လုရန် သတင်းကြားကြားချင်းဝမ်းမြောက်နေသည်။ ဒီယုတ်မာတဲ့ နှစ်ယောက် သူတို့ရဲ့ အပြစ်ကို ခံယူသင့်သည်လို့ သူမ ထင်သည်။
လုဒါဟွား ငွေ ငါးရာ ကို တွေးနေတာမို့ နွားလှည်းပေါ်တက်ကာ မြို့တွင်းရှိ ချူအိမ်တော်ကို ကိုယ်တိုင်သွားရောက်ခဲ့သည်။
ချုအိမ်တော်တွင် သူတို့ရဲ့ တံခါးများကို ပိတ်ထားသည်။ ချူ မိသားစု ကို ဘယ်လိုပဲပြောပြော တံခါး ဖွင့်ဖို့ ရည်ရွယ်ချက် မရှိဘူး။
သူထွက်ခါနီး ဒီဇိုင်းကောင်းမွန်ပြီး အလှဆင်ထားတဲ့ ရထားလုံး ၁ စီး ဘေး၌ ရပ်တန့်၏။
ငယ်ငယ်ရွယ်ရွယ်နဲ့ ချောမောလှပတဲ့ မိန်းမချောလေးတစ်ယောက် ရထားပေါ်ကနေ ဆင်းလာသည်။
ရထားထိန်း တံခါးသွားခေါက်စဉ် အစေခံက လှောင်ပြောင်ပြော၏။ “သခင်မလေး သခင် လေး ဒီတခေါက်ပြန်လာတာ ဒီအိမ်ထောင်ရေးကိုရပ်တန့်ဖို့ လို့ ကျွန်မ ကြားထားတယ်။”
ထိုမိန်းကလေးက ဖွဖွလေးပြုံးပြီး “အစ်ကိုဟန်က အမြဲဒီလိုပဲ မိဘတွေက စီစဉ်ပေးရင်တောင် မကြိုက်တာကို လုပ်မှာမဟုတ်ဘူး။”
အစေခံက မထီမဲ့မြင်ပြုတဲ့အမူအရာနဲ့ ပြန်ပြော၏။ “လု မိသားစုက သူတို့ကိုယ်သူတို့ မှန်ထဲ ကြည့်သင့်တယ်။ မြွေပွေးတစ်ကောင်က ငန်းကိုလက်ထပ်ဖို့ ဘယ်လိုတောင် သတ္တိရှိတာလဲ? သခင်မလေးနဲ့သခင်တို့က အတူ ကြီးပြင်းလာကြတာ မင်းတို့နှစ်ယောက်က ကလေးဘဝက ချစ်သူတွေဖြစ်ပြီး ပြီးပြည့်စုံတဲ့ စုံတွဲ ပဲ!”
“တော်တော့ !” ရှန်းကွမ်းလင်းအာ က သူ့အစေခံကို ကြည့်လိုက်ပေမယ့် မျက်ဝန်းထဲ အပြုံးတွေနဲ့ ပြည့်နေ၏။
ရှန်းကွမ်းလင်းအာ သည် ငယ်စဉ်ကတည်းက ချုစစ်ဟန် ကို ချစ်ခဲ့ပြီး မိသားစုနှစ်စုကလည်း သူတို့ နှစ်ယောက်သား ပေါင်းစည်းရန် ဆန္ဒရှိသည်။
သခင်မ ချု က ချုစစ်ဟန် ရဲ့ အိမ်ထောင်ရေးကို ရုတ်တရက် စီစဉ်ပေးလိုခြင်းဖြစ်ပြီး လယ်သမားသမီးဖြစ်သူ မသိနားမလည်သော မိန်းကလေးကိုလည်း နားမလည်ခဲ့ပေ။
ရှန်းကွမ်းလင်းအာ သူမရဲ့ မိဘများတွေစီက အဖြေရရန် ကြိုးစားခဲ့ပေမဲ့ နှစ်ယောက်စလုံး နှုတ်ဆိတ် နေခဲ့သည်။ စောစောအနားယူဖို့ ပြောကြသည်။
သူမကို ဘယ်လိုလုပ်ယုံကြည်နိုင်မှာလဲ?
ချုစစ်ဟန် က လွန်ခဲ့တဲ့ နှစ်ရက်က ပြန်ရောက်နေသည်။ လက်ထပ်မဲ့မိန်းကလေး ပျောက်နေတာတာ တွေ ကြားထားသည်။ အဲဒီနောက်မှာတော့ သူမရဲ့ စိုးရိမ်စိတ်တွေ ပျောက်ကွယ်သွား၏။
တိုင်းပြည်နတ်ဆရာ က ထိုကဲ့သို့မိန်းကလေး တစ်ယောက် နဲ့ သူ့အစ်ကိုဟန်ကို ဘယ်လိုလုပ် လက်ထပ်ပေးရသလဲ?
အစေခံပြောသည့်စကားနဲ့ချုမိသားစု တံခါးဖွင့်ပေးဖို့ သူ့စိုက်ထုတ်မှု မအောင်မြင်တာကိုတွေးရင်း လုဒါဟွား အရှက်ရနေ၏။
အဲဒါ ဟိုခွေးမရဲ့အပြစ်တွေချည်းပဲ။ အဲခွေးမကြောင့်သာမဟုတ်ရင် လုရှန်းက လွန်ခဲ့သောနှစ်ရက်အတွင်း ဒီနေရာမှာ ရှိနေဆဲဖြစ်ပြီး ချုမိသားစုကလည်း သူ့ကို တွေ့ဆုံလိမ့်မည်။
လုဒါဟွား သူ့မိန်းမအပေါ် ကြင်နာသည့် အတွေးရှိတောင်မရှိဘူး။ ဒီလိုနဲ့ ငွေငါးရာ ဆုံးရှုံးသွားတာ တွေးလေလေ ဒေါသထွက်လာသည် ။ အမျိုးသမီး လျို အတွက် တရားလို ရှေ့နေတစ်ယောက်ရဖို့ သူ့ရဲ့ ကနဦး စိတ်ကူးကိုတောင် ဖျောက်ဖျက်ပစ်လိုက်သည်။
လုရန် လု မိသားစုအတွက် ညစာချက်ပြီးနောက် အိမ်အနီး လူတစ်ယောက် ချဉ်းကပ်လာတာကိုမြင်လိုက်သည်။
လုရှန်း ရဲ့ ရည်းစားဟောင်း သွမ့်ကျန်းဖြစ်သည်။
“ဘာဖြစ်တာလဲ?” လုရန် မျက်ခုံးပင့်တင်ကာ မေးလိုက်သည်။
လုရန် သွမ့်ကျန်းနဲ့အတူ ကိုယ်ပိုင်ကျောင်းတက်ခဲ့သည်။ သို့ပေမဲ့ မိခင်သေဆုံးပြီးနောက် ကျောင်းဆက်မတက်တော့ပေ။
ထိုအချိန်က သွမ့်ကျန်းလို ဆရာ့ရဲ့ ချီးကျူးမှုကို ခံရသည်။
အခု သွမ့်ကျန်းက တရွာလုံးတွင် နာမည်အကြီးဆုံး ဖြစ်သည်။
သူ့အတွက်တော့ သူက တစ်ရွာလုံးက အရှက်ရစေမယ့် အရှက်မဲ့ လူယုတ်မာဖြစ်သည်။
သွမ့်ကျန်း သန့်ရှင်းသပ်ရပ်ပြီး ပညာရှင်ပီသသောခံစားချက်ကို ပေးသည်။ ယဉ်ကျေးသိမ်မွေ့သူလည်း ဖြစ်သည်။
သွမ့်ကျန်း ခေါင်း မော့လိုက်တချိန် ဘေးနားမှာ ထိုင်နေတဲ့ လုရှန်းကို သတိထားမိသွားသည်။ လုရှန်း ငြိမ်သက်တဲ့ မျက်လုံးတွေနဲ့ သူ့ကို စေ့စေ့ကြည့်နေသည်။ အတိတ်က ရှက်ရွံ့မှုတွေ အားလုံး ပျောက်ကွယ်သွားလေပြီ။
ပြီးတော့။
လုရှန်း အရမ်းလှတာကို ဘာလို့ မသိခဲ့တာလဲ?
“ဟမ်။့”
လုရန် ရဲ့ချောင်းဟန်သံကြောင့် သွမ့်ကျန်းကို လက်တွေ့ ဆီ ပြန်ရောက်လာစေ၏။
“မင်းတို့မိသားစုကို ပစ္စည်းတချို့ ပေးဖို့ လာခဲ့တာ ”
သွမ့်ကျန်း ချောင်းဟန့်ပြီး စာတစ်စောင်ထုတ်ကာ လုရန်ကို ပေးလိုက်သည်။
“ကျေးဇူးတင်ပါသည်”
လုရန် သူ့ကို ကျေးဇူးတင်ကြောင်း တိုးတိုးလေးပြော၏ ။
မထွက်သွားခင် သွမ့်ကျန်း လုရှန်းကို နောက်ဆုံးတချက်ကြည့်သည်။ သို့ပေမဲ့ သူမကတော့ လုဂျန်၊လုရှင်းနဲ့ စကားပြောဖို့ လှည့်ထွက်သွားတာ သူနားလည်လိုက်သည်။
သူ အေးအေးဆေးဆေး ရယ်မောမိတယ်။
ဒါဆို သူမ လှတော့ကော ဘာဖြစ်သလဲ? သူမက ကျေးလက်တောသူတစ်ယောက်သာသာပဲ။
သူ့ဆရာက သူ့ဉာဏ်ရည်ဉာဏ်သွေးနဲ့ ဆို တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ရမယ်လို့ တစ်ခါက ပြောဖူးသည်။
သွမ့်ကျန်း သည် ဝါးတောထဲကမိန်းကလေးမဟုတ်ပဲ သူ့လှုမှုအသိုင်းအဝိုင်းကိုမြှင့်တင်ပေး မဲ့မိန်းကလေးပဲလိုချင်၏။
good