“မင်း။ မင်း လုရှန်း ကိုသတ်လိုက်တာလား။”
လုဒါဟွားရုတ်တရက် ပြောလိုက်တော့ ရွာသားတွေ လန့်သွားသည်။
အမျိုးသမီး လျို အပေါ် လူတိုင်းကြည့်တဲ့အကြည့် ပြောင်းလဲသွားသည်။ သူတို့ ဒေါသထွက်လာတယ်။
“အဲဒီမိန်းကလေးက အရမ်းနာခံတယ် ။ ညည်းညူခြင်းမရှိဘဲ မင်းညွှန်ကြားသမျှကို လုပ်ခဲ့တယ်”
“ဟုတ်တယ်! ဒီလောက်ကောင်းတဲ့ ကလေးမလေးကို ဘယ်လိုလုပ် သတ်နိုင်တာလဲ? တကယ်ကို နှလုံးသားမဲ့တာပဲ!”
“သူ့ခင်ပွန်းဟောင်းကိုတောင် သတ်ပစ်လိုက်တာလား မသိဘူး။”
လူတိုင်းက အမျိုးသမီး လျို ကို လက်ညှိုးထိုးပြီး ပြောကြသည်။
အမျိုးသမီး လျို လုံးဝကို အံသြသွားသည်။ အမျိုးသမီး လျို မြေပြင်ပေါ်သို့ လဲကျသွားပြီး ဘာမှပြန်မပြောနိုင်ဘဲ မျက်လုံးများ ပြူးကျယ်နေ၏။
“သခင်၊ မင်းပြောတာမှန်တယ် သူက လူသတ်သမားပဲ!”
ချုယွမ်က ချုစစ်ဟန် ကို သူ့ကိုယ်သူ ဂုဏ်ယူတဲ့ ပုံစံမျိုးနဲ့ တစ်ချက်ကြည့်၏။
ငါရဲ့ သံသယတွေက ဘယ်တုန်းက မှားခဲ့ဖူးလို့လဲ?
ချုစစ်ဟန် အမျိုးသမီး လျို ကို အေးတိအေးစက် စိုက်ကြည့်ကာ အမိန့်ပေးလိုက်သည်။ “အုပ်ချုပ်ရေးအရာရှိ ဝမ် တောင်ပေါ် က လူတွေကို ပြန်လာခိုင်းပြီး လူသတ်သမားကို တွေ့ပြီလို့ ပြောလိုက်”
“ကောင်းပြီ!”
လုရှန်း ဘေးနားမှာ ရပ်ပြီး သူတို့ကို ကြည့်နေ၏။ ချုယွမ် တောင်ကုန်းဆီ လျှောက်သွားပြီး တစ်ဖက်က ခြံစည်းရိုးကို ကျော်လိုက်သည်။
လုရှန်း နားမှာ ဘယ်သူမှမရှိတာသေချာတဲ့အခါ သူမ မမြင်နိုင်တဲ့ အဝါရောင် ဂါထာ စက္ကူ ကိုခွာပြီး တောင်ခြေရင်းမှာ ထိုင်ချလိုက်သည်။
ခြေသံကြားတော့ ရုတ်တရက် ထရပ်ပြီး ရွာဘက်ကို ဖြည်းညှင်းစွာ လျှောက်လာသည်။
တောင်ပေါ်မှ လမ်းလျှောက်လာသော အုပ်ချုပ်ရေးအရာရှိ ဝမ်နဲ့ ချုယွမ် တို့ သူမရဲ့ နောက်ကျောကို မြင်တော့ အနည်းငယ် ရင်းနှီးသလို ခံစားရသည်။ သို့ပေမဲ့ တရားခံကို ဖမ်းရန် အလျင်လိုနေတာမို့ သူမကို သိပ်ဂရုမစိုက်ဘူး။
အုပ်ချုပ်ရေးအရာရှိ ဝမ်နဲ့ အခြားသော အစောင့် တွေက လုရှန်း ရဲ့ နံ ဘေးက မြန်မြန်ဖြတ်သွားကြသည်။
သူမ ကို စကားမပြောကြဘူး။
ဘာလို့ငါ့ကို တစ်ယောက်မှ သတိမထားမိကြတာလဲ?
ဒီမှာ ပေါ်လာတာကို ငါဘယ်သူလဲလို့ သူတို့ မေးသင့်သည်မလား?
သူမကို တောင်ကုန်းတွေပေါ်မှာ လိုက်ရှာနေတာ ကြာပြီ ဆိုပေမယ့် သူမ ထွက်လာချိန် ဘယ်သူမှ သတိမထားမိခဲ့ကြပေ။
သူမ တိတ်တိတ်လေး လှောင်ပြောင်ရင်း မြန်မြန်လျှောက်ပြီး သူတို့နောက်ကို လိုက်လာခဲ့သည်။
အုပ်ချုပ်ရေးအရာရှိ ဝမ် ရွာရောက်တော့ အမျိုးသမီး လျို နဲ့ လုနိုင်း ကို ဖမ်းဆီးရန် သူ့လူများကို ချက်ချင်း အမိန့်ပေးသည်။
လုနိုင်း ဝမ်းနည်း နေ၏။ သူ့အမေကို ဖမ်းသွားတာကို မြင်တော့ အော်ဟစ်ပြီး ကိုင်ထားတဲ့ အစောင့်တွေကို ကိုက်သည်။
တစ်ယောက်ယောက်က အနီးကပ်နားထောင်ရင် သူမကို ထပ်ခါတလဲလဲ ရွတ်ဆိုသံကိုကြားရလိမ့်မည်။
“ငါ့ကို ခွင့်လွှတ်ပါ ငါမသတ်ဘူး”
“အလောင်း ဘယ်မှာလဲ”
လုဒါဟွား ဒေါသတကြီး အမျိုးသမီး လျို ကို မေး ၏။
ငါ့ရဲ့ ငွေငါးရာ ဘယ်မှာလဲ?
အမျိုးသမီး လျို ကြောက်ရွံ့စွာ ခေါင်းယမ်းရင်း “ငါမသိဘူး! ငါသူမကိုမသတ်ဘူး!”
“ဒီအချိန်မှာ မင်းငြင်းရဲသေးတယ် နော် “အုပ်ချုပ်ရေးအရာရှိ ဝမ် လှောင်ပြောင်၏။
ချုယွမ် က ချုစစ်ဟန် ကိုကြည့်ပြီး “သခင်၊ ကျွန်တော်တို့ ဘာလုပ်သင့်လဲ”
“သူ့ကိုခေါ်သွားပြီး ခရိုင်တရားသူကြီးထံ လွှဲပေးလိုက် မိန်းကလေးအလောင်း ဘယ်မှာလဲ”
ချုစစ်ဟန် မတက်နိုင်ပဲ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
မိန်းကလေး က 16 နှစ်ပဲ ရှိသေးသည်လို့ ကြားသည်။ ဒီလို လှပတဲ့ အရွယ်မှာ ဒီလို သေဆုံးရတာ ဘယ်လောက် သနားစရာကောင်းလိုက်လဲ?
သူ့မိဘရဲ့ ဆုံးဖြတ်ချက်က သူမချစ်ရတဲ့သူနဲ့ လက်ထပ်ဖို့ အခွင့်အရေးတောင် ဆုံးရှုံးခဲ့ရသည်လို့လည်း သူကြားသည်။
အရာအားလုံး နောက်ကျသွား ပြီ!
ပြုပြင်ရန် သူလုပ်နိုင်သမျှမှာ သူမ၏ အလောင်းကို ရှာဖွေပြီး မြှုပ်နှံရန်ဖြစ်သည်။
“လုရှန်း!”
အမျိုးသမီး လျို နဲ့ လုနိုင်း တို့ကို တံခါးဝမှ ခေါ်ထုတ်လာစဉ်တွင် တစ်စုံတစ်ယောက်သည် ရုတ်တရက် အံ့သြတကြီးထအော်၏။
အားလုံးက သူတို့လုပ်နေတာတွေကို ရပ်လိုက်ကြသည်။
ကြောက်ရွံ့ထိတ်လန့်စွာရုန်းကန်နေသော အမျိုးသမီး လျို နဲ့ လုနိုင်း ထိတ်လန့်တုန်လှုပ်နေပြီး ဘေးကို လှမ်းကြည့်သည်။
“သေပြီ” လို့ ယူဆရသည့် လုရှန်း ကို ထိုနေရာတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
လုရှန်း သူတို့ကို ဘာမှ မသိတဲ့ ပုံစံနဲ့ ဟန်ဆောင်လိုက်သည်။ အမျိုးသမီး လျို နဲ့ လုနိုင်း တို့ ရုတ်တရက် ကြောက်ရွံ့စွာအော်လိုက်ပြီး ဒူးထောက်ချပြီးဒူးနှစ်ဖက်ထဲ ခေါင်းကိုမြုပ်နှံထားကာ တစ်ကိုယ်လုံး တုန်ယင်နေ၏။
“ငါ့ကို မသတ်ပါနဲ့! ငါ့ကိုမသတ်နဲ့!”
“တစ္ဆေ! တစ္ဆေ!”
လုနိုင်း ထိတ်လန့်စွာ အော်လိုက်ပြီး မျက်လုံး အပေါ်လန်ပြီး ချက်ချင်း မူးလဲသွား၏။
ခဏတာ တုန်လှုပ်သွားပြီး နောက် အမျိုးသမီး လျို ရုတ်တရက် ဝမ်းသာသွားသည်။ ” ရှန်းရှန်း မင်းအသက်ရှင်နေသေးတယ်နော် ကောင်းလိုက်တာ!”
အမျိုးသမီး လျို စကားပြောနေစဉ် အစောင့်များ၏ ချုပ်ကိုင်မှုမှ လွတ်မြောက်ရန် ကြိုးစားတော့သည်။
သို့သော် လုရှန်း ရုတ်တရက်ထရပ်ပြီး လူအုပ်အနောက် ပုန်းနေ၏။
“ကူညီပါ! သူငါ့ကိုသတ်ချင်နေတာ! သူက ကျွန်မကို အသက်ရှူကြပ်အောင် စောင်ကို အသုံးပြုပြီး။ သူက ကျွန်မကို ရေကန်ထဲတောင် ပစ်ချခဲ့တယ်။ ကျွန်မ ရေနစ်သေလုနီးပါး ဖြစ်ခဲ့ရတယ် !”
လုရှန်း ရဲ့ ကြောက်လန့်နေတဲ့ အကြည့်နဲ့ ပါးပြင်ပေါ် မျက်ရည်တွေစီးကျလာတာ မြင်တော့ သူတို့ရဲ့ နှလုံးသားတွေက နာကျင်လာ၏။ သူမ အလွန်သနားစရာကောင်းနေတာကို တွေ့လိုက်ကြသည်။
တချို့ မိန်းမတွေ ဆိုရင် သူမ ရဲ့ နောက်ကျောကိုပွတ်ပေးပြီး နှစ်သိမ့်ပေးကာ ကာကွယ်ရင်း အမျိုးသမီး လျို ကို တားဆီးဖို့ ကြိုးစားကြတယ်။
ချုယွမ် က လုရှန်း ကိုတွေ့ တော့ အံသြသွားသည်။ “သခင်၊ သူမ က သူတောင်းစားမဟုတ်လား”
ချုစစ်ဟန် ဘာအမူအရာမှထုတ်မပြသောလည်း အံ့အားသင့်နေ၏။
ပျောက်ဆုံးနေ သည့်မိန်းကလေး က ဒီလို အကူအညီပေးတက်သည့် သူတောင်းစားဖြစ်မယ် လို့ သူဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။