လုဒါဟွား ငွေအကြောင်း ပဲ စဉ်းစားနေခဲ့သည်။
ကွယ်လွန်သူအမျိုးသမီး ဟဲ ပဲဖြစ်ဖြစ် လုဒါဟွားကို လက်ထပ်ဖို့ အစွမ်းကုန်ကြိုးစားခဲ့တဲ့အမျိုးသမီး လျို ပဲဖြစ်ဖြစ်၊ သူတို့ထဲက တစ်ယောက်ကိုမှ လုဒါဟွား ဂရုမစိုက်တာကို လုရှန်းရှာတွေ့ခဲ့သည်။
“သမီး ချုအိမ်တော် ကို မသွားဘူး၊ နည်းနည်း ပင်ပန်းနေလို့”
ခရိုင်တရားသူကြီးက မငယ်တော့ဘူး။ တောရွာက မိန်းကလေး ကိုဘာလို့ရုတ်တရက်လိုချင်တာလဲ။ ပြသာနာရှိလို့ဖြစ်ရမည်။
စတုတ္ထအဆင့် အရာရှိတစ်ဦးက ဇနီးသည် တစ်ယောက် ရှာမတွေ့ပဲ ဘယ်နေမှာလဲ? ထိုရာထူးက မြို့တော်မှာ လူတွေအများကြီး ရဲ့ လိုချင်စရာကောင်းလောက်တဲ့ အနေအထားတစ်ခုဖြစ်တယ်။
လုရှန်း သမ်းဝေကာ အခန်းထဲသို့သွားပြီး လုဒါဟွား ကို ဘာမှပြန်မပြောဘဲ တံခါးကိုပိတ်လိုက်သည်။
“ဖေဖေ၊ မေမေနဲ့ တတိယညီမ ဘယ်တော့ပြန်လာမှာလဲ” လုဂျန် တက်လာပြီး မေးသည်။
သူက အသက်ငါးနှစ်သာရှိသေးပေမဲ့ ဥာဏ်မမှီတဲ့ ကလေးမဟုတ်ပေ။
သူ့အမေနဲ့ တတိယညီမ ပြန်မလာတော့ဘူးဆိုတဲ့ ခံစားချက်ကို သူခံစားရသည်။
လုဒါဟွား သည် လုရှန်း ချုအိမ်တော် သို့ သွားရန် ဆန္ဒမရှိခြင်းအပေါ် ဒေါသထွက်နေသည်။
သူ့သား အမျိုးသမီး လျို နဲ့ လုနိုင်း တို့အကြောင်းပြောတော့ သူ ပိုလို့တောင် စိတ်တိုသွားသည်။
လုဒါဟွား စိတ်မရှည်စွာ လက်ကိုဝှေ့ယမ်းပြီး “သွား! သွားပြီး ကစား။ မင်းဒီမှာရှိနေတာကြောင့် ငါ့ကိုစိတ်မပျက်စေနဲ့။”
လုရန် အိမ်ထဲဝင်လာချိန် တစ်ခုခု လွဲချော်နေတာကို ခံစားလိုက်ရသည်။
ပူဇော်ပွဲ စားပွဲကိုမြင်တော့ စိတ်အေးသွား၏။
သူ အရုဏ်မတက်မီ မြို့သို့သွားပြီး လုရှန်းကိုရှာဖို့ လမ်းများအားလုံးကို ဖြတ်ပြေးခဲ့ပေမဲ့ သူရဲ့ ကြိုးစားမှုအားလုံးက အချည်းနှီးဖြစ်ခဲ့သည်။
နောက်ဆုံးတော့ သူပြန်လာဖို့ ဆုံးဖြတ်ခဲ့သည်။
သို့သော် သူအိမ်ထဲ ကိုဝင်တော့ လုဒါဟွားက သူ့ချစ်တဲ့ကလေးနှစ်ယောက်အပေါ် ဘယ်တော့မှအသုံးမကျသည့် သဘောထားကိုတွေ့မြင်ခဲ့သည်။
“အကိုကြီး၊ အမေ ဘယ်တော့ပြန်လာမှာလဲ? “
လုရန် ပြန်လာတာကိုမြင်တော့ လုဂျန် က သူ့ကိုမေးဖို့ အမြန်ရောက်လာတယ်။
“မင်းအမေ ဘယ်သွားလဲ ငါဘယ်လိုသိမှာလဲ”
လုရန် က မူလအမျိုးသမီး လျို ကို မကြိုက်ဘူး။ လုဂျန် ရဲ့ အမေးကိုကြားတော့ သူ့စိတ်မကျေနပ်မှုက ပိုလို့ကြီးထွားလာ၏။
လုဂျန် လျှောက်လာတော့ လုရန်ရဲ့မျက်နှာအေးစက်သွား၏။ လုရန် လုဒါဟွား ကို လျစ်လျူရှုပြီး သူ့အခန်းထဲကို တန်းတန်းမတ်မတ်သွားသည်။
လုဂျန်က လုရန် ကို အမြဲကြောက်ရသည်။ လုရန် စိတ်ဆိုးနေတာမြင်တော့ လုရှင်း ရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး စကားဆက်မပြောရဲဘဲ ဘေးမှာ ရပ်နေ၏။
“ပြန်လာပြီလား? “ လုဒါဟွားက အဝေးကို လျှောက်သွားနေသည့် လုရန်ကိုမြင်တော့ အလျင်စလိုဆွဲခေါ် ၏။ “အခုပြန်လာတာ ကောင်းပါတယ် ။ မင်းညီမကို ငါနဲ့ ချုအိမ်တော် ဆီ လိုက်ခဲ့ပေးဖို့ စည်းရုံးပေးစမ်းပါ။”
လုရန် ဒီစကားကြားတော့ ရပ်တန့်သွား၏။ “ညီမ?”
လုဒါဟွားက “ဟုတ်တယ် ။ ရှောင်ရှန်း ပြန်လာပြီ။”
“သူမဘယ်မှာလဲ?”
“သူ့အခန်းထဲမှာ။ ပင်ပန်းနေပြီလို့ ပြောတယ် ”
လုဒါဟွားရဲ့ စကားကြောင့် တံခါး ခေါက်ရန် ကြံရွယ်နေသော လုရန် ရပ်တန့်သွား၏။
“ကျွန်တော်လည်း ပင်ပန်းနေလို့ အခန်းထဲပြန်လိုက်ဦးမယ်။”
လွန်ခဲ့သည့်နှစ်ရက်က သူ ကောင်းကောင်းမအိပ်ပဲ လုရှန်းကို ရှာဖွေခဲ့သည်။ အခု သူမ ပြန်လာတာ ကြားလိုက်ချိန် သက်ပြင်းချမိသည်။ နောက်ဆက်တွဲဖြစ်လာတာကတော့ အိပ်ငိုက်လာတာပဲ။
” မင်းတို့နှစ်ယောက်က ငါ့ကို စိတ်ငြိမ်သက်မှုမပေးဘူး”
လုဒါဟွား တုန်တုန်ယင်ယင်နဲ့ လုရှန်းရဲ့ အခန်းတံခါးကို စိုက်ကြည့်နေခဲ့သည်။ နောက်တော့ ခြံဝင်းထဲက ထွက်လာခဲ့သည်။
လုဂျန် နဲ့ လုရှင်း တို့ ခြံဝင်းကို ကြည့်လိုက်သည်။ သူတို့ ကစားဖော်တွေကို ရှာဖို့ မသွားခင် ခဏလောက် စဉ်းစားကြည့်သည်။
ခဏကြာတော့ လုဂျန် က ငိုနေတဲ့ လုရှင်း ကို ပြန်ခေါ်လာမယ်လို့ ဘယ်သူသိမှာလဲ?
လုရှန်း နားထင်ကြော ပွတ်ကာ အကြောင်းရင်းကို ရှာဖွေဖို့ အမြန်ထွက်လာ၏။
လုဂျန် လုရှန်းကိုမြင်တော့ ရိူက်နင့်နေ၏။ လုဂျန် ၏ မျက်ဝန်းမှ မျက်ရည်ကျများစီးကျ၏။ “ဒုတိယအစ်မ ငါ့အမေနဲ့ အစ်မ က အစ်မကို သတ်ဖို့ ကြိုးစားတယ်လို့ပြောတယ်။ အခု သူတို့ကို တာဝန်ရှိသူများက ဖမ်းဆီးထားတာတဲ့။ နောက်တစ်ခါ ပြန်မလာတော့ဘူးဆိုတာ။ အမှန်လား?”
အမျိုးသမီး လျို လုနိုင်း ကို အများဆုံး အာရုံစိုက်ခဲ့ပြီး ကလေးနှစ်ယောက်ကို အလွန်အမင်း ဂရုမစိုက်ခဲ့လေဘူး။
လုရှန်းရဲ့ တိတ်ဆိတ်ခြင်းကို သူမြင်လိုက်တော့ လုဂျန် ရဲ့ မျက်နှာ ရဲတက်သွား၏။
သူ့အမေ နဲ့ တတိယညီမက သူရဲ့ ဒုတိယအစ်မ ကို ပုံမှန်ဆက်ဆံပုံကို သူမြင်သည်။
သူ့အမေက လုရှန်းကို အမြဲနှိပ်စက်သည်။ လုရှန်း ရဲ့ အမှားအယွင်းပေါ်မူတည်ပြီး ဆူပူကြိမ်းမောင်းပြီး ရိုက်သည်။ အများဆုံးကတော့ ထမင်းငတ်အောင်ထားသည်။
“ဒုတိယညီမ၊ အမေနဲ့ တတိယညီမ။ မင်းကိုသတ်ဖို့ တကယ်ကြိုးစားခဲ့တာလား”
လုရှန်းပြုံးပြီး “အခုကစပြီး ဒီအကြောင်းကို မပြောနဲ့တော့။ ဒီကာလအတွင်း မင်း နဲ့ အားရှင်း အိမ်မှာပဲ နေသင့်တယ်။ မကြာခင် ပြီးသွားလိမ့်မယ်။”
ကလေးနှစ်ယောက်က နာခံမှုရှိပြီး အသနားခံသည့်မျက်ဝန်းတွေနဲ့ သူမကို ကြည့်နေကြသည်။