ကော်ဖီဆိုင်တစ်ခုမှာ စုတုံ လီဖန်းကိုတွေ့သည်။
ဒီလူက ဘယ်လိုပြောရမလဲ။ အပြင်ပန်းကြည့်ရတာတော့ ကောင်းပါတယ်။ ဒါပေမယ့် တအားကြီးငေးရလောက်အောင် ချောနေတာတော့မဟုတ်ဘူး။
ဥက္ကဌ ဝေ့ကိုလိုက်နေကြတဲ့အထဲမှာ သူ့ထက်အပြင်ပန်း ကြည့်ကောင်းတဲ့ သူတွေအများကြီးပါ။
ရိုးရှင်းပြီး ပေါ့ပါးတဲ့ဝတ်စုံနဲ့ နာရီတွေ လက်စွပ်တွေလည်းမဝတ်ဘူး၊ ဝတ်ထားတာစုစုပေါင်းက ၁၀၀၀ယွမ်ထက်မပိုပဲ သာမန်လူတစ်ဦးနှင့်တူသည်။
ဥက္ကဌ ဝေ့က ဒီလူကိုမကြိုက်လောက်ပါဘူး။
‘ဟလို ကျွန်မနာမည် စုတုံ ပါ ဥက္ကဌဝေ့ရဲ့ လက်ထောက်’ စုတုံ လီဖန်းဆီလျှောက်လာပြီး လက်ဆန့်ကာပြောလိုက်သည်။
‘ဟလို ကျွန်တော်ကလီဖန်းပါ’ လီဖန်းလည်း လက်ဆွဲနှုတ်ဆက်ရင်း ပြောလိုက်သည်။
မိတ်ဆက်ပြီးနောက် စုတုံ ကလုပ်ရမည့်ကိစ္စတွေကို ဆက်ပြောပြသည်။
‘အနာဂတ်လုပ်ငန်းစုမှာ အလုပ်သမားတွေကို အရမ်းကောင်းတာပဲလား။ အဝတ်တောင်ဝယ်ပေးတယ်ပေါ’ လီဖန်းက အနည်းငယ်ရှုပ်ထွေးသွားသည်။
မင်ကျူး မှာအိမ်ငှားခက အရမ်းဈေးကြီးပြီး လစာရဲ့ ၅၀%ကျော်ကုန်သည်။ ဒီကုမ္ပဏီက အလုပ်သမားတွေကို အနီးအနားမှာအိမ်ငှားပေးတယ်ပေါ့ ။
ဒီနေရာက စည်ကားပြီး အိမ်ငှားခကတစ်ခန်းကို ၄၀၀၀ကျော်ကုန်သည်။
‘ဒါက….ကျွန်မသိရသလောက်တော့ ဒီလိုမျိုး ခံစားခွင့်ရတာဆိုလို့ ရှင်တစ်ယောက်ပဲရှိတယ်’ စုတုံ ကထူးဆန်းစွာပြောလိုက်သည်။
မစ်ဝေ့ရဲ့ ခိုင်းစေမှုကြောင့်သူမလဲ အံ့ဩနေသည်။ မဟုတ်လျှင် သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို လျှောက်တွေးနေမှာမဟုတ်ဘူး။
လီဖန်း’???’
ဥက္ကဌက ငါ့ကိုစိတ်ဝင်စားနေလို့ အန်းချင်တာလား။
‘အိမ်ငှားတဲ့နေရာမှာ ကန့်သတ်ချက်တွေရှိသေးလား’ လီဖန်းက သံသယဝင်စိတ်ကို မြိုသိပ်ရင်းမေးလိုက်သည်း။
‘ဟုတ်ကဲ့ အိမ်ငှားခက ၁၀၀၀၀ယွမ်ထက်မကျော်ရပါဘူး’ စုတုံကဖြေလိုက်သည်။’
လီဖန်းကခေါင်းငြိမ့်လိုက်သည်။မင်ကျူးမှာတောင်မှ ငှားခတစ်လ၁၀၀၀၀လောက် ပေးရတဲ့အိမ်က တကယ်ကောင်းပါတယ်။
သူပထမငှားတဲ့အိမ်တောင် တစ်လ၂၀၀၀ပဲပေးရတာပါ။
ခဏလောက်စကားပြောပြီး အနီးကအေဂျင်စီတစ်ခုကို အိမ်ရှာဖို့သွားကြသည်။
‘ဒင် သခင် တာဝန်အသစ်ရှိသည် စစ်ကြည့်မလား’
ဆိုင်ဝကိုရောက်တုန်းရှိသေးသည် စနစ်ရဲ့အချက်ပေးကပေါ်လာရာ
‘စစ်ကြည့်’
‘တာဝန်- ဟိုဘက်ခန်းကကောင်မလေး’
‘တာဝန်ဖော်ပြချက်- ယုကျင်းဥယျာဉ်ရှိ တိုက်နံပါတ်၁၀၊ အခန်း ၁၂၀၁ကိုငှားပြီး စုတုံရဲ့ အိမ်နီးချင်းဖြစ်အောင်လုပ်ပါ’
‘တာဝန်ဆုကြေး- EXP၅၀၊ ၁၀၀စနစ်အမှတ်’
‘မှတ်ချက်- လထွက်တာနဲ့ တာဝါတိုင်ပေါ်မှာရှု့စားဖို့အသင့်ရှိနေသကဲ့သို့ နတ်ဘုရားမလေးရဲ့ အိမ်နီးချင်းဖြစ်ပြီး သိမ်းပိုက်ဖို့ပထမခြေလှမ်းကို စတင်ပါ။
ဒါဟာ စော်လိုက်နည်း၃၆မျိုးထဲမှ တစ်ခုဖြစ်သည်’။
လီဖန်း ‘???’
မဟုတ်သေးဘူးစနစ် ဒါကြီးကလွန်လွန်းသွားပြီ။
အခန်းနံပါတ်ကို ဒါတိုက်ပြောလိုက်တော့ တာဝန်ပြီးမြောက်လျှင် ငါကဘယ်လို ဂုဏ်ယူရတော့မှာလဲ။
ပြောမယ့်သာပြောတာ ကြာလေကြာလေ စနစ်က သူ့အတွက် မောင်းမဆောင်ဖွင့်ပေးတော့မယ်လို့ မြင်လာလေဖြစ်သည်။
ဝေ့ပင်ချင်း၊ ဆောင်းဝမ်ကျင်း၊ ပြီးတော့ စုတုံ အခုတောင်သုံးယောက်ရှိနေပြီ။ စော်လိုက်နည်း ၃၆မျိုးတဲ့။
လူယုတ်မာစနစ်ကြီးလား။
ဘာပဲဖြစ်ဖြစ်လင်းဖန်က စိတ်ထဲမှာကြိတ်ပျော်နေသည်။
စော်ချောချောလေးတွေ အများကြီးကို ဘယ်ယောက်ျားလေးက ငြင်းဆန်နိုင်မှာလဲ။
အထဲဝင်ပြီးနောက် ဝန်ထမ်းတစ်ဦးက သူတို့ကိုနှုတ်ဆက်သည်။
လီဖန်းကအဆောက်အဦးတွေကိုကြည့်ရင်း တွန့်ဆုတ်သလိုလုပ်နေသည်။
ထို့နောက် ယုကျင်းဥယျာဉ်အကြောင်းမေးလိုက်သည်။
တိုက်ဆိုင်စွာပဲ အခန်း ၁၀/၁၂၀၁ ပိုင်ရှင်က အေဂျင်စီထံအပ်ထားရာ လီဖန်းမှာ ဟိုလိုလိုဒီလိုလိုလျှောက်မေးပြီးမှ ငှားလိုက်သည်။
‘လီ…လီဖန်း ရှင်တကယ် အဲ့အခန်းကိုငှားမှာလား’ စုတုံက ကြည့်ရင်းမှင်သက်နေသည်။
သူမကြည့်ရသလောက်ဆို ထိုအခန်းက သူမနေတဲ့အခန်းနဲ့ ကပ်ရပ်ပဲ။ သူမနေတဲ့နေရာကို လီဖန်းမသိဘူးဆိုတာ သေချာသည်။
ဒါပေမယ့် လီဖန်းကဒီအခန်းကိုမှရွေးလိုက်သည်။ ဒါသူတို့နှစ်ယောက်အတွက် ကံတရားကစီမံ ထားတာလား။
‘ဟုတ်တယ် ဒီနေရာက ကုမ္ပဏီနဲ့ နီးပြီး ပတ်ဝန်းကျင်လည်း ကောင်းတယ်။ ဈေးကလည်း တစ်လ၁၀၀၀၀ယွမ် ကွက်တိပဲ။
သူ့ထက်သင့်တော်တာ မရှိလောက်တော့ဘူး’ လီဖန်းကပုခုံးတွန်းရင်း ပြုံးကာပြောလိုက်သည်။
‘ဒါပေမယ့်…ဒါပေမယ့်…’ စုတုံကသူမနဲ့ ကပ်ရပ်ဖြစ်နေတယ်လို့ပြောလိုက်ချင်တာပါ။ ဒါပေမယ့် ရပ်ထားလိုက်သည်။
သူမနဲ့ ကပ်ရပ်ဖြစ်နေတယ်လို့ပြောပြီး လီဖန်းကိုမငှားနဲ့လို့ပြောလျှင်လည်း သဘာဝမကျပါဘူး။
‘ဟန် ပြဿနာရှိလို့လား’ လီဖန်းက စုတုံတွေးနေတာကို မှန်းမိလေသည်။
‘မရှိ…မရှိပါဘူး’ စုတုံသက်ပြင်းချလိုက်သည်။
သူမရဲ့အာရုံကလည်း အနာဂတ်တွင် လီဖန်းနဲ့ ဆက်နွယ်မှုမျိုး ရှိလာနိုင်သည်ဟု ထင်နေသလိုခံစားရသည်။
ဟုတ်တာပေါ့ ဟိုကအလွတ်ပေးမယ့် ရုပ်မဟုတ်ဘူး။
အငှားစာချုပ်ချုပ်ပြီးနောက် စုတုံက ၆လစာတစ်ခါတည်းပေးပြီး၊ လီဖန်းကို အခန်းသော့ပေးလိုက်သည်။
လီဖန်းရဲ့စိတ်ထဲမှာ အစ်မကျီလင် ရဲ့အသံကိုကြားလိုက်သည်။
‘ဒင် ဂုဏ်ယူပါတယ် သခင် တာဝန်ပြီးမြောက်ပါပြီ။ ဆုကြေးကိုထုတ်လွှင့်လိုက်သည်’
‘ဒင် ဂုဏ်ယူပါတယ် သခင် EXP၅၀နှင့် ၁၀၀စနစ်အမှတ်ကို ရရှိသည်’။
‘တာဝန်ကလွယ်ကူပြီး စိတ်ဝင်စားဖို့ကောင်းသည်’။
လီဖန်း သက်ပြင်းချကာ စုတုံနဲ့ ပြန်ထွက်လာပြီး ပင်သွန်း ကုန်တိုက်သို့ဆက်သွားကြသည်။
‘လီဖန်း ရှင့်မှာ လိုချင်တဲ့ တံဆိပ်မျိုးရှိလား’ ယောက်ျားလေးအဝတ်ဆိုင်ရောက်တော့ စုတုံကမေးလိုက်သည်။
‘ဟင့်အင်း မရှိပါဘူး သက်တောင့်သက်သာရှိလျှင် အဆင်ပြေတယ်’ ။
စီးပွားရေးအခြေအနေအရ နာမည်ကြီးတံဆိပ်တွေကို မဝယ်ဖြစ်ပါဘူး။ ကြည့်ကောင်းပြီး ဝတ်လို့ကောင်းလျှင်အဆင်ပြေသည်။
‘စုတုံ’ ထိုအချိန်တွင် အဝေးကနေ အံ့ဩတဲ့အသံတစ်ခုကိုကြားလိုက်သည်။
လှမ်းကြည့်လိုက်ရာ စတိုင်ကျစွာဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်ကို တွေ့ရသည်။
ဘယ်ဘက်တွင်ဈေးဝယ်အိတ်အနည်းငယ်နှင့် ညာဘက်လက်က သက်လတ်ပိုင်းလူကြီးတစ်ယောက်ရဲ့ လက်မောင်းကို ကိုင်ထားသည်။
‘ဝမ်လင်း’ စုတုံမှာ ဘယ်သူလဲမှတ်မိသွားပြီး ရုတ်တရက် မျက်နှာမကောင်းဖြစ်သွားသည်။
‘အိုး တကယ် စုတုံဖြစ်နေတာပဲ’ ဝမ်လင်း က စုတုံရှေ့လျှောက်လာပြီး ခြေဆုံးခေါင်းဆုံးကြည့်ကာ အထင်အမြင်သေး နေဟန်ရှိသည်။
စုတုံ ကအရမ်းလှပေမယ့် သာမန်ဝတ်စုံတွေသာ ဝတ်နိုင်သည်။ သူမလိုနာမည်ကြီးတံဆိပ်တွေနှင့် ယှဉ်ပါက အလွန်မှေးမှိန်သွားသည်။
‘ငါတို့မတွေ့ကြတာ ၂နှစ်တောင်ကျော်ပြီ။ နင်ကလှနေတုန်းပဲနော်။ မင်တက္ကသိုလ်ရဲ့ အလှဆုံးမိန်းကလေး ပီသပါပေတယ်’ စုတုံကို မထီမဲ့မြင်လုပ်ရင်း လှောင်သလိုပြောလိုက်သည်။
‘ဟုတ်တယ် ဘွဲ့ရပြီးတည်းက မတွေ့တာကြာပြီ’ စုတုံ ပြုံး၍ပင်ပြောလိုက်သည်။
ဝမ်လင်းက သူမရဲ့အခန်းဖော်ဖြစ်ပြီး ဆက်ဆံရေးကမကောင်းပါဘူး။ အဲ့အချိန်က စုတုံဟာကျောင်းမှာ အလှဆုံးအဖြစ်သတ်မှတ်ခြင်းခံရကာ ဝမ်လင်းမှာ လှသော်လည်း စုတုံနှင့်မယှဉ်နိုင်ခဲ့ဘူး။
ဝမ်လင်းကမနာလိုဖြစ်ကာ အပြင်ကကြည့်လျှင် စုတုံရဲ့သူငယ်ချင်းကောင်းတစ်ယောက်လို ထင်ရပြီး နောက်ကွယ်တွင် စုတုံ မကောင်းကြောင်းလျှောက်ပြောလေ့ရှိသည်။
ထိုအကြောင်းကို စုတုံသိသွားပေမယ့် မျက်နှာပျက်ခံ၍ မပြောချင်လို့သာ ယခုချိန်ထိ သူတို့ဆက်ဆံရေးက ဒီအတိုင်းပဲဆက်ရှိခဲ့သည်။
ဘွဲ့ရပြီးလျှင်တော့ တွေ့စရာမရှိတော့ဘူးဟု တွေးထားရာ ယခုမှထပ်တွေ့ကြခြင်းဖြစ်သည်။
‘မိတ်ဆက်ပေးရဦးမယ်။ ဒါကငါ့ချစ်သူ ဒေးဗစ်။ သူက ရှင်းယွမ်လုပ်ငန်းစုရဲ့ ဘဏ္ဏာရေးဆိုင်ရာညွှန်ကြားရေးမှူး လေ’ ဝမ်လင်းက ချိုသာစွာမိတ်ဆက်လိုက်သည်။
ရှင်းယွမ်လုပ်ငန်းစုက တရုတ်နိုင်ငံရဲ့ ထိပ်ဆုံး၅၀၀ထဲမှာပါဝင်ပြီး ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးရဲ့ လစာကတစ်နှစ်ကို ၅၀၀၀၀၀ကနေ၁မီလီယံထိရှိသည်။
‘မစ် စု တွေ့ရတာဝမ်းသာပါတယ်’ ဒေးဗစ်ရဲ့မျက်လုံးကအရောင်တွေတောက်နေသည်။
ဒီမိန်းကလေးကတကယ်လှတာပဲ။ မင်းသမီးတွေနဲ့ ယှဉ်လျှင်တောင် အောက်မကျဘူး။
Sပုံစံဘော်ဒီနဲ့ အောက်မှာထားပြီး သွယ်လျတဲ့ ခြေတံရှည်တွေကို ပုခုံးပေါ်တင်လိုက်ရလျှင်……။
တွေးရင်းတွေးရင်း ဒေးဗစ်မှာညီငယ်ကတာဆူလာသည်။ ဘောင်းဘီကချောင်လို့သာ မရိပ်မိနိုင်တာ။
‘ဟယ်လို မစ္စတာဒေးဗစ် သွားစရာရှိသေးလို့ ခွင့်ပြုပါဦး’ စုတုံကနှုတ်ဆက်ပြီး လီဖန်းကိုခေါ်သွားဖို့လုပ်သည်။
ဒီမှာဆက်နေလျှင် စိတ်မထိန်းနိုင်မှာကို သူမစိုးရိမ်သည်။
‘အလျှင်လိုစရာမလိုပါဘူး။ ဒါကမင်းချစ်သူလား။ ရုပ်ဖြောင့်သားပဲ။ မိတ်မဆက်တော့ဘူးလား’ ဝမ်လင်းကလီဖန်းကို ကြည့်ကာ အထင်သေးစွာပြောလိုက်သည်။
ဝတ်စားထားပုံက ဒေးဗစ်နဲ့ယှဉ်လျှင် မင်းသားနဲ့သူတောင်းစားလိုပါပဲ။
စုတုံကို အရှက်မခွဲနိုင်လျှင် ဒီနေ့တွေ့ရတာဘယ်တန်တော့မလည်း။