Switch Mode

Chapter 21 – အကူအညီ။

အကူအညီ

သို့ပေမဲ့ အနောက်တောင်တန်းမှ ထွက်ပေါ်လာသော တိုက်ခိုက်သံများကိုကြားရသည်။

သူမသည်အမြဲတမ်းအကြားအာရုံကောင်းမွန်ပြီး တခြားသူများ မကြားနိုင်သည့်အသံများကိုကြားနိုင်သည်။

အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် သွားစစ်ဆေးဖို့ ဆုံးဖြတ်လိုက်သည်။

ချုစစ်ဟန်နဲ့ ချုယွမ် တို့က အစပိုင်းတွင် သူတို့ရဲ့ ကံကြမ္မာကို စမ်းကြည့်ချင်ခဲ့သည်။ မမျှော်လင့်ဘဲ၊ သူတို့သည် ဒဏ္ဍာရီဆန်ဆန် ‘အနက်ရောင်ပုံရိပ်’ နဲ့အမှန်တကယ်ကြုံတွေ့သည်။

အနက်ရောင်ပုံရိပ် သည် ချင်းဂွန်း[TN: ကိုယ်ဖော့သိုင်းလိုမျိုးပါ]ကိုတက်ကျွမ်းပြီး ချုစစ်ဟန်နဲ့ ချုယွမ် ရဲ့ နောက်၌ ကျန်လုနီးပါးဖြစ်ခဲ့သည်။ ကျေးဇူးတင်ရမှာက သူတို့ နောက်ဆုံးမှာ ပုံရိပ်ကိုလိုက်ဖမ်းနိုင်ခဲ့တယ်။

သူတို့နှစ်ယောက် မတိုက်ခိုက်ခင် လူတစ်စု ရုတ်တရက်ပေါ်လာပြီး သူတို့ရဲ့လမ်းကြောင်းကို ပိတ်ဆို့သည်။

နှစ်ယောက်သား အမှောင်ထဲမှာ ပျောက်ကွယ်သွားတဲ့ အနက်ရောင်ပုံရိပ်ကို ကူကယ်ရာမဲ့ စောင့်ကြည့်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိခဲ့ဘူး။

လုရှန်း သူမ၏နှာခေါင်းထဲ သွေးနံ့လှိုင်းအနံ့များတိုးဝင်နေသည့် အနောက်ဘက် တောင်တန်းတောထဲသို့ ဝင်လာခဲ့သည်။

သူမ ရှေ့ကို တိုးလာလေလေ တိုက်ပွဲသံများ ပိုကြားရသည်။

တိုက်ပွဲတွင် လူအများအပြား ပါဝင်နေပုံရသည်။

“ဘုရားရေ သူတို့တွေ အများကြီးပဲ”

ချုယွမ် က သူ့မျက်နှာပေါ်က သွေးများကို သုတ်လိုက်ပြီး ချူစစ်ဟန်နဲ့ ကျောချင်းကပ်ထားသည်။ သူနဲ့ ချုစစ်ဟန်တို့ကို အနက်ရောင် ၀တ်စုံဖြင့် ဝန်းရံထားပြီး သူမရဲ့မျက်ဝန်းများ နိုးကြားလာသည်။

ထိုအချိန်တွင်ချုစစ်ဟန် ရဲ့ ကြောက်စရာကောင်းလောက်အောင် အေးစက်သော အမူအရာ ထွက်ပေါ်နေ၏။

သူ၏ ပါးလွှာသော နှုတ်ခမ်းများ တွန့်ကွေးသွားပြီး သူရဲ့ စူးရှတဲ့မျက်ဝန်းက ပတ်ဝန်းကျင်ကို ကြည့်သည်။

လူသေအလောင်း အများအပြားက သူတို့ကို ဝိုင်းရံထားသည်။ သို့ပေမဲ့ သူတို့နှစ်ဦးဆီကို ရောက်လာတဲ့ အနက်ရောင်ပုံရိပ်များ ရဲ့ စီးဆင်းမှုတွေက အဆုံးမရှိသလို ခံစားရသည်။ တစ်သုတ် ရှုံးနိမ့်သည့် အခါတိုင်း၊ နောက်တစ်ခုကအစားထိုးသည်။

သူတို့နှစ်ယောက်လုံး ကိုယ်ခံပညာကို လေ့ကျင့်ခဲ့ကြပေမယ့် ခွန်အား အကန့်အသတ်ရှိသည်။

ဒီ အခြေအနေကြောင့် သူတို့နှစ်ဦးစလုံး ဒီနေရာမှာ သေဆုံးနိုင်ခြေရှိသည်။

“ငါတို့ အလိမ်ခံရပြီ။”

ခဏကြာတော့ ချုစစ်ဟန်က အေးစက်စွာပြောလာသည်။

ဟောင်ရန် မြို့က ထွက်လာသည့်အခိုက်တွင် တစ်စုံတစ်ယောက်၏ ထောင်ချောက်ထဲသို့ ကျဆင်းသွားခဲ့သည်။

ဒါဟာ သူ့အမှားပင်။

“သူတို့က သခင် ရဲ့အသက်ကို လိုချင်နေတာ !”

ချုယွမ် အံကြိတ်ပြီး ပြတ်ပြတ်သားသား အမူအရာနဲ့ ပြောလိုက်သည်။ “သခင် ကျွန်တော် မျိုး ရဲ့ ယုတ်ညံ့တဲ့အသက်ကိုအသုံးပြုပြီး သခင့်ကိုအစွမ်းကုန်ကာကွယ်ပေးမယ်လို့ ကတိပေးတယ်။ “

ချုစစ်ဟန် လှောင်ပြောင်ပြောဆိုပေမဲ့ သူက ဆက်မပြောတော့ပေ။

သတ်ဖြတ်မှု ထပ်မံဖြစ်ပွားကြသည်။

အမှောင်အနီးမှာ ရပ်နေတဲ့ လူနှစ်ယောက် အခြေအနေကို အေးစက်စွာ အကဲဖြတ်နေကြသည်။

“သခင်ကြီး စိတ်မပူပါနဲ့ ချုစစ်ဟန်ဒီတစ်ခါတော့ မလွတ်မြောက်နိုင်ပါဘူး”

ယောက်ျားတစ်ယောက်က ချုစစ်ဟန်ကို စိုက်ကြည့်နေရင်း သူ့မျက်နှာပေါ် မကောင်းဆိုးဝါး အပြုံးတစ်ခု ပေါ်လာသည်။

“ဒီလိုဖြစ်ရင် ပိုကောင်းတယ် ။”

သူတို့နှစ်ဦး စကားပြောတာကို နားထောင်ရင်း လုရှန်း ရယ်မောသည်။ သူမ ကိုယ်ပျောက်ဂါထာစာရွက် ကပ်လိုက်ပြီး အသုံးချပြီး ပေါ့ပေါ့ပါးပါး လျှောက်လာသည်။

တိုက်ပွဲသံများက လေထဲတွင် တစစ တစစ လုရှန်းအနားကို ရောက်လာ၏။ အနက်ရောင် ၀တ်စုံ နှစ်ဦးက အနက်ရောင် အခြား အမျိုးသား အုပ်စု နှင့် ဆန့်ကျင်ဘက် ဖြစ်နေကြောင်း သူမ သိလိုက်သည်။

အနီးတစ်ဝိုက်တွင် ရုပ်အလောင်းအချို့ ရှိနေသည်။ ပြည့်နှက်နေသော မျက်နှာများနဲ့ ဝိညာဉ်များက ရှုပ်ထွေးနေကာ ပတ်ဝန်းကျင်ပတ်ပတ်လည် ပြန့်ကျဲနေသည်။

လုရှန်းက သူမရဲ့ ဝိညာဉ်စုပ်ဂါထာစာရွက် ထုတ်ကာ ဝိညာဉ်များကို စုပ်ယူလိုက်သည်။

သူမ ဒီဝိညာဉ်များ ရဲ့ များစွာသော နာကျည်းမှုကို ခံစားမိသည်။ သူတို့ကို လှည့်ပတ်သွားလာခွင့်ပေးပါက၊ သူတို့ ပျက်စီးသွားနိုင်သည်။ ဒါကြောင့် သူတို့ကို ကောင်းကောင်းသိမ်းထားဖို့တွေးမိသည်။

သူမသည် အမြဲတမ်း ဖြောင့်မတ်သူတစ်ဦးဖြစ်ပြီး “အများစုရဲ့ အာဏာရှင်ဆန်မှု” ကိုသည်းမခံနိုင်ဘူး။

ဒါကြောင့် သူမ အနက်ရောင် ကမ္ပည်းပြားကို ထုတ်ပြီး ပတ်ဝန်းကျင်ကို စကင်န်ဖတ်သည်။ ထို့နောက် သူမ ရဲ့ အကြည့်တွေက အနီးနားရှိ အလောင်းကို စိုက်ကြည့်သည်။

သူမ ခန္ဓာကိုယ်ပေါ် က ဒဏ်ရာတွေပေါ် အနက်ရောင် ဂါထာစာရွက်ကိုကပ်လိုက်သည်။

ခဏအကြာတွင်အနက်ရောင် ဂါထာစက္ကူစာရွက်မှ တိမ်မည်းများ ထွက်လာသည်။

သူတို့သည် သူတို့၏ ‘ရှင်ပြန်ထမြောက်ခြင်း’ နှင့် ပြင်ပကမ္ဘာကိုမြင်ရသည့်အတွက် စိတ်လှုပ်ရှားနေပုံရသော ညတွင် အော်ဟစ်ကြွေးကြော်နေကြသည်။

လုရှန်းက လှောင်ပြောင်ပြုံးပြပေမဲ့ သူမရဲ့ စကားများက တိမ်မည်းများ ချက်ချင်း တိတ်ဆိတ်သွားစေ၏။

“မင်းထွက်သွားပြီးရင် လမ်းမလွဲလိုက်နဲ့မဟုတ်ရင်။ ငါမင်းကို ဖျက်ဆီးပစ်မယ်!”

တိမ်မည်းများက သူ့ရှေ့တွင် နာခံမှုဖြင့် ရပ်လိုက်ပြီး ” ငါတို့ သခင်အမိန့်ကိုနာခံဖို့အသင့်ရှိနေပါသည် သခင်!”

လုရှန်း အမှောင်ထဲက နှစ်ယောက်ကိုလက်ညိုးထိုးပြီး “သွား၊ ဟိုနှစ်ယောက် ကိုသွားရိုက်”

Comment

Leave a Reply

Options

not work with dark mode
Reset