Switch Mode

Chapter 8 – ဝိညာဉ်

ဝိညာဉ်

ယဇ်ပရော်ဟိတ် ရဲ့ ပြင်းထန်သောပြောင်းလဲမှု လုဒါဟွား နဲ့ အမျိုးသမီး လျို ကို အံ့အားသင့်စေခဲ့တယ်။ အပြင်မှကြည့်နေသော ရွာသားများပင် ထိတ်လန့်သွားကြသည်။

လုရှန်း အိမ်ဝင်းအတွင်းရှိ အဖြူအမည်း များကို မြင်တော့ သူမရဲ့ အပြုံး တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူမရဲ့ အမူအရာ ရှုပ်ထွေးလာသည်။

အနက်ရောင်သည် မူလ လုရှန်းရဲ့ မိခင် အမျိုးသမီး ဟဲ ၏ဝိညာဉ်ဖြစ်သည် ။ အတွင်း၌ ပြင်းထန်သော နာကြည်းမှုများကြောင့် အမျိုးသမီး ဟဲ ၏ ဝိညာဉ် မည်းမှောင်နေ၏။

အဖြူရောင်သည် မူလ လုရှန်း၏ ဝိညာဉ်ဖြစ်သည်။

အမျိုးသမီး ဟဲ ၏ဝိညာဉ်သည် လုဒါဟွား နဲ့ အမျိုးသမီး လျို ရဲ့ နောက်တွင် ရပ်နေပြီး သူတို့ကို စိုက်ကြည့်နေ၏။

တစ်ဖက်၌ မူလ လုရှန်းရဲ့ ဝိညာဉ် ဘေးမှာရပ်နေသည်။ ခေါင်းငုံ့နေကာ အနည်းငယ် လမ်းပျောက်နေပုံပေါ်သည်။

သုံးရက်သာရှိသေးတာကြောင့် သေသွားမှန်း တောင် မသိသေး။

“ကံကြောင့် မင်းလုပ်ခဲ့သမျှ ပေါ်လာလိမ့်မယ်။ မင်းရဲ့ကျောကိုကြည့်။”

ထိုစကားပြောပြီးနောက် ယဇ်ပုရောဟိတ် ဒေါသတကြီး ထွက်သွားသည်။

လုရှန်း ယဇ်ပုရောဟိတ် ကို စိုက်ကြည့်ပြီး ရှုပ်ထွေးတဲ့အမူအရာနဲ့ စိတ်ဝိညာဉ်နှစ်ခုကို ကြည့်လိုက်သည်။

သူမ ဂါထာစာရွက်တစ်ခုကို ထုတ်ယူကာ မျက်လုံးကိုမှိတ်ပြီး ” ဒီနေ့ ပျံ့လွင့်နေတဲ့ ဝိညာဉ်နှစ်ယောက်ကို တွေ့ခဲ့တယ်။ နတ်ဘုရားတွေက ငါ့ရဲ့ဝိညာဉ်တွေကို ရွေးနုတ်ပြီး ငြိမ်သက်စွာ အနားယူပါစေ။”

သူမရွတ်ဆိုနေစဉ်တွင် စိတ်ဝိညာဉ်နှစ်ခု အဖြူအမည်းအမြီးများအဖြစ်သို့ ပြောင်းလဲသွားပြီး လုရှန်းကိုင်ဆောင်ထားသော ဂါထာစာရွက် ဆီသို့ ပျံသန်းရောက်ရှိလာသည်။

မူလ လုရှန်းရဲ့ စိတ်ဝိညာဉ် ရှုပ်ထွေးသွားပြီး ချက်ချင်းပင် မှိုထဲသို့ စုပ်ယူခံလိုက်ရသည်။

သို့သော် အမျိုးသမီး ဟဲ ရဲ့ ဝိညာဉ်က ဆက်လက် ခုခံ၏။ ဆန္ဒမရှိပေ။သနားစရာကောင်းသော အော်ဟစ်သံများ ဒေါသသံများနှင့် ပြည့်နှက်နေသည်။

သူမ မျက်လုံးဖွင့်ကြည့်လိုက်ချိန် လုရှန်းကိုတွေ့တော့ သူမ အံ့ဩသွား သည်။

လုရှန်း အမျိုးသမီး ဟဲ နဲ့ မူလ လုရှန်းကို ပြုံးပြပြီး “စိတ်မပူနဲ့ သွားကြ။ မင်းအတွက် ငါလက်စားချေမယ်။”

အမျိုးသမီး ဟဲ ၏ အနက်ရောင်မျက်လုံးတွေက အရောင်ပြန်ပြောင်းသွား ပြီး ပတ်ဝန်းကျင်က အနက်ရောင်ရောင်ဝါတွေ တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။

အမျိုးသမီး ဟဲ ဂါထာစာရွက်ထဲကို ဝင်သွားတော့ လုရှန်း ဂါထာစာရွက်ကို သူမရဲ့ နေရာလွတ် လက်ကောက်ထဲ ပြန်ထည့်လိုက်သည်။

သူတို့အတွင်းစိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူပြီး သူတို့တွေကို ပြန်လည်မွေးဖွားဖို့အတွက် အသက်ဘီးဆီကို ပို့ပေးရမည်။

ယဇ်ပုရောဟိတ် ထွက်သွားပြီးနောက် လုဒါဟွား၊ အမျိုးသမီး လျို နဲ့ လုနိုင်း တို့ရဲ့ မျက်နှာတွေ ဖြူတော့သွားသည်။

အပြင်က ရွာသူရွာသားတွေ အားလုံး အံ့သြသွားကြသည်။

ယဇ်ပုရောဟိတ် ဘာကိုဆိုလိုသည်ကို သူတို့မသိဘူး။

သို့သော် ခဏအကြာတွင် လူစုခွဲသွားကြသည်။ သူတို့ဆီ ကို ကံမကောင်းတာတွေ ကူးလာမှာ ကြောက်ကြသည်။

“အမေ၊ အမေ သမီး တို့ ဘာလုပ်သင့်လဲ?”

လုနိုင်း တခြားဘာကိုမှ ဂရုမစိုက်နိုင်ဘဲ လက်တွေကို ဆုပ်ကိုင်ရင်း အမျိုးသမီး လျို ကို မေးမြန်း၏။

လုဒါဟွား၏အကြည့်များ မှောင်သွားကာ သူဘာတွေတွေးနေမှန်း ဘယ်သူမှမသိချေ။

လုဂျန်နဲ့ လုရှင်းတို့ ငယ်ရွယ်ပြီး တစ်ယောက်က အသက်ငါးနှစ်၊ နောက်တစ်ယောက်မှာ ၃ နှစ်ရှိသေးသည်။ သူတို့ ဘာမှမသိ။

သူတို့နံဘေးတွင် ငုတ်တုတ်ထိုင်ကာ ဘာကိုကြောက်မှန်းမသိဘဲ ပဟေဠိဆန်သော လူကြီးသုံးယောက်ကို စိုက်ကြည့်နေ၏။

ဖြူဖပ်ဖြူရော်မျက်နှာဖြင့် အမျိုးသမီး လျို လုဒါဟွား ကို ကြည့်ပြီး “ဒါဟွား အဲဒါ အမျိုးသမီး ဟဲ ဖြစ်နိုင်လား။?”

လုရှန်း မနေ့ညက ရောက် လာတာ သူမ သိသည်။ သူမ ခေါင်းကို လှည့်ကြည့်လိုက်ချိန် လုရှန်းကို မြင်ခဲ့သည်။

အခုအချိန်မှာတောင် စိမ်းပြာ နေတဲ့ မျက်နှာလေးကို မေ့ထားလို့ မရဘူး။

သို့သော် သူမ လုဒါဟွား ကို မပြောဝံ့ပေ။

လုဒါဟွား လုရှန်းကို မကြိုက်သော်လည်း လုရှန်းက ငွေတုံး ငါးရာတန်သည်။

သူနဲ့ သူ့သမီးက လုရှန်း ပျောက်ကွယ်သွားအောင် လုပ်တဲ့သူမှန်း သိရင် သတ်ပစ်လိမ့်မယ် ။

လုဒါဟွား မျက်မှောင်ကြုတ်ပြီး အသံနက်ကြီးနဲ့ပြော၏ “ဘေးချင်းကပ်လျက်ရွာမှာ စုန်းမတစ်ကောင်ရှိတယ်လို့ ကြားတယ် လာကြည့်ဖို့ ပင့်လိုက်မယ် ။”

လုရှန်း ထွက်မသွားဘူး။ ထို့အစား ခြံဝင်းထဲမှာ ရပ်ပြီး စုန်းမရောက်လာတာကို စောင့်နေခဲ့သည်။

လုဒါဟွား ထွက်သွားပြီး မကြာခင် ချူမိသားစုရဲ့ အိမ်ထိန်း နဲ့ အစိုးရအရာရှိအချို့ ရောက်လာသည်။

သူတို့ကြားထဲမှာ ရင်းနှီးနေတဲ့ ပုံရိပ်နှစ်ခုတောင် ရှိနေသေးသည်။

“သူတို့ဘာလို့ဒီကိုရောက်နေတာလဲ” လုရှန်းအံ့အားသင့်စွာဖြင့် မျက်ခုံးပင့်ကာ တိုးတိုးလေးရေရွတ်၏။

Comment

Leave a Reply

Options

not work with dark mode
Reset