“ဒုတိယညီမ၊ သူတို့ … သူတို့က မေမေနဲ့ တတိယညီမကို ကြိမ်းမောင်းတယ် ”
လုရှင်းနှုတ်ခမ်းစူကာ ညည်းညူရင်း မျက်နှာပေါ် မကျေနပ်ချက်တွေနဲ့ ပြည့်နေ၏။
အမျိုးသမီး လျို နဲ့လုနိုင်း တို့ မနာလိုမှုနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ခံစားချက်တွေ ရှိပေမဲ့လည်း ဒီကလေး နှစ်ယောက်က အပြစ်ကင်းသည်… သူတို့ဘာမှ မသိကြဘူး။
လုရှန်း တစ်ဖက်သားရဲ့ ခံစားချက်တွေကို အမြဲစဉ်းစားပေးသူဖြစ်သည်။ သူမကို ကောင်းကောင်း ဆက်ဆံရင် သူမ လည်း ကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံသည်။
သူမ နဖူးကို ညင်သာစွာ ပွတ်သပ်ပြီး သူတို့ကို ပြုံးပြသည်။ “သူတို့ကို လျစ်လျူရှုလိုက် ”
“အားရှန်း !”
လုရန် သူ့အခန်းထဲကနေ လှမ်းအော်၏။
လုရှန်းခေါင်းလှည့်ကြည့်တော့ လုရန်ကိုမြင်ပြီး ပြုံးပြလိုက်သည်။
“အစ်ကို။”
လုရှန်း ရဲ့ အပြုံး ကြောင့် လုရန်အံ့သြသွား၏။
အမေဆုံးပြီးကတည်းက သူ့ညီမ အပြုံးကို တစ်ခါမှ မမြင်ဖူးဘူး။ ဒီလိုမျိုး ရှစ်နှစ်ကျော်သွားခဲ့သည်။
လုရှန်းရဲ့ မျက်လုံးများနဲ့ မျက်ခုံးများက အမျိုးသမီး ဟဲ နဲ့ တူသည်။ နူးညံ့သိမ်မွေ့စေသည်။
သို့သော် လုရှန်းရဲ့ မျက်နှာ က အမျိုးသမီး ဟဲ ထက် ပို၍ ဆွဲဆောင်မှု ရှိသည်။ သူမ ပြုံးလိုက်တဲ့အခါ တစ်ယောက်ယောက်ရဲ့ နှလုံးသားကို သူ့အပြုံးနဲ့ နှစ်သိမ့်ပေးနိုင်သလို နွေးထွေးမှုလည်း ခံစားရသည်။
အရင်ကတော့ လုရှန်းက ခေါင်းငုံ့ပြီး ပျော့ညံ့တဲ့အမူအရာ ဖော်ပြခဲ့သည်။ ထို့ကြောင့် လူတိုင်းက သူမရဲ့ အသွင်အပြင်ကို လစ်လျူရှုစေတယ်။
သူ့အစ်ကို လုရန်တောင် သူ့ညီမက ဆွဲဆောင်မှု ရှိတဲ့ မိန်းကလေးဆိုတာကို ဒီနေ့မှ သိလိုက်ရသည်။
လုရန် ပြုံးပြီး ” ညီမလေး ပြန်လာတာ ကောင်းတယ် “
လုရန်ကိုမြင်တော့ လုရှန်း ပိုင်ရှင်ရဲ့ဆန္ဒကို တွေးမိသည်။
သူမရဲ့ အပြုံးက ပျောက်ကွယ်သွားကာ တိုးတိုးလေး ပြောလိုက်သည်။ “အစ်ကို စန်းဟူနဲ့ပေါင်းနေတာ ရပ်ပါ”
စန်းဟူသည် လျိုယွဲ့ရွာ တွင် ကြီးကြီးကျယ်ကျယ် အလုပ်မလုပ်ဘဲ ပျင်းရိသူဖြစ်ပြီး နာမည်ဆိုး နဲ့ ကြီးပြင်းလာသည်။ သူက နေ့ဘက်မှာ ဈေးဝယ်ထွက်ပြီး ညဘက်တွင် ခိုးသည်။
ရွာကလူတိုင်း တစ်ခုခု ဆုံးရှုံးသွားတဲ့အခါ တရားခံကို သိကြသည်။ သို့သော် သက်သေအထောက်အထားမရှိတာမို့ သူတို့ရဲ့ ဒေါသတွေကို တခြားနည်းနဲ့ပဲ ဖော်ထုတ်ကြသည်။
လုရန် တိတ်ဆိတ်နေတာမြင်တော့ လုရှန်းက “မနေ့ညက အမေ့ကို အိပ်မက် မက်တယ်။ ကျောင်းပြန်တက်ပြီး စာကျက်ဖို့ ပြောသည်။ အမေက အကို ကို ဂုဏ်သိက္ခာရှိတဲ့ အလုပ်တစ်ခုမှာ လုပ်ဖို့ မမျှော်လင့်ဘူး၊ ဒါပေမယ့် အကို က အသုံးမကျတဲ့လူတစ်ယောက်မဖြစ်လာဖို့မျှော်လင့်နေတယ်”
လုရန်က အမျိုးသမီး ဟဲ အပေါ် နာခံမှုအရှိဆုံးဖြစ်သည်။
တကယ်ပဲ သူမ ပြောပြတော့ လုရန် တုန်လှုပ်ပြီး မေးမြန်း၏။ “နင်… အမေ့ကို တကယ်အိပ်မက်မက်ခဲ့တာလား”
“ဟုတ်ကဲ့။”
လုရှန်း ခေါင်းညိတ်လိုက်ပြီး လုဂျန် ကို လုရှင်းကို သူတို့အခန်းထဲပြန်ခိုင်းလိုက်၏။
လုရှန်း လုရန်ကို ပြန်ကြည့်တော့ တစ်စိတ်တစ်ပိုင်း ဖြစ်ရပ်မှန်ကို ဖန်တီး ပြောဆိုသည်။ “ရေကန်ထဲ ပစ်ချခံရတော့ သေတော့မယ်လို့ ထင်ထားတာ။ ဒါပေမယ့် ညီမလေး အမေ့ကိုတွေ့တယ် ။ အဲဒီနောက် မူးလဲသွားသည်။ အိပ်ရာက နိုးလာတော့ ကမ်းစပ်မှာ ဖြစ်နေတယ်”
” အမျိုးသမီး လျို နဲ့လုနိုင်း နင့်ကို သတ်ဖို့ကြိုးစားကြတယ် လို့ ပြောတာလား?။
လုရန်ရဲ့ ဒေါသကြောင့် သူ့နဖူးရှိ သွေးကြောများ ပေါက်ကွဲမတက်ဖြစ်နေ၏။
လုရန် လက်သီးကို တင်းတင်းဆုပ်ပြီး အေးစက်တဲ့လေသံနဲ့ မေးမြန်းတယ်။ “သူတို့နှစ်ယောက် ဘယ်မှာလဲ?”
“ငါသူတို့ကိုသတ်မယ်!”
“သူတို့?” လုရှန်း ပြုံးပြီး “သူတို့ အခု အရာရှိတွေ နဲ့ အတူ ရှိနေတယ် ”
လုရန် မျက်မှောင်ကြုတ် ပြီး “ညီမလေး ဘာကိုဆိုလိုတာလဲ?”
လုရှန်း ထိုင်ခုံလေး ယူလာပြီးဝင် ထိုင်ကာ ကောင်းကင်ကို မော့ကြည့်ရင်းပြုံး၏။
“သူတို့ရဲ့ လုပ်ရပ်ကို ဖော်ထုတ်လိုက်တာမို့ တာဝန်ရှိသူတွေက ဖမ်းသွားပြီ”
အမျိုးသမီး လျို ကို တစ်စုံတစ်ယောက်ရဲ့ ဇနီးအဖြစ်လျိုယွဲ့ရွာသို့ ရောင်းစားခံရပြီး ခင်ပွန်းဖြစ်သူ က လုနိုင်း ကိုမွေးဖွားပြီး မကြာမီပင် သေဆုံးသွားခဲ့သည်။
လွန်ခဲ့သော ရှစ်နှစ်……အမျိုးသမီး လျို သည် လုဒါဟွား နဲ့ ပေါင်းပြီး အမျိုးသမီး ဟဲ ကို အန္တရာယ်ဖြစ်အောင် လှည့်စားခဲ့သည်။ ထို့နောက် လုဒါဟွားနဲ့လက်ထပ်သည်။
အမျိုးသမီး လျို မှာ မိသားစုမရှိတဲ့ အပြင် လုဒါဟွား က လည်း ကယ်တင်ဖို့ ရည်ရွယ်ချက်မရှိဘူး။
ဒါကြောင့်လုနိုင်း နဲ့ ထွက်သွားဖို့က မဖြစ်နိုင်ဘူး ။
သို့သော် အမျိုးသမီး လျို ရဲ့ ဇာတ်ကောင် ကို သူမ လွယ်လွယ်နှင့် အရှုံးပေးမှာမဟုတ်ဘူး။