ရွာသားများ လူစုခွဲသွားတော့ လု မိသားစု နဲ့ ငိုနေတဲ့ လုဂျန် နဲ့ လုရှင်း က လွဲပြီး တိတ်ဆိတ်သွားခဲ့သည်။
လုရှန်း လုဒါဟွားကို လျစ်လျူရှုပြီး ရေတွင်းထဲက ရေတစ်ချို့ကို ယူလာကာ သူမရဲ့ အခန်းဆီ သယ်သွားသည်။ ရေမိုးချိုး အဝတ်အစားလဲပြီးမှ အခန်းထဲမှ ထွက်လာသည်။
ခြံဝင်းထဲ လုဒါဟွားက လုဂျန် နဲ့ လုရှင်း ကို နှစ်သိမ့်ပေးနေသည်။ ကလေးနှစ်ယောက်လုံး ငုတ်တုတ်ထိုင်ကာ ပေါင်းပင်များကို ဆွဲနေကြသည်။
လုဒါဟွားကတော့ သူမ ထွက်လာတာကို စောင့်နေသလိုနဲ့ ဝင်းထဲ ထိုင်နေသည်။
လုရှန်း သူမရဲ့ နေရာလွတ်လက်ကောက်မှ သိမ်းဆည်းထားတဲ့ မျက်နှာသုတ်ပဝါကို အသုံးပြုပြီး ဆံပင်ခြောက်အောင်သုတ်ရင်း ထိုင်ခုံတစ်လုံးကို ဆွဲယူကာ ဘေးတွင် ဝင်ထိုင်သည်။
လုဒါဟွား ဒီလို အပြုအမူကို ပထမဆုံးအကြိမ် မြင်ဖူးတာဖြစ်လို့ သံသယဖြစ်စရာကောင်းသည်လို့ ခံစားနေရသည်။
အရင်တုန်းကတော့ လုရှန်း က သူပြောသမျှကို နာခံသည်။ သို့သော် သူမ ဒီနေ့ အနည်းငယ်ထူးဆန်းနေပုံရသည်။
လုရှန်း ဘာမှမသိနားမလည်စွာပြောလိုက်သည်။ “ရေကန်ထဲ ရေကူးခဲ့တာ အနီးနားရွာက တဲလေးတစ်လုံးမှာနေခဲ့တယ်။ မနေ့ညက အမေ့အကြောင်း အိပ်မက်မက်တယ်။”
လုဒါဟွားအံ့ဩသွားသည်။ ဒီနေ့ ယဇ် ပုရောဟိတ်နဲ့ စုန်းမ ပြောတာ သတိရသွားပြီး ချက်ချင်း အပြစ်ရှိသည်လို့ ခံစားရသည်။
” မင်းအမေအကြောင်း အိပ်မက်မက်ခဲ့တယ်? မင်း အမေ ဘာပြောလဲ?”
လုရှန်း ခေါင်းလှည့်ပြီး လုဒါဟွား ကို တိတ်တဆိတ် စိုက်ကြည့်သည်။
လုဒါဟွား ချက်ချင်း စိုးရိမ်လာသည်။
ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်နေ၏။ လုရှန်း က “အမေက အဲဒီနှစ် အအေးမိတယ်လို့ တိုးတိုးလေးပြောတယ်။ သို့သော် အဖေ နဲ့ အမျိုးသမီး လျို က သူ့ဆေးထဲကို အာဆင်းနစ် ထပ်ထည့်ခဲ့တယ်။”
လုဒါဟွားရဲ့ စိတ်က ချက်ချင်းပင် လွတ်ထွက်သွား၏။
ဒီနှစ်အတွင်း အမျိုးသမီး ဟဲ က လုရန် နဲ့ လုရှန်း တို့ကို ကြာပန်းအစေ့များရိတ်သိမ်းရာတွင် ကူညီရန်အတွက် သူ့မိသားစုထံ ပြန်ခေါ်သွားခဲ့သည်။ သူ အထီးကျန်မှုကို သည်းမခံနိုင်တော့ဘဲ လုဒါဟွား အမျိုးသမီး လျို နဲ့ ရင်းနှီးခဲ့သည်။
ပညာရှိ စကားအတိုင်း ပထမအကြိမ်ပြီးရင် ဒုတိယအကြိမ်ဖြစ်မှာ သေချာသည်။
အမျိုးသမီး ဟဲ သည် ရိုးသားတဲ့ အမျိုးသမီးဖြစ်သည်။ သူမ စည်းမျဥ်းစည်းကမ်းများကို လိုက်နာတာမို့ လူအများနှစ်သက်ပြီး အမျိုးသမီး လျို လောက် မတော်ပေ။
လုဒါဟွား သည် အမျိုးသမီး လျို နဲ့ အချိန်ပိုကြာလေလေ အမျိုးသမီး ဟဲ ကို မနှစ်သက်လေလေဖြစ်လာသည်။
အမျိုးသမီး ဟဲ အအေးမိနေသည် ဟု အမျိုးသမီး လျို ကြားတော့ အမျိုးသမီး ဟဲ ကို အဆိပ်ခတ်ဖို့ စည်းရုံးခဲ့သည်။
တစ်နည်းနည်းနဲ့တော့ အာဆင်းနစ်ကို အမျိုးသမီး ဟဲ ရဲ့ ဆေးထဲကို နေ့တိုင်းထည့်ဖို့ ညွှန်ကြားခဲ့သည်။
ဒီအရာက နှစ်ပေါင်းများစွာ ထဲက သူ့နှလုံးသားထဲ အကြီးမားဆုံးသော တွင်းဖြစ်သည်။
သူ့သမီးရဲ့စကားကြားတော့ မနေ့ညက အိမ်မှာ သရဲတစ္ဆေနဲ့တွေ့သည်လို့ အမျိုးသမီး လျို ပြောတာကို ရုတ်တရက် သတိရသွားသည်။ အအေးဓာတ်က သူ့ကျောရိုးကို ပြေးဆင်းသွားတော့သည်။
လုဒါဟွား သူ့ကိုယ်သူ တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားသည်။ အချိန်အတော်ကြာပြီးနောက် “မင်းအမေ ဘာပြောသေးလဲ” လို့ တိုးတိုးလေးမေးလိုက်၏။
“ကိုယ့်ကိုကိုယ် မလှည့်စားရင် နေ့တိုင်းပြန်လာပြီး မိသားစုကို မငြိမ်မသက်ဖြစ်အောင်လုပ်မယ်လို့ပြောတယ်။ အဖေနဲ့ အမျိုးသမီး လျို ဆီက အသက်စွမ်းအင်တွေကိုတောင် စုပ်ယူလိုက်တဲ့အတွက် အဖေရဲ့အသက်စွမ်းအင်က လျော့ကျသွားပြီ နှစ်ယောက်စလုံး ငရဲကို စောစောစီးစီးသွားရလိမ့်မယ်တဲ့ ”
သူမရဲ့ အသံက အလွန်ငြိမ်သက်နေပေမဲ့ လုဒါဟွား အန္တရာယ်ရှိသောအရာတစ်ခုကို ခံစားနိုင်သည်။
ခြံဝင်းထဲ ရုတ်တရက် လေအေးတွေ တိုက်သွား၏။ လုဒါဟွား ကြောက်လန့်တကြား တုန်လှုပ်သွား၏။
လုရှန်း ဘာမှ မပြောဘူးဆိုရင် သူ သိပ်ဂရုမစိုက်ဘူး။ သို့သော် သူမ စကားပြောပြီးနောက် အမျိုးသမီး ဟဲ သူ့နောက်တွင်ရပ်နေပြီး ဆိုးသွမ်းသောအကြည့်နဲ့ သူ့ကိုစိုက်ကြည့်နေသလိုမျိုးခံစားရသည်။
လုဒါဟွား တံတွေးကို မျိုချပြီး “ဒါ အိပ်မက်တစ်ခုပဲလေ။ ဒီကမ္ဘာမှာ သရဲတစ္ဆေတွေ ဘယ်လိုရှိနိုင်မလဲ။”
“ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။” လုရှန်း ပြုံးလိုက်ပြီး သူမ ခေါင်းကို နောက်ပြန်လှည့်ကာ တိတ်ဆိတ်ထွက်သွားသည်
သို့သော် လုဒါဟွား ဒီအကြောင်းကို ပိုတွေးလေလေ၊ ပို စိုးရိမ်လာသည်။သူ့နောက်ကျောက အေးစက်လာသလို ခံစားရသည်။
လုရှန်း လျစ်လျူရှု ထား၏။
နောက်တစ်ခုက ကြောက်စရာအကောင်းဆုံး ညှဉ်းပန်းနှိပ်စက်မှုမှာ မိမိကိုယ်ကို နှိပ်စက်ညှဉ်းပန်းခြင်း ဖြစ်သည်။
ဒါကြောင့် မနေ့ညက အိမ်မှာ သရဲခြောက်ပြီး ဒီနေ့ ယဇ်ပုရောဟိတ် နဲ့ စုန်းမကြီး ပြောသောစကားကြောင့် လုရှန်း လုဒါဟွားကို နောက်ထပ် ရက်အနည်းငယ်သာ ကြာကြာ ထိန်းထားနိုင်မယ်လို့ ယုံကြည်သည်။
“ရှန်ရှန်း အဖေနဲ့အတူ ချုမျိုးရိုး ဆီ သွားဖို့ ဘာလို့အဝတ်အစားအသစ်မလဲတာလဲ?”
လုဒါဟွားသည် ငွေငါးရာထက် ဘာမှ အရေးမကြီးဘူးလို့ ခံစားရသည်။