Switch Mode

အပိုင်း(၁၈)

လွှင့်ပစ်လိုက်

‘မစ္စတာဝေ့ ဘာကိစ္စရှိလို့လဲ’ စုတုံ ကားမှန်တံခါးကို နှိမ့်လိုက်ပြီး မျက်မှောက်ကြုတ်သွားသည်။

ဒီလူက ဝေ့ကျီဖန် လို့ခေါ်ပြီး ဝေ့ပင်ချင်း ဒုတိယဦးလေးရဲ့ သားဖြစ်သည်။

သူကနာမည်ဆိုးနဲ့ကျော်ကြားပြီး မင်ကျူးမှာ သူဖျက်စီး ခဲ့တဲ့မိန်းကလေးတွေ ပေါင်းလျှင် ကုမ္ပဏီထောင်လို့တောင် ရနိုင်သည်ဟု ပြောလေ့ရှိကြသည်။

ဝေ့ကျီဖန်က သူမကိုစတွေ့တည်းက အပြင်းအထန်လိုက်နေသော်လည်း စုတုံက မည်သို့လက်ခံရမည်နည်း။

‘ကိုယ်မင်းကို စောင့်နေတာကြာပြီ။ မင်းကြိုက်ရဲ့လား ဒီပန်းစည်းလေး’ ဝေ့ကျီဖန်က ပန်းစည်းအား စုတုံကို စနစ်တကျပေးလိုက်သည်။

မိန်းကလေးတစ်ယောက်ကိုလိုက်ရတာ သူ့အတွက်ရိုးရှင်းသည်။ ရုပ်ဖြောင့်၊ ချမ်းသာ၊ ရက်ရောလျှင် အေးဆေးပဲ။

စုတုံကိုလိုက်ရန်လည်း အချိန်တစ်ခုသာလိုပြီး ရလာမှာဟုယုံကြည်သည်။

‘ကျေးဇူး မစ္စတာဝေ့၊ ဒါပေမယ့် အလုပ်မှာမို့လို့ လက်ဆောင်လက်ခံလို့ မရပါဘူး။ မစ်ဝေ့ကို တင်ပြစရာရှိလို့ ခွင့်ပြုပါဦး’ ပြောပြီးတာနဲ့ မောင်းထွက်သွားတော့သည်။

‘နေပါဦး၊ သူကငါ့အစ်မခန့်ထားတဲ့ အလုပ်သမားအသစ်လား။ ကြည့်ရတာသာမန်ပဲ။ ဟေ့ ကောင်လေး မင်းနဲ့ငါ့အစ်မနဲ့ ဘယ်လိုဆက်ဆံရေးလဲ။ သူမကောင်လေးလား’ ဝေ့ကျီဖန်က ကားတံခါးကိုလက်ဖြင့်ဆွဲကာ လီဖန်းကိုကြည့်ပြီး ပြောလိုက်သည်။

သူစုတုံလာမှာကို  သိနေတာက ဝေ့ပင်ချင်းဆီက သတင်းရလို့ပါ။

ပထမတော့ ဝေ့ပင်ချင်းက သူ့လက်ထောက်ကို ကိုယ်တိုင် သွားတွေ့ခိုင်းလို့ ဘယ်လိုအရည်အချင်းရှိလဲ သိချင်နေသည်။

အခုတော့ သူ့ထက်တောင် ငယ်တဲ့သာမန်လူတစ်ယောက်ပဲ။

‘ကျွန်တော်က မစ်ဝေ့ရဲ့ လက်ထောက်အသစ်ပါ’ လီဖန်းက မျက်မှောက်ကြုတ်ကာ ပြောပြီး နားမလည်ဖြစ်နေသည်။

မောင်နှမတွေဆို ကတည်းက ဘာလို့ ဝေ့ပင်ကျင်းကို လှောင်သလိုပြောနေတာလဲ။ လျှို့ဝှက်ချက်တော့ရှိရမယ်။

လီဖန်းမထင်ထားတာက သူ့စကားကိုကြားပြီး ဝေ့ကျီဖန်နဲ့ စုတုံတို့ အမူအရာ ပြောင်းလဲသွားတာကိုပဲ။

‘မင်းကလက်ထောက်လာလုပ်တာလား။ အဲ့ဒါဆို စုတုံ ကဘာသွားလုပ်ကမှာလဲ။ သူ့မှာ ဒီနေရာရဖို့ မနည်းကြိုးစား ထားရတာ။ ဘာလို့ ဝေ့ပင်ချင်းက မင်းကိုဒီနေရာ ယူခိုင်းတာလဲ’ ဝေ့ကျီဖန်က ပြောလိုက်သည်။

‘စုတုံ စိတ်မပူနဲ့ ကိုယ်ရှိတယ်။ မင်းဒီလိုမနစ်နာစေရဘူး။ ဝေ့ပင်ချင်းကို ကိုယ်သွားပြောမယ်’ ပြောပြီးနောက် ဝေ့ကျီဖန်က ကားနောက်ကိုဝင်ဖို့လုပ်သည်။

‘မစ်ဝေ့မှာ သူ့အကြောင်းပြချက်နဲ့ သူရှိမှာပါ။ ပြဿနာမရှာပါနဲ့’ စုတုံက ကားတံခါးကို လော့ချလိုက်ပြီး သူ့ကိုအဝင်မခံပါဘူး။

လီဖန်းရဲ့ အလုပ်နေရာကို သူမ မမေးခဲ့ရဘူး။ ဒါပေမယ့် လီဖန်းက လက်ထောက်လုပ်ကမှာဆိုတော့ သူမကိုဖြုတ်လိုက်မှာ စိုးရိမ်လာသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူမကို အရင်သတိပေးသင့်သည်။

ဒါပေမယ့် သူမဝေ့ပင်ချင်းကို လေးစားသည်။ သူမ မကျေနပ်လျင်တောင် ဝေ့ကျီဖန်ကို ပြဿနာသွားရှာခံမှာ မဟုတ်ပါ။

‘ကိုယ်ကမင်းကို ကူညီတာပါ။ ပြဿနာနည်းနည်းဖြစ်တော့ ဘာဖြစ်လဲ’ သူအနည်းငယ် စိတ်ဓါတ်ကျလာသည်။

ဝေ့မိသားစုကလို့ ပြောလိုက်တာနဲ့ မိန်းကလေးတွေက သူ့လက်ထဲကို လိုလိုချင်ချင်ရောက်လာတာပါ။ စုတုံ မှ အကြိမ်ကြိမ် အငြင်းခံရခြင်းဖြစ်သည်။

‘ကူညီချင်တယ်ဆိုလို့ မစ္စတာဝေ့ကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် တကယ်မလိုအပ်လို့ပါ’ ထိုသို့ပြောပြီးမောင်းထွက်သွားတော့သည်။

ထွက်သွားတဲ့ကားကိုကြည့်ရင်း ဝေ့ကျီဖန် တင်းသွားသည်။

‘ငါလိုချင်တဲ့မိန်းမဟာ လွတ်ရိုးထုံးစံ မရှိပါဘူး။ စုတုံ စောင့်ကြည့်နေ။ မင်းငါ့ရှေ့မှာ ဒူးထောက်စေရမယ်’ ဝေ့ကျီဖန်ဟာ ကုမ္ပဏီဆီသို့ လျှောက်သွားလေသည်။

‘မင်းအဆင်ပြေရဲ့လား’ လီဖန်းက မနေနိုင်ပဲ မေးလိုက်သည်။ စုတုံ မှိုင်နေတာကို သူတွေ့သည်။ စုတုံက သူ့ကြောင့်အလုပ်ပြောင်းရမှာလား  တစ်ခါတည်းအထုတ်ခံ ရမှာလားမသိပါဘူး။

ထို့ကြောင့် သူလိပ်ပြာမသန့် ဖြစ်နေသည်။

‘ရပါတယ် ကျွန်မရှင့်ကို မစ်ဝေ့ဆီခေါ်သွားပေးမယ်’ သူမကဘာပြောနိုင်မှာလဲ။

လက်ထောက်တစ်ယောက်က ကိုယ့်ကံကြမ္မာကို ကိုယ်မထိန်းချုပ်နိုင်ပါဘူး။ ထို့ကြောင့် လက်ခံဖို့သာရှိသည်။

အဆောက်အဦးက စုစုပေါင်း၆၆ထပ်ရှိပြီး ဥက္ကဌရုံးခန်းက ထိပ်ဆုံးမှာပါ။

ထိုအချိန်မှာ ဝေ့ပင်ချင်းက ခုံနောက်ရှိ ပြတင်းပေါက်ကနေ အောက်မှရှုခင်းသို့ ကြည့်နေသည်။

အနက်ရောင်ဝတ်စုံအောက်မှာ ဝေ့ပင်ချင်းရဲ့ ကျစ်လျစ်တဲ့ခန္ဓာကိုယ်က လှပသောမျဉ်းကွေးတစ်ခုလိုရှိပြီး နောက်မှ မက်မွန်သီးနှစ်လုံးလို တင်ပါးဝိုင်းဝိုင်းလေးက ပြိုင်ဘက်ကင်းသောအလှကို ဖော်ကျူးနေသည်။

သူမပင်ပန်းတဲ့ အချိန်တိုင်း ဒီနေရာကနေ လူများကို ငုံ့ကြည့်လေ့ရှိသည်။ သူမကအထီးတဲ့ခံစားချက်ကို မကြိုက်ပါ။

ဘဝအတွက် ရုန်းကန်နေတဲ့ လူငယ်တွေရဲ့ဘဝကို တမ်းတသည်။

သူမက မိသားစုကြီး တစ်ခုမှာမွေးဖွားတာမဟုတ်ခဲ့လျှင် ဘဝကပိုပြီး စိတ်ဝင်စားဖို့ ကောင်းမလားဟု အောက်မေ့နေသည်။

‘ဘာလို့ ဒီတစ်ယောက် မရောက်သေးတာလဲ’

ပြီးခဲ့တဲ့နှစ်ရက်စလုံး ထိုညကဖြစ်ခဲ့တာကို သူမပြန်တွေးမိတိုင်း လီဖန်းရဲ့ အဝတ်မဲ့ ခန္ဓာကိုမြင်ယောင်လာပြီး စိတ်ကိုငြိမ်အောင် ထားလို့မရပါ။

ထို အချိန်မှာ တံခါးခေါက်သံကြားရပြီး ဝေ့ပင်ချင်း အတွေးရပ်ကာ နေရာ၌ပြန်ထိုင်လိုက်သည်။

‘ကလစ်’ တံခါးပွင့်လာပြီး စုတုံနှင့် လီဖန်းတို့ဝင်လာကြသည်။

‘မစ်ဝေ့ လီဖန်းရောက်ပြီ’ စုတုံက ခုံဆီသို့လာရင်း ပြောလိုက်သည်။

‘ကောင်းပြီ၊ နင်လည်းပင်ပန်းသွားပြီ။ သွားနားလိုက်ဦး’ ဝေ့ပင်ချင်းက ခေါင်းမော့ပြီး ခံစားချက်မဲ့စွာ ပြောလိုက်သည်။

ဒါပေမယ့် လီဖန်းကိုကြည့်မိတော့ သူ့ရဲ့အဝတ်မဲ့ ခန္ဓာကို မြင်ယောင်လာကာ စိတ်ထဲမှာ ထိတ်လန့်နေသည်။

ဝေ့ပင်ချင်းရဲ့ လှပတဲ့မျက်နှာလေးကိုကြည့်ပြီး လီဖန်းမှာနှလုံးခုန် မြန်လာသည်။ ဝေ့ပင်ချင်းကို ကုမ္ပဏီ၌ နေ့တိုင်းတွေ့ရမှာတွေးမိပြီး စိတ်လှုပ်ရှားမိသည်။

‘ဟုတ်ကဲ့ မစ်ဝေ့’ စုတုံကထွက်မသွားခင်လီဖန်းကို ကြည့်လိုက်သည်။

ထိုအချိန်မှာပဲ ရုံးတံခါးပွင့်လာပြီး ဝေ့ကျီဖန်း ဝင်လာသည်။

“အစ်မ ဒီကောင်လေး အစ်မလက်ထောက်လုပ်မှာကို ကျွန်တော်သဘောမတူဘူး။ သူ့ကိုမောင်းထုတ်လိုက်” ဝေ့ကျီဖန်းက ခုံပေါ်မှာလက်ထောက်ကာ မပျော်ရွှင်တဲ့ ပုံနဲ့ ပြောလိုက်သည်။

အနာဂတ်လုပ်ငန်းစုက ဝေ့မိသားစုရဲ့ ကုမ္ပဏီဖြစ်ပြီး အခုမှအလုပ်ဝင်တဲ့ ဆင်းရဲသားတစ်ယောက်ကို မောင်းထုတ်ဖို့က လွယ်ပါသည်။

စုတုံရဲ့ အသွင်အပြင် ပြောင်းသွားသည်။ သူမဝင်ပြီး ဖြောင့်ဖျချင်ပေမယ့် အဆင့်မမှီ ဘူးဆိုတာတွေးမိပြီး ပြန်ရပ်နေလိုက်သည်။

လီဖန်းက တည်ငြိမ်သည်။ သူနဲ့မဆိုင်သလိုပါပဲ။ အလုပ်ကအရေးကြီးလို့လား။ သူကတာဝန်ပဲ ပြီးမြောက်ချင်တာပါ။

ဝေ့ကျီဖန်းစကားကိုနားထောင်ပြီး သူ့ကိုအလုပ်ထုတ်လိုက်လျှင်တော့ ဝေမိသားစုကိုသူ့ ရန်သူလိုသတ်မှတ်လိုက်မှာပါ။

အငယ်ကောင်တိုမယ့် အမုန်းက ကြီးလေးလှသည်။

‘ငါ့ကိစ္စကို နင်ဝင်ရှုပ်စရာမလိုဘူး။ ပြီးတော့.အထဲကိုမဝင်ခင် တံခါးခေါက်ရမယ်လို့ ငါနင့်ကို ဘယ်နှစ်ခါပြောရမလဲ။ အခုချက်ချင်းထွက်သွား ငါ့အလုပ်မှာ လာမရှုတ်နဲ့’ ဝေ့ပင်ချင်းက တ့ခါးကိုညွှန်ပြရင်း ပြောလိုက်သည်။

သူမက ကုမ္ပဏီရဲ့ ဥက္ကဌပါ။ ဝေ့ကျီဖန်း ပြောတိုင်းသာ သူမဆုံးဖြတ်ချက်ကို ပြောင်းရမယ်ဆို အကုန်ရှုပ်ကုန်မှာပါ။

ပြီးတော့ ဝေ့ကျီဖန်း ရဲ့ ပင်ကိုယ်စရိုက်ကို သူမသိပြီး ဘယ်အရာမှ အလေးထားတဲ့သူမဟုတ်ပါ။

‘ငါကထွက်သွားရမယ်။ နင်အရင် ဒီကောင်လေးကို မောင်းထုတ်။မဟုတ်လျှင် ဒီမှာပဲနေမှာ ဘယ်တော့မှမထွက်ဘူး’ ဝေ့ကျီဖန်းက ပြုံးလိုက်သည်။

သူကဝေ့မိသားစုရဲ့ အငယ်ဆုံးပါ။ ပြီးတော့လုပ်ငန်းကသူ့ကိုပဲ လွှဲပေးရမှာ ဘယ်သူ့စကားကို နားထောင်ရမှာလဲ။

‘လီဖန်း သူ့ကိုဆွဲထုတ်လိုက်’ ဝေ့ပင်ချင်းလီဖန်းကိုကြည့်ကာ ပြောလိုက်သည်။

ဝေ့ကျီဖန်ကြားတော့ ဒေါသထွက်သွားသည်။ ငါကြားတာမှန်ရဲ့လား။ ဝေ့ပင်ချင်းက ငါ့ကိုမောင်းထုတ်ခိုင်းတယ်ပေါ့။

ငယ်ငယ်ကတည်းက သူ့ကိုဘယ်သူမှ ဒီလိုမဆက်ဆံရဲပါဘူး။

ဝေ့ပင်ချင်းက သူမအဖိုးကိုအားကိုးပြီး သူ့ကိုစော်ကားတာပါ။

ဝေ့ပင်ချင်း နင်ဘာပြောနေတယ်ဆိုတာရော သိရဲ့လား။ ငါကနင့်​ မောင်။ အပြင်လူကိုမောင်းထုတ်ခိုင်းတယ်ပေါ့။ နင်ရူးနေတာလား။

‘ကောင်လေး မင်းငါ့ကိုထိရဲလျှင် ပုလဲမြို့မှာ မင်းအတွက်နေစရာ မရှိစေရဘူး။ မင်းကငါတို့မိသားစုမှာ အလုပ်လုပ်နေတဲ့ အခိုင်းအစေကျွန်သာသာပဲရှိတာ’ ဝေ့ကျီဖန် လီဖန်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

လီဖန်းကမျက်ခုံးပင့်လိုက်သည်။ သူကဝေ့ကျီဖန်းကို ရုံးခန်းပြင်ကို လွှင့်ပစ်တော့မှာပါ။ သူကသူများကိုသာ အနိုင်ကျင့်ချင်ကျင့်မယ် သူ့ကိုတော့သေးသေးတင်မခံတော့ပါဘူး။

နောက်ခံချင်းယှဉ်ချင်တာလား စောရီးပဲ ငါက စနစ်ရဲ့သခင်။

ဒါပေမယ့်ထိုအချိန်မှာပဲ အစ်မကျီလင်ရဲ့ အသံကိုကြားလိုက်သည်။

‘ဒင် သခင် တာဝန်အသစ်ရှိသည်။ စစ်ကြည့်မလား’

‘စစ်ကြည့်’

‘တာဝန်- လွှင့်ပစ်လိုက်ပါ’

‘တာဝန်ဖော်ပြချက်- ဝေ့ကျီဖန်ကို ရုံးအပြင်သို့ လွှင့်ပစ်ပါ’

‘တာဝန်ဆုကြေး- EXP၅၀၊ ၅၀၀စနစ်အမှတ်’

စနစ်ကိုကြည့်ပြီးနောက် လီဖန်းပြုံးလိုက်သည်။


Comment

Leave a Reply

Options

not work with dark mode
Reset