ချုစစ်ဟန် အိမ်ရောက်လာတော့ လက်ထပ်မဲ့ မိန်းကလေး ရုတ်တရက် ပျောက်ဆုံးသွားတာကို သိလိုက်သည်။
ဖခင်ဖြစ်သူက တိုင်းပြည်နတ်ဆရာ ပြောတာကို စိုးရိမ်ပြီး လျိုယွဲ့ ကျေးရွာက သူမ ကို ရှာဖွေဖို့ သူရဲ့ လူတွေကို တရားသူကြီးရုံးကို အစီရင်ခံရန် အမိန့်ပေးခဲ့သည်။
ချုစစ်ဟန် ဒီအကြောင်းကိုကြားပြီး ချုယွမ်၊ အရာရှိ ဝမ် နဲ့ တခြားအရာရှိ ဆယ်ဦးကို လျိုယွဲ့ ရွာဆီ ခေါ်ဆောင်လာခဲ့သည်။
ဒီအိမ်ထောင်ရေးကို သူသဘောမတူဘူး အခုတောင် ပျောက်ဆုံးနေတဲ့ ကိစ္စပဲ ရှိသေးသည်။
သူက လင်းဂျန် အိမ်တော် ကြီးရဲ့ တရားသူကြီးအဖြစ် ရောက်လာရမဲ့သူဖြစ်သည်။
ခြံထဲ ဝင်လိုက်တာနဲ့ ချုစစ်ဟန် သူ့ကို တစ်စုံတစ်ယောက်က စိုက်ကြည့်နေတာကို ခံစားမိသည်။
သူ စူးစူးဝါးဝါး စိုက်ကြည့်ပေမဲ့ထိုနေရာ၌ ဘယ်သူမှ မရှိတာကြောင့် မျက်မှောင်ကြုံ့ပြီး ဆက်မကြည့်တော့ပေ။ ။
လုရှန်း အံ့ဩနေ၏။
သူ စိုက်ကြည့်နေလိမ့်မယ်လို့ သူမ မမျှော်လင့်ထားဘူး။ ဘယ်သူကမှ သတိမထားမိပေမယ့် သူမ ဘက်ကို ဦးတည်နေသည် ဆိုတာ သူမ ချက်ချင်း သိလိုက်သည်။
“ဘာလို့လဲ။ မင်းတို့ အားလုံး ဘာလို့ လာကြတာလဲ”
အမျိုးသမီး လျို စိတ်မသက်မသာဖြစ်နေပြီး တရားရုံးမှအရာရှိများ ဒီနေရာကို ရောက်ရှိလာတာကို ကြည့်ရင်း ပိုစိုးရိမ်လာသည်။
လုနိုင်း အစကတည်းက ကြောက်လန့်နေသည်။ သူတို့ကိုမြင်တော့ အရမ်းကြောက်သွားပြီး အမျိုးသမီး လျို ရဲ့အ နောက်မှာ ဝင်ပုန်း၏။
ချုယွမ် မြေပြင်ပေါ် ပြုတ်ကျနေတဲ့ အဝါရောင်ဂါထာစာရွက်ကို မြင်တော့ သူ့အကြည့် အနည်းငယ် သံသယဖြစ်လာ၏။
အရာရှိ ဝမ် က အမျိုးသမီး လျို ကို ဦးညွှတ်ပြီး “လုမိသားစုက မိန်းကလေးတစ်ယောက် ပျောက်ဆုံး နေသည်လို့ ချု မိသားစုက ပြောသည်။ သူတို့က ဒီအမှုကို သတင်းပို့ပြီး ဘာတွေဖြစ်နေသည်ဆိုတာကို နားလည်ဖို့ ဒီကိုလာဖို့ ပြောတာပါ။”
“အင်း။ ငါတို့လည်းမသိဘူး” အမျိုးသမီး လျို စိတ်တည်ငြိမ်အောင် အတတ်နိုင်ဆုံးကြိုးစားရင်း ပြောသည်။ “မနေ့က ညစာမစားခင် ဒီမှာရှိနေတုန်းပဲ”
ချုစစ်ဟန် တရားသူကြီးအဖြစ် ၂ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပေမဲ့ ကြီးကြီးမားမားနဲ့ အသေးစားအမှုအခင်းများစွာကို ကြီးကြပ်ခဲ့သည်။
တရားခံတွေရဲ့ အကြည့်တွေမှာ တူညီတာတွေ ရှိသည်။
ဥပမာအားဖြင့် အမျိုးသမီး လျို အလွန်တည်ငြိမ်သောပုံပေါက်နေပေမဲ့ သူမရဲ့ မျက်လုံးများထဲ အပြစ် အရိပ်အမြွက်ကို တွေ့နေသည်။
“ခင်ဗျားရဲ့ အိမ်မှာ ဘာဖြစ်တာလဲ အဝင်ဝမှာ အဝါရောင်ဂါထာစာရွက်က ဘာကြောင့် ရှိတာလဲ။” ချုယွမ် မေးလိုက်သည်။
အမျိုးသမီး လျို က တိုးတိုးလေး သက်ပြင်းချလိုက်ပြီး အမူအရာ မပြောင်းလဲဘဲ “လုရှန်း ပျောက်ဆုံးသွားပြီး တစ်ရွာလုံးအနှံ့ ရှာဖွေခဲ့ပေမဲ့ ရှာမတွေ့ခဲ့ဘူး။ အဲဒါကြောင့် ယဇ်ပရောဟိတ်တပါး ကို လာကြည့်ဖို့ ပင့်ခဲ့တာပါ။ ငါတို့က ယဇ်ပရောဟိတ်အတုဖြစ်မယ်လို့ မထင်ထားမိဘူး သူက သံသယတွေပိုများလာပြီး ဒေါသတကြီး စားပွဲကို လှန်ချ သွားတယ်”
လုရှန်း သူတို့ကို ထိတ်လန့်စွာ ကြည့်၏။
အမျိုးသမီး လျို ရဲ့ မတုန်လှုပ်ဘဲ လိမ်ညာပြောဆိုနိုင်စွမ်းက တကယ်ကို ထိပ်တန်းပဲ။
“တကယ်လား?”
ရွာသားများက အလွန်အယူသီးကြတာမို့ အမျိုးသမီး လျို ပြောတာကိုကြားပြီးနောက် ချုစစ်ဟန် တွင် သံသယ အများကြီး မရှိပေ။
အရာရှိ ဝမ် က လုရှန်း မပျောက်ဆုံးမီ ဘယ်လို ပြုမူခဲ့သလဲ ဟု အမျိုးသမီး လျို အား မေးမြန်းခဲ့ပြီး အမျိုးသမီး လျို က သူ့မေးခွန်းများကို အထစ်အငေါ့ မရှိ ပြန်ဖြေကြားသည်။
“ဆရာ ဘယ်လိုထင်လဲ” လု မိသားစုရဲ့ အိမ်က ထွက်ခွာပြီးနောက် အုပ်ချုပ်ရေးအရာရှိဝမ်က ကို လေးစားစွာမေးသည်။
“ဒီအမျိုးသမီးက ဘာလို့ မိန်းကလေးပျောက်သွားတာလဲဆိုတာ သိနိုင်လောက်တယ်။”
“ဟင်?”
အုပ်ချုပ်ရေးအရာရှိ ဝမ် အံ့သြသွား၏။ “မိန်းကလေး ကို ဝှက်ထားတာလို့ ဆိုလိုတာလား? “
ချုစစ်ဟန်မျက်မှောင်ကြုံ့သွားပြီး ခေါင်းယမ်းကာ “ကျွန်တော် မသိဘူး။ ဒါပေမယ့် ဒီအမျိုးသမီးနဲ့ ပတ်သက်တာတော့ သေချာတယ်။”
“သူတို့ကို အရင်ဖမ်းပြီး စစ်ဆေးမေးမြန်းဖို့ ဘာလို့ ရုံးမပို့တာလဲ?” ချုယွမ် အကြံပေး၏။
ချုစစ်ဟန် ခေါင်းယမ်းရင်း “သက်သေမရှိဘဲ ရူးရူးမိုက်မိုက် မလုပ်နဲ့။”
ဒီလိုပြောနေပေမဲ့ ချုယွမ် အမျိုးသမီး လျို မှာ တစ်စုံတစ်ခု မှားယွင်းနေသည်လို ယုံကြည်သည်။
ဘာကြောင့်လဲ ဆိုတော့ သူ့သခင်ရဲ့ သံသယတွေက ဘယ်တုန်းကမှ မှားခဲ့တာ မဟုတ်ဘူး။
လုမိသားစု ကနေ ပြန်လာပြီးနောက် အုပ်ချုပ်ရေးအရာရှိ ဝမ် ပျောက်ဆုံးနေတဲ့ မိန်းကလေးကို ရှာဖွေရန် အနောက်ဘက်ရှိ တောင်ကုန်းပေါ် ကို အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့သည်။
ချုစစ်ဟန်နဲ့ ချုယွမ်တို့ လီကျန်း (ရွာသူကြီး) ရဲ့ အိမ်ကို သွားကြသည်။
လုမိသားစုထံက သေချာပေါက် မရယူနိုင်တဲ့ အချက်အလက်အချို့ရှိနေတာမို့ အခြားတစ်ယောက်ယောက်ကို မေးရမည်။
ချုစစ်ဟန်နဲ့ သူ့အဖွဲ့ ထွက်သွားပြီး နောက် လုရှန်း အမျိုးသမီး လျို သည် ရင်ဘတ်ကို ဖိထားပြီး မြေပြင်ပေါ် လဲကျနေတာကို တွေ့လိုက်သည်။
ချုစစ်ဟန်က ငယ်ရွယ်သော်လည်း သူ့အကြည့်တွေက ဓားလို ထက်မြက်ပြီး ပြင်းထန်သည်။သူ့အကြည့်ထဲ သူတို့ရဲ့ နှလုံးသားကို မှန်ကန်စွာ မြင်နိုင်သလို ခံစားရစေသည်။
👍👍👍