ပွဲကြည့်ပရိသတ် နှစ်ဦးသည် တိုက်ပွဲကို သဘောကျစွာ ကြည့်ရှုခဲ့ကြပြီး အိပ်မက်ဆိုးတစ်ခု ကျရောက်တော့မည်ကို မသိခဲ့ကြပေ။
“ဟုတ်ကဲ့ !”
သူမရဲ့ အမိန့်ကို အသိအမှတ်ပြုပြီးနောက်တွင် အနက်ရောင် တိမ်တိုက်များက အနက်ရောင် ၀တ်ထားသော အမျိုးသားများရဲ့ ခန္ဓာကိုယ်ထဲသို့ ကျဆင်းသွားသည်။
ချုစစ်ဟန်နဲ့ ချုယွမ် တို့ ထွက်ပြေးဖို့ လမ်းကြောင်းကို တွေးတောရင်း မူလနေရာမှာပဲ ရပ်နေကြသည်။ သို့ပေမဲ့ အနက်ရောင် ၀တ်စုံများက ရုတ်တရက် တိုက်ခိုက်ခြင်း ရပ်တန့်သွားတာကို သူတို့ သဘောပေါက်လိုက်ကြသည်။
ထို့အစား အနက်ရောင်ဝတ်ထားတဲ့ ဒီအမျိုးသားတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်ကို တင်းမာစွာ လှည့်ပြီး တစ်ပုံစံတည်း လှည့်ကြည့်လိုက်သည်။
ထို့နောက် မကြာမီ သူတို့ ပျားအုံလို ထို ဦးတည်ရာဆီသို့ ပြေးသွားကြသည်။
နောက်ဆုံးတော့ ပရိသတ်နှစ်ယောက်က တစ်ခုခုလွဲနေပြီဆိုတာ သိလိုက်သည်။ လေတွေပြောင်းလဲသွားလို့ အံ့ဩသွားပြီး ကျိန်ဆဲကြသည်။ အခင်းဖြစ်ပွားရာနေရာမှ လွတ်မြောက်ရန် ချင်းဂွန်း ကို အသုံးပြုပြီးထွက်ပြေးကြတယ်။
“သခင်။သခင်၊ ဘာဖြစ်နေတာလဲ?”
ချုယွမ် က တုန်လှုပ်ချောက်ချားသောအမူအရာနဲ့ အခြေအနေကိုကြည့်ရင်း ထစ်ထစ်ငေါ့ငေါ့မေးတယ်။
ချုစစ်ဟန် မျက်မှောင်ကြုတ်ပြီး စူးရှသော မျက်လုံးများတွင် ရှုပ်ထွေးမှုများ ပေါ်လာသည်။
စက္ကန့်အနည်းငယ်ကြာပြီး နောက်ဆုံးမှာ သူက အသံတိုးတိုးလေးနဲ့ ပြောလိုက်သည် ။ “တစ်ခုခုက သူတို့ကို ထိန်းချုပ်ထားပုံပဲ။”
ဒီစကားကိုကြားလိုက်တော့ ချုယွမ် စိတ်ထဲမှာ ပထမဆုံးထင်မြင်ယူဆချက်မှာ ယုတ်ညံ့သောလှည့်ကွက်၊ နာမည်ဆိုးဖြင့်ကျော်ကြားသော ရုပ်သေးရုပ်ဖြစ်သည်။
သူပြောတာကို တခြားသူတွေ ပြောတာကိုသာ ကြားခဲ့ရပြီး လက်တွေ့မှာမတွေ့ဖူးဘူး။
“သခင်၊ တစ်စုံတစ်ယောက်က သူတို့ကို ရုပ်သေးပညာဖြင့် ခြယ်လှယ်နေတာလို့ ပြောချင်တာလား?”
ချုစစ်ဟန် ခေါင်းယမ်းတယ်။ “မသေချာသေးဘူး။”
ချုယွမ် အသက်ပြင်းပြင်းရှုသွင်းပြီး “ဘာပဲဖြစ်ဖြစ် ဒါဟာ ကျွန်တော်တို့အတွက် ကျဉ်းမြောင်းတဲ့ လွတ်မြောက်မှုတစ်ခုပဲ။”
ထိုနေရာတွင် သူ့အသက်ဆုံးရှုံးမည် လို့ ထင်နေခဲ့သည်။
ချုယွမ် စိတ်အေးလက်ဆေးဖြစ်နေချိန် ချူယွမ်နှင့် ဆန့်ကျင်ဘက်ဖြစ်တဲ့ချုစစ်ဟန်က တစ်စုံတစ်ခုကို ရှာဖွေရန် ကြိုးစားနေပြီး သူ့ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ဘယ်သူက ငါတို့ကို ကူညီခဲ့တာလဲ?
သူတို့ဘာကြောင့်ကူညီခဲ့တာလဲ?
ချုယွမ် က ပုလဲတစ်လုံးကို ထုတ်ယူလိုက်ပြီး ပတ်ဝန်းကျင်ကို တောက်ပသွားစေသည်။ လုရှန်း သူတို့ရဲ့ မျက်နှာများကို ကြည်လင်ပြတ်သားစွာမြင်လိုက်သည်။
သူတို့ပဲလား?
သူမ ထိတ်လန့်စွာ မျက်ခုံးပင့်လိုက်သည်။
သူတို့နှစ်ဦးနဲ့ ဒီလိုတွေ့လိမ့်မယ်လို့ သူမကိုယ်တိုင် မမျှော်လင့်ထားပေ။ သူမ ဒီကမ္ဘာမှာ နှစ်ရက်သာနေထိုင်ခဲ့ပေမဲ့ သုံးကြိမ်တိုင်တိုင်တွေ့ဆုံခဲ့ပြီးဖြစ်သည်။
လူငယ်လေး တစ်ယောက်က မိုက်မဲစွာ ကြည့်နေသည်။ ထိုသူက ကြောက်ရွံ့သူမဟုတ်။
သို့ပေမဲ့ တစ်ဖက်ကိုကြည့်ကာ သူက ရိုးရိုးလူမဟုတ်တာကို ဘယ်သူမဆို ပြောနိုင်သည်။
တကယ်လို့ သူမ ဒီနေရာမှာ ဆက်ရှိနေပါက မကြာခင် ရှာတွေ့သွားလိမ့်မယ်။
သူမ ခန္ဓာကိုယ်ကို လှည့်ထွက်ဖို့ ကြိုးစားလိုက်သည်။ သူမ ဂရုမစိုက်သလိုဖြစ်သွားခဲ့သည်။
ရုတ်တရက် လေပြင်းတိုက်ခတ်မှုနှင့်အတူ သူမ၏ မမြင်နိုင်သော အဝါရောင်ဂါထာစက္ကူ ပြုတ်ကျသွား၏။
“အဲဒီမှာဘယ်သူလဲ?”
ချုယွမ် အော်လိုက်သည်။
လုရှန်းက သူမရဲ့ ကိုယ်ဖော့သိုင်း နဲ့အတူ အခင်းဖြစ်ပွားရာနေရာမှ အမြန်မပြေးခင် တုန်လှုပ်သွား၏။
ချုယွမ် သူမကို လိုက်ချင်သော်လည်းချုစစ်ဟန် သူ့ကို တားလိုက်သည်။
“သခင်၊ ငါတို့က သူ့ကိုလိုက်နေတာမဟုတ်ဘူးလား?”
ချုစစ်ဟန် ခေါင်းယမ်းတယ် “မလိုဘူး။”
ပုံသဏ္ဍာန်က ရင်းနှီးနေသလို ခံစားရသည်။
“လူသတ်သမား ရုတ်တရက် ထွက်သွားတာက အဲဒီလူနဲ့ ပတ်သက်နိုင်သလား”
“ဖြစ်နိုင်တယ်။”
ဒီလူ ရောက်ရှိနေခြင်းကို သူတို့ အချိန်အတော်ကြာ သတိမပြုမိခဲ့ဘူး ။ လုံးဝ မရိုးရှင်းဘူး!
“သခင်၊ ဒီလူက ကျွန်တော်တို့ လိုက်ဖမ်းနေတဲ့ အနက်ရောင်ပုံရိပ်လို့ ထင်လား? “
“မဟုတ်ဘူး”
အနက်ရောင်ပုံရိပ်သည် ကိုယ်လုံးကိုယ်ပေါက် သန်မာပြီး ပိန်ပိန်ပါးပါး။ အခု ပုံရိပ်ကတော့ ၊အမျိုးသမီးတစ်ဦးနဲ့ တူသည်။
ချုစစ်ဟန်ရဲ့ စိတ်ထဲ လုရှန်းရဲ့ပုံရိပ်ရုတ်တရက် ထွက်ပေါ်လာကာ သူ၏မျက်ဝန်းတောက်ပသွား၏။
တကယ်လို့ သူမသာဖြစ်ခဲ့ရင် ငါတို့ကို ဘာလို့ ကယ်တင်ချင်တာလဲ?
သူမ ဘာလို့ဒီမှာပေါ်လာတာလဲ?
သူမ ဒီမှာ ဘာအတွက်ရှိနေတာလဲ?
သံသယ အစီအရီ က ချုစစ်ဟန်ကို ခေါင်းကိုက်စေသည်။
သို့ပေမဲ့ ချုစစ်ဟန် ခေါင်းယမ်းကာ ပြုံးတယ်။
“သခင်၊ ဒီအလောင်းတွေ…”
“သူတို့အတွက် စိတ်မပူပါနဲ့၊ ညမှာ တစ်ယောက်ယောက်က လာပြီး ကောက်ယူလိမ့်မယ်။”
စကားပြောပြီးနောက် ချုစစ်ဟန်တောထဲက ထွက်လာသည်။
လုရှန်း ထွက်မသွားဘူး။ ချုစစ်ဟန်နဲ့ ချုယွမ် တို့ အဝေးမရောက်ခင်အထိ သူမ စောင့်နေခဲ့သည်။
သူတို့ လျိုယွဲ့ ရွာမှ ထွက်ခွာပြီးနောက် သူမ တိမ်မည်းများကို ပြန်ခေါ်ခဲ့သည်။
ထို့နောက် သမ်းဝေပြီး အိမ်ပြန်အိပ်သည်။