လုဒါဟွား ရဲ့ ဝန်ခံချက်ကြောင့် လျိုယွဲ့ရွာတစ်ခုလုံးကို ဒေါသနဲ့ မယုံကြည်မှုများ ကျန်ရစ်ခဲ့သည်။
အများစုက လုရန်နဲ့ လုရှန်းကို စာနာကြသည်။
သူတို့နှစ်ယောက် ကြီးပြင်းလာတဲ့ချိန် မိခင်မေတ္တာကို ခံယူသင့်ပေမဲ့ သူတို့ရဲ့ မိုက်မဲတဲ့ ဖခင်နဲ့ မိထွေးကြောင့် မခံစားခဲ့ရဘူး။
ရွာသူကြီး နဲ့ နီးစပ်တဲ့ ရွာသားတစ်ချို့ လု ညီအစ်ကို မောင်နှမများထံ သွားရောက်ပြီး ဝမ်းနည်းကြောင်း ပြောဆိုသည်။
ကံအဆိုးဆုံးက လုရှန်းလို့ အားလုံးက ထင်နေကြသည်။ သို့ပေမဲ့ သူတို့ရောက်လာချိန် သူမ ကောင်းကောင်းနေပုံပေါ် သည်။ သူမ လုဂျန် နဲ့ လုရှင်းတို့နဲ့အတူ ခြံဝင်းအတွင်း မြက်ခင်းများကို အေးအေးဆေးဆေး ပေါင်းသင် နေသည်။
ရွာသူရွာသားအားလုံးက သူမကို ဝမ်းနည်းလွန်းပြီး အလုပ်နဲ့ အာရုံပြောင်းဖို့ဆုံးဖြတ်ပေါ် ပုံသည်ဟု ထင်နေကြသည်။
ဒါကြောင့် လူတိုင်းက စကားနဲနဲပဲပြောပြီး ထွက်သွားကြသည်။
“အားရှန်း ၊ မင်း ဒီအကြောင်းကို သိပြီးပြီလား”
လုရန် ထွက်လာချိန် လုရန်ရဲ့ မျက်နှာအလွန်ဖျော့နေပြီး မျက်လုံးအောက်တွင် မျက်ကွင်းညိုညိုများရှိနေသည်။ သူ့မျက်နှာမှာ မောပန်းနွမ်းနယ်နေပုံရသည်။
လုရန် မျက်ရည်များနဲ့ သူမကိုကြည့်၏။
“မကြာသေးဘူး။”
လုရှန်း ပေါက်ပြားကို ချလိုက်ပြီး “လွန်ခဲ့တဲ့ နှစ်ရက်တည်းက ဒီအကြောင်းကိုသိတာ”
လုနိုင်း ခရိုင်တရားသူကြီးကို လက်ထပ်ချင်သည်လို့ ပြောခဲ့ပေမဲ့ လုနိုင်း သည် လု မိသားစုရဲ့ သမီးအရင်းမဟုတ်ပေ။ ဒါကြောင့် မူလ လုရှန်းကို သတ်ဖို့ အမျိုးသမီး လျို ကို ကူညီခဲ့သည်။
သို့ပေမဲ့ အမျိုးသမီး လျို သည် အားနည်းသူများကို အနိုင်ကျင့်ပြီး အားကြီးသူများကို ကြောက်ရွံ့သည်။ သူမ လုဒါဟွား အား အမျိုးသမီး ဟဲ ကို အဆိပ်ခတ်ရန် သတ္တိရှိရှိ ဆွဲဆောင်ခဲ့ပေမဲ့ ခရိုင်တရားသူကြီးကို မစော်ကားဝံ့ပေ။ ဒါကြောင့် သူမ လုနိုင်း ရဲ့ တောင်းဆိုမှုကို ငြင်းပယ်ခဲ့သည်။
သို့သော် လုနိုင်း သည် ခြိမ်းခြောက်ဖို့ ဒီကိစ္စကို အသုံးပြုခဲ့သည်။ အမျိုးသမီး လျို လုနိုင်း ကို မကူညီခဲ့ပါက လုနိုင်း က အမျိုးသမီး ဟဲ ကို အဆိပ်သင့်စေရန် လုဒါဟွား ကို အတင်းအကြပ် ခိုင်းစေတဲ့ လုပ်ရပ်ကို ထုတ်ဖော်ပြသလိမ့်မယ်။
အမျိုးသမီး လျို သည် သမီးဖြစ်သူရဲ့ ကိုယ်ရည်ကိုယ်သွေးကို ကောင်းစွာသိသည်။ သူမက အချည်းနှီးသော ကတိများကို ပေးဆောင်ဖို့ ဘယ်တုန်းကမှ မရှိခဲ့ဘူး။
အခြားနည်းလမ်းမရှိဘဲ၊ အမျိုးသမီး လျို ကလုနိုင်း ကို မူလ လုရှန်းကို ဖယ်ရှားဖို့ ကူညီရန် သဘောတူခဲ့သည်။
ထိုအချိန် မူလ လုရှန်း သည် ရေချိုးခန်းမှ ပြန်ရောက်လာသည်ကို မသိလိုက်ပေ။ ဒီစကားဝိုင်းတစ်ခုလုံးကို ကြားသွားခဲ့သည်။
အမျိုးသမီး လျို သည် မူလ လုရှန်းရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်မှာကို ကြောက်တာမို့ သတ်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။
လုနိုင်းရဲ့ အကူအညီနဲ့ တွန်းထုတ်လိုက်ပြီး အခန်းထဲသို့ ဆွဲခေါ်ကာ ခေါင်းအုံးဖြင့် အသက်ရူကျပ်အောင်လုပ်ခဲ့သည်။
ထို့နောက် အလောင်းကို အနီးနားရှိ ရေကန်ထဲသို့ ပစ်ချခဲ့သည်။
“ဘယ်သူဆီကကြားတာလဲ” လုရန် မေးလိုက်သည်။
“လုနိုင်းနဲ့ အမျိုးသမီး လျို “
လုရှန်း ခေါင်းငုံ့ပြီး သူမရဲ့ အမူအရာကို ဖုံးကွယ်ထား၏။
လုရန်ရဲ့ အမူအရာက အနည်းငယ် ရှက်စရာကောင်းလာသည်။ စက္ကန့်အနည်းငယ်ကြာပြီးတော့ အေးစက်စက်လေသံဖြင့် “ ဒါကြောင့် မင်းကိုသတ်ချင်တာလား”
လုရှန်း ခေါင်းညိတ်ရင်း “ထင်တာပဲ”
လုရန် ပြောစရာစကားမဲ့သွား၏။ အမျိုးသမီး လျို ကို ဘေးဖယ်ထားရင်တောင် သူ့အဖေက သူ့အမေသေဆုံးမှုမှာ ပါဝင်ပတ်သက်နေသည်ဆိုတာ မယုံနိုင်ဘူး။
လုရန် စိတ်ဆင်းရဲတာကို မျိုသိပ်ပြီး ပျော့ညံ့တဲ့ အသံနဲ့ မေးလိုက်သည်။ “လွန်ခဲ့တဲ့နှစ်ရက်က သရဲခြောက်တာ…”
“ဒါတွေအားလုံး ညီမလေး လုပ်တာ ” လုရှန်း ဝန်ခံသည်။
“ကောင်းကောင်းလုပ်ခဲ့တယ် !”
လုရန် ပြောပြီးတာနဲ့ သူ့အခန်းထဲပြန်ဝင်သွားသည်။
လုဂျန် လုရန် အခန်းထဲပြန်သွားချိန်ကိုစောင့်နေ၏။ ထို့နောက် သူက လုရှန်းနဲ့အတူ လုရှင်းရှိရာကို မျှော်ကြည့်ပြီး “ဒုတိယအစ်မ ငါတို့ဗိုက်ဆာနေပြီ”
“ငါ မင်းကို ထမင်းကျွေးမယ်”
သူမလက်ဆေးပြီးနောက် လုရှန်း မီးဖိုချောင်သွားသည်။
အမျိုးသမီး လျို သည် အလွန်တွက်ဆတတ်သူဖြစ်သည်။ လုရှန်း အရသာရှိသည့် ဟင်းပွဲလုပ်ဖို့မစောင့်နိုင်အောင်ဖြစ်နေ၏။
လုရှန်းက ထမင်းအိုးကိုဖွင့်ကြည့်လိုက်တော့ တစ်ဝက်ပဲ ရှိသည်။ သူမသည် တခါမှ မထိဖူးသော မုန့်ညက်အိုးကို လှမ်းမြင်လိုက်သည်။
ဥတွေကို တစ်ချက်ကြည့်လိုက်သည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် ရိုးရှင်းသော omelet ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
သူမ နောက်တစ်နာရီအတွင်း အလုပ်များနေသည်။
ပြီးတာနဲ့ သူမ ကြက်ဥအကာပန်းကန်ကို ယူလာပြီး လုဂျန် နဲ့ လုရှင်းကိုမြည်းကြည့်ဖို့ တောင်းဆိုသည်။ ထို့နောက် သူမက လုရန်ရဲ့ အခန်းကိုသွားပြီး တံခါးခေါက်လိုက်သည်။
လုရန်စားချင်စိတ်မရှိတာမို့ သူတို့ကိုပဲ စားခိုင်းခဲ့တယ်။
လုရှန်းကလည်း သူ့ကို အတင်းအကြပ်ဖိအားမပေးဘူး။ ထမင်းစား စားပွဲသို့ ပြန်ရောက်တော့ ကလေး နှစ်ယောက်စောင့်နေတာ သိလိုက်သည်။
“စားတော့” လုရှန်း တစ်ယောက်ချင်းစီကို ဝေငှလိုက်သည်။
လုဂျန် ခရမ်းချဉ်သီးကို ယူကာ မျိုချလိုက်သည်။ “ဒုတိယအစ်မ ၊ အမေက အဖေနဲ့ တတိယညီမအတွက် ကြမ်းခင်းဝယ်ပေးတယ် ။”
Good