ ဝါဒတောင်၏ နံပါတ်တစ် ကျင့်ကြံသူသည်ကား လက်ရှိ ဂိုဏ်းချုပ် ကောင်းကင်ခြေရာတိုင်းသူ ယွမ်ကျန်းဖန်ပင်ဖြစ်သည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးတွင် သူ့ကို သိုင်းသူတော်စင်အောက် နံပါတ်တစ် ပုဂ္ဂိုလ်အဖြစ်သတ်မှတ်ထားကြကာ သိုင်းဆရာသခင် အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီး မသန့်စင်မှုများကို ခဝါချခြင်းအဆင့် ဝါရင့်သိုင်းဆရာသခင်တစ်ယောက်လည်းဖြစ်သည်။

တမူထူးခြားသော ပါရမီနှင့် ကြောက်မက်ဖွယ်ရာ သိုင်းစွမ်းအားတို့ကြောင့် မူလက သူ့အတွက် သိုင်းသူတော်စင်ဖြစ်လာဖို့ဆိုသည်မှာ အသေးအမွှား ကိစ္စတစ်ခုသာ ဖြစ်ခဲ့သည်။

သို့သော်လည်း ငယ်ရွယ်စဉ်က သူ့အခြေခံထိခိုက်ခဲ့ပြီး ပြန်လည်မကုစားနိုင်ခဲ့ခြင်းကြောင့် မသန့်စင်မှုများကို ခဝါချခြင်းအဆင့်၌သာ နှစ်ပေါင်းများစွာကြာအောင် သောင်တင်နေခဲ့သည်။ နောက်ဆုံးခြေလှမ်းကို မလှမ်းနိုင်သေးသောကြောင့် သိုင်းသူတော်စင်အဆင့်သို့ မရောက်နိုင်ဘဲ ဖြစ်နေ၏။

ဂိုဏ်းချုပ်အဘိုးအိုကြီးနှင့် သိုင်းသူတော်စင်အဆင့်မှာ စက္ကူးပါးတစ်ရွက်မျှသာ ဝေးကွာသော်လည်း သူ့အတွက် လျှပ်စီးရေကန် တစ်ခုအလား နောက်ဆုံးခြေလှမ်းကို မလှမ်းနိုင်ဘဲ ခက်ခဲနေသည်ကို တွေးမိသော ဝါဒတောင်ဂိုဏ်းပြင်ပမှ ကျင့်ကြံသူများပင် သနားမိဟန်ဖြင့် သက်ပြင်းချမိကြသည်။

ထိုစဉ် နေသူတော်စင်ဂိုဏ်း၌ အရင်ဂိုဏ်းချုပ်၊ လက်ရှိ နာယကအကြီးအကဲဖြစ်သော အရှေ့အရပ်မှထွက်သောနေဟွမ်ကွမ်လီမှာ အရှေ့အရပ်ကသိုင်းသူတော်စင်ဟု လူသိများလေသည်။

အလင်းမင်းသားဟွမ်ကျိ၏အဖေ၊ ဂိုဏ်းချုပ်ဟောင်း ဟွမ်ကွမ်လီ၏သား ဟွမ်ရှု့မှာ နေသူတော်စင်ဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ် ဖြစ်ကာ ဝါရင့် သိုင်းဆရာသခင်တစ်ယောက်လည်း ဖြစ်လေသည်။

အလားတူပင် နေသူတော်စင်ဂိုဏ်း၌လည်း အထွတ်အမြတ် ဝိဉာဉ်လက်နက်တစ်ခု ပိုင်ဆိုင်ထားသည်။ သိုင်းသူတော်စင် ဟွမ်ကွမ်လီ၊ အထွတ်အမြတ်ဝိဉာဉ်လက်နက်နှင့်အတူ ဟွမ်ရှု့နှင့် အခြားထိပ်သီးကျင့်ကြံသူများ ပေါင်းစပ်မှုကြောင့် နေသူတော်စင်ဂိုဏ်းသည် ဩဇာအာဏာအရရော အရှိန်အဝါအရပါ လက်ရှိခေတ်၏ နံပါတ်တစ် ထိပ်သီးနယ်မြေဖြစ်လာလေသည်။

ဝါဒတောင်ဂိုဏ်းဘက်မှ မလိုအပ်ဘဲ နေသူတော်စင်ဂိုဏ်းနှင့် အလုံးစုံစစ်ပွဲ စတင်လိုစိတ် မရှိသည်မှာ ဤအချက်ကြောင့်ပင်တည်း။

အလားတူပင် နေသူတော်စင်ဂိုဏ်းကလည်း ဝါဒတောင်ဂိုဏ်းတိုးတက်မှုများကို အနီးကပ် စောင့်ကြည့်နေကာ ဤနှစ်များအတွင်း တစ်လျှောက်လုံး ဒုက္ခပေးနေခဲ့သည်။

သည်တစ်ခါ အရှေ့တန်နိုင်ငံအတွင်း ထိပ်သီးနယ်မြေနှစ်ခုကြား ယှဉ်ပြိုင်မှုသည် ပိုမိုပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ဟွမ်ကွမ်လီသည် နောင်တစ်ကြိမ် တံခါးပိတ်ကျင့်ကြံခဲ့သည်။ သူ ပြန်လည်ထွက်ပေါ်လာသောအခါ မည်သည့် ပြောင်းလဲမှုများ သူယူဆောင်လာမည်၊ သူ့ခွန်အား မည်မျှအထိ တိုးတက်လာမည်ကို မသိနိုင်ပေ။

မကြာသေးမီနှစ်များအတွင်း နေသူတော်စင်ဂိုဏ်းထံမှ ဖိအားက ကြီးမားသည်ထက် ကြီးမားလာခြင်းကြောင့် ဝါဒတောင်ဂိုဏ်းချုပ်ယွမ်ကျန်းဖန်သည် သိုင်းသူတော်စင်အဆင့်သို့ မရောက်မချင်း ပြန်မထွက်လာဘဲ သေသည်အထိ တံခါးပိတ်ကျင့်ကြံရန် ကြံရွယ်ထားခြင်းဖြစ်သည်။

ထို့ကြောင့် ရှောင်ရှန်းက အရင်သတ်ရန် အားထုတ်သော်လည်း ရန်ကျောက်ကဲက သူ့အား ပြန်လည် သတ်ဖြတ်လိုက်သောအခါ ရှု့ချွမ်နှင့် အခြားသူများ၏ စိတ်ထဲတွင် စိတ်မအေးသော၊ ရှုပ်ထွေးသော ခံစားချက်များ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ရန်ကျောက်ကဲသည် ဝါဒတောင်ရှိသည့် ဘက်သို့ လှည့်၍ မိုးကုပ်စက်ဝိုင်းကို လှမ်းမျှော်ကြည့်လိုက်သည်။

ပြင်ဆင်ထားတာတွေက ပြည့်စုံလုနီးပါးဖြစ်နေပြီ၊ အားလုံးကို နေရာချပြီးတာနဲ့ မီးပြင်းဖိုကို ဖွင့်ပြီး ဆေးဖော်စပ်လို့ရပြီ”

Comment

Leave a Reply

Options

not work with dark mode
Reset