အပိုင်း(၁၅)

ဒီအချိန်မှာ ငါဟာ ဘောစိ

‘မဟုတ်ပါဘူး သူကအလုပ်က သူငယ်ချင်းအသစ်’ စုတုံကရှင်းပြသည်။

ဘဲချင်းပြိုင်ပြီး အနိုင်လိုချင်တယ်ပေါ့။ နင်အဲ့လိုလုပ်မယ်ဆိုတာ ငါသိတယ် ဝမ်လင်း။

ဒါပေမယ့် လီဖန်းက တကယ်ငါ့ချစ်သူမဟုတ်ဘူး။

‘စုတုံ နင်လိမ်မပြောနဲ့နော်၊ ငါတို့ကအခန်းဖော်တွေဖြစ်ခဲ့တာပဲ ရှက်စရာမလိုပါဘူး။ ငါ့ဆီကတော့ ဖုန်းကွယ်မနေပါနဲ့’ ဝမ်လင်းက စုတုံလိမ်ပြောတယ်လို့ထင်နေသည်။

‘မစ် စု တို့ကုမ္ပဏီက ရုံးမှာချစ်သူထားခွင့် ပိတ်ထားလို့လား’ ဒေးဗစ်က ဘေးကနေဝင်ပြောပြီး ထူးဆန်းစွာရယ်နေသည်။

လီဖန်းကလည်း ဝမ်လင်းရဲ့အကြံကို ရိပ်မိသည်။

စိတ်ထဲမှကြိမ်ဆဲပြီးနောက် စုတုံကို သက်သာရာရအောင်ပြောတော့မည်အလုပ် အစ်မကျီလင်းရဲ့ အသံကိုကြားလိုက်သည်။

‘ဒင် သခင် တာဝန်အသစ်ရှိသည်’

‘စစ်ကြည့်’

‘တာဝန်- ချစ်သူအတု’

‘တာဝန်ဖော်ပြချက်- စုတုံရဲ့ ချစ်သူယောင်ဟန်ဆောင်ကာ ဝမ်လင်းနှင့် ဒေးဗစ်တို့၏ စိတ်ကို အချက်ကျကျဖြင့် ပြင်းထန်စွာထိုးနှက်ပါ’။

‘တာဝန်ဆုကြေး- EXP၅၀၊ ၁၀၀၀စနစ်အမှတ်’

‘မှတ်ချက်(၁)- ဒီတာဝန်ဟာ ပိုက်ဆံကုန်မှာဖြစ်သဖြင့် စနစ်အမှတ်၂၀၀၀ကို ပိုက်ဆံနဲ့လဲဖို့လိုသည်’။

‘မှတ်ချက်(၂)- သခင်ကိုအသိပေးအပ်ပါသည်။ လဲထားတဲ့ပိုက်ဆံအားလုံး သခင့်အကောင့်ထဲသို့ဒါတိုက် လွှဲလိုက်မှာ​ ဖြစ်​သည်’။

မဟုတ်သေးဘူးစနစ် ဟိုကလက်ခံမှန်းမသိဘာမသိနဲ့ ငါကသူ့ချစ်သူယောင်ဆောင်ရမှာလား။

အရေးကြီးတာက စနစ်အမှတ်ကိုသုံးရမှာ။တ ခြားနည်းမရှိတော့ဘူးလား ဒီကသခင်လေးနဲ့တော့ တိုင်ပင်သင့်တာပေါ့။

အိုကေ စနစ် မင်းပဲတော်ပါတယ်။

‘ကောင်းပြီ ကျွန်တော်ကပဲမိတ်ဆက်ပါရစေ။ ကျွန်တော့နာမည်ကလီဖန်း စုတုံရဲ့ချစ်သူပါ။

မစ္စတာဒေးဗစ်က လုပ်ငန်းစုကြီးတစ်ခုရဲ့ ခေါင်းဆောင်ပိုင်းမှာဆိုတော့ ဝင်ငွေတော်တော်ကောင်းမှာပေါ့’ လီဖန်းက ဒေးဗစ်ကို ပြုံးပြရင်းလက်ဆွဲနှုတ်ဆက်လိုက်သည်။

‘ဘာချစ်သူလဲ ဒီက ရည်းစားတောင်ရှိတာမဟုတ်ဘူး’ စုတုံမှာ လီဖန်းကို စူးစိုက်စွာကြည့်ရင်း စိတ်ထဲမှ ရေရွတ်နေသည်။

‘စုတုံ ဒါကကုမ္ပဏီမှာမှမဟုတ်တာ ဟန်ဆောင်စရာမလိုပါဘူး’

စုတုံ ‘…’

ဝမ်လင်းက စုတုံနဲ့ လီဖန်းကိုကြည့်ရင်းချိုသာစွာပြုံးလိုက်သည်။ သူမထင်ထားတာ မှန်နေသည်။

အရှက်ရအောင် လုပ်ရမယ်သူတို့ကို။

‘ကျွန်တော့လစာလား  သိပ်မများပါဘူး တစ်နှစ်ကိုမှ စုစုပေါင်း ၁မီလီယံလောက်ပဲ ရတာ။ မစ္စတာလီက ငယ်ရွယ်ပြီး အလားအလာကောင်းတော့ ကျွန်တော့ထက်အများကြီးသာမှာပေါ့’ ဒေးဗစ်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

လီဖန်းရဲ့ ဝတ်စားထားတာကိုကြည့်ရုံဖြင့် ဝင်ငွေကောင်းမယ့်လူ မဟုတ်တာဒေးဗစ်မှန်းမိသည်။

လီဖန်းထက် အရာရာအပုံကြီးသာကြောင်းပြနိုင်လျှင် စုတုံမနာလိုဖြစ်လာမည်။ အဲ့ဒီအချိန်မှာ သူနည်းနည်းလောက်လှုပ်ရှားလိုက်တာနဲ့ စုတုံလည်း ဝမ်လင်းကဲ့သို့ သူ့လက်ကို လိမ်လိမ်မာမာရောက်လာမှာပါ။

‘ဒါက…လစာအကြောင်းက အရေးမကြီးပါဘူး။ ကျွန်တော် စုတုံကို ဝယ်ပေးစရာရှိသေးလို့ သွားခွင့်ပြုပါဦး’ လီဖန်းက ရယ်လိုက်ပြီး စုတုံကိုခေါ်သွားဖို့ လုပ်သည်။ ‘ကျွန်တော်လည်း လင်းလေးကို ဝယ်ပေးစရာရှိတာနဲ့ အတော်ပဲ။ အတူတူသွားကြတာပေါ့’ ဒေးဗစ်ရဲ့ မထီမဲ့မြင် အမူအရာကပိုလာပြီး လီဖန်းရှေ့မှာ ရပ်လိုက်သည်။

‘ဟုတ်တယ် အတူသွားရအောင်။ ငါတို့အတူ ဈေးဝယ်မထွက်ရတာ လည်း ဒီလောက်ကြာပြီ’ ဝမ်လင်းက စုတုံလက်ကိုဆွဲကာ ပြောလိုက်သည်။

‘ဒါက…ကောင်းပြီလေ၊ လေးထပ်ကိုသွားကြရအောင်’ လီဖန်းက တွန့်ဆုတ်နေပြီး နောက်ဆုံးမှအံကြိတ်ကာ ပြောလိုက်သည်။

အပြင်ပန်းမှာ မျက်နှာမကောင်းသလို လုပ်နေပေမယ့် စိတ်ထဲမှာတော့ တော်တော်ပျော်နေသည်။

သူလိုချင်တာကလည်း ဒီနှစ်ယောက်သူနဲ့ လိုက်တာကိုပါ ဟုတ်လျှင် ဘယ်သူကလိုက်ကြည့်မှာလဲ။

လေးယောက်သား သူ့အတွေးနဲ့သူ လေးထပ်သို့ရောက်လာကြသည်။

ထိုအထပ်တွင် နာမည်ကြီးတံဆိပ်ရောင်းသော ဆိုင်များစွာရှိပြီး ဂူစီ၊ LV၊ ဟမ်းမိစ် … တို့ဖြင့်စုံလင်လှသည်။

‘လီဖန်း ရှင်တကယ်အတည်ကြီးလား။ ဒီမှာကတကယ့် နာမည်ကြီးတံဆိပ်တွေချည်းပဲ’ စုတုံက လီဖန်းနားကပ်ကာ တိုးတိုးလေးပြောလိုက်သည်။

ဘောနပ်နဲ့ ဘာနဲ့အားလုံးပေါင်းမှ သူမရဲ့ဝင်ငွေဟာ တစ်နှစ်၂၅၀၀၀၀လောက်သာရသည်။ ထို့ကြောင့် လေးထပ်သို့ မလာဖြစ်ပါ။

သူမက သူဌေးသမီးမဟုတ်သလို ဝင်ငွေလည်း မကောင်းပါ။ ဒါကြောင့် အရမ်းဈေးကြီးတာတွေ မဝယ်ဖြစ်ခဲ့ဘူး။

‘အေးဆေးသာ ကြည့်နေပါ’ လီဖန်းက ပြုံးရင်း ဟမ်းမိစ်ဆိုင်ထဲ သို့ဝင်သွားသည်။ တာဝန်က ဒေးဗစ်နဲ့ ဝမ်လင်းကို စိတ်ထိခိုက်အောင်လုပ်ဖို့လိုတယ် ဆိုကတည်းက ပိုပြီးကြိုးစားပေးရမှာပေါ့။

သူလည်း သူဌေးသားလို မနေရတာကြာပြီလေ။ ‘ဒေးဗစ်ဒါ နောက်ဆုံးပေါ် ဟမ်းမိစ် အိတ်ပဲချစ်တအားကြိုက်တယ်’ ဝမ်လင်းက အိတ်တစ်လုံးကိုတွေ့တော့ မျက်လုံးအရောင်တောက်သွားပြီး ချက်ချင်းသွားကာ ကိုင်လိုက်သည်။

‘အစ်မက တအားကြည့်တတ်တာပဲ။ ဒီအိတ်က ပဲရစ်ရဲ့နွေဦးပြပွဲမှာ နောက်ဆုံးမော်ဒယ်ဖြစ်ပြီး အစ်မနဲ့ လဲသိပ်လိုက်တယ်’ စာရေးမလေးက ဝမ်လင်းကိုမိတ်ဆက်ပေးသည်။

‘တကယ်လား ထင်တော့ထင်သား’ ဝမ်လင်းက ကြည့်ရင်းနဲ့ပိုကြိုက်လာသည်။

ဒေးဗစ်ကငွေရှင်းပေးမှာလား။ ဒီအိတ်က ၁၅၈၈၈၈ယွမ်ရှိပြီး ဒေးဗစ်ဝယ်ပေးတဲ့အိတ်တွေက အများဆုံး၂၀၀၀၀ထက်မပိုခဲပါ။

ဒေးဗစ်ကဝမ်လင်းရဲ့အတွေးကို ရိပ်မိပြီး စိတ်ထဲမှကြိမ်ဆဲလိုက်သည်။ ဒီအိတ်က သူ့နှစ်လစာဝင်ငွေရှိပြီး တကယ်ဝယ်ပေးရလျှင် အလွန်နှမျောဖို့ကောင်းသည်။

ဒါပေမယ့် တစ်ဖက်ကတွေးကြည့်လျှင် သူ့ရဲ့ပိုက်ဆံရှာနိုင်စွမ်းကို အားကျပြီး စုတုံမှာ သူ့ဘက်ကိုလှည့်လာနိုင်သည်။

ဒေးဗစ်ရဲ့ နှလုံးသားဟာ လွန်ဆွဲနေလေပြီ။

တစ်ဖက်မှာတော့ စုတုံက အနားတောင်မကပ်ပဲ အိတ်တွေကို အဝေးကနေသာသဘောကျစွာ ကြည့်နေလေသည်။ အရမ်းကြိုက်တဲ့ဟာတောင် ခဏကြည့်ကာ ထားလိုက်သည်။

တစ်ချိန်ထဲမှာ လီဖန်းက စနစ်ထဲကိုဝင်ပြီး စနစ်အမှတ်၂၀၀၀ကို ပိုက်ဆံနဲ့လဲလိုက်သည်။ တစ်စက္ကန့်ကြာတော့ ဘဏ်ကနေမက်ဆေ့ ဝင်လာသည်။ ‘သင့်ရဲ့အကောင့်ထဲသို့ ၁၄း၃၈ ၌၂မီလီယံရောက်ရှိလာသည်။ စုစုပေါင်းစုငွေ ၃.၄မီလီယံရှိသည်။

စနစ်ကတကယ်မိုက်တာပဲ။

ပိုက်ဆံဘယ်က ရောက်လာလဲသူ မသိပေမယ့် စိတ်မပူပါဘူး။ ဒါကစနစ်။ ဒီလောက်လေးမှမလုပ်နိုင်လျှင် အစွမ်းထက်ဆုံးလို့ ဘာလို့ပြောနေမလဲ။

ပိုက်ဆံရောက်လာပြီဆိုတော့လည်း အစီအစဉ် စရတော့မှာပေါ့။

‘မစ် ဒီအနီရောင်လေး၊ အဖြူရောင်နဲ့တစ်ခု၊ အပြာရောင်တစ်ခုနဲ့ အနက်ရောင်တစ်ခု ကျွန်တော့ကောင်မလေးက ၁၀စက္ကန့်ထက်ပိုပြီး ကြည့်လိုက်တယ်။ ကျေးဇူးပြုပြီး အကုန်သာထည့်ပေးဗျာ’။

‘ပြီးတော့ မစ်ဝမ်လက်ထဲကအိတ်လဲ မဆိုးပါဘူး။ အဲ့ဒါမျိုးတစ်လုံးပါထည့်လိုက်’ လီဖန်းက ဘဏ်ကတ်ကိုထုတ်ပြီး အိတ်တွေကိုထုပ်ခိုင်းကာ တစ်ခါတည်း ရှင်းလိုက်သည်။

ပိုက်ဆံရှင်းပြီးတဲ့အချိန်ထိ စာရေးမလေးဟာ အိပ်မက်မက်နေသလိုပါပဲ။

ငါးအိတ်ကို စုစုပေါင်း ၆၆၃၉၉၆ယွမ်ရှိပြီး ဆိုင်ထဲဝင်တာ ၃မိနစ်တောင်မကြာ ပါဘူး။ လီဖန်းလိုဈေးဝယ်သူမျိုးကို ပထမဆုံးမြင်ဖူးတာပါ။

ပြဿနာက သူမဟာ ဒေးဗစ်သာလျှင် ဒီလိုဆိုင်မျိုးမှာ ဝယ်နိုင်ပြီး လီဖန်းကို ပုံစံမျိုးကို အမှတ်မထားရာ သူက ၆၀၀၀၀၀ကျော်ကို တစ်ခါတည်းဝယ်သွားလေသည်။

ဒေးဗစ်မှာ ဝမ်လင်းကို တစ်အိတ်လောက်ဝယ်ပေးရမလား စဉ်းစားနေရင်းကကြောင်သွားသည်။

ဘာတုန်းဟ တစ်ချက်ကြည့်တာနဲ့ ဝယ်ပေးလိုက်တယ်။

ဝင်ငွေအကြောင်း မပြောတာက ငါ့ဝင်ငွေက သူ့မုန့်ဖိုးလောက်ပဲ ရှိလို့များလား။

ဝမ်လင်းမှာလည်း ကြက်သေသေနေသည်။ ရှင်ကသူဌေးသားဆိုလည်း ဘာလို့ဒီလိုဝတ်စားထားရတာလဲ။ ပြဿနာက ငါကသာကြောင်းတောင် မပြရသေးဘူးလေ။ ဘာပဲဖြစ်ဖြစ် ဒေးဗစ်အိတ်တစ်လုံးလောက် ဝယ်ပေးပြီးချိန်ကို စောင့်သင့်တာပေါ့။

စုတုံက သူတို့ထက်ပိုပြီး ဆွံ့အနေသည်။

‘တိမ်တွေပေါ်မှာ လွင့်နေပြီလေ ငါလေး …(သီချင်းတွေဘာတွေ အဲ့လယ်)

စိတ်ထဲမှာ ကြယ်တွေကိုတောင် မြင်နေပါပြီ။ ဒီလူ ပိုက်ဆံ ၆၆၀၀၀၀လောက်ကို မျက်တောင်တောင်မခတ်ပဲ သုံးလိုက်တဲ့သူက သူမ လုပ်ဖော်ကိုင်ဖက် အသစ်လား။

ဒီလောက် ချမ်းသာတာ ဘာလို့အလုပ်လာလုပ် နေတာလဲ။


Comment

Leave a Reply

Options

not work with dark mode
Reset