“ဒီကိစ္စ မထူးဆန်းဘူးလား?” ချုစစ်ဟန် လေးနက်စွာ မေး၏။
အမျိုးသမီး ဟဲ ကွယ်လွန်ပြီး ၆ နှစ်၊ ၇ နှစ်ကြာသည်အထိ ဘာလို့သေဆုံးရသလဲဆိုသည့် အကြောင်းရင်းကို ဘယ်သူမှ မမေးခဲ့ဘူး။
ဒါ့အပြင် ဒီနှစ်တွေမှာ အမျိုးသမီး လျို နဲ့ လုဒါဟွားတို့ သူတို့ကိုယ်သူတို့ လှည့်စားဖို့ ဘယ်တုန်းကမှရည်ရွယ်မှာမဟုတ်ဘူး။ ဆိုတော့ကား လုရှန်းပျောက်ကွယ်သွားတာဟာ ဘာလို့ လုဒါဟွား သူရဲ့ ရာဇ၀တ်မှုကို ရုတ်တရတ် ထွက်ပေါ်လာစေတာလဲ?
ပထမဦးစွာ လုနိုင်း က အမျိုးသမီး လျို ရဲ့ မသမာတဲ့ ရည်ရွယ်ချက်နဲ့ လုရှန်းကို အန္တရာယ်ပြုဖို့ ထုတ်ဖော်ခဲ့သည်။ အဖြစ်အပျက်တွေက ထူးဆန်းလွန်းသည်။
“ထူးဆန်းတယ် ?” ချုယွမ်နားမလည်ဘူး။ သူက ခေါင်းကုတ်ပြီး “သခင်၊ ဘာထူးဆန်းလို့လဲ?”
ချုစစ်ဟန် က မျက်မှောင်ကြုတ်ကာ အသံတိုးတိုးဖြင့်ပြောလိုက်သည်။ “မနေ့က သူ့အိမ်သွားတုန်းက ရွာလူကြီးပြောခဲ့တာ မှတ်မိလား”
“ရွာသူကြီးရဲ့စကား” ချုယွမ် မျက်မှောင်ကြုတ်ပြီး ခဏလောက် စဉ်းစား၏ ။ သူ ခေါင်းငုံ့ကာ “ဘယ်စကားလုံးတွေကို ရည်ညွှန်းတာလဲ?”
ရွာလူကြီး တော်တော်များများ ပြောခဲ့တာ။ အရာတွေ အားလုံးကို သူဘယ်လိုမှတ်မိနိုင်မှာလဲ?
“လု မိသားစု သရဲခြောက်တဲ့ အဖြစ်အပျက်တွေ ကြုံလာတော့ လုနိုင်း က သူ့လုပ်ရပ်အမှန်ကို ဆန္ဒအလျောက် ထုတ်ပြခဲ့တယ် ”
“နောက်ထပ် သရဲခြောက်တဲ့ အတွေ့အကြုံတစ်ခုပြီးနောက် လုဒါဟွား ဝန်ခံခဲ့တယ်လို့လည်း မင်း ပြောခဲ့တယ်။ ပျောက်ဆုံးနေတဲ့ မိန်းကလေး ပြန်လာပြီးနောက် ဒါတွေအကုန်လုံးက ဖြစ်ခဲ့တာ။”
ချုစစ်ဟန် ဒီနေရာမှာ ရပ်လိုက်သည်။
ချုယွမ် အဆုံးစွန်နားမလည်ပဲ စဉ်းစားဖို့ တခဏ တိတ်ဆိတ်သွား၏။ “သခင်၊ ဒီအဖြစ်အပျက်တွေက အဲဒီမိန်းကလေးနဲ့ သက်ဆိုင်တယ် လို့ ပြောချင်တာလား။”
“ထင်တာပဲ။ မိန်းကလေး လု က မလွယ်ဘူးပဲ ”
ချုစစ်ဟန် မတ်တပ်ထရပ်ပြီး ပြတင်းပေါက်ဆီကို လျှောက်သွားသည်။ သူရဲ့ ပါးလွှာတဲ့ နှုတ်ခမ်းများ တွန့်နေပြီး သူ့ရဲ့ အေးမြတဲ့ မျက်လုံးတွေက ပြတင်းပေါက် အပြင်ဘက်ရှိ podocarpus ကို ကြည့်နေသည်။ သူ လေးလေးနက်နက် တွေးနေပုံရသည်။
သူ့ကံကြမ္မာကို ပြောင်းလဲစေမယ့် ဒီမိန်းကလေးက ရွာသူကြီးပြောခဲ့တာနဲ့ တော်တော်ကွာခြားတယ်။
“သူမက ကျေးလက်တောသူမလေး မဟုတ်ဘူးလား? သူမနဲ့ ပတ်သတ်ပြီး ဘာတွေ ကွာခြားနိုင်မလဲ။”
ချုယွမ် သူ့ သခင် အတွေးလွန်နေသည်လို့ ခံစားမိသည်။
လုရှန်းမှာ မတူညီတဲ့ စရိုက်လက္ခဏာတွေ ရှိပေမဲ့ သူမက ကျေးလက်မှာ ကြီးပြင်းလာတဲ့ မိန်းကလေးပဲလေ။ သူမ က ဘယ်လိုလုပ် ရူပ်ထွေးမှာလဲ?
ချုစစ်ဟန် အကြောင်းမပြန်သော်လည်း ကံကြမ္မာပြောင်းလဲနေသော မိန်းကလေး နဲ့ တွေ့ဆုံလိုသော ဆန္ဒက သူ့နှလုံးသားထဲမှာ အမြစ်တွယ်နေသည်။
သို့ပေမဲ့ အရေးကြီးဆုံးတာဝန်က ဟောင်ရန်မြို့ က လူသတ်မှုကို စုံစမ်းစစ်ဆေးဖို့ဖြစ်သည်။
ချုစစ်ဟန် ချုယွမ်နဲ့ ဆွေးနွေးဖို့ နောက်ပြန်လှည့်လာ၏။
ထိုအချိန် အစေခံငယ်တစ်ယောက်ကြားဝင်ပြီးလေးလေးစားစားနှုတ်ဆက်၏။ “သခင် ၊ သခင်မနဲ့ အကြီးအကဲတို့က အဖိုးတန်ဧည့်သည်ရောက်နေလို့ အရှေ့ခြံဝန်းဆီ လာစေချင်ကြောင်းပြောလိုက်ပါတယ်။”
“ဘယ်သူလဲ?” ချုစစ်ဟန် က မေးသည်။
အစေခံက “ သခင်မလေး ရှန်းကွမ်းလင်းအာ ပါ။”
ချုစစ်ဟန် နာမည်ကြားတော့ မျက်မှောင်ကြုံ့သွား၏။
မနေ့ကလည်း ရှန်းကွမ်းလင်းအာ ဒီနေရာကို ရောက်ရှိလာပေမဲ့ သူ လျိုယွဲ့ရွာကို သွားခဲ့ပြီးနောက် အစိုးရရုံးစီ အပြေးအလွှား သွားတာမို့ တွေ့ဆုံခြင်း မရှိခဲ့ပေ။ သူ ညနေစောင်းမှ အိမ်ပြန်ရောက်ခဲ့သည်။
ထို့ကြောင့် သူတို့နှစ်ယောက် မဆုံဖြစ်သေးဘူး။
ချုစစ်ဟန် က “ အကြီးအကဲ နဲ့သခင်မကို ကျေးဇူးပြုပြီးပြောလိုက်ပါ။ ငါပင်ပန်းနေလို့အနားယူနေတယ် လို့”
“ကောင်းပြီ!”
ချုယွမ် ပါးစပ် ပိတ်ထားလိုက်ပြီး ဘေးနားက နားထောင်သည်။
ရှန်းကွမ်းလင်းအာ က တရားသူကြီး ရှန်းကွမ်း ရဲ့ သမီးဖြစ်ပြီး ဟောင်ရန်မြို့က ဆွဲဆောင်မှုရှိပြီး ထက်မြက်သော မိန်းကလေးတစ်ဦးဖြစ်သည်။
ဒါ့အပြင် ရှန်းကွမ်း မိသားစု နဲ့ ချူးမိသားစုတို့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသည်။ မိသားစုနှစ်ဦးစလုံးက အကြောင်းအရာကို မဖော်ပြကြပေမဲ့ အတူတကွလက်ထပ်ရန် နှစ်ဦးနှစ်ဖက် ဆန္ဒရှိကြသည်။
သို့သော် ချူယွမ် သည် သခင်မလေး ရှန်းကွမ်းကို သိပ်စိတ်မဝင်စားတာ ခံစားမိသည်။
သူ့သခင် သည် မြို့တော်မှာ မရေမတွက်နိုင်သော အလှတရားများနှင့် ဆုံတွေ့ခဲ့ရပြီးကတည်းက ဖြောင့်မတ်သည်။ သခင်မလေး ရှန်းကွမ်း သည် ဟောင်ရန်မြို့က အရည်အချင်းရှိတဲ့ မိန်းကလေး လို့ သတ်မှတ်လို့ရပေမဲ့ မြို့တော်က အမျိုးသမီးများနဲ့ နှိုင်းယှဉ်ရင် ဖျော့တော့သည်။
ထုံးစံအတိုင်း၊ သခင်က သူမကို စိတ်ဝင်စားခြင်းမရှိခြင်းသည် ကျိုးကြောင်းဆီလျော်သည်။
“သခင်၊ ဒီနေ့ အစိုးရရုံးမသွားဘူးလား” ချုယွမ် မေးလိုက်သည်။
“မဟုတ်ဘူး၊ အဝတ်နှစ်စုံ ပြင်ပေး။ ငါ ဒီည လမ်းလျှောက်ထွက်မလို့ “
ခရိုင်တရားသူကြီးရဲ့ အဆိုအရ မနေ့ညက ခရိုင်တွင် သံသယဖြစ်ဖွယ် အသွင်အပြင်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ သို့ပေမဲ့ တာဝန်ရှိသူများက ဖမ်းမိသည့်အချိန် ပျောက်ကွယ်သွားခဲ့သည်။
ချုစစ်ဟန် ဒီနေ့ည တောင်ပိုင်းမြို့ကို သွားဖို့ ရည်ရွယ်ထားပေမဲ့ သူ့ကံကြမ္မာကို စမ်းကြည့်ရန် ကြံရွယ်ထားသည်။