Switch Mode

အပိုင်း(၁၆)

နာရီတစ်လုံး ဝယ်ပေးသည်

လီဖန်းက လူတိုင်းရဲ့အတွေး တွေကိုသတိထားမိသည်။

စိတ်ထဲမှာကြိတ်ပျော်နေပေမယ့် အပြင်မှာတော့အေးဆေးပါပဲ။

ဘာပဲဖြစ်ဖြစ် သူလည်းတစ်ချိန်က လူချမ်းသာပဲလေ ။ ဒီလောက်နဲ့တော့ မူမပျက်ပါဘူး။

လီဖန်းစဉ်းစားနေတာက ဝမ်လင်းနဲ့ ဒေးဗစ်ကို ကောင်းကောင်းပညာပေးလိုက် တာတောင် စနစ်က တာဝန်ပြီးကြောင်း အချက်မပြသေးတာပဲ။

‘မလုံလောက်သေးတာလား’။

လီဖန်းက မေးစေ့ကိုပွတ်ပြီး စဉ်းစားနေသည်။

ကြည့်ရတာ တကယ်မလုံလောက်သေးတာပဲ။

‘မစ္စတာဒေးဗစ် မစ်ဝမ်ကဒီအိတ်ကို တအားကြိုက်တဲ့ပုံပဲ။ မဝယ်ပေးဘူးလား’ လီဖန်းက ပြီးစလွယ်မေးလိုက်သည်။

‘အမ်..ဒါက..အဟွတ် အဟွတ်’ ဒေးဗစ်မှာ ခြောက်သွေ့စွာရယ်လိုက်ပြီး ဝမ်လင်းကို ဝယ်ပေးမယ်လို့ စကားမစပါဘူး။

ဝယ်ရမယ်။ ချီးကိုဝယ်။ လီဖန်းမဝယ်ခင်က ဆိုလျှင်တော့ စုတုံကို မြူဆွယ်ဖို့ ဝယ်ကောင်းဝယ်ဦးမယ်။ အခုလား ဘာဝယ်လုပ်ရတော့မှာလဲ။

‘ကိုကြီး ဒီအိတ်ကို ချစ်တအားကြိုက်တာပဲ…’ ဝမ်လင်းက အနည်းငယ်စိတ်ထိခိုက် သွားပေမယ့် အိတ်ရရေး အစီအစဉ်ကိုတော့ လက်မလွှတ်ပါဘူး။

ဒီအိတ်နဲ့ဆိုလျှင် သူမသူငယ်ချင်းတွေကြားမှာ ကောင်းကောင်းကြွားလုံးထုတ် နိုင်သည်။

‘လင်းလေး ဒီအိတ်ကမင်းနဲ့ သိပ်မလိုက်ဘူး။ နောက်နေ့ ကိုယ်နိုင်ငံခြားသွားဖို့ရှိတယ်။ မင်းအတွက် အကန့်အသတ်နဲ့ထုတ်ထားတဲ့ ဟမ်းမိစ်အိတ်တစ်လုံး ဝယ်လာခဲ့မယ်’ ဒေးဗစ်ကဝမ်လင်း မျက်နှာလေးကို ထိပြီး နှစ်သိမ့်လိုက်သည်။

‘တကယ်လား’ ဝမ်လင်းကသံသယဝင်နေသည်။ ဒေးဗစ်ကသူမကို ဒီလောက်စေတနာမရှိခဲ့ဖူးဘူး။

‘ဟုတ်တာပေါ့ ကိုယ်ကမင်းကို ဘာလို့လိမ်ရမှာလဲ’ ဒေးဗစ်ကဝမ်လင်းကိုဖက်ကာပြောလိုက်သည်။

သူ့ကိုယ်သူလည်း စိတ်ထဲမှနှစ်သိမ့်နေသည်။

၆၆၀၀၀၀လား၊ နှစ်ဝက်ကျော်လောက်လုပ်လျှင်ရတဲ့ဟာ ဘာတွေဂရုစိုက်ရမှာလဲ ဟန့်။

‘မစ္စတာဒေးဗစ်က မစ်ဝမ်ကိုတကယ်ချစ်တတ်တာပဲ။ စုတုံဖို့ တခြားဝယ်စရာလေးတွေရှိသေးလို့ အတူသွားကြမလား’ဒေးဗစ်ရဲ့ ပုံစံကိုကြည့်ပြီး သူ့ကို မထိခိုက်နိုင်သေးဘူးဆိုတာ လီဖန်းသိလိုက်သည်။

ဒါပေမယ့်ကိစ္စ မရှိပါဘူး။ နောက်ကသာ ဆက်လိုက်နေလျှင် ကိုယ့်ဘဝကိုသံသယဝင်သွားအောင် လုပ်ပစ်နိုင်တယ်။

‘ဒါက…’ဒေးဗစ် ရုတ်တရက် တွန့်ဆုတ်သွားသည်။ လီဖန်းက ဒီလိုမျိုး ဆက်လုပ်ပြနေလျှင် သူကလိုက်ပြီး မနာလိုဖြစ်နေရမှာလား။

ဒါပေမယ့် မလိုက်လျှင်လည်း လီဖန်းက သူ့ကိုအထင်သေးသွားလိမ့်မယ်။

‘ကိုကြီး အတူသွားရအောင် ချစ်လည်းစုံအောင် လျှောက်မကြည့်ရသေးဘူး’ ဝမ်လင်းက စုတုံကို ဒီလိုမျိုး အရှုံးမပေးလိုပါ။

ဒီပိုက်ဆံက လီဖန်းမိဘတွေ အိမ်ဝယ်ဖို့ စုထားတာတွေဖြစ်နေ နိုင်တာပဲဟု တွေးနေသည်။ ပြီးတော့ အိတ်ကဝယ်ပြီးလျှင် ပြန်အပ်လို့ရသေးသည်။

တစ်ခါတည်း ၆၀၀၀၀၀ကျော် သုံးတာ တကယ်တော့အများကြီး ရှင်းမပြနိုင်ပါဘူး။

ဝမ်လင်းက လီဖန်းကိုချမ်းသာတယ်လို့ မယုံချင်ပါ။

‘ကောင်းပြီလေ အတူသွားကြတာပေါ့’ ဒေးဗစ်က အံ့ကြိတ်ကာ ပြောလိုက်သည်။

လီဖန်းပြုံးလိုက်ကာ စုတုံကိုဆွဲပြီး ဆိုင်ထဲမှထွက်လာသည်။

‘လီဖန်း ရှင်ဘာလုပ်ဦးမလို့လဲ’ စုတုံနောက်ဆုံးတော့ ဝမ်လင်းတို့နဲ့ ဝေးတုန်း တိုးတိုးလေးမေးလိုက်သည်။

‘ဈေးဝယ်မှာလေ၊ မင်းတို့မိန်းကလေးတွေအကြိုက်ဆုံး အလုပ်မဟုတ်ဘူးလား’ လီဖန်းကမသိချင်ယောင်ဆောင်ကာ ပြောလိုက်သည်။

‘ကျွန်မကရှင့်ကို မေးနေတာ . ဘာလို့ဒီလိုတွေ လျှောက်လုပ်နေတာလဲ’ စုတုံ ကအကူအညီမဲ့စွာ ပြောလိုက်သည်။

လီဖန်းက မိန်းကလေးတွေနဲ့ပက်သက်ပြီး အမြင်မှားနေတာလား။ မိန်းကလေးတွေက ဈေးဝယ်တာပဲ ကြိုက်ကြတာမဟုတ်ပါဘူး။ ခရီးသွားတာ၊ ရုပ်ရှင်ကြည့်တာ၊ ချစ်သူထားတာ….အများကြီးရှိသည်။

‘အဲ့ဒါက ငါပျော်လို့လုပ်တာ ဘာမှအရေးစိုက်စရာ မဟုတ်ပါဘူး’ လီဖန်းကပုံမှန်အတိုင်း ဆက်ပြောလိုက်သည်။

စုတုံ ‘…’

ဒီအကြောင်းပြချက်ကလည်း ကောင်းပါတယ်။ ထားလိုက်ပါတော့။

မကြာခင်ပဲ လီဖန်းက စုတုံကို နာရီဆိုင်တစ်ခုသို့ ခေါ်လာသည်။

‘စုတုံ ဒီနာရီကိုကြည့်လိုက်ဦး’ အနည်းငယ်ရွေး ကြည့်ပြီးနောက် လီဖန်းက အမျိုးသမီးဝတ် နာရီတစ်လုံးကို ရွေးလိုက်သည်။

စုတုံကြည့်လိုက်ရာ လီဖန်းကတကယ်ကြည့်တတ်ပြီး သူမလည်းအရမ်း ကြိုက်သည်။ ဈေးနှုန်းကို ကြည့်ပြီးမှသာ လိုချင်စိတ်ကို  ချက်ချင်းဖျောက်လိုက်သည်။

ငါတော်ပြီ၊ ၁.၆၈မီလီယံ ငါ့ကိုယ်ငါ သွားရောင်းတာတောင်မရဘူး ။

‘ထားလိုက်တော့ ကျွန်မနည်းနည်းပင်ပန်းနေပြီ။ ပြန်ရအောင်’ စုတုံက အကြည့်လွှဲကာ ပြောလိုက်သည်။

လီဖန်း ဘာလုပ်တော့မယ်ဆိုတာ သူမမှန်းမိသည်။ ဒါပေမယ့် ဒီနာရီကိုဝယ်လို့ မဖြစ်ပါဘူး။ အိတ်ငါးလုံးကိုလည်း သွားပြန်အပ်ဖို့ လီဖန်းကို ပြောရပါဦးမည်။

ခဏတာအငြင်းပွားတာလေးကို ပိုက်ဆံအများကြီး သုံးဖို့တန်လို့လား။ အနည်းဆုံးတော့ သူမအနေနဲ့ မတန်ပါဘူး။

ဘေးမှ ဒေးဗစ်နဲ့ ဝမ်လင်းက တစ်ယောက်နဲ့ တစ်ယောက်ကြည့်ကာ အံ့ဩနေသည်။

လီဖန်းကဘာလဲ။ ၁.၆၈မီလီယံတန်နာရီကို စုတုံကို ပေးချင်လို့လား။ စောက်ရမ်းတွေချမ်းသာ နေတယ်ပေါ့။ ‘မစ္စတာဒေးဗစ် ခင်ဗျားရောဘယ်လိုထင်လဲ’ လီဖန်းက ဒေးဗစ်ဆီလှည့်ကာ မေးလိုက်သည်။

‘အမ်း..မဆိုးပါဘူး’ သူကဘာပြောရမှာတုန်း တစ်ခါမှ မဝယ်ဖူးတဲ့ဟာ။ ဒါပေမယ့် မျက်နှာကရှိသေးတော့ တည်ငြိမ်စွာနဲ့ပဲ ငါလည်းဝယ်ဖူးတယ်ဆိုသော ဒီဇိုင်းနဲ့ ပြောလိုက်သည်။

သူလည်းစိတ် ဓါတ်ကျနေပါပြီ။ ‘မစ်ဝမ်ရော ဘယ်လိုထင်လဲဗျ’ ဝမ်လင်းကို ကြည့်ပြီးထပ်မေးလိုက် ပြန်သည်။ ‘ကောင်းတယ်၊ တကယ်ကြည့်ကောင်းတာပဲ’ ဒီနာရီက အိတ်ထက်တောင် ပိုတောက်ပနေသည်။

ဝယ်ပြီး လျှောက်ကြွားလျှင် အကုန်မနာလိုဖြစ် သွားနိုင်သည်။

‘အကုန်လုံးကတောင် ကောင်းတယ်ဆိုမှတော့ ဝယ်လိုက်တော့မယ်၊ ကတ်နဲ့ပေးမှာဗျ’ လီဖန်းကဘဏ်ကတ်ကို ထုတ်ပြီး ပေးလိုက်သည်။

စုတုံ ‘…’

သူများပြောတာနဲ့ပဲ ဝယ်လိုက်ရောလား။ ဒါက၁.၆၈မီလီယံ ပေးရသေးသည်။

ဒေးဗစ်မျက်လုံးတွေ ကျုံ့သွားသည်။ စိတ်ထဲမှာလည်း မုန်တိုင်းတွေထန်နေသည်။

၁.၆၈မီလီယံရှိတဲ့နာရီကို လမ်းဘေးက ဂေါ်ဖီထုပ်မှတ်နေလား။ ဝမ်လင်းမျက်လုံးတွေက နီနေပြီး အသက်ရှူရတောင် ကြပ်လာသည်။

အရမ်းချမ်းသာပြီး စုတုံအပေါ်လည်း အရမ်းကောင်းသည်။

လီဖန်းလိုလူမျိုး သူမကျဘာလို့ မတွေ့တာလဲ။ ဒါတော့မတရားပါဘူး။

လီဖန်းက ဟန်ဆောင်နေတယ်လို့ သူတို့မထင်တော့ပါ။

ဘယ်ဆင်းရဲသားက ဒီလောက်ပိုက်ဆံအများကြီးရှိပြီး မျက်တောင် တောင်မခတ်ပဲ သုံးနိုင်မလဲ။ ‘ ထုတ်ပေးရမလား မစ္စတာ’ အရောင်းကောင်မလေးက ကော်မရှင်ခအများကြီးရမှာဖြစ်၍ စိတ်လှုပ်ရှားနေသည်။

‘မထုတ်နဲ့’ လီဖန်းက နာရီကိုယူလိုက်ပြီး စုတုံလက်မှာပတ်ပေးလိုက်သည်။

‘မင်းနဲ့တကယ်လိုက်တာပဲ။ ငါရွေးတာတော်တယ်မလား’

လီဖန်းက ကြည့်ကာ မေးလိုက်သည်။ စုတုံက ရှုပ်ထွေးသောအမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။ သူမနှလုံးသားတွင်လည်း ခံစားချက်များ ရောထွေးနေလေပြီ။ သူမ အိပ်မက်မက်သလို ခံစားနေရသည်။

သူတို့နှစ်ယောက်က ဒီနေ့မှ စတွေ့ကြတာပါ။လီဖန်းကတော့ သူမချစ်သူယောင်ဆောင်ပြီး မီလီယံနဲ့ ချီတဲ့ပစ္စည်းတွေကို ဝယ်ပေးနေသည်။

သူမဒါတွေကို လက်မခံနိုင်ပေမယ့် လီဖန်းကရော တကယ် အပျော်သက်သက်ပဲ လုပ်တာလား နားမလည်နိုင်ပါ။

ဝမ်လင်းမှာ မနာလိုဖြစ်ကာ စုတုံကို အရမ်းမုန်းနေပါပြီ။

သူမကဘာလို့ပိုလှ ရတာလဲ။ သူမချစ်သူကရော ပိုရုပ်ဖြောင့်ပြီး ချမ်းသာရတာလဲ။ ဘာလို့ အရာရာမှာ ရှုံးနေရတာလဲ။ သူမ မကျေနပ်နိုင်ပါ။

‘ကိုကြီး ချစ်လည်းဒီနာရီကို ကြိုက်တယ်။ ဝယ်ပေးပါလား’ဝမ်လင်းက ဒေးဗစ်လက်ကိုဆွဲကာ ကလေးတစ်ယောက်လိုပြုမူပြီး ပူစာတော့သည်။

ဘာပဲဖြစ်ဖြစ် သူမလဲတစ်ခုလောက်တော့ လိုချင်သည်။

‘ငါမင်းကို၂မီလီယံ ကျော်တန်တဲ့ နာရီတစ်လုံး ဝယ်ပေးထားတယ်လေ’ ဒေးဗစ် တကယ်အော်ပစ်လိုက်ချင်သည်။ ငါက၂နှစ်လောက် အငတ်နေရမှာလား။

‘ဘယ်တုန်းကလဲ။ ကျွန်မလဲမမှတ်မိပါလား’ ဝမ်လင်းက ကြောင်အသွားသည်။

လီဖန်းနှင့် စုတုံတို့ပုံစံမှာလည်း ထူးဆန်းသွားသည်။


Comment

Leave a Reply

Options

not work with dark mode
Reset