Switch Mode

အပိုင်း(၈)

နေရာမှားနေတယ်

‘ဘာကြောင့်လဲ’ ခဏကြာတော့ဆောင်းဝမ်ကျင်းမေးလိုက်တယ်။ သူမမျက်နှာလည်း ပြန်တည်ငြိမ်လာသည်။

တခြားလက်အောက်ငယ်သားတွေ သစ္စာဖောက်တာ သူမလက်ခံနိုင်သေးသည်။ ဘာကြောင့် ကောဝမ်ကသူမကို သစ္စာဖောက်ရတာလဲ။ ကောဝမ်နဲ့သူမတွဲလုပ်လာတာ ၇နှစ်ရှိခဲ့ပြီ။ သူ့အနေနဲ့ပြောရမယ်ဆိုလျှင် လူတစ်ယောက်ရဲ့အောက်၊ လူတစ်ထောက်ရဲ့အပေါ်မှာ။ ပိုက်ဆံ၊ ပါဝါ၊ မိန်းမ လိုတာရခဲ့တယ်။ သူကဘာကိုမကျေနပ်နိုင် ရတာလဲ။

‘ဘာကြောင့်လဲ? မင်းကြောင့်ပေါ့၊ ငါမင်းကိုလိုချင်တယ် ဆောင်းဝမ်ကျင်း’။

ကောဝမ်ဟာမျက်ခုံးပင့်ကာပြောရင်း သူ့အပြုံးက ပိုပြီးမကောင်းဆိုးဝါးတစ်ကောင် လိုပါပဲ။

ဆောင်ဝမ်ကျင်းခန္ဓာကိုယ်လေး တုန်သွားသည်။ မျက်နှာမှာလည်း အံ့ဩလို့။

ဘေးမှာရှိတဲ့ ရှမောင် ဟာတုန်ရီနေပြီး သူ့မျက်လုံးမှာ သဘောပေါက်သွားတဲ့ အရောင်ကိုပြသနေသည်။

‘မင်းသိပါတယ်၊ ပထမဆုံးစတွေ့တည်းက မင်းကိုငါ အရမ်းရူးသွပ်ခဲ့တာ။ ညတိုင်းမင်းကိုပိုင်ဆိုင်ခွင့်ရဖို့ စိတ်ကူးနေခဲ့တာ’။

‘မင်းနှလုံးသားကို ရဖို့ ဘယ်လောက်ထိငါပေးဆပ်ခဲ့လည်း။ ဒါပေမယ့် မင်းငါ့ကိုအထိတောင် မခံဘူး’။

‘နောက်တော့ ငါသိသွားတယ်၊ မင်းနှလုံးသားကို မရမှတော့ မင်းလူတွေကိုအရင် သိမ်းသွင်းမယ်’

ကောဝမ် မျက်လုံးကိုမှေးကာ တဖြည်းဖြည်းပြောသည်။

‘ပြောတာကောင်းတယ်။ လိုချင်တာကိုရအောင်လုပ်၊ မရလျှင် ရအောင်သိမ်း၊ သိမ်းမရလျှင်ဖျက်ဆီး ဒါကမ္ဘာပေါ်ကလူသားတိုင်း ကျင့်သုံးသင့်တာပဲ။ အဝမ် စိတ်မပူနဲ့ ဒီညပြီးလျှင် မြောက်ပိုင်းကိုမင်းကိုလွှဲထားမယ်။ ဆောင်းဝမ်ကျင်းကိုလည်း မင်းစိတ်သာလုပ် ဟား ဟား ဟား’ ဟန်ကျန်း လက်ခုပ်တီးကာ ရယ်ရင်းပြောသည်။

‘ကျေးဇူးဘော့စ်ဟန်’ ကောဝမ်လည်းပြုံးကာ ‘ဝမ်ကျင်း ရုန်းမနေနဲ့ မင်းကငါ့အတွက်ပဲ မလွတ်နိုင်တော့ဘူး’။

ဆောင်းဝမ်ကျင်းခန္ဓာကိုယ်လေးဟာတုန်နေပါတယ်။ သူမစောတည်းက ကောဝမ်သူမကိုနှစ်သက်တာ သိသည်။ သူမကိုယ်သူမယုံကြည်မှုရှိပြီး စိတ်ထဲမထားခဲ့တာ။ နောက်ဆုံး ဒီလိုအခြေအနေရောက်လာမယ်လို့ ထင်မထားခဲ့ဘူး။

အခုတော့ဘာလုပ်မလဲ။ သူမကသိုင်းပညာလေ့ကျင့်ပေမယ့် သာမန်လူနှစ်ယောက်သုံးယောက်လောက်ပဲနိုင်တာ၊ ပြီးတော့ကောဝမ်တစ်ယောက်ကတောင် သူမယှဉ်နိုင်တာမဟုတ်ဘူး။

‘ဒီနေ့ငါ ဒီမှာသေရတော့မှာလား’

ဆောင်းဝမ်ကျင်းက သူမကိုထိတာတော့ မခံနိုင်ပါ။ အခြေအနေမကောင်းလျှင် လျှာကိုက်ပြီး သတ်သေလိုက်မည်။ သို့သော် သူမ မကျေနပ်ပါ။ ဆောင်းဝမ်ကျင်း စိတ်ပျက်နေစဉ်မှာပဲ စားပွဲခုံအောက်က လူတစ်ယောက်ပေါ်လာပြီး သူမကိုသူ့နောက်သို့ဆွဲလိုက်ပါတယ်။ ရှိနေတဲ့သူအားလုံး ကြောင်သွားကြသည်။ စားပွဲခုံအောက်ကို ဘယ်လိုလုပ်လူဝင်နေတာလဲ။

ဆောင်းဝမ်ကျင်းလည်းအံ့အားသင့်နေသည်။ သူမ မထိုင်ခင်တုန်းက ငုံ့ကြည့်ခဲ့တာပဲ ဘယ်သူမှမရှိပါဘူး။ အမြင်မှားသွားတာလား။ ‘ရှင်ဘယ်သူလဲ’ ဆောင်းဝမ်ကျင်း ဟာတုန်ရီနေပြီး မေးလိုက်သည်။

အခြေအနေတွေက ဒီအထိတောင်ရောက်နေပြီပဲ အမြင်မှားတာ အရေးမကြီးဘူး၊ အရေးကြီးတာက ဘယ်သူလဲ၊ ဘာရည်ရွယ်ချက်နဲ့ ရောက်နေတာလဲ ဆိုတာသိဖို့ပဲ။

ဟန်ကျန်းနဲ့ တခြားလူတွေ အံ့အားသင့်သွား ပြန်သည်။ နားထောင်ရတာတော့ ဒီလူကဆောင်းဝမ်ကျင်းစီစဉ်ထားတာ မဟုတ်ဘူး။ အခြေအနေက ဘယ်လိုတုန်းဟ။

‘ကောင်းပြီ… ငါ့နာမည်ကအရေးမကြီးဘူး၊ အရေးကြီးတာက ငါရှိနေလျှင် မင်းကိုသူတို့ မင်းကိုမထိစေရဘူး’ လီဖန်းကလေးနက်စွာနဲ့ ပြောလိုက်သည်။

ဆောင်းဝမ်ကျင်း ကမှန်တယ်။ ခုံအောက်မှာဘာလူမှ မရှိဘူး။ လီဖန်းကဟန်ကျန်း နောက်ကဝင်လာတာ သူ့ကိုဘယ်သူမှ မမြင်ကြတာ။ လီဖန်းခုံအောက်ဝင်နေတယ်ဆိုတာကတော့ လေထဲကပေါ်လာတာထက်စာ ပိုလက်ခံနိုင်တယ် မဟုတ်လား။ ဒီအသံကထူးဆန်းပေမယ့် ဆောင်းဝမ်ကျင်းအတွက် လွတ်မြောက်ဖို့ မျှော်လင့်ချက်ပါ။

‘ဟန့်   ကိုယ့်မျက်နှာတောင် မပြရဲတဲ့ကောင်က ကယ်မယ်ဆိုပါလား’ ဟန်ကျန်းလည်း နှာခေါင်းရှုံကာ ပြောလိုက်သည်။ ဟုတ်ပါတယ် ဆောင်းဝမ်ကျင်းလည်းလီဖန်းခေါင်းနောက်မှာ ကြိုးစီးထားတာတွေ့မှ မျက်နှာဖုံးတပ်ထားမှန်း သတိထားမိသည်။

ဟန်ကျန်းလက်စားခြေမှာ ကြောက်လို့လား။ သူဘယ်သူလဲ။

‘ဘာလို့လဲဆိုတော့ ဒီကသခင်လေးက စောက်ရမ်းချောလို့ မင်းတို့မျက်လုံးတွေကန်းကုန်မှာ စိုးလို့ကွ။ မင်းအမေတောင် မသိနိုင်ဖြစ်မသွားချင်လျှင် ဒိုးလိုက်တော့’ လီဖန်းက နောက်ပိုင်းပြဿနာ မဖြစ်ချင်ပါ။ ဒါပေမယ့် ဝင်ခံရမလား။ စောရီးပဲ။ ထို့နောက် ဝတ်စုံနက်လူတွေလီဖန်းဆီကို ပြေးဝင်လာပါတယ်။ ကောဝမ်ကတော့ လက်ပိုက်ရင်း လှောင်သလိုကြည့် နေသည်။ မင်းဆောင်းဝမ်ကျင်းကိုဘယ်လို ကယ်မလဲဆိုတာ ငါကြည့်ချင်သေးတယ်။

‘စားပွဲအောက်ကို ဝင်နေ’ ပြောရင်းဆိုရင်း လီဖန်းက ဆောင်းဝမ်ကျင်းကို လှည့်မကြည့်ပဲ တွန်းလိုက်ပါတယ်။ ဆောင်းဝမ်ကျင်းကတော့ ကြီးမားတဲ့လက်တစ်ဖက် သူမရင်ဘတ်ကို တွန်းလိုက်တာကို ခံစားလိုက်ရသည်။

‘ အာ့….စောရီး နေရာမှားသွားတာ’ လီဖန်းလည်းအမြန် တောင်းပန်လိုက်သည်။

လက်ကနေခံစားလိုက်ရတာကို ပြောရလျှင် သုံးခွန်းပဲရှိတယ် ကြီးတယ်၊ နူးညံ့တယ်၊အိသွားတယ်။ ဒါကတယ် မတော်တဆပါ။ ကောဝမ်ကလီဖန်းတွန်းလိုက်တာကို မြင်တော့ မနာလိုပါဘူး။

‘ဘောလား ဒါငါအိပ်မက်မက်နေတဲ့နေရာပဲ။ လုံးဝသည်းမခံနိုင်ဘူး’။ ဝတ်စုံနက်နှစ်ယောက်မှာ လီဖန်းကိုတိုက်ခိုက်ပြီး ကျန်လူများမှာဆောင်းဝမ်ကျင်း ကို ဖမ်းဖို့လုပ်ပါတယ်။လီဖန်းလည်းထိုနှစ်ယောက်ကိုကန်ထုတ်ကာနောက်လှည့်ခုန်ပြီး လေပေါ်မှာဝဲ၍ အချက်ပေါင်းများစွာ ဆက်ကန်လိုက်သည်။

‘ဘန်း ဘန်းဘန်း….’ အော်သံနှင့်အတူဆောင်းဝမ်ကျင်းကို ဖမ်းဖို့လုပ်သူများ လေထဲသို့လွင့်ကုန်သည်။ လီဖန်းလည်း ကျားကသမင်ကိုအမဲလိုက်သကဲ့သို့ ဝတ်စုံနက်ဝတ်များကို တစ်ယောက်ပြီးတစ်ယောက် အမှောက်သိပ်ပစ် လိုက်သည်။သူဖြတ်သွားတိုင်းမှာ အော်သံကွဲသံတွေဆက်တိုက်။ ၁၀စက္ကန့် အတွင်းမှာ အကုန်သတိလစ်ကုန်သည်။ ဟန်ကျန်းရဲ့မျက်နှာ ဖြူရော်သွားသည်။ ကောဝမ်ရဲ့တပည့်များ အကုန်မှောက်ကာသူလည်း ကြောက်သွားလေသည်။

‘ငါ့ကိုသတ်ချင်တယ်လို့ ပြောလိုက်တာမင်းလား’ ဘေ့စ်ဘောရိုက်တံကိုကိုင်ကာ ဟန်ကျန်းဆီသို့လီဖန်း တဖြည်းဖြည်းလျှောက်သွားသည်။

‘အဝမ်’ ဟန်ကျန်းလည်း ကောဝမ်ကိုကြည့်ကာ ‘မင်းသူ့ကိုသတ်နိုင်လျှင် ၁၀မီလီယံပေးမယ်’။

သူကလီဖန်းပြိုင်ဖက်မဟုတ်ပါဘူး။ ကောဝမ်ကိုသာအားကိုးနိုင်တော့သည်။

ကောဝမ်ခေါင်းငြိမ့်လိုက်ပြီး ‘မင်းဘယ်သူပဲဖြစ်ဖြစ် ငါ့ရဲ့ကိစ္စကြီးကို နှောက်ယှက်တာတော့ မင်းသေသင့်တာပဲ’။

ခါးနောက်မှဓါးထုတ်ကာ လီဖန်းကိုပြေးထိုးလိုက်သည်။ လီဖန်းလည်း ဟိတ်ဟန်မပြနိုင်တော့ပါ။

ဘေ့စ်ဘောတုတ်နဲ့ လှမ်းရိုက်လိုက်ရာ ကောဝမ်ကရှောင်ပြီး သူ့ခြေထောက်ကိုကန်လိုက်ရာရှောင်လိုက်သဖြင့်ရှေ့သို့ယိုင်သွားသည်။ကောဝမ်လည်း ဓါးမြောင်ကိုလက်နှစ်ဖက်နှင့်ကိုင်ကာ ထိုးချလိုက်သည်။ ရှေ့ကိုယိုင်ကျစဉ်ကွက်တိ ထိုးလိုက်ခြင်းဖြစ်ရာ ရှောင်ဖို့ရာနောက်ကျနေလေပြီ။ လီဖန်း….သေဟ


Comment

Leave a Reply

Options

not work with dark mode
Reset