အပိုင်း(၁၃)

လက်ထောက်မလေး

လီဖန်းကပြုံးလိုက်သည်။ ဟဲချူ ဟာညက မင်ယွဲ့ ကလပ်ရဲ့ အင်ပါယာခန်းမမှာ တွေ့ခဲ့တဲ့ ၁၂ယောက်ထဲကတစ်ယောက်ဆိုတာ စလာတည်းကသူမှတ်မိသည်။

‘မသိလို့လုပ်တာ အပြစ်မဖြစ်ပါဘူး’ လီသခင်လေးလို့ခေါ်မှတော့ သူလည်းမျက်နှာသာပေးရမှာပေါ့။

ဟဲချူ အခုမှသက်ပြင်းချနိုင်သည်။ သူကလီဖန်းရဲ့နာမည်အရင်းကို မသိပါဘူး။ လီဖန်းဆိုတာ လီသခင်လေးမှန်းသိမှ ကောင်းဖန်ကို စိတ်ထဲမှ ကြိမ်ဆဲနေတာပါ။

ခွေးသတောင်းစား ပစ်မှားစရာရှားလို့။ ဟိုကစကျင်ကျောက်နဲ့ လုပ်ထားတဲ့ ကော်ဖီစားပွဲကို လက်သီးတစ်ချက်တည်းနဲ့ ခွဲလိုက်တာ။ ကံကောင်းလို့ ငါပါ ပါတော့မလို့။

‘ဒါကငါမင်းတို့ကိုပြောပြောနေတဲ့ လီသခင်လေးပဲ လာနှုတ်ဆက်လိုက်ကြ’ဟဲချူကသူ့နောက်ကိုအော်လိုက်သည်။

‘မင်္ဂလာပါ လီသခင်လေး’ လူမိုက်တွေဟာ ဟဲချူနောက်ကို အမြန်လာရပ်ရင်း ခေါင်းငုံ့ကာ ပြိုင်တူအော်လိုက်သည်။

လီဖန်းကအေးဆေးလေးတုံ့ပြန်လိုက်ပြီး ဟဲချူကိုကြည့်လိုက်သည်။

ဟဲချူလဲ သဘောပေါက်သွားပြီး ‘ကောင်းခွန် မင်းအသက်ရှင် ရတာငြီးငွေ့နေပြီလား’။

‘ဟဲ ဘော့စ် ကျွန်…ကျွန်တော်လီဖန်းကို မသိပါဘူး’ ကောင်းခွန်ငိုချင်နေပါပြီ။ ဟဲချူကလီဖန်းကို လီသခင်လေးလို့ဘာလို့ခေါ်လဲသူမသိပါဘူး။ လီဖန်းက ငမွဲကောင် အလုပ်သမားလေးပါ။

‘ဖာ့ခ် မင်းလီသခင်လေးကို ဘယ်လိုခေါ်လိုက်တာလဲ’ ဟဲချူ ကောင်းခွန်ဆီသွားကာလက်ကိုမြှောက်ပြီး ရိုက်လိုက်သည်။

‘ဖြန်း’

ကောင်းခွန် ပါးတွေယောင်ကိုင်း  နေပါပြီ။

‘ပြီးတော့မင်း မင်းကများ လီသခင်လေးနဲ့ ယှဉ်ချင်တယ်ပေါ့။ မင်းငါနဲ့တွေ့တော့မယ်’ ပြောရင်းဆိုရင်း ခြေထောက်မြှောက်ကာ ကျန်းယွမ်၏ဗိုက်ကို ကန်ထည့်လိုက်သည်။

‘ပြီးတော့ မသာမ၊ နင်ကိုယ့်ရုပ်ကိုပြန်ကြည့် လီသခင်လေးကနင့်ကို စော်ကားစရာလား’ ဟဲချူက ကြိမ်ဆဲရင်း ရှောင်မာဆီကိုလျှောက်သွားသည်။

ထို့နောက် ပါးရိုက်လိုက်ရာ လက်ငါးချောင်းရာထင်သွား​ေလသည်။

ဆက်လက်ပြီး နောက်လှည့်ကာ ‘မင်းတို့ကဘာလုပ်နေတာလဲ ဒီမှာ သေအောင်လာရိုက်ကြစမ်း’။

‘ဟုတ်ကဲ့’

အမိန့်ပေးသံကြားပြီးနောက် လူမိုက်တွေဟာ စရိုက်ကြတော့သည်။

အလုပ်သမားတွေဟာ ကြည့်တောင်မကြည့်ရဲကြတော့ပါ။ လီဖန်းကိုလှောင်ထားတဲ့ သူတွေဟာလည်း ကြောက်လန့်ကာ ပုန်းချင်နေကြသည်။

‘လီသခင်လေး ကျွန်တော့ကိုချမ်းသာပေးပါ၊ ကျွန်တော်မှားပါတယ်’

‘လီသခင်လေး ကျေးဇူးပြုပြီးသူတို့ကို ရပ်ခိုင်းလိုက်ပါ ကျွန်တော်ဘယ်တော့မှ သခင်လေးကို ပစ်မှတ်မထားတော့ပါဘူး’

‘လီသခင်လေး ကျွန်မကလုပ်ကြံတာပါ၊ ကျွန်မမှားပါတယ်၊ ရပ်ခိုင်းလိုက်ပါတော့’

ဟဲချူ လူတွေဟာ တိုက်နေခိုက်နေကျကောင်တွေပါ။ ဘယ်နားကို ဘယ်လိုနာအောင်ထိုးရမယ်ဆိုတာ ကောင်းကောင်းသိသည်။

ကောင်းခွန် တို့သုံးယောက်ဟာ ငိုယိုပြီး တောင်းပန်နေပါတော့သည်။

‘ရပြီ ရပ်တော့’ လီဖန်းကခေါင်းကိုခါလိုက်သည်။ သူဒီသုံးယောက်ကို သတ်ခိုင်းလိုက်လို့မရပါဘူး။

လီဖန်းပြောလိုက်တာနဲ့ ချက်ချင်းရပ်သွားသည်။ ‘မင်းနာမည်ဘယ်လိုခေါ်လဲ’ လီဖန်းကဟဲချူကိုမေးလိုက်သည်။

‘ဟဲချူဗျ’

‘ဒီနေ့ကိစ္စကို ငါအမှတ်ထားမှာပါ။ လက်ငင်းပိုက်ဆံတော့ ငါ့မှာမရှိဘူး။ နံပါတ်ပေး ငါ၁၀၀၀၀၀ယွမ်လွှဲပေးလိုက်မယ်’ လီဖန်းကဖုန်းထုတ်ပြီး ပြုံးကာပြောလိုက်သည်။

အစကသူလည်းသူဌေးသားတစ်ယောက်ပါ။ နောက်တော့ဆင်းရဲသွားပေမယ့် ပိုက်ဆံကိုသုံးသင့်တဲ့နေရာမှာ တွန့်တိုမနေပါဘူး။

ထိုစကားကိုကြားပြီးနောက် ကောင်းခွန်နဲ့ အလုပ်သမားတွေ ကြောင်သွားကြပြီး လီဖန်းကို အံ့ဩစွာကြည့်လိုက်သည်။

လီဖန်းကငမွဲ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ချမ်းသာသွားတာလဲ။

အတွေ့အကြုံရအောင် အလုပ်လုပ်နေတဲ့ သူဌေးသားလား။

သူတို့အတွက် လီဖန်းဟာ ပိုပြီး ဆန်းကြယ်လာသည်။

ဟဲချူ ချက်ချင်းငြင်းလိုက်သည်။ လီဖန်းကိုကူညီရတာ သူ့အတွက်အခွင့်အရေးပါ။ ဘယ်လိုလုပ် ပိုက်ဆံယူမလဲ။

လီဖန်းကဆက်လက်ယူခိုင်းနေ၍သာ လက်ခံလိုက်ရသည်။ ထို့နောက် ရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက် တွေကို စကားနည်းနည်းပါးပါးပြောပြီး ကုမ္ပဏီက ထွက်လာခဲ့တော့သည်။

လီဖန်းထွက်သွားမှ ကောင်းခွန်မှာ စိတ်သက်သာရာရသွားသည်။ သူ့မျက်လုံးမှာ ပြင်းထန်တဲ့ အလင်းတစ်ချက်ဖြတ်ပြေးသွားသည်။

ဒီနေ့ကိစ္စကို သူဒီအတိုင်းထားမည်မဟုတ်ပါ။

‘ဖာ့ခ် လီသခင်လေးကို လက်စားခြေချင်တာလား အိပ်မက်မက်နေ’ ဟဲချူက ကောင်းခွန်ရဲ့ လီဖန်းအပေါ်မုန်းတီးမှုကိုမြင်တော့ ပါးရိုက်ကာပြောလိုက်သည်။

‘မင်းကိုအမှန်အတိုင်းပြောလိုက်မယ်၊ ငါတို့သူဌေးတောင် လီသခင်လေးကို လေးစားရတယ်။ သေမှာမကြောက်လျှင်တော့ ကြိုးစားကြည့်လိုက်’။

ကောင်းခွန်မှာမိုးကြိုးပစ်ခံရသကဲ့သို့ ထိုနေရာမှာပဲ တောင့်တောင့်ကြီးငြိမ်နေသည်။

ဟဲချူပြန်သွားတော့ ကောင်းခွန်ကို ကျန်းယွမ်ထမေးလိုက်သည် ‘သူဌေး ဟဲချူရဲ့ သူဌေးကဘယ်သူလဲ’။

‘ဆောင်းဝမ်ကျင်း၊ လီဖန်းကသူမနဲ့ရင်းနှီးတာလား။ သွားပြီ၊ အားလုံးသွားပြီ’ ကောင်းခွန်ဟာအရူးတစ်ယောက်လို ရေရွတ်နေသည်။

ကျန်းယွမ်နဲ့ ရှောင်မာလည်းမြေပေါ်သို့လဲကျသွားကြသည်။

သူတို့ကသာမာန်လူတွေဆိုပေမယ့် မုဆိုးမလေးဆောင်းဝမ်ကျင်း အကြောင်းကိုကြားဖူးကြသည်။ သူမနဲ့ယှဉ်လျှင် ကောင်းခွန်လိုသူဌေးပေါက်စနလေးက ဘာမှမဟုတ်ပါဘူး။

ဆောင်းဝမ်ကျင်းကသူတို့ကို သေအောင်အေးဆေးကစားသွားလို့ရသည်။

‘ဟေး မစ်ဝေ့… ကျွန်တော်အလုပ်လာလုပ်ဖို့ စဉ်းစားပြီးသွားပြီ။ ဘယ်တော့လာရမလဲ။

အိုကေ   ကျေးဇူးပါ မစ်ဝေ့’ ကုမ္ပဏီကထွက်ပြီးနောက်လီဖန်းဟာ ဝေ့ပင်ချင်းဆီ ဆက်သွယ်လိုက်သည်။

အနာဂတ်စီးပွားရေးလုပ်ငန်းစုရဲ့ဥက္ကဌရုံးခန်းထဲမှာ ဝေ့ပင်ချင်းဟာ ဖုန်းချပြီးနောက် အဓိပ္ပါယ်ရှိစွာ ပြုံးနေလေသည်။ တခြားလူသာရှိနေမယ်ဆို လန့်သွားမှာပါ။

ရေခဲတုံးလို ဥက္ကဌက ဘယ်သူ့ကိုမှ ရယ်မပြဖူးပါဘူး။

မကြာခင်ပဲ ပြန်လည်တည်တံ့သွားပြီး ခုံပေါ်ရှိ စကားပြောစက်ကိုနှိပ်ကာ ‘စုတုံ ငါ့ ရုံးခန်းကိုလာခဲ့’။

၁မိနစ်မပြည့်ခင်မှာပဲ အနက်ရောင်အင်္ကျီနှင့် စကတ်အဖြူကို ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက် တံခါးဖွင့်ပြီး ဝင်လာသည်။

ထိုအမျိုးသမီးဟာ အရပ်၁.၅မီတာလောက်ရှည်ပြီး ဖရဲစေ့မျက်နှာ၊ မိုးမခမျက်ခုံးများ၊ ချယ်ရီနှုတ်ခမ်းငယ်၊ ဖြူဖွေးပြီးနူးညံ့သောအသားအရည်တို့နှင့် အလွန်လှပသည်။

ဝေ့ပင်ချင်းအလှက ၁၀မှတ်အပြည့်ဆို သူမက ၉မှတ်လောက်တော့ရသည်။

သူမဝတ်စုံက Sပုံစံ ခန္ဓာကိုယ်ကို ဖော်ပြထားပြီး အနက်ရောင်ခြေအိတ် ဝတ်ဆင်ထားသည့် ရှည်လျား၍ သွယ်တန်းနေသော ခြေအစုံကိုလည်းတွေ့နိုင်သည်။

သူမကတော့ ဝေ့ပင်ချင်းရဲ့ လက်ထောက် စုတုံ ပါ။ ‘မစ် ဝေ့ ကျွန်မကိုခေါ်တာလား’ စုတုံခုံနားကိုလျှောက်လာပြီး မတ်တပ်ရပ်ကာ မေးလိုက်သည်။

‘ကောင်းပြီ စာရင်းကိုင်ဆီမှာ ပိုက်ဆံ ၂၀၀၀၀၀ထုတ်သွား ပြီးလျှင် ငါ့ကားကိုမောင်းပြီး အလုပ်သမားအသစ်ကို သွားကြို။

သူနေဖို့ ဒီနားမှာပဲ နေရာတစ်နေရာရှာပေးလိုက်၊ နောက်ပြီး ဆိုင်တစ်ခုခုကိုသွားပြီး သူ့အတွက်ဝတ်စုံနှစ်ခုလောက်ဝယ်ပေးလိုက်၊ ပြီးတော့ငါ့ဆီကိုခေါ်လာခဲ့၊ ဒီမှာ သူ့ကိုယ်ရေးအချက်အလက်’။

‘ဟုတ်ကဲ့ မစ်ဝေ့’ စုတုံ လီဖန်းကို ဆက်သွယ်ရမယ့်အချက်အလက်တွေယူပြီး ထွက်လာလိုက်သည်။

‘လီဖန်း…ဒါယောက်ျားလေးနာမည်ပဲ။ မစ်ဝေ့နဲ့ဘယ်လိုဆက်ဆံရေးရှိလို့လဲ’ စုတုံလည်း ရုံးခန်းကထွက်လာပြီး ထူးထူးဆန်းဆန်းရေရွတ်နေသည်။

ဝေ့ပင်ချင်းရဲ့ ပထမဆုံးအကြိမ် ဝန်ထမ်းတစ်ဦးအပေါ် ဒီလောက်ဂရုစိုက်တာဖြစ်လို့ စုတုံမှာ လီဖန်းကိုစိတ်ဝင်စားလာသည်။


Comment

Leave a Reply

Options

not work with dark mode
Reset