ဆောင်းဝမ်ကျင်း သက်ပြင်းချတာကို သူတွေ့လိုက်သည်။
ပြီးနောက် သူမက သနားစဖွယ်ပြော လာသည်။
‘အကိုလေးက စဉ်းစားဦးမယ် ဆိုတော့လည်း ဒီကစောင့်ရမှာပေါ့။ ဒါပေမယ့် အကိုလေး မသွားခင်မှာ လက်အောက်ငယ်သားတွေ စုမလို့ ခဏစောင့်ပါဦးလား။’
ဟန်ကျန်းက သူမ လက်အောက်ငယ်သားတွေကို သိမ်းသွင်းသွားပေမယ့် နောက်မှာဝှက်ဖဲတွေ ရှိပါသေးသည်။
လီဖန်းကမျက်မှောင်ကျုံ့ပြီး ချီတုံချတုံ ဖြစ်နေသည်။
‘အဆင်ပြေပါတယ်နော် အစ်ကိုလေး’
ဆောင်းဝမ်ကျင်း ရှေ့တိုးကာ လီဖန်းလက်ကိုဆွဲပြီး ညူတူတူဖြင့် မိန်းမငယ်လေးတစ်ယောက် ချွဲသလိုပြောလိုက်သည်။
ရှမောင်က လန့်သွားပြီး သူ့အကြည့်ကို အမြန်လွှဲသည်။
ဘာတုန်းဟ ကလေးလို သရုပ်ဆောင် နေတာလား။
ရှမောင်၏အမြင်တွင် ဆောင်းဝမ်ကျင်းက မကြာခဏ ဆွဲဆောင်လေ့ရှိပေမယ့် ယောက်ျားတစ်ယောက်ရဲ့လက်ကို တောင်မထိပါဘူး။ ဒီလိုချွဲပြဖို့ဆိုတာ ယုံတောင်မယုံနိုင်ပါ။
လက်ကလာတဲ့ နူးညံ့တဲ့အထိတွေ့ကြောင့် လီဖန်းရဲ့ ခံစားချက်တွေ အနည်းငယ်တိမ်းညွှတ်ချင်သလို ဖြစ်လာသည်။ ဒီမိန်းမက တကယ့်ကို နတ်သမီးလေးလိုပဲ။ တည်ငြိမ်မှု မလုံလောက်တဲ့ ယောက်ျားတွေ သူမရဲ့သွေးဆောင်မှုကို လုံးဝခံနိုင်မှာမဟုတ်ဘူး။
‘ငါစောင့်ပေးပါ့မယ် ဒါပေမယ့် အစ်ကိုလေးလို့ခေါ်တာ ရပ်ပါတော့’
လီဖန်းလည်း အသက်ကိုရှူချလိုက်ကာ စိတ်ကိုထိန်းရင်း ပြောသည်။
သူကောဝမ်လို မဖြစ်ချင်ပါဘူး။
ဆောင်းဝမ်ကျင်းက လီဖန်းရဲ့စိတ်ကို မခန့်မှန်းနိုင်ဘဲရှိရာ ပို၍ပင် ထိန်းချုပ်ချင်နေသည်။ပြီးနောက် ဖုန်းကိုထုတ်ပြီး ခေါ်သည်။
နာရီဝက်လောက်ကြာတော့ မင်ယွဲ့ကလပ်ရဲ့ အင်ပါယာခန်းမမှာ ဆောင်းဝမ်ကျင်းနဲ့ လီဖန်းတို့ ဘေးချင်းကပ်ထိုင်နေသည်။ သူတို့နှစ်ယောက် ရှေ့မှာတော့ ဟန်ကျန်းနဲ့ ကောဝမ်တို့နှစ်ယောက်မှာ ပါးစပ်ပိတ်ခံထားရပြီး လဲကျနေသည်။ သိပ်မဝေးတဲ့နေရာမှာ ဝတ်စုံနက်နဲ့ သန်မာသောလူ၁၂ယောက် မတ်တပ်ရပ်နေသည်။ ကောဝမ်ပါလျှင် ထိုက်ပေ၁၃ဦးဟုခေါ်ပြီး ဆောင်းဝမ်ကျင်းရဲ့ အားကိုးရသောအဖွဲ့ဖြစ်သည်။
‘ကောဝမ်က သစ္စာတရားကို မေ့သွားပြီး ဟန်ကျန်းနဲ့ပေါင်းပြီး ငါ့ကိုသတ်ဖို့လုပ်ခဲ့တယ်။ ကံကောင်းစွာနဲ့ လီအစ်ကိုကယ်ကို့သာ လွတ်နိုင်ခဲ့တာ’။
‘မင်းတို့အားလုံးဟာ ငါနဲ့တွဲလုပ်နေတာ နှစ်ပေါင်းများစွာကြာနေပြီ။ မင်းတို့ကိုငါသိသလို မင်းတို့လည်းငါ့အကြောင်းကိုသိတယ်။ သစ္စာဖောက်ဖို့ကြံ ရင်တော့ ကောဝမ်ကိုသာကြည့်ထားကြ’ ဆောင်းဝမ်ကျင်းက ဖြည်းဖြည်းချင်း ကြည့်ကာပြောလိုက်သည်။
‘ဘော့စ် ကျွန်တော်တို့က သစ္စာရှိပြီး ဘယ်တော့မှသစ္စာမဖောက်ပါဘူး’
အားလုံးကတစ်ပြိုင်နက် အော်လိုက်ကြသည်။
‘ကောင်းပြီ အခုချိန်ကစပြီး လီအစ်ကို ကိုတွေ့တာငါ့ကိုတွေ့တာပဲ။ နားလည်ကြလား’
ဆောင်းဝမ်ကျင်း ကျေနပ်စွာခေါင်းငြှိမ့်ပြီး ပြုံးသည်။
‘ရက်စ် ဘောစ်’။
လီဖန်းက မျက်ခုံးပင့်ပြီး ဆောင်းဝမ်ကျင်းကို ကြည့်လိုက်သည်။
‘ဒါကျွန်မဘက်က လက်ဆောင်ပါ။ သဘောကျရဲ့လား’ ဆောင်းဝမ်ကျင်းက သူ့နား နားကို ကပ်ခါပြောသည်။
‘အမှန်တိုင်းပြောရမယ်ဆို သိပ်မကြိုက်ဘူး။ ဒါပေမယ့် မင်းမျက်နှာထောက်ပြီး လက်ခံလိုက်ပါမယ်’
လီဖန်းက နောက်သလို ပြောလိုက်ပြီး ခေါင်းလှည့်ကာ ‘ဆောင်းဝမ်ကျင်းက ငါကာကွယ်နေတဲ့လူပဲ။ သူမကိုထိချင်လျှင် ငါ့ဆီအရင်လာ’ ပြောရင်းဆိုရင်း ကော်ဖီစားပွဲကို ထိုးလိုက်သည်။
‘ဘုန်း’
ကျယ်လောင်တဲ့အသံနဲ့အတူ စကျင်ကျောက်ဖြင့်လုပ်ထားသော ကော်ဖီစားပွဲမှာ ပင့်ကူမျှင်ပုံ အက်ကွဲကြောင်းများ ပေါ်လာပြီး ပြိုကျသွားတော့သည်။
ခေါင်းညွတ်နေတဲ့ ဝတ်စုံနက်ဝတ်တွေအကုန် ကြောက်သွားကြသည်။
ဆောင်းဝမ်ကျင်းရဲ့ မျက်လုံးမှာ အရောင်လေးတွေလက်သွားသည်။ လီဖန်းကိုကြည့်ပြီး လက်ခုပ်တီးကာကျေးဇူးလည်း တင်နေလေ၏။
ဒါဟာသူမရဲ့ ဩဇာတည်ဆောက်ဖို့ ကူညီပေးတာပါ။
ဟန်ကျန်းနဲ့ ကောဝမ်ကိုဖမ်းမိပေမယ့် သူတို့ကိုယ်တိုင်မမြင်ခဲ့တော့ လီဖန်းရဲ့ကြောက်စရာကောင်းပုံကို မသိကြပါဘူး။ ဒါပေမယ့် ဒီလက်သီးချက်အပြီးမှာ သူမကိုသစ္စာဖောက်တဲ့ အကျိုးဆက်ကို သိသွားကြမှာပါ။
‘ကျွန်မလိုက်ပို့ပေးမယ်’
ဆောင်းဝမ်ကျင်းဟာ ထွက်သွားတဲ့သူ့နောက်ကိုလိုက်ရင်း ပြောလိုက်သည်။
ခန်းမထဲကနေထွက်လာတော့ ဆောင်းဝမ်ကျင်းက လီဖန်းရဲ့လက်မောင်းကိုချိတ်ပြီး မေးသည်
‘ဒီလောက်နောက်ကျနေတာ တကယ်ပြန်တော့မလို့လား။ ခဏစောင့်ပါလား ဒါပြီးလျှင်အိမ်ကို အတူသွားကြမယ်လေ’။
‘ကျွန်မအိပ်ယာက အကြီးကြီးပါ’
ဆောင်းဝမ်ကျင်းက နီရဲေနသောသူမရဲ့ နှုတ်ခမ်းကိုကိုက်ကာ မျက်နှာမှာလည်း ချစ်ဖို့ကောင်းနေသည်။ လီဖန်းရဲ့ အောက်ပိုင်းကပူလာပြီး သူမရင်ဘတ်ကိုကြည့်ကာ
‘ဟုတ်တယ် တကယ်ကြီးတာပဲ မင်းသာလာအိပ်ပေးမယ်ဆို ဒီတစ်ညမင်းအိမ်မှာလိုက်အိပ်ဖို့ သေချာပေါက်စဉ်းစားမှပါ’။
သူမရဲ့လက်နက်က တကယ်သက်ရောက်မှုကြီးသည်။ တစ်ခါကြည့်ပြီးလျှင် မခွာနိုင်အောင်ပဲ။ လက်နဲ့သာကိုင်လိုက်ရလျှင် ……..
‘ရှင်လေးကတကယ့်လူဆိုးလေးပဲ မကောင်းတာတွေပဲတွေးနေတယ်။ ဒါပေမယ့်အလုပ် ကြိုးစားမယ်ဆိုလျှင်တော့ ဒါမျိုးကမဖြစ်နိုင်တာလဲမဟုတ်ပါဘူး’။
ဆောင်းဝမ်ချင်းရဲ့ နှလုံးခုန်မြန်လာပြီး လီဖန်းကိုလက်သီးဖွဖွလေးဖြင့် ထုလိုက်သည်။
‘နားလည်ပါပြီဗျာ အခုတော့သွားခွင့်ပြုပါဦး’။
‘ဒီလူကထိန်းချုပ်လို့ကိုမရဘူး’ ဆောင်းဝမ်ကျင်း ရေရွတ်လိုက်ပြီး ထူးဆန်းစွာမေးလိုက်သည်။
‘ကျွန်မအတွင်းခံ ဘာအရောင်ဝတ်ထားတာလဲ’။
‘အနီ’ လီဖန်းကရပ်လိုက်ပြီးပြောလိုက်သည်။
‘အနီ??း ဆောင်းဝမ်ကျင်းရဲ့ပုံစံက ထူးဆန်းလာသည်။
လီဖန်းက စားပွဲအောက်ဝင်ပုန်းနေကတည်းက သူမစကတ်အောက်ကို တွေ့ရမှာပါ။ ဒါပေမယ့် အဖြူဝတ်ထားတာကို ဘာလို့ အနီလို့ပြောတာလဲ။ သူတမင်သက်သက်လွှဲပြောတာလား။ မကြည့်ခဲ့တာလား။ လီဖန်းရဲ့နောက်ကျောကိုပြီး ဆောင်းဝမ်ကျင်းအတွေးနက်နေသည်။
မင်ယွဲ့ကလပ်ကထွက်လာပြီး နောက်ဆုံးတော့ အသက်ဝအောင်ရှူနိုင်ပါပြီ။ မြင်သာမြင်ရ မထိရတာကနာကျင်လွန်းလှသည်။
‘ဆောင်းဝမ်ကျင်းနဲ့ပက်သက်ပြီး စနစ်ကတာဝန် ထုတ်မလားမသိဘူး’
လီဖန်းရဲ့ခံစားချက်တွေ ရှုပ်ထွေးနေသည်။ မျှော်လင့်မိသလို စိတ်ကလည်းထင့်နေသည်။ ဆောင်းဝမ်ကျင်းက တကယ့်ကိုနှစ်လိုဖွယ်ကောင်းပြီး အန္တရာယ်ကိုလည်းကိုစားပြုသည်။
သို့ပေမယ့် လီဖန်းဟာ စိတ်သက်သာသွားပြန်တယ်
‘ငါ့မှာစနစ်ရှိမှတော့ ဒီအခွင့်အရေးကိုလက်လွှတ်ရမှာလား။ နောက်တခါ ဘာကိုမှကြည့်မနေတော့ဘူး။ စိတ်ချမ်းသာဖို့သာလိုတယ်’။
ခဏလောက်ထိုင်ရယ်နေပြီးနောက် တက္ကစီငှားကာ အငှားအိမ်သို့ ပြန်သွားလေသည်။ နောက်တစ်နေ့နံနက်မှာ လီဖန်းကကုမ္ပဏီကို ဘတ်စ်ကားနဲ့ ရောက်သွားသည်။ အထဲကိုဝင်သွားတော့ သူ့လုပ်ဖော်ကိုင်ဖက်တွေက ရှုပ်ထွေးနေတဲ့မျက်လုံးတွေနဲ့ကြည့်ကာ စိတ်ပူသလို၊ အံ့လည်းအံ့ဩနေကြသည်။
လီဖန်းကမျှော်လင့်ပြီးသားပါ။
အားလုံးကို ပြုံးပြနှုတ်ဆက်ပြီး သူ့ထိုင်ခုံကို လျှောက်သွားလိုက်သည်။
‘အိုး သခင်လေးလီ ဗိုက်နာလို့ဆို။ မလာတော့ဘူးလို့တောင်ထင်နေတာ’
ထိုအသံကိုကြားပြီး ရုံးခန်းကတိတ်ဆိတ်သွားသည်။ ထို့နောက်လူတစ်ချို့မှာ ထရယ်ကြလေသည်။