အပိုင်း(၁၇)

ပေါက်ကွဲခြင်း

ဒေးဗစ်ရဲ့မျက်နှာ ချက်ချင်းဆိုသလို အရောင်အမျိုးမျိုးပြောင်းသွားသည်။ ဒါငါ့ကို သိက္ခာ ကျအောင်သက်သက်လုပ်တာပဲ။

‘ မနှစ်ကလေ သေချာတွေးကြည့်ဦး’ ဒေးဗစ်မှာ ချွေးစေးများထွက်နေသော်လည်း တည်ငြိမ်စွာပြောလိုက်သည်။

‘မနှစ်က အိုး မှတ်မိပြီ၊ ၂မီလီယံတန် နာရီတစ်လုံး ဝယ်ပေးခဲ့တာပဲ၊ ဒါပေမယ့် အဲ့ဒါကြီးကို မဝတ်ချင်တော့ဘူး။ နောက်တစ်လုံးထပ်ဝယ်ပေး ရတယ်မလား’ဝမ်းလီက ဒေးဗစ်လက်ကိုကိုင်ကာ ဆက်ပြောလေသည်။

နောက်ဆုံးတော့ ဒေးဗစ် လီဖန်းတို့ကိုခေါ်တုန်းက အားတက်သရောဖြစ်နေ တာသူမသိလိုက်သည်။ မတတ်သာလို့ သာသူ့အရည်အချင်းကို ထုတ်ပြရတဲ့ ပုံ၊ လူကနှိမ့်ချနေချင်သော်လည်း ချမ်းသာမှု​ကမနေ၍ သာဖြစ်ကြောင်း ဟန်ဆောင်ချင်သောကြောင့် ဖြစ်သည်။

ဒေးဗစ်က သူမကို ၂မီလီယံတန် နာရီသူမကို ဝယ်မပေးဖူးပါ။

ဒီနေ့တော့ စုတုံရှေ့မှာ သူမကိုဝယ်ပေးသင့်ပါသည်။ မဟုတ်လျှင် သူမမျက်နှာ ဘယ်သွားထားရမတုန်း။

ဒေးဗစ်က အရမ်းစိတ်ဆိုး နေပါပြီ။ ငါတကယ် ဝယ်ပေးနိုင်တယ်များ ထင်နေတာလား။ ဝယ်ပေးနိုင်လျှင်တောင် သူမရုပ်ကို မှန်ထဲမှာထကြည့်ပါဦး။

ဘယ်မိန်းကလေးကရော ၁.၆၈မီလီယံတန် လက်ဆောင်ရဖူးလို့လဲ၊ ဒါတောင် နားမလည်ဘူးလား။

‘ဝယ်၊ ဝယ်၊ ဝယ်၊ ငါ့ချီးကိုဝယ် ဒီ၂နှစ်အတွင်းမှာ မင်းအတွက်ငါ ဘယ်လောက်တောင်ကုန်ခဲ့လည်း။ မကျေနပ်သေးဘူးလား မင်းက။ အိမ်မှာငွေထုတ်စက်ရှိတယ်များထင်နေလား။ ဒီနေ့ကစပြီး မင်းနဲ့ငါနဲ့ပြတ်ပြီ’ ဒေးဗစ်က စိတ်မထိန်းနိုင်တော့ပဲ အော်ကာထွက်သွားတော့သည်။

‘ဒေးဗစ် ရှင်ကကျွန်မကို ဒီလိုလုပ်ရဲတယ်ပေါ့။ ကျွန်မရှင့်ကို သတ်မယ်’ ဝမ်လင်းက ဒေးဗစ်နောက်ကို လိုက်ကာ အရူးလိုလိုက်ရိုက်တော့သည်။

လီဖန်းရဲ့ စီမံမှုကြောင့် ဝမ်လင်းနဲ့ ဒေးဗစ်တို့ရဲ့ စိတ်ကလုံးဝ ပေါက်ကွဲသွားကြသည်။

လီဖန်းနှင့် စုတုံ အပြင် ဆိုင်ကကောင်မလေးတွေတောင် ကြောင်ပြီးရပ်နေကြသည်။ ထိုမြင်ကွင်းကို ကုန်တိုက်ထဲမှ ဈေးဝယ်သူတွေပါ ဝိုင်းကြည့်ကြရင်း အချို့ဆို ဖုန်းထုတ်ကာ ပုံတွေတောင်ရိုက်နေကြသည်။

မကြာခင်မှာ ဒီကိစ္စလိုင်းပေါ်တက်လာတော့မယ်ဆိုတာ အသေအချာ ပါပဲ။

‘ဒင် ဂုဏ်ယူပါတယ် သခင် တာဝန်ပြီးမြောက်ပါပြီ။ ဆုများကို ထုတ်လွှင့်လိုက်သည်’

‘ဒင် ဂုဏ်ယူပါတယ် သခင် EXP၅၀နှင့် ၁၀၀၀စနစ်အမှတ် ကိုရရှိသည်’

သခင်- လီဖန်း

အဆင့်- C

EXP-၃၀၀/၅၀၀

စနစ်အမှတ်- ၃၁၀၀

အောင်မြင်မှတ်- ၀

စကေး- ရောနှောသိုင်း

တာဝန်- နတ်ဘုရားမလေး ဝေ့ပင်ချင်းကို ကယ်တင်ပါ(၂)

‘တာဝန်တစ်ခုပြီးတော့ စနစ်အမှတ်၁၀၀၀လျော့သွားတယ်။ ငါ တကယ်…’

လီဖန်းက စိတ်ပျက်လက်ပျက်ဖြင့် စနစ်မှထွက်လိုက်ပြီး စုတုံကိုကြည့်ကာ ‘စုတုံ မင်းဝယ်ချင်တာ ရှိသေးလား’။

‘မရှိ…မရှိပါဘူး’ စုတုံ လက်ကိုဝှေ့ပြီးငြင်းကာ နာရီကိုချွတ်လိုက်ပြီး ‘ရှင် အမြန်ပြန်အပ်လိုက်’

ဝမ်းလီနှင့် ဒေးဗစ်တို့လည်း မရှိတော့ရာ ဟန်ဆောင်စရာ မလိုတော့ပေ။ နာရီကို ပြန်အပ်ဖို့လိုသည်။ ဘေးနားက အရောင်းကောင်မလေးမှာ ရုတ်တရက် ရင်ဖိုသွားသည်။

‘ကျွန်တော်က ပစ္စည်းတွေဝယ်လျှင် ပစ္စည်းက အနာအစာမပါဘူးဆို ပြန်အပ်လေ့မရှိဘူးဗျ။ အဲ့ဒါကြောင့် မင်းယူထားလိုက်ပါ’ လီဖန်းက သူ့လက်ကိုဝှေ့ကာ ပြောလိုက်သည်။

ဒါတာဝန်ရဲ့ လိုအပ်ချက်ပါ။ ပြန်အပ်လိုက်လို့ ပြဿနာလာလျှင် ဘယ်လိုလုပ်မလဲ။

ထိုစကားကို ကြားမှသာ ကောင်မလေးမှာ သက်ပြင်းချနိုင်သည်။ တစ်ချိန်ထဲမှာပဲ စုတုံကို မနာလိုစွာကြည့်လိုက်သည်။

ဘယ်မိန်းကလေးက သူ့ကောင်လေးကို ရုပ်ချော၊ ချမ်းသာပြီး၊ သူမကိုချစ်တာ မလိုချင်ဘူးရှိမလား။

စုတုံက အရောင်းကောင်မလေးကိုကြည့်ကာ ဒီနေရာက ပြောလို့ကောင်းမည့်နေရာ မဟုတ်၍ ထွက်သွားလိုက်သည်။

‘လီဖန်း ကျွန်မဒါတွေမလိုချင်ဘူး။ ဈေးကြီးလွန်းတယ်။ ပြန်ထားလိုက်ပါ’ လူနည်းတဲ့နေရာရောက်မှ စုတုံကဆက်ပြောလိုက်သည်။

စုတုံမှာ သူမကိုယ်ပိုင် စည်းမျဉ်းရှိသည်။ ဒါတွေကိုသူမလက်မခံနိုင်ပါ။ သူမက ဝမ်လင်းလို စပွန်စာရှာတတ် တဲ့သူမဟုတ်ဘူး။

စုတုံရဲ့ ခိုင်မာတဲ့ သဘောထားကိုတွေ့တော့ လီဖန်းမှာအကူအညီမဲ့နေသည်။ ဒါက သာမန်လက်ဆောင်ဆိုလျှင် သူအကြောင်းအမျိုးမျိုးပြကာ ပေးလို့ရသေးသည်။

ဒါပေမယ့် ဒီပစ္စည်းတွေက ဈေးကြီးလွန်းလှရာ အတင်းပေးပါက သူ့ကို အထင်လွဲသွားနိုင်သည်။ စုတုံပြန်ပေးတာကို လက်ခံလျှင်လည်း စနစ်ကတာဝန်သစ်ပေးပြီး မရရအောင် ပေးခိုင်းပါက ဂွကျဦးမည်။

နောက်ဆုံးတော့ ပြန်ယူလိုက်ပြီး စောင့်ကြည့်ရာ စနစ်ကအသံမကြားရသဖြင့် စိတ်သက်သာရာရသွားသည်။

‘ရှင်သွားပြန်မလဲဘူးလား’ စုတုံလည်း အခုမှနေရအဆင်ပြေသွားပြီး သံသယဖြင့်မေးလိုက်သည်။

‘ဝယ်ပြီးမှတော့ ဘာကိစ္စပြန်သွားအန်းရမှာလဲ’ လီဖန်း ပုခုံးတွန့်ကာ ပြုံးရင်းပြောလိုက်သည်။

စုတုံမှာ မှင်သက်နေလေသည်။ ‘ရှင်ကတအားချမ်းသာနေလျှင်လည်း ဘာလို့အလုပ်လာလုပ်နေသေးလဲ’ ခဏတိတ်ဆိတ်ပြီးနောက် စုတုံက သူမမရှင်းတာကို မေးလိုက်သည်။

လီဖန်းက မျက်ခုံးပင့်ကာ စုတုံကို ဘာမှမပြောပဲ စိုက်၍သာကြည့်နေလိုက်သည်။

‘ရှင်က ကျွန်မကိုပဲ ဘာလို့ကြည့်နေတာလဲ’ စုတုံမျက်နှာမှာ ရဲပြီး ရှက်သွားကာ ခေါင်းငုံပြောလိုက်သည်။ ‘ဘာကြောင့်လဲဆိုတော့ မင်းကတအားလှလို့ပေါ့’။

လီဖန်းက အပိုပြောတာမဟုတ်ပါဘူး။ စုတုံမျက်နှာက ဝေ့ပင်ချင်းနဲ့ ဆောင်းဝမ်ကျင်းတို့လို ပြီးပြည့်စုံနေတာ မဟုတ်ပေမယ့် သူမမှာလည်း အားသာချက်ရှိပါသည်။

ဝေ့ပင်ချင်းက ကောင်းကင်ပေါ်ကနတ်သမီးလိုပဲ။ ကမ္ဘာပေါ်က အညစ်အကြေးတွေနဲ့ မသက်ဆိုင်ပဲ အလှမ်းဝေးလွန်းသည်ဟု ထင်ရသည်။‌

ဆောင်းဝမ်ကျင်းကတော့ လူတွေကိုဖျားယောင်းလေ့ရှိပြီး သူမကိုပိုင်ဆိုင်နိုင်သည်ဟု ထင်မြင်စေသည်။ ထိုသို့ထင်ပါက သင်ဟာဘယ်မှာ သေသွားတာလဲတောင်သိမှာ မဟုတ်ပါဘူး။

တခြားတစ်ဖက်မှာတော့ စုတုံက အိမ်ဘေးနားကကောင်မလေး လိုပါပဲ။ လူတွေက သူမကို အကောင်းမြင်ကြတယ်။

ပြီးတော့ သူမဘော်ဒီကလည်း တကယ့်ကိုစူပါ။

အဖြူရောင်စကတ်အောက်မှာ နူးညံ့ဖြူဖွေးတဲ့ အသားအရည် ရှိပြီး ရင်က၃၆ဆိုဒ် အရမ်းကြီးမကိတ်ပေမယ့် လက်တစ်ဖက်ထဲနဲ့တော့ အပြည့် ကိုင်နိုင်မယ်မထင်ဘူး။

ချပ်နေသောဗိုက်၊ လုံးဝင်းသောတင်ပါးနှင့် သွယ်လျလှပသော ခြေတံတွေဟာ သူမနဲ့ချစ်ခွင့်ရသူအတွက်တော့ တကယ့်ကိုပျော်ရွင်မှုကြီးပါ။

‘ကျွန်မလှတာ ကျွန်မသိတယ်၊ ရှင်ကျွန်မမေးတာကိုသာဖြေပါ’ စုတုံရဲ့ မျက်နှာ ပိုလို့ရဲလာပြီး နှလုံးခုန်သံတွေက ထိန်းမရတော့ပါ။

သူမတွေးလိုက်တယ် ‘ ဘုရားရေ သူနဲ့တွေ့တာ ခဏပဲရှိသေးတာကို ဘာကိစ္စရင်တွေ ခုန်နေရတာလဲ’။

‘ငါဘာကြောင့် အလုပ်လုပ်ဖို့လိုတာလဲဆိုတော့…မင်းကိုပုံပြင်တစ်ပုဒ် ပြောပြမယ်’ လီဖန်းရဲ့မျက်နှာက လေးနက်လာပြီး ဖြည်းဖြည်းချင်းပြောလိုက်သည်။

စုတုံက အနည်းငယ် ရှုပ်ထွေးသွားသည်။ ဘယ်ကပုံပြင်က ပါလာတာလဲ‌။ သူမက အမှန်တကယ် သိချင်နေတာမို့ သေချာနားထောင်နေသည်။

လီဖန်းက ပြုံးလိုက်ပြီး ဆက်ပြောသည် ‘ ကျွန်တော့မှာ ရှန်ကျင်းမှာ အိမ်သုံးဆယ်လောက် ကိုငှားစားတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူကလခကို တစ်နေ့တစ်အိမ် လိုက်တောင်းတယ်။ ပြီးတော့အရက်သောက်တယ်။

နေ့တိုင်းအဲ့လို ပဲဆိုတော့ ကျွန်တော်သူ့ကို မေးလိုက်တယ် ‘မင်းဘာလို့ တစ်နေ့တည်းလိုက်ကောက်ပြီး ကျန်တဲ့နေ့ တွေနားမနေတာလဲ’        ဆိုတော့ သူက ဘာပြောတယ်ထင်လဲ။

‘ဘာပြောလို့လဲ’ စုတုံက စိတ်ဝင်စားစွာပဲ ပြန်မေးလိုက်သည်။

‘သူပြောတာက..ညီအစ်ကို မင်းနားမလည်ပါဘူးကွာ။ လူဆိုတာ မပျင်းရဘူးကွ။ ပျင်းတဲ့လူက စွန့်ပစ်ခံရတတ်တယ်’ တဲ့ ‘အခုအဲ့ဒါဆို ငါဘာလို့ အလုပ်လုပ်ရလဲ မင်းသိပြီလား’

စုတုံ ‘???’

ဒါပထမဆုံးအကြိမ် စာတတ်ပေတတ်တစ်ယောက်လို ဟန်ဆောင်ပြီး၊ စိတ်အနှောင့်အယှက်မဖြစ်တာကို သူမတွေ့ဖူးတာပဲ။

လီဖန်းက တိတ်တဆိတ် ရယ်မောလိုက်သည်။ သုံးစားမရတဲ့လူ ဖြစ်မှာစိုးလို့ သူအလုပ်လာတာမဟုတ်ပါဘူး အငယ်ကောင် တိုသွားမှာ စိုးလို့သာဖြစ်သည်။

စကားတွေပြောရင်း နှစ်ယောက်သားပို ရင်းနှီးလာသည်။

ပြီးနောက် ၃ထပ်ကိုသွားပြီး လီဖန်းအတွက် ဝတ်စုံနှစ်ခုဝယ်ပေးကာ ကုမ္ပဏီသို့ ပြန်ကြသည်။

စုတုံ ကကားပါကင်နေရာသို့ သွားဖို့အလုပ်တွင် အဖြူရောင်ဝတ်စုံနဲ့ လူငယ်တစ်ယောက် နှင်းဆီပန်းကိုင်ကာ ကားရှေ့သို့ရောက်လာသည်။

စုတုံ ရဲ့မျက်နှာဟာ ချက်ချင်းကြည့်ရခက်ပုံ ပေါ်လာသည်။


Comment

Leave a Reply

Options

not work with dark mode
Reset