Switch Mode

အပိုင်း(၇)

ချစ်ဖို့ကောင်းတဲ့ မုဆိုးမလေး

မင်ယွဲ့ကလပ်သည် ပုလဲမြို့ရဲ့ နာမည်ကြီး ကလပ်တစ်ခု ဖြစ်သည်။

ဇိမ်ခံပစ္စည်းများစွာဖြင့် အလှဆင်ထားပြီး ပထမတန်းစားပစ္စည်းများ၊ စနစ်တကျ လေ့ကျင့်ပေးထားသော စားပွဲထိုးများအပြင် သီးသန့်ခန်းများမှာ ရောင်အသွေးစုံလင်စွာ တင့်တယ်လှသည်။

အောင်မြင်တဲ့ လုပ်ငန်းရှင်တွေဟာ စီးပွားရေးအကြောင်းဆွေးနွေးကြရင်း ဒီနေရာမှာပဲ အပန်းဖြေကြသည်။

တစ်ညတစ်ည သောင်းနဲ့ချီ၊ သိန်းနဲ့ချီပြီး သုံးကြရာ ရွှေတွင်းကဲ့သို့ပင် ငွေဝင်နိုင်သောနေရာဖြစ်သည်။

မင်ယွဲ့ကလပ်ရဲ့ပိုင်ရှင်မှာ ဆောင်းဝမ်ကျင်းဖြစ်သည်။

ဆောင်းဝမ်ကျင်းမှာ မြေအောက်လောက၌ ကျော်ကြားပြီး ပုလဲမြို့ရဲ့ အရက်ဆိုင်၊ ကလပ်နှင့် မြောက်ပိုင်းမှရေကူးကန်များမှာ သူမ၏ပိုင်ဆိုင်မှုများဖြစ်သည်။

ဆောင်းဝမ်ကျင်းဟာ အသက်သုံးဆယ်ပြည့်လေပြီ။ သို့သော် သူမ၏

အလှနဲ့ စွဲဆောင်ရည်တို့မှာထိပ်တန်း၌ရှိနေဆဲဖြစ်သည်။ သူမယောက်ျားမှာ မင်္ဂလာဦးည၌ ရုတ်တရက်ဖျားနာပြီး သေဆုံးခဲ့ရာ လူအများကလှပသောမုဆိုးမလေးဟု သူမအားခေါ်ကြသည်။

ထိုအချိန်မှာပဲ အော်ဒီA6ကားမှဦးဆောင်သောအဖွဲ့ တစ်ဖွဲ့ ရောက်လာပြီး မင်ယွဲ့ကလပ်ရှေ့၌ ရပ်လိုက်ကြသည်။ အနက်ရောင်ဝတ်စုံများဝတ်ဆင်ထားသောလူများ ကား၅စီးစလုံးပေါ်မှဆင်းလာပြီး အလယ်မှာရှိတဲ့ အော်ဒီA8ကားကိုဝိုင်းလိုက်ကြသည်။

ညာဘက်အနောက်တံကား ပွင့်လာပြီး ပန်းဆီရောင်ဖိနပ်တစ်ဖက် တဖြည်းဖြည်းဆင်းလာသည်။ ထို့နောက် အသားရောင်ခြေအိတ်ကို ဝတ်ဆင်ထားသော လှပသောခြေထောက်တစ်ချောင်း ဆက်လက်ပေါ်ထွက်လာသည်။ ထိုခြေထောက်ပိုင်ရှင်အပြင်ရောက်လာတော့ ကမ္ဘာကြီးတစ်ခုလုံး ခဏချင်းလှပသွားသည်။

သူမအရပ်သည် ၁.၇မီတာရှည်ပြီး လှပသော ခြေတံနှင့်လုံးနေသောတင်ပါးတို့ရှိသည်။ နောက်မှကြည့်လျှင်မက်မွန်သီးနှစ်လုံးလို့ထင်ရပြီး သူမ၏ရင်သားကောက်ကြောင်းတို့မှာလည်း အံ့ဩဖွယ်ကောင်းလှရာ အင်္ကျီလေးမှာနိုင်ရဲ့လားလို့တောင်တွေးမိလေသည်။ ကြောက်စရာကောင်းလောက်အောင်စွဲမက်ဖွယ်ကောင်းတဲ့ ခန္ဓကိုယ်အပြင် မျက်နှာမှာလည်းအလွန်လှပနေသေးသည်။

ခရင်လိုဖြူဖွေးနေသောအသား၊ မှင်နက်ရောင်ဆံပင်နှင့် မြေခွေးမလေးလိုဆွဲဆောင်ပြီး ကြက်သွေးရောင်နှုတ်ခမ်းမှာ မှော်ဆန်လှပါသည်။ သူမကတော့ မုဆိုးမလေးဆောင်းဝမ်ကျင်းပါပဲ။ ကားထဲမှထွက်ပြီးနောက် လက်အောက်ငယ်သားများကိုဦးဆောင်ကာ မင်ယွဲ့ကလပ်သို့ဝင်သွားသည်။ သူမမသိတာက ဝေးကနေသူမရဲ့အလှကိုမင်သက်စွာကြည့်နေတဲ့ လူတစ်ယောက်ရှိနေတယ်ဆိုတာပဲ။

‘ဒီမိန်းမက တကယ့်ကိုအကောင်းဆုံးပဲ။ ဒီအလှနဲ့ဒီခန္ဓာ သူမကိုသာရလျှင် ဘဝမှာ နောင်တရမှာ မဟုတ်ဘူး’

လီဖန်းဟာ တံတွေးမြိုချပြီး သက်ပြင်းသာ ချလိုက်သည်။ ဝေ့ပင်ချင်းက နှင်းကြာပန်းဆို သူမကတော့ နှင်းဆီနီပါ။ သူတို့ရဲ့အလှဟာ အလွန်ကွဲပြားလှသည်။ ဒါဒီညကယ်ရမယ်ဆိုတဲ့ ဆောင်းဝမ်ကျင်း ဖြစ်မယ်။ ဒါပေမယ့် ဒီလောက်ဘော်ဒီဂတ်များတာ သူမက ဘယ်လို အန္တရာယ်ကြုံနိုင်မှာလဲ။

‘ကိစ္စမရှိဘူး အရင်ဝင်ကြည့်မယ်’။

လီဖန်းကပြုံးရွှင်စွာဖြင့် ကလပ်တံခါးနှစ်ဖက်မှာ ကြိုဆိုနေသော ကောင်မလေးများအား လက်ဝေ့ပြကာ ရင်ကော့ရင်းဝင်သွားလေသည်။ ကောင်မလေးတွေကတော့ သူ့ကို မမြင်ပါဘူး။

ကိုယ်ပျောက်ထားတာကိုး။

‘စနစ်ရဲ့ကိုယ်ပျောက်ပညာက မိုက်တယ်ကွာ။ ဒါပေမယ့်အပိုင်ရတာမဟုတ်သေးဘူး ပြီးမှဝယ်ရဦးမယ်။’

ကိုယ်ပျောက်တဲ့ကားတစ်ကားမှာ တစ်ဖက်အိမ်ကစော်လေးကို မဒိန်းကျင့်တာကြည့်ဖူးတယ်။ လီဖန်းကဒီလိုတိရစ္ဆာန်မဟုတ်ပါဘူး။ ဒါပေမယ့် ချောင်းကြည့်တာလောက်တော့ရှိမှာပေါ့။

လေးထပ်မြောက်မှာရှိတဲ့ ရုံးခန်းတစ်ခုထဲမှာ မင်ရွဲ့ကလပ်မန်နေဂျာ ရှမောင် ဟာ ဘေးမှာပြုံးရင်း မတ်တပ်ရပ်နေသည်။ ဆောင်းဝမ်ကျင်းမှာ ရုံးခုံ၌ထိုင်ပြီး ပထမလကစာရင်းများအား သေသေချာချာစစ်နေသည်။ ဆောင်းဝမ်ကျင်းရဲ့နောက်မှာတော့ အေးစက်စက် လူတစ်ယောက်ဟာ ဓါးတစ်ချောင်းလို ရပ်နေသည်။

ခဏကြာတော့ ဆောင်းဝမ်ကျင်းဟာ စာရင်းစာအုပ်ကိုပိတ်ပြီး

‘မန်နေဂျာရှ နောက်ဆုံးလကဝင်ငွေတိုးလာတယ် ကောင်းကောင်းလုပ်ခဲ့တာပဲ။ ဒီလ အလုပ်သမားတွေအားလုံး ၃၀%ဘောနပ်ရမယ် ရှင်အပါအဝင်ပေါ့’။

‘သူဌေးရဲ့ ချီးကျူးမှုကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဆက်ကြိုးစား သွားမှာပါ။ သူဌေးကို စိတ်မပျက်စေရပါဘူး’ရှမောင်ခေါင်းငုံံ့ရင်း ပြောလိုက်သည်။ ဆောင်းဝမ်ကျင်း အပြုံးက စွဲဆောင်မှုပြင်းလို့ ရှမောင် စိတ်မထိန်းနိုင်ပါက ပြဿနာတက်မှာဖြစ်၍ မကြည့်ရဲ့ပါ။

ရှမောင်ကို အ​ပစ်ပြောလို့လည်း မရပါဘူး။ တစ်ခါကလက်အောက်ငယ်သား တစ်ယောက် စိတ်မထိန်းနိုင်တော့ဘဲ လှမ်းကိုင်ဖို့လုပ်ရာ အဲ့ဒီနေ့မှစ၍ ထိုလူမှာ အစပျောက်သွားသည်။

‘မန်နေဂျာ ရှ ကျွန်မကြည့်ကောင်းလား’။

‘ဟုတ်…ကောင်းပါတယ်’ ရှမောင်ချွေးပြန်နေပါပြီ။

‘ဒါဆိုဘာလို့မကြည့်တာလဲ’ ဆောင်းဝမ်ကျင်းကအနားတိုးကာပြောလိုက်ရာ ‘ကျွန်တော်မဝံ့လို့ပါ’ ရှမောင်မေးစေ့ဟာရင်ဘတ်နဲ့ထိအောင်ငုံ့ထားပါတယ်။

‘ဟန်ကျန်းအခုတလောပြဿနာလာမရှာဘူးမလား’ ဆောင်းဝမ်ကျင်းသက်ပြင်းချလိုက်သည်။ ဟန်ကျန်းကမြို့တောင်ဘက်ပိုင်းအပိုင်ဖြစ်သည်။ သူမကနယ်ကျော်ထားတော့ မကြာခဏပြဿနာဖြစ်လေ့ရှိသည်။

‘မလာပါဘူး’ ရှမောင်ပြန်ဖြေလိုက်ရာ ‘ထူးဆန်းနေပြီ ဟန်ကျန်းကဒီလောက်သည့်ခံနေတယ်ပေါ့’ ဆောင်းဝမ်ကျင်းမျက်မှောင်ကျုတ်ကာရေရွတ်လိုက်သည်။

ထို့နောက်

‘ကလပ်ကိုသေသေချာချာစောင့်ရှောက်ထားနှစ်ကုန်လျှင်မင်းမနစ်နာစေရဘူး’။

‘သွားကြစို့’ ဆောင်းဝမ်ကျင်းပြန်ထွက်လာသည်။ ဒါပေမယ့်အဲ့ဒီအချိန်မှာပဲ အပြင်လက်မှာတိုက်ခိုက်သံတွေကြားလိုက်ရသည်။

ဆောင်းဝမ်ကျင်းမျက်နှာ အနည်းငယ်ပြောင်းလဲသွားပြီး ကောဝမ် ကိုကြည့်လိုက်သည်။ ကောဝမ် အခြေအနေသွားကြည့်မယ် လုပ်တုန်း လူလတ်ပိုင်းအရွယ်ခေါင်းပြောင်နေတဲ့လူကြီး ဝင်လာသည်။ ပန်းရောင်အင်္ကျီနှင့် ရွေကြိုးကြီးတစ်ကွင်းကိုဆွဲကာ ရင်ဘတ်၌ အပြာရောင်နဂါးတက်တူးကို ထိုးထားသေးသည်။ အသက်လေးဆယ်လောက်ရှိပြီး ကြံ့ခိုင်လှသည်။ သူ့နောက်မှာတော့ အနက်ရောင်ဝတ်လူ အများအပြား ပါလာသည်။

ဆောင်းဝမ်ကျင်းလက်အောက်ခံ ၁၇ယောက်မှာ ၇ယောက်ကမှောက်နေပြီး ၁၀ယောက်က ဟန်ကျန်းနောက်လိုက်တွေလို သူ့နောက်မှာရပ်နေသည်။

‘ဆောင်းဝမ်ကျင်း ကိုယ့်လက်အောက်ငယ်သားက သစ္စာပြန်ဖောက်မယ်လို့ မထင်ထားဘူးမလား’ ဟန်ကျန်းကတံခါးပိတ်ပြီး ပြုံးကာပြောသည်။ ဆောင်းဝမ်းကျင်းမျက်နှာပျက်သွားသည်။ ဒီလူတွေ သစ္စာမဖောက်လျှင်ဟန်ကျန်းလည်း ဒီလောက်မြန်မြန်ရောက်လာမှာ မဟုတ်ပါဘူး။ သူမခံပြင်းတာက သူမဟာ လက်အောက်ခံတွေကိုကောင်းကောင်းဆက်ဆံပြီး အကျိုးအမြတ်ကိုလည်းကောင်းကောင်း ပေးထားတဲ့ဟာကို သစ္စာဖောက်ခံရတာပဲ။

‘သူတို့သစ္စာဖောက်တာ ကိစ္စမရှိဘူး။ အဝမ်ရှိသေးတယ်’ ဆောင်းဝမ်ကျင်း ကောဝမ်ကိုမျှော်လင့်တကြီး ကြည့်လိုက်သည်။ ကောဝမ်က သူမရဲ့လူယုံပါ။ သူမကို ပြဿနာများစွာဖြေရှင်းပေးပြီး လူ၁၀ယောက်လောက်တော့ ထိန်းနိုင်သေးတယ်။ သူမလွတ်ဖို့ အခွင့်အရေး ရှိသေးသည်။

ရှမောင်ကတော့ အကြောက်လွန်ပြီး သေးတောင်ထွက်ကျတော့မလိုဖြစ်နေပြီ။ ဘာမှ အားကိုးလို့ရမှာ မဟုတ်ဘူး။

သို့ရာတွင် ကောဝမ်က သူမကို ဘာမှပြန်မဖြေပါဘူး။

‘ဟားဟား မင်းမင်ယွဲ့ကလပ်ကိုရောက်တာ ဘယ်သူသတင်းပေးတယ်လို့ ထင်လဲ။ ငါ့နောက်ကလူတွေကရော မင်းကိုသစ္စာဖောက်သွားတာ ဘယ်သူ့ကြောင့်လို့ ထင်လဲ’။

‘အဝမ် ဆောင်းဝမ်ကျင်းကိုပြောလိုက်ပါဦး’။

ကောဝမ်က နောက်ဆုံးတော့ စပြောလေသည်။

‘အံ့ဩသွားလား ဆောင်းဝမ်ကျင်း’။

ဆောင်းဝမ်ကျင်း ရေခဲလှိုဏ်ဂူထဲကျသွားသလိုခံစားလိုက်ရသည်။


Comment

Leave a Reply

Options

not work with dark mode
Reset