‘သူဌေး အဆင်ပြေရဲ့လား။
လူနာတင်ကား ခေါ်မလား’ ကျန်းယန်က ကောင်းခွန်ဆီအပြေးလာပြီး မေးလိုက်သည်’။
‘ဖာ့ခ် လူနာတင်ကားခေါ်ပြီး -ီး လုပ်ရမှာလား။ အဲ့ကောင်ကိုသွားရိုက်’ ကောင်းခွန်မှာ ကျန်းယွမ်မျက်နှာကို ရိုက်ပြီး ကြိမ်ဆဲလိုက်သည်။
‘သူဌေး ကျွန်တော်…..’ ကျန်းယွမ်က သူ့မျက်နှာကိုကိုင်ပြီး ငိုချင်နေသည်။
ဘာကိစ္စငါ့ကိုလာရိုက်တာလဲ။ ပြီးတော့ လီဖန်းကရက်စက်လွန်းတယ် ငါမှမနိုင်တာ။
‘ဒီနေ့လီဖန်းကိုရိုက်နိုင်တဲ့လူ ဘယ်သူဖြစ်ဖြစ် ဒီလဘောနပ်နှစ်ဆရမယ်’ ကောင်းခွန်လည်းသတိဝင်လာပြီး အော်လိုက်သည်။ ဒါပေမယ့် တချို့လူတွေသာ ဟန်ပြင်ကြပါတယ်။
တချို့ဆို မသိချင်ယောင်တောင် ဆောင်နေတာ။
လီဖန်းကတအားကြမ်းပါတယ်။ ပြီးတော့ သူကလည်းကတိတည်တဲ့ လူမှမဟုတ်တာ။
‘လီဖန်းကို ရိုက်နိုင်တဲ့သူ ဘယ်သူမဆို ၁၀၀၀၀ယွမ်ချက်ချင်းပေးလိုက်မယ်။ လကုန်လျှင်လည်း ဘောနပ်၂ဆရမယ်’ ပိုက်ဆံမလုံလောက်ဘူးလား ထပ်ပေးလိုက်ရုံပေါ့။
ဒီနေ့အဖြစ်ဟာ သူ့အတွက်အရှက်ရစရာပါ။ သူ့ပိုင်နက်မှာပဲ အလုပ်သမားကပြန်ရိုက်တာခံရတယ်။ သူ့မျက်နှာ ဘယ်နားသွားထားမလဲ။ လီဖန်းကို သူဒီနေ့တော့ ကောင်းကောင်းပညာ ပေးတော့မှာပါ။
ပိုက်ဆံဟာ လူတစ်ယောက်ကို ဆွဲဆောင်နိုင်မှု တအားကောင်းတယ်။
ကျန်းယွမ်အပါအဝင် လူ၅ယောက်ထွက်လာသည်။ ထိုလူတွေဟာ လီဖန်းကိုလှောင်ခဲ့တဲ့သူတွေဖြစ်ပြီး သူတို့ကြည့်ရတာ အရမ်းကို ရိုက်ချင်နေတဲ့ ပုံပါ။
တချို့က လီဖန်းအတွက်မကျေနပ်ကြသော်လည်း မကူညီကြပါဘူး။ သူတို့က အလုပ်ပြုတ်မှာကို ကြောက်ကြပြီး သူဌေးကိုအာမခံရဲပါ။
‘ကျန်းယွမ်’ လီဖန်းကခေါ်လိုက်ပြီး ‘ဟန့်’ ကျန်းယွမ်ကလီဖန်းဆီသွားဖို့အလုပ် ‘ရော့ကွာ’ ကီးဘုတ်နဲ့အရိုက်ခံလိုက်ရသည်။
‘ဘုန်း’
ကျန်းယွမ် ဟာသူ့ပါးကို ကိုင်ပြီး လွင့်ထွက်သွားသည်။
လီဖန်းက ကျန်းယွမ်ကိုကြည့်မရတာ ကြာပါပြီ။ ယခုနဲ့ အတိတ်ကအကြွေးကို တစ်ခါတည်း ပေါင်းရှင်းလိုက်တာပါ။ ဒီကီးဘုတ်ကတကယ်မိုက်တာပဲ။
‘ဟစ်’
လီဖန်းကိုရိုက်ချင်နေတဲ့ အခြားအလုပ်သမားတွေဟာ ပြန်ငြိမ်သွားကြသည်။ သူတို့လည်း ကီးဘုတ်နဲ့ မညားချင်ပါဘူး။
‘သူဌေးကောင်း ရဲခေါ်ပေးရဦးမလား’ လီဖန်းက ကောင်းခွန်ကိုကီးဘုတ်နဲ့ရွယ်ကာ မေးလိုက်သည်။
‘လီ…လီဖန်း မင်း…တော်တော့ ငါရှောင်မာ ကိုမင်းထွက်စာတင်ရမည့် ကိစ္စတွေလုပ်ခိုင်းလိုက်မယ်’ ကောင်းခွန်မျက်နှာ ဖြူဆွတ်နေပြီး အသံကလည်းတုန်ရီနေသည်။
သူဒီနေ့ကိစ္စကို သည်းမခံနိုင်ပါဘူး။ ဒါပေမယ့် အခုအချိန်မှာ လီဖန်းစိတ်ကို ငြိမ်အောင်လုပ်ဖို့က အဓိကပါ။
‘အာမခံ မရေးရတော့ဘူးလား’ လီဖန်းကမျက်ခုံးပင့်ကာ မေးလိုက်သည်။
‘မလိုပါဘူး ကွာငါကစနေတာ။ ငါတို့ကသာမန် ကုမ္ပဏီတစ်ခုပါ။ ပုံမှန်အတိုင်း ထွက်စာတင်လို့ရပါတယ်’ ကောင်းခွန်နာကျင်မှုကိုအောင့်ကာ ပြောလိုက်သည် ‘ရှောင်မာ လီဖန်းကိုခေါ်ပြီး လုပ်ထုံးလုပ်နည်းလေးတွေ ပြပေးလိုက်’။
ရှောင်မာက ကုမ္ပဏီရဲ့ စာရင်းကိုင်ပါ။ သူဌေးရဲ့ ချစ်သူလည်းဖြစ်သည်။ သူမရုပ်ရည်က မဆိုးပါဘူး။
ဘော်ဒီက လှပြီး ပြင်တတ်ဆင်တတ်တာကြောင့် သူဌေးကသူမကို အရေးပေးသည်။
ဒါတင်မကသေးပါ လီဖန်းကရုပ်ဖြောင့်သဖြင့် မြူဆွယ်ဖို့လုပ်လိုက်သေးသည်။ ငြင်းလိုက်လို့သာ။
ငါ့ဘာသာ ဘယ်လောက်ငတ်ငတ် ခန္ဓာကိုယ်ကိုသုံးပြီး ကိုယ်ကျိုးရှာတဲ့ မိန်းမကို မရှာဘူး။
‘အစောကြီးကတည်းက အဲ့ဒီလိုဆို အဆင်ပြေမသွားဘူးလား’ လီဖန်းလည်း ကောင်းခွန်ရဲ့ပါးကို ကီးဘုတ်ဖြင့်တို့ပြီး ပြောကာ ရှောင်မာနောက်ထလိုက်သွားသည်။
ကောင်းခွန် သူ့ကိုပြဿနာရှာဦးမယ်ဆိုတာ သူသိသည်။ ဒါပေမယ့်ဘာဖြစ်လဲ။
‘ဘော့စ် အခုဘယ်လိုလုပ်ကြမလဲ’ ကျန်းယွမ်က သူ့ပါးကို ကိုင်ရင်းခါးသက်စွာမေးလိုက်သည်။
‘တစ်ယောက်ယောက်ကို လီဖန်းကိုအချိန်ဆွဲခိုင်းထားလိုက် ငါလူခေါ်လိုက်ဦးမယ်’ လီဖန်းအစည်းအဝေးခန်းထဲကိုဝင်သွာတာတွေ့တော့ ကောင်းခွန်အံကျိတ်ကာ ထလိုက်သည်။
ကုမ္ပဏီကနေထွက်သွားပြီး ၁၀မိနစ်လောက်ကြာတော့ ကောင်းခွန် ပြန်လာသည်။ သူ့နောက်မှာတော့ တုတ်တွေနဲ့ လူများစွာပါလာရာ သူ့အကြံကိုလူတိုင်းက ရိပ်မိလိုက်သည်။
‘ကျန်းယွမ် လီဖန်းသွားပြီလား’ ကောင်းခွန်ကလှမ်းမေးလိုက်ရာ ‘မသွားသေးဘူး အစည်းအဝေးခန်းထဲမှာပဲ ရှိသေးတယ်’ ကျန်းယွမ်လည်း စိတ်လှုပ်ရှားစွာ ဖြေလိုက်သည်။
‘ဖာ့ခ် ငါ့ကိုရိုက်ပြီးနေရဲသေးတယ်ပေါ့’ ကောင်းခွန်က လီဖန်းထွက်ပြေးမှာကြောက်နေတာပါ။
ထို့နောက်စိတ်လှုပ်ရှားစွာဖြင့် ‘ဘော့စ်ဟဲ ဒီကောင်ရုံးခန်းထဲမှာ ကျွန်တော့ကိုရှင်းပေးပါဦး’။
ဟဲချူ ကမုဆိုးမလေးဝမ်ကျင်းရဲ့ လက်အောက်ငယ်သား တစ်ယောက်ဖြစ်ပြီး ထိုက်ပေ၁၃ယောက်ထဲတွင်ပါဝင်သည်။
ကောင်းခွန်က ဟဲချူနဲ့ မတော်တဆ တွေ့ခဲ့ကြပြီး သူအရိုက်ခံရတော့ ရဲမခေါ်ပဲ ဟဲချူကိုပဲ သွားခေါ်လာသည်။
လက်အောက်ငယ်သား ဒါဇင်လောက်နဲ့ဟဲချူက ‘မင်းတို့နှစ်ယောက် ငါ့ဆီကိုသွားဆွဲထုတ်လာခဲ့’။
‘ဟုတ်ကဲ့’
လူမိုက်နှစ်ယောက်က တုတ်တွေကိုင်ပြီး သွားဖို့အလုပ် ရုံးတံခါးပွင့်လာသည်။
လီဖန်းထွက်လာတော့ ဟဲချူနဲ့ သူ့လူတွေကိုတွေ့ပြီး အံ့ဩသွားသည်။
‘လီဖန်း မင်းကိုယ်မင်း ဟုတ်လှပြီထင်နေလား။ ငါ့မျက်စိထဲမှာ မင်းကိုကြည့်မရတာ ကြာပြီကွ။ ငါနဲ့ယှဉ်ချင်လျှင် မင်းအဆ၁၀၀လောက်ကြိုးစားလိုက်ဦး’ ကျန်းယွမ်ကဦးဆုံး ရှေ့ထွက်ပြီးကြိမ်ဆဲတော့သည်။
လုပ်ဖော်ကိုင်ဘက်တွေရှေ့မှာ ကီးဘုတ်နဲ့ အရိုက်ခံရတာ သူအရမ်းရှက်သွားသည်။ ပြန်ရိုက်နိုင်မှသာ မျက်နှာပြန်ရမှာပါ။
‘မင်း ငမွဲကောင် ငါ့ကိုရိုက်ရဲတယ်ပေါ့။ ဒီနေ့မင်းကို ဒီတံခါးကနေထွက်မရအောင် လုပ်ပစ်မယ်’ အကူအညီတွေအများကြီးခေါ်ထားတော့ ကောင်းခွန်ကပြန်မောက်မာလာသည်။
လီဖန်းကိုရိုက်နှက်ပြီး သူ၏ သူဌေးဖြစ်သော ဩဇာကိုပြန်ထိန်းလိုသည်။
‘ဆင်းရဲသား ငမွဲကောင် ကိုယ့်ကိုယ်ကိုပြန်ကြည့်ဦး ရုံးမှာလာပြီး ပြဿနာလာရှာနေတယ်’ ခုနကတင် လီဖန်းကို ရယ်မောကာပြောနေသော ရှောင်မာကလည်း အပေါ်စီးကထပြောသည်။
ထို့နောက် ကောင်းခွန်ဘက်ကိုလှည့်ကာ ‘သူဌေး ခုနက လီဖန်းကကျွန်မကို စော်ကားချင်နေတာ အရမ်းကြောက်ဖို့ကောင်းတာပဲ..’။
လီဖန်းသူမကို ငြင်းလိုက်ကတည်းက ငြှိုးထားတာပါ။
တခြားအလုပ်သမားတွေလည်း လီဖန်းကတော့သွားပြီ ဟု
တွေးလိုက်သည်။ ရှောင်မာရဲ့ အပြောကသံသယဝင်စရာကောင်းပေမယ့် လင်းဖန်ရဲ့ကိုယ်ကျင့်သိက္ခာကို ထိခိုက်စေသည်။
ထိုအချိန်မှာပဲ ဟဲချူကလီဖန်းဆီကိုပြေးသွားသည်။
‘လီသခင်လေး ဘယ်လိုလုပ်ဒီရောက်နေတာလဲ။ ကျွန်တော်တောင်းပန်ပါတယ်’ ဟဲချူမှာ လီဖန်းရှေ့၌ ခေါင်းငုံ့ကာ တောင်းပန်နေလေသည်။
ရုံးခန်းက တိတ်ဆိတ်သွားသည်။
ကောင်းခွန်၊ ကျန်းယွမ်နဲ့ ရှောင်မာ တို့မှာလည်း ဆွံ့အသွားကြသည်။