လုရှန်း မတ်တပ်ရပ်နေရင်း ပျင်းလာတာမို့ ဘေးနားမှာထိုင်ရင်း စုန်းမရောက်လာမှာကို စောင့်ဆိုင်းနေသည်။
နာရီ ဝက်လောက်ကြာတော့ လုဒါဟွား စုန်းမကို ခေါ်လာသည်။
လုရှန်း ထိုင်နေရင်း အိပ်ပျော်သွားပြီး ခြေသံတွေနီးလာတော့မှ လန့်နိုးလာ၏။
လျိုယွဲ့ ရွာက ရွာသားများ လုဒါဟွား စုန်းမကို ခေါ်လာတာကိုမြင်တော့ အိမ်နားမှာ ပြန်ပြီး စုရုံးခဲ့ကြပြန်သည်။
လီကျန်း(ရွာသူကြီး) ရဲ့ အိမ်မှာ စစ်ဆေးမေးမြန်းမှုအပြီး ချုစစ်ဟန် နဲ့ ချုယွမ် တို့ ဒီ သတင်းကိုကြားတော့ သူတို့ အစောင့်အကြပ်များနဲ့ သွားရောက်ကြသည်။
“လု မိသားစုမှာ သရဲတစ္ဆေတွေ တကယ်ရှိတာလား?” ဘေးက တစ်ယောက်က မေးသည်။
“မသေချာဘူး။ ဒါပေမယ့် မနေ့က လုနိုင်း ရဲ့အော်သံက တကယ်ကြောက်ဖို့ကောင်းတယ်”
“ဟုတ်တယ် ! ငါတို့က သူတို့အနားမှာ နေတာ။ အမြဲ ဝက်တစ်ကောင်လို သေနေတဲ့ ငါ့ရဲ့ မြည်းတောင် ညသန်းခေါင်မှာ အဲဒီအသံကြောင့် လန့်နိုးသွားတယ်”
တစ်ဖက်မှာတော့ ချုစစ်ဟန် ရဲ့ မျက်လုံး ချက်ချင်းဆိုသလို အေးစက်နေပုံပေါ်၏။
ချုယွမ် တစ်ခုခုမှားနေတာကို သတိထားမိသည်။ “သခင် အမျိုးသမီး လျို က မိန်းကလေး လု ဘယ်ကိုသွားတယ် ဆိုတာ သိအောင် ဘုန်းတော်ကြီးကို ဖိတ်ခဲ့တာလို့ ပြောတာမလား”
ချုစစ်ဟန် ရဲ့ အကြည့်ကျဉ်းမြောင်းသွားပြီး “ဆက်နားထောင်ရအောင်”
ချုယွမ် တိုးတိုးလေးပြောကာ သဘောတူပြီး ဖြစ်ပျက်နေသည့်အရာများကို ဆက်လက်စောင့်ကြည့်သည်။
စုန်းမရောက်လာတော့ ယဇ်ပလ္လင်ပေါ် နံ့သာပေါင်းမီးဖိုထဲ သဲထပ်ဖြည့်ပြီး နံ့သာချောင်းအနည်းငယ်ကို စိုက်သည်။
လုဒါဟွား သူဝယ်ထားတဲ့ ပန်းသီးတချို့ကို စားပွဲပေါ်တင်လိုက်သည်။
စုန်းမ အမွှေးတိုင်မီးထွန်းပြီး လုဒါဟွားနဲ့ အမျိုးသမီး လျို ကို တစ်ချောင်းစီ မီးညှိခိုင်းသည်။ နောက်တော့ စုန်းမ ယဇ်ပလ္လင်ရှေ့ ထိုင်ပြီး ခြေထောက်ကိုလှုပ်ယမ်းရင်း ပါးစပ်က ဂါထာတွေရွတ်တော့သည်။
လုရှန်း က မှော်ပညာကိုဘဲ လေ့လာထားတာမို့ စုန်းမ ဘာတွေ ရွတ်နေမှန်း သူ မသိဘူး။
ခဏကြာတော့ စုန်းမ အမွှေးတိုင်သုံးချောင်းကို မီးညှိပြီး အပေါ်မြှောက်ရင်း လု မိသားစုကို လှည့်ပတ်သည်။
သူတို့ကိုကြည့်နေတဲ့ လူတွေ ဒီမြင်ကွင်းက အရမ်းထူးဆန်းနေတာမို့ အသက်တောင်မရှူဘဲ ဆက်ကြည့်နေ၏။
စုန်းမ လုဒါဟွားကို ခေါင်းခါပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်တော့သည်။
ခဏကြာတော့ စုန်းမက “တကယ်ကို ကြောက်လန့်စရာကောင်းအောင်လူသတ်ခံထားရတဲ့ တစ်ယောက်က နင့်အပေါ်တွယ်ကပ်နေတာ ကံကောင်းတာက ကြင်နာတဲ့သူတစ်ယောက်က နင့်အတွက် အဲဒါကို ဖြေရှင်းပေးခဲ့တယ်။”
စုန်းမ စကားဆက်မပြောခင် ခဏရပ်သွား၏။ ” ရိုးရိုးသားသားပြောရမယ်ဆိုရင် နင်က သနားစရာပဲ။ နင့်ရဲ့ အမှားကို မမြင်ဘဲ ဇွတ်ငြင်းနေမယ်ဆိုရင် နင့်အသက်နဲ့ ပေးဆပ်ရလိမ့်မယ် ”
လုဒါဟွား၊ အမျိုးသမီး လျို နဲ့ လုနိုင်း တို့ ဒီစကားကိုကြားတော့ အံဩသင့်သွား၏။
စုန်းမ သက်ပြင်းချရင်း ခေါင်းခါယမ်း၏။ ထို့နောက် ယဇ်ပလ္လင်ပေါ်သွားပြီး အမွှေးတိုင်သုံးချောင်းကို နံ့သာ မီးဖိုထဲ ထွန်းလိုက်သည်။
ပန်းကန်လုံးထဲက ငွေဒင်္ဂါးပြားတွေယူပြီး လုဒါဟွားကို ” နင်ဘာလုပ်လုပ် ကောင်းကင်ဘုံက စောင့်ကြည့်နေတယ် အမှန်တရားက နောက်ဆုံးမှာ ပေါ်လာမှာပဲ။ နင့်ရဲ့ ကျောကိုကြည့်”
ဒီစုန်းမကလည်း သူတို့နောက်ကျောကို စောင့်ကြည့်ဖို့ ပြောတဲ့ ဒုတိယမြောက်လူဖြစ်သည်။
စုန်းမထွက်သွားပြီးနောက် လူတွေက မှန်းဆလာသည်။
လု မိသားစု ထဲ ကြောက်ဖို့ကောင်းတဲ့ လူသတ်တဲ့ ကိစ္စ ရှိသည် လို့ စုန်းမက ပြောသည်။ လု မိသားစုက လူတွေကို သတ်ပစ်သည်လို့ ပြောနေသလိုပဲ။
“အမေ၊ အမေ! လုရှန်း ရဲ့ ဝိဥာဉ် ပြန်ရောက်လာပြီလား။ သူ ငါတို့ကို လက်စားချေဖို့ လာနေပြီ မဟုတ်လား”
လုနိုင်း အရမ်းကြောက်နေပြီး စိတ်ရှုပ်ထွေးနေ၏ ။
လုနိုင်း ခန္ဓာကိုယ် တုန်လှုပ်သွားပြီး ရှေ့နောက်ဘာမှမကြည့်ပဲ “သူပြန်လာပြီ! သူမ ပြန်လာပြီ! သမီးတို့ သူ့ကိုသတ်လိုက်လို့ ငါတို့ကို ပြန်သတ်ဖို့ ပြန်လာတာဖြစ်မယ်။”
“လုနိုင်း!”
အမျိုးသမီး လျို တုန်လှုပ်ခြောက်ခြားနေတဲ့ လုနိုင်း ကို ဘာမှထပ်မပြောတော့ဖို့ တားချင်သည်။
သို့သော် လုနိုင်း ရုတ်တရက် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ပြီး ရေကန်ဘက်သို့ အကြိမ်ကြိမ် ကြည့်သည်။ အကြည့်တွေတိုင်းက နဂိုကထပ် ပို၍ ကြောက်စရာကောင်းနေ၏။
လုနိုင်း ရှိုက်ကြီးတငင်ငိုရင်း “ငါ့ကိုခွင့်လွတ်ပါ။ ငါမှားခဲ့တာ ငါသိပါတယ် ။ ငါနင့်ကို မသတ်ခဲ့ဘူး။ နင့်ကို စောင်နဲ့ ဖိလိုက်တာ အမေ”
ထိုစကားသံ က လူတိုင်းကို တုန်လှုပ်ခြောက်ခြားသွားစေ၏။ လုဒါဟွား အမျိုးသမီး လျို ကို မယုံကြည်နိုင်လောက်အောင် လှမ်းကြည့်သည်။
“ငါ။ ငါ။”
အမျိုးသမီး လျို နောက်ပြန်ဆုတ်သွား၏။ ဘာမှ မပြောနိုင်တော့။
good