အပိုင်း(၁၁)

ဘယ်သူယှဉ်ရဲလဲ

ထိုစကားကို ပြောသူမှာ ကျန်းယွမ်ဖြစ်သည်။ လီဖန်းနှင့် အလုပ်အတူတူဝင်သူ ဖြစ်ပြီး လီဖန်းရဲ့စွမ်းဆောင်ရည်က သူ့ထက်သာတော့ လီဖန်းကိုရန်လိုလေ့ရှိသည်။

မနေ့က လီဖန်းတစ်ယောက်ကလွဲလို့ တခြားလူတွေအကုန် အချိန်ပိုလာဆင်းကြရာ တချို့တွေက တချို့ကသူ့ကို မကျမနပ်ဖြစ်နေကြပြီး လှောင်ပြောင်ရယ်မောကြခြင်း ဖြစ်သည်။

လီဖန်းအပစ်ပေးခံရမှာကို စိုးရိမ်တဲ့ သူအချို့လည်းရှိသည်။ လူတိုင်းကလခစားတွေပါ။ လီဖန်းလုပ်တာ မမှားပါဘူး။ ဘာလို့ဝိုင်းလှောင်နေကြတာလဲ။

‘ကျန်းယွမ် မင်းဘာကိုဆိုလိုတာလဲ’ လီဖန်းအနည်းငယ်မျက်မှောင်ကြုတ်သွားသည်။ ‘ဘာမှမဟုတ်ပါဘူးကွာ မင်းနေမကောင်းဘူးကြားလို့ အဆင်ပြေရဲ့လား မေးကြည့်တာပါ’။

‘အိုး ဒါနဲ့ မင်းမနေ့ကအချိန်ပိုမလာလို့ သူဌေးကမင်းဖောက်သည်တွေကို ငါ့ကိုလွှဲပေးလိုက်တယ်’ ကျန်းယွမ်က ဘောပင်ကိုလှည့်ရင်း လှောင်သလိုပြောလိုက်သည်။

ဖောက်သည်က ဝင်ငွေကိုကိုယ်စားပြုသည်။ လီဖန်းရဲ့ စွမ်းဆောင်ရည်က ထိပ်ဆုံးသုံးယောက်ထဲ ပါနေတော့ သူ့ဖောက်သည်တွေက အဆင့်မြင့်သူတွေများရာ ကျန်းယွမ်စိတ် လှုပ်ရှားနေသည်။

‘ကျန်းယွမ် ငါ့တို့တောင်မနာလို ဖြစ်လာပြီကွာ ၊ ဒီညတော့ညစာလိုက်ကျွေးသင့်တယ်နော်’

‘ဟုတ်တယ် မင်ယွဲ့ကလပ်မှာ လိုက်ကျွေးမင်းကတတ်နိုင်ပါတယ်’

လုပ်ဖော်ကိုင်ဖက်တွေက ရယ်မောရင်း စကြလေသည်။

‘မဟုတ်တာတွေလျှောက်ပြောမနေကြနဲ့ လီဖန်း သူဌေးကမင်းကိုခဏ စိတ်ဆိုးနေလို့ပါ မင်းသွားပြောကြည့်လိုက်လေ။ သူစိတ်ပြောင်းချင် ပြန်ပြောင်းမှာပါ’ လီဖန်းကိုစိတ်ပူသူတွေက တစ်ယောက်ပြီးတစ်ယောက် ဝိုင်းပြောကြရင်း ရုံးခန်းကဆူလာသည်။

‘လီဖန်း ငါ့ရုံးခန်းကိုလာပြီး ရှင်းစမ်းပါဦး မနေ့ကဘာလို့မလာတာလဲ။ လူတိုင်းလာကြတဲ့ဟာကို’ သူဌေးကောင်းခွန်က မန်နေဂျာရုံးခန်းကထွက်လာသည်။

ရုံးခန်းကရုတ်တရက် တိတ်ဆိတ်သွားသည်။ ကျန်းယွမ်နဲ့သူ့လူတွေဟာ ကြိတ်ပျော်နေကြသည်။ ဒါဟာမုန်တိုင်းမလာခင် ငြိမ်သက်ခြင်းမျိုးပဲ။ ဘော့စ်ကဆူပူကြိမ်းမောင်း ပေမယ့် တခါတလေမှ ဖြစ်တာပါ။

‘ရှင်းပြရုံပဲလား။ ကျွန်တော်ကဒီမှာ အလုပ်ထွက်စာလာတင်တာ’ လီဖန်းပြုံးကာ ရှင်းပြရမယ်တဲ့လား။ ဘာကိုရှင်းရမှာလဲ ဒီကအလုပ်တောင်ထွက်တော့မှာ။ ချီးကိုရှင်း။

အားနည်းနေချိန်မှာသည်းခံရတာသဘာဝပဲ။ ဒါပေမယ့် လုံလောက်တဲ့ အားရှိလာလျှင်တော့ ဖိနှိပ်ခံရလျှင် ကြည့်မရစမြဲပါ။

ကျန်းယွန်နဲ့ တခြားပြုံးနေသူတွေ ရပ်သွားသည်။ ကောင်းခွန်တောင် ငြိမ်သက်သွားသည်။

လီဖန်းကထွက်တော့မှာလား။ သူကအလုပ်ကြိုးစားပြီး ထွက်မဲ့အရိပ်အရောင် လုံးဝမတွေ့ရပါဘူး။

‘လီဖန်း မင်းငါ့ကိုခြိမ်းခြောက်နေတာလား’ ကောင်းခွန်က လီဖန်းအဆူခံရမှာကို ရှောင်ချင်လို့သာလုပ်တယ်လို့ထင်သည်။

‘လီဖန်း မင်းကိုယ်မင်းဘာထင်နေလည်း။ အပြစ်ပေးခံရမှာစိုးတိုင်း သူဌေးကိုခြိမ်းခြောက်တာလား’ ကျန်းယွန်က ကောင်းခွန်နားသွားပြီး ‘ဘော့စ်လီဖန်းအလုပ်ထွက်မှာမဟုတ်ဘူး ကျွန်တော်သေချာပြောရဲတယ်’။

‘အခုအချိန်က အလုပ်ခေါ်မှုနည်းပါးပြီး ပြန်ရှာဖို့ကလွယ်တာမဟုတ်ဘူး’။

‘လီဖန်းကဒီလောက်အကြာကြီးလုပ်လာပြီး ဖောက်သည်တွေတောင်အခြေကျနေပြီ ။ သူအလုပ်ထွက်ရဲတယ်လို့ ကျွန်တော်မထင်ဘူး’။

‘လီဖန်း စိတ်ကိုထိန်း ပြောစရာရှိရင် ကောင်း​ ကောင်းပြောလိုက်’

‘အလုပ်ကရှာရလွယ်တာမဟုတ်ဘူး’

လီဖန်းရဲ့စကားကြောင့်ရုံးခန်းက တဖန်ဆူလာပြန်သည်။

‘မင်းတို့ဘာမှသူ့ကို ဖြောင့်ဖျနေစရာမလိုဘူး။ သူထွက်ချင်မှတော့ ငါလည်းသူ့ကိုမထားတော့ဘူး။ ဒါပေမယ့် အာမခံတော့ရေးခဲ့’ ကောင်းခွန်ကမကျေနပ်စွာ ပြောလိုက်သည်။ ငါ့ကိုလာကြပ်ချင်နေတာလား စမ်းကြည့်လေ။

ထိုစကားကိုကြားရတော့ ရုံးခန်းကတိတ်ဆိတ်သွား ပြန်သည်။

‘ ဘာအာမခံလဲ’ လီဖန်းကသူ့ဘာသာအေးအေးဆေးဆေး အလုပ်ထွက်ချင်တာပါ။

ကောင်းခွန်ကပြုံးလိုက်ပြီး စီးကရက်ကိုထုတ်လိုက်သည်။ ကျန်းယွန်မှာ မီးခြစ်ကိုထုတ်လိုက်ပြီး ဖားယားကာ မီးညှိပေးသည်။

‘အလုပ်ကထွက်ပြီးလျှင် ဒီကဖောက်သည်တွေနဲ့ အဆက်အသွယ်မလုပ်ပါဘူးဆိုတာအာမခံပြီး စပေါ်ငွေ၁၀၀၀၀၀ ပေးခဲ့ရမယ်။ တစ်နှစ်ကြာလို့မှ မင်းကလိုက်နာနိုင်လျှင် ပြန်ပေးမယ်’ကောင်းခွန်ကဆေးလိပ်ကိုဖွာပြီး ပြောလိုက်သည်။

အလုပ်သမားတွေအားလုံးဟာ ဆွံ့အသွားသည်။

ဖာ့ခ် ဘယ်လိုကုမ္ပဏိတုန်းဟ။ အလုပ်ထွက်တာကို အာမခံစာရေးပြီး စရံ၁၀၀၀၀၀ယွမ် ပေးခဲ့ရဦးမယ်ဆိုပဲ။

‘မရေးတော့ဘာဖြစ်လဲ’ လီဖန်းတင်းနေပါပြီ။

‘မရေးဘူး? မရေးလျှင် မင်းရဲ့လူမှုရေးထောက်ခံချက် မပေးဘူး။ တစ်ခုရှိတာက တရားစွဲချင်လျှင်ဆွဲလို့ရတယ်။ မင်းကိုအမှန်တိုင်းပဲပြောလိုက်မယ်။ငါ့မှာပိုက်ဆံရှိတယ်။ မင်းလိုဆင်းရဲသားက တရားရုံးမှာ ယှဉ်နိုင်မှာလား’ ကောင်းခွန်ကလီဖန်းကိုကြည့်လိုက်တယ်။ ငါနဲ့လာကစားချင်တာလား။

တခြားအလုပ်သမားတွေလည်း မျက်နှာပျက်နေပါပြီ။ ကောင်းခွန်ကလီဖန်းကို ဒီလိုလုပ်ကတည်းက သူတို့ကိုလည်းလုပ်နိုင်သည်။

အနာဂတ်မှာဘယ်လို အလုပ်ထွက်မှာလဲ။

‘လီဖန်း မြန်မြန်အာမခံစာ ရေးပေးလိုက်လေ။ ဒါမှမဟုတ် သူဌေးကိုဒူးထောက်ပြီးတောင်းပန်လိုက်။ သူဌေးကစိတ်ကောင်းဝင်ပြီး မင်းကိုခွင့်လွှတ်ချင် လွှတ်မှာပေါ့’ ကျန်းယွမ်ကတော့တမျိုးပါ။ သူကစိတ်မပူတဲ့အပြင် ပျော်လို့တောင်နေသည်။

လီဖန်း ရင်ဘတ်ကနေ ဒေါသတွေ အလိပ်လိုက်တက်လာပါပြီ။ ထိုစဉ်မှာပဲ

အစ်မကျီလင်ရဲ့ အသံထွက်လာသည်။

‘ဒင် သခင် တာဝန်အသစ်ရှိသည်။ စစ်ကြည့်မလား။’

‘ကြည့်’

‘တာဝန်- ဘယ်သူယှဉ်ရဲလဲ’

‘တာဝန်ဖော်ပြချက်- ကီးဘုတ်ကိုကိုင်ပြီး အကျင့်မကောင်းတဲ့ သူဌေးကိုရိုက်ပါ။ သွားသုံးချောင်းကျွတ်ပါက တာဝန်ပြီးမြောက်သည်’။

‘တာဝန်ဆုကြေး- EXP၅၀၊ ၅၀၀စနစ်အမှတ်’

‘မှတ်ချက်- လက်သီးနဲ့ဖြေရှင်းလို့ရတဲ့ပြဿနာဆိုတာ တကယ့်ပြဿနာဟုမဆိုနိုင်ပါ။ စိတ်မပျော်အောင်လုပ်လျှင် စောက်ခွက်သာဖြတ်ရိုက်လိုက်ပါ။ မပျော်သေးဘူးဆိုလျှင် ထပ်ရိုက်နိုင်သည်’။

တာဝန်ကိုကြည့်ပြီး လီဖန်းကပြုံးလာသည်။ သူ လည်းရိုက်ချင်နေတာပါ။ တရားရုံးကြောက်လို့သာ ငြိမ်နေရတာ။ အခုလား… ဟီးဟီး အငယ်ကောင်၁cm မတိုလည်း ငါကရိုက်တော့မှာ။

‘မင်းဘာရယ်တာလည်း’ ကောင်းခွန်ဟာဆေးလိပ်သောက်ရင်း မှင်သက်သွားသည်။

ဒီကောင်ရူးသွားတာလား။ အခုချိန်ထိတောင်ရယ်နိုင် သေးတယ်ပေါ့။

‘သူဌေး ဒါကသူဌေးကို ဖားနေတာပါ’ ကျန်းယွမ်ကဘေးကနေပြောလိုက်သည်။

အဲ့ဒီမှာပဲ လီဖန်းဟာ သူ့ခုံပေါ်က ကီးဘုတ်ကိုယူပြီး ကောင်းခွန်ရဲ့မျက်နှာကို ဖြတ်ရိုက်လိုက်သည်။

‘ဘုန်း’

ကောင်းခွန်မှာ နှာရိုးကျိုးသွားပြီး သွေးများပင်ထွက်လာသည်။

‘အာမခံရေးရမယ်?’

‘ဘုန်း’

‘စရံ ၁၀၀၀၀၀ပေးရမယ်’

‘ဘုန်း’

‘ပြီးမှပြန်ပေးမယ်   ဟုတ်လား’

‘ဘုန်း’

လီဖန်းဟာတစ်ခွန်း မေးပြီးတစ်ချက်ရိုက်ရာ ကောင်းခွန်မှာ မရှောင်နိုင်ဘဲ နံရံသို့နောက်ဆုတ်ရင်း ကပ်နေလေပြီ။

လီဖန်းရဲ့ ရုတ်တရက် အပြုအမူကြောင့် အလုပ်သမားတွေအကုန် လန့်ကုန်ကြသည်။ ဒါကတော့ရက်စက်လွန်းတယ်။ ဒါသဘောကောင်းတဲ့ လီဖန်းမှဟုတ်သေးရဲ့လား။

အဓိကအချက်ကလီဖန်းကဆက်ရိုက်နေပြီး ဘယ်သူမှဝင်မဆွဲတာပါ။

‘လီဖန်း  မင်းရူးနေလား။ ပစ်မှုမြောက်နေပြီဆိုတာ မင်းသိလား’ ကောင်းခွန် မှာထိုင်ကျသွားပြီး ကြောက်လန့်တကြား အော်လိုက်သည်။

‘ငါ့ကိုအနိုင်ကျင့်ချင်တယ်ပေါ့’ လီဖန်းရေရွတ်ရင်း နောက်တစ်ချက်ထပ်ရိုက်လိုက်သည်။

‘ဘုန်း’

ငါးချက်မြောက်မှာတော့ သွေးစွန်းနေတဲ့ သွားတွေဟာ ထွက်ကျလာခဲ့ပြီ။

‘ဒင် ဂုဏ်ယူပါတယ် သခင် တာဝန်ပြီးမြောက်ပါပြီ။ ဆုကြေးကို ထုတ်လွှတ်လိုက်သည်’။

‘ဒင် ဂုဏ်ယူပါတယ် သခင် EXP၅၀နှင့် ၅၀၀စနစ်အမှတ်ကို ရရှိသည်’။

သခင်-လီဖန်း

အဆင့်- C

EXP- ၂၀၀/၅၀၀

စနစ်အမှတ်- ၄၀၀၀

အောင်မြင်မှတ်- ၀

စကေး- ရောနှောသိုင်း

တာဝန်- နတ်ဘုရားမလေး ဝေ့ပင်ချင်းကို ကယ်တင်ပါ (၂)

လီဖန်းဟာအခုမှ နေလို့ကောင်းသွားသည်။


Comment

Leave a Reply

Options

not work with dark mode
Reset