Switch Mode

အပိုင်း(၂၀)

နှိပ်ပေးခြင်း

ဝေ့မိသားစုရဲ့ ခေါင်းဆောင်ဝေ့ဖူ မှာသားသုံးယောက်နဲ့ သမီးတစ်ယောက်ရှိသည်။

ဝေ့ပင်ချင်း ဖခင်က ဝေ့ချန်ကျန်း အကြီးဆုံးသား၊ ဒုတိယဦးလေးက ဝေ့ချန်ကုန်း၊ တတိယအဒေါ်က ဝေ့ချန်လီ၊ စတုတ္ထဦးလေးက ဝေ့ချန်ယဲ့။

ဝေ့ပင်ချင်း ၁၀နှစ်သမီးလောက်မှာ သူမမိဘတွေက ကားအက်စီးဒန့်ဖြစ်ကာ ဆုံးသွားကြပြီး ဝေ့ဖူနှင့်သာ ကြီးပြင်းခဲ့သည်။

ဝေ့ဖူက စီးပွားရေးကျွမ်းကျင်ပြီး သူ့ကြိုးစားမှုအောက်မှာ အနာဂတ်လုပ်ငန်းစုဟာ ဈေးကွက်မှာ ဘီလီယံ ရာနှင့်ချီသော ကုမ္ပဏီတစ်ခု ဖြစ်လာသည်။

သို့သော် လွန်ခဲ့သော၂နှစ်လောက်က ကျန်းမာရေးအပြင်းအထန် ချို့တဲ့ကာ အသက်ကယ်နိုင်ခဲ့သော်လည်း အိပ်ယာတွင်လဲနေခဲ့သည်။

ထို့နောက် ဝေ့ချန်ကုန်းနဲ့ ဝေ့ချန်ယဲ့တို့ ညီအစ်ကိုနှစ်ယောက်က ခေါင်းဆောင်တွေဖြစ်လာကြသည်။ သူတို့ရဲ့ ဦးဆောင်မှုအောက်မှာ ကုမ္ပဏီက တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။

နောက်ပိုင်းမှ ဝေ့ဖူက ပင်ဝေ့ပင်ချင်းကို ဥက္ကဌရာထူးသို့ တွန်းပို့လိုက်သည်။

ဝေ့ပင်ချင်းရဲ့ ခန့်ခွဲမှုအောက်တွင် ကုမ္ပဏီက တစ်ဖန်ထူထောင်လာခဲ့သည်။

သို့ပေမယ့် ဝေ့ပင်ချင်းက မိန်းကလေးဖြစ်ပြီး သူများမိသားစုကို လက်ထပ်သွားရမှာပါ။

ဒါကြောင့် သူမရဲ့လွှမ်းမိုးမှုက တခြားမိသားစုဝင်တွေကို မကျေမနပ်ဖြစ်စေပြီး ကုမ္ပဏီ ကရှေ့ဆက်ဖို့ခက်ခဲ လာရာ ဝေ့ပင်ချင်းမှာ စိုးရိမ်လာခဲ့သည်။

ကံကောင်းစွာနဲ့ ဝေဖူကအသက်ရှင်သေးပြီး သူ့ကြောင့်သာ အခြေအနေကို ခဏထိန်းထားနိုင်ခြင်းဖြစ်သည်။

‘ဒါကြောင့်ကို..’ လီဖန်းကနောက်ဆုံးတော့ ဝေ့ပင်ချင်းမျက်နှာမှာ ဘယ်တော့မှ အပြုံးမရှိတာကို သိသွားသည်။

ဒီလို အခြေအနေမျိုးမှာ ဘယ်သူကပြုံးနိုင်မှာလဲ။

‘ဒါတွေက ကုမ္ပဏီမှာ လူတော်တော်များများသိတဲ့ လျှို့ဝှက်ချက်ပါ။ ဒါကြောင့် ငါနင့်ကိုပြောရဲတာ။ ရေသောက်ဦးမလား ဒီမှာတစ်ခါသုံးခွက်ရှိတယ်’ စုတုံကပြောလိုက်သည်။

‘အိုကေ ကျေးဇူး’ လီဖန်းကပြုံးလိုက်သည်။ သူတကယ်ရေဆာနေတာပါ။

စုတုံက ‘ရပါတယ်’ ဟုပြောကာ တစ်ခါသုံးခွက်ကို ယူပေးဖို့လုပ်သည်။ သူမရဲ့ နောက်ကျောကလီဖန်းဘက်လှည့်ထားရာ အနည်းငယ်ကုန်းလိုက်ချိန်တွင် မက်မွန်သီးလို တင်ပါးနှစ်ဖက်က စကတ်အောက်မှ ပေါ်လာရာ လီဖန်းမှာ တောင့်တင်းသွားလေသည်။

‘ဒီလိုပုံစံမျိုးနဲ့သာ..ဒချိ..ဆို တကယ်မိုက်မှာ’အာခေါင်တွေတောင်ခြောက်သွားသည်။

လီဖန်းရဲ့ အကြည့်ကို သတိထားမိ၍ စုတုံ အနည်းငယ် အဆင်မပြေသလိုခံစားရသည်။ တစ်ခါသုံးခွက်ကို အမြန်ကောက်ယူပြီး ရေထည့်ရန် လှည့်ပြန်လာ သည်။

သူမမှာ စိတ်လှုပ်ရှားနေပြီး မတည်မငြိမ်ဖြစ်ကာ ရေထည့်ပြီး ပြန်အလှည့်တွင် ခြေထောက်ချော်ကာ လဲကျပြီး ရေများလည်း ကြမ်းပြင်ပေါ် မှောက်ကုန်သည်။

‘မင်းအဆင်ပြေရဲ့လား’ လီဖန်းက သူမဆီအမြန်လျှောက်သွားပြီး ဂရုစိုက်စွာ မေးလိုက်သည်။

‘ရတယ်..ခြေထောက်ခေါက်သွားလို့ပါ’လီဖန်းရဲ့အကူအညီဖြင့် စုတုံသူမခုံသို့ ပြန်ရောက်သွားပြီး ခြေကျင်းဝတ်ကို နာနာနှင့် နှိပ်သည်။

‘ထိုအချိန်တွင် အစ်မကျီလင်ရဲ့ အသံကိုကြားလိုက်ရသည်။

‘ဒင် သခင် တာဝန်အသစ်ရှိသည်။ စစ်ကြည့်မလား’

‘စစ်ကြည့်’

‘တာဝန်- နှိပ်ပေးခြင်း’

‘တာဝန်ဖော်ပြချက်-  စုတုံရဲ့ ထိခိုက်ထားသောနေရာကို နှိပ်ပေးပြီး ဒဏ်ရာမှ အမြန်ဆုံးသက်သာအောင်ကူညီပါ’

‘မှတ်ချက်- အသားချင်းထိတွေ့မှုဟာ တစ်ယောက်နဲ့တစ်ယောက် နီးစပ်မှုပို မြန်နိုင်သည်။ ဒါဟာ စော်လိုက်နည်း၃၆မျိုးထဲမှ နည်းလမ်းတစ်ခုဖြစ်သည်’။

တာဝန်ကို ကြည့်ပြီးနောက်လီဖန်းစိတ်ပူလာသည်။ လူယုတ်မာလို့ထင်သွား လျှင်ဘယ်လိုလုပ်မလဲ။

စုတုံက ခြေချင်းဝတ် ခေါက်သွားတာပါ။ ပြီးတော့မိန်းကလေး ခြေထောက်က ထိချင်းတိုင်းထိလို့ရတဲ့ နေရာလား။

သူက လည်းနှိပ်တတ်တာမဟုတ်ပဲ ဘယ်လိုလုပ်ပြီး သက်သာအောင်နှိပ်ကာ တာဝန်ပြီးမြောက်အောင် လုပ်နိုင်မည်နည်း။

စနစ် မင်းငါ့အငယ်ကောင်ရဲ့ ဆိုဒ်ကိုမနာလို ပြီးတိုစေချင်နေတာမလား။ ဟုတ်တယ် ဒီလိုဖြစ်လိမ့်မယ်။

အခုတော့လီဖန်းဟာ နတ်ဘုရားမလေးများအား ကယ်တင်မှု စနစ်က စိတ်တိုစရာအကောင်းဆုံး အညံ့စားစနစ်ဆိုတာ သိသွားသည်။

ခဏလောက်ကြိမ်ဆဲပြီးတော့ လီဖန်းက စနစ် ဈေးဆိုင်ကို ကြည့်လိုက်ပြီး သက်ဆိုင်ရာပစ္စည်းများကို ရှာကြည့်လိုက်သည်။

တာဝန်ကဘယ်လိုဖြစ်ဖြစ် ပြီးအောင်လုပ်ရမှာပါ။ မဟုတ်လျှင် အငယ်ကောင်တိုသွား မှငိုနေလည်း နောက်ကျသွားမှာဖြစ်သည်။

ငါတွေ့ပြီ …’ ပြီးပြည့်စုံသော နှိပ်နည်း’ ထိုနှိပ်နည်းဟာ တရုတ်နှိပ်နည်းများစွာကို ပေါင်းစပ်ထားသည်။ ဒဏ်ဖြစ်ခြင်း၊ ခါးနာ၊ ခြေထောက်နာခြင်း၊ မြုံခြင်းတို့ကို ပျောက်ကင်းစေနိုင်သည်။

‘နေပါဦး တခြားရောဂါတွေက ဟုတ်သေးတယ် မျိုးမပွားနိုင်တာကို ကုနိုင်တယ်ဆိုတာကြီးက ဘာလဲ’ ။

ပြီးတော့ စနစ်အမှတ်၅၀၀တောင် ကျသေးတယ်။ ငါတောင်မှ တာဝန်တစ်ခုပြီးလျှင် အမှတ်လေးနည်းနည်းရတာ။

လီဖန်းဟာ ပြောစရာစကားတောင် မဲ့သွားသည်။

ပထမ တစ်ခါတုန်းကလည်း တာဝန်ပြီးမြောက်ဖို့ဆိုပြီး အမှတ်၂၀၀၀ကုန်သွားတယ်။ အခုလည်း နှိပ်ဖို့ဆိုပြီး ၅၀၀မှတ်ကုန်ဦးမယ်။

၁၀မီလီယံ စနစ်အမှတ်ကို ငါကဘယ်လို ရှာရတော့မှာလဲ။

‘တကယ်ဖြစ်ချင်လာပြီဆို ပြဿနာတစ်ခုမှာ အခက်အခဲထက် အဖြေကပိုများရာ တစ်ချိန်ချိန်တော့ အောင်မြင်မှုရနိုင်မှာပါ’ ။

လီဖန်းက အံကိုကြိတ်ရင်း စနစ်အမှတ်၅၀၀နဲ့ ‘ပြီးပြည့်စုံသောနှိပ်နည်း’ အားဝယ်လိုက်သည်။

လေ့လာမယ်ကိုနှိပ်လိုက်တော့ သူ့ခေါင်းထဲမှာ အလင်းရောင်တစ်ချက် လက်သွားပြီး မှတ်ဉာဏ်ထဲကို ‘ပြီးပြည့်စုံသော နှိပ်နည်းစနစ်’ ရောက်လာသည်။

‘ကျွန်မတကယ် သက်သာပါတယ်။ ခြေချင်းဝတ်က နည်းနည်းပဲနာတော့တာ။  ပြီးမှ ဆေးလိမ်းလိုက်လျှင်ပျောက်သွားလိမ့်မယ်’ လီဖန်းက တိတ်ဆိတ်နေတော့ သူ့ကြောင့်ဖြစ်သွားတယ်ထင်ပြီး စိတ်မကောင်းဖြစ်သွားတယ်လို့ စုတုံထင်သွားသည်။

‘ကောင်းပြီလေ.. ဒါပေမယ့် ငါနှိပ်နည်းသင်ထားတာနဲ့ အတော်ပဲဆိုတော့ မင်းလက်ခံတယ်ဆို ငါမင်းကိုကူညီနိုင်တယ်။

အဲ့ဒါက ပျောက်တာပို မြန်လိမ့်မယ်’ လီဖန်းက စနစ်မှထွက်ကာ တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။

‘ဟန်’ စုတုံက ငြိမ်သွားသည်။ လီဖန်းကို သူမခြေထောက်နှိပ် ခိုင်းရမယ်။ ရှက်စရာကြီး။

လီဖန်းသူမကို အခွင့်အရေးယူမှာ သူမစိတ်မပူပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီအတောအတွင်းလေ့လာရသလောက်ဆို လီဖန်းရဲ့အကျင့် စရိုက်က ကောင်းဆဲပါပဲ။

‘မင်းထော့နဲ့ ထော့နဲ့ မပြန်ချင်ဘူးမလား။ ကိုယ်နှိပ်တာက ဒဏ်ရာတွေဆို အရမ်းထိရောက်တာ’ လီဖန်းလည်း စိတ်ဓါတ်ကျနေသည်။

ဒီလိုဖြစ်အောင် စနစ်ကကြောင်တောင်တောင်တာ ဝန်တွေပေးတာကို။ အရှက်မဲ့စွာပဲ ဇွတ်တိုးကတော့မှာပေါ့။

‘ဒါက…’ စုတုံတွန့်ဆုတ်နေသည်။ သူမကုမ္ပဏီက လမ်းလျှောက်ပြီးပြန်ရမှာပါ။ ဒီလိုဆိုမလွယ်လှပါဘူး။ ဒါပေမယ့် လီဖန်းကို ခြေထောက်ထိခိုင်းရမှာ သူမအရမ်းရှက်နေသည်။

‘မင်းခြေထောက်နှိပ်တဲ့ ဆိုင်တွေရောက်ဖူးတယ်မလား။ ကိုယ့်ကိုအနှိပ်ပညာရှင် လို့သာသဘောထားလိုက်လေ’ လီဖန်းကပုခုံးတွန့်ပြောကာ သာမန်ကာလျှံကာ  ပြောလိုက်သည်။

‘အနှိပ်ပညာရှင်’ စုတုံက လီဖန်းကို ထူးဆန်းစွာကြည့်လိုက်သည်။

ထို့နောက် သူမနှုတ်ခမ်းလေးကိုကိုက်ကာ ပြောလိုက်သည် ‘ ကောင်းပြီလေ။ ဒါဆိုလည်း ကျေးဇူးပါ’။

ပုံမှန်အားဖြင့်တော့ လီဖန်းအပေါ်မှာ သူမအမြင်က တော်တော်ကောင်းသည်။ လီဖန်းရဲ့နှိပ်နည်းကို သံသယရှိပေမယ့် စမ်းကြည့်ရန် သူမဆုံးဖြတ်လိုက်သည်။

‘ခြေထောက်ကို ဆန့်လိုက်’ လီဖန်းကအခုမှ သက်ပြင်းချနိုင်ပြီး ဒူးထောက်ကာ ပြောလိုက်သည်။ စုတုံရဲ့ စကတ်ကဒူးရောက်ရုံသာရှိပြီး အောက်ကမြင်ကွင်းကို လီဖန်းက ထိုင်လိုက်တာနဲ့တွေ့လိုက်သည်။

စတော်ကင်အနက်ရဲ့ အောက်မှာ အနီ‌ရောင်ဇာလေးရှိသည်။လီဖန်းရဲ့ နှလုံးခုန်သံတွေ ချက်ချင်းမြန်လာပြီး ခေါင်းကိုငုံ့လိုက်သည်။

စုတုံက သူမအနဲ့ အန္တရာယ်ရှိနေပြီဆိုတာ သိလိုက်တော့ ခေါင်းအုံးကိုယူကာ ခြေထောက်နှစ်ချောင်းပေါ်သို့တင်လိုက်သည်။

ပြီးနောက်လီဖန်း ဆီသို့ ဂရုစိုက်စွာ ခြေထောက်ကို လှမ်းလိုက်သည်။

လီဖန်းက စိတ်ကိုတည်ငြိမ်အောင် ထိန်းလိုက်ပြီး စုတုံရဲ့ ဖိနပ်ကိုချွတ်လိုက်သည်။

‘အာ့ဖိနပ်ချွတ်ကမှာလား’ စုတုံရုတ်တရက် ပြာရာခက်သွားသည်။ သူမခြေထောက်က ရုပ်မဆိုးပေမယ့် တစ်နေကုန် လမ်းလျှောက်ထားတော့ အနံရှိနေမှာပါ။

‘လိုတာပေါ့ စိတ်မပူပါနဲ့ ကျွန်တော်က ကျွမ်းကျင်အဆင့်ရှိပါတယ်’။

ပြောရင်းဆိုရင်းပဲ လီဖန်းက စုတုံရဲ့ ခြေထောက်ကိုတစ်ဖက်က ကိုင်ပြီး တစ်ဖက်က ဖိနပ်ကိုကူချွတ်ပေးလိုက်သည်။

သူ့လက်ထဲမှာ လှပပြီး သေးသွယ်တဲ့ ခြေထောက်လေးပေါ်လာသည်။


Comment

Leave a Reply

Options

not work with dark mode
Reset