အပိုင်း(၅)

လောင်းပွဲ

‘ဥက္ကဌဖန်း ကျွန်မကိစ္စကရှင်နဲ့မဆိုင်ဘူးထင်တယ်’

ဝေ့ပင်ချင်းဟာဖန်းကျွင်ရှန်းရဲ့ရန်လိုမှုကိုမကျေနပ်တော့ပါ။ ဒါပေမယ့်ဖန်းမိသားစုနဲ့ဝေ့မိသားစုဟာပူးပေါင်းဆောင်ရွက်မှုတွေရှိတော့မျက်နှာပျက်အောင်လုပ်လို့လဲမဖြစ်ပြန်ပါဘူး။

‘ပင်ချင်းကိုယ်တကယ်မင်းကောင်းဖို့လုပ်တာပါကွာ’ ဖန်းကျွင်ရှန်းသက်ပြင်းချလိုက်သည်။ထို့နောက်လီဖန်းကိုကြည့်ကာ ‘မင်းကလိပ်လိုပဲပုန်းနေတော့မှာလားဒါဘော်ဒီဂတ်လုပ်ရမှာမဟုတ်ဘူးထင်တာပဲ’။

ဝေ့ပင်ချင်းကငြင်းဖို့လုပ်ခါနီးမှာလီဖန်းဝင်ပြောလိုက်သည် ‘ဥက္ကဌဖန်း ကျွန်တော့ကို ခင်ဗျားဘော်ဒီဂတ်တွေနဲ့တိုက်ရမယ်ဆိုလျှင်လည်း လောင်းကြေးလေးတော့ထည့်ဗျာဘယ်လိုလဲ’။

ကျန်းဟောင်မေနဲ့တခြားဌာနဆိုင်ရာခေါင်းဆောင်တွေမျက်နှာပျက်သွားပါတယ်။ သူတို့ရှေ့မှာတိုက်ခိုက်တာတောင်မလုပ်သင့်တဲ့ကိစ္စပါ။လောင်းကြေးတောင်ထည့်လိုက်သေးတယ်ပေါ့။

‘ဒီမှာ၅၀၀၀၀၀ချက်လက်မှတ်ငါရှုံးလျှင်မင်းယူ မင်းရှုံးလျှင်တော့…..’

‘၁မီလီယံပေးမယ်’ဖန်းကျွင်ရှန်းကချက်လက်မှတ်ကိုထုတ်ပြီး သူ့ပုံစံကအပျော်ကစားနေသလိုပါပဲ။

‘အမုံနဲ့အချမ်းမင်းတို့နိုင်လျှင်စုစုပေါင်း၁.၅မီလီယံရမယ်’။ လီဖန်းလည်းဖန်းကျွင်ရှန်းကိုလက်မထောင်ပြလိုက်ပြီးတိုက်ခိုက်ဖို့ပြင်ပါတယ်။

‘လီဖန်းရှင်ရူးနေလား’ ဝေ့ပင်ချင်းနည်းနည်းစိတ်ပူသွားပြီးလှမ်းဆွဲကာတားလိုက်သည်။ ဖန်းကျွင်ရှန်းမှာမနာလိုဖြစ်သွားပြီး ကျန်းမေဟောင်တောင်အံ့ဩသွားသည်။ သူတို့စိတ်ကူးထဲမှာဝေ့ပင်ချင်းဆိုတာယောက်ျားလေးဆိုလက်ဆွဲနှုတ်ဆက်တာကလွဲလို့ထိဖူးတာမဟုတ်ဘူး။ အခုတော့လက်မောင်းလှမ်းဆွဲလိုက်တော့ဘော်ဒီဂတ်ဟုတ်ရဲ့လားတောင်တွေးမိသွားတယ်။

‘လီဖန်းရှင်သူတို့နဲ့တိုက်စရာမလိုပါဘူးကျွန်မရှင့်အစွမ်းကိုယုံပါတယ်’ဝေ့ပင်ချင်းကဖန်းကျွင်ရှန်းအကြောင်းသိပါတယ် ဒါစမ်းသပ်ရုံလောက်ရိုးရှင်းမှာမဟုတ်ဘူး။

‘မစ်ဝေ့ကျွန်တော့ကိုယုံကြည်လို့ကျေးဇူးပါ၊နောက်ပြီးကျွန်တော်လည်းကျွန်တော့်ကိုယ်ကျွန်တော်ယုံပါတယ်။ ကျွန်တော်တစ်ခါတည်းချမ်းသာသွားမှာစိုးလို့တားနေတာလား’လီဖန်းကနောက်သလိုပြောလိုက်သည်။

ချန်ပီယံဆိုတာအဆင့်အများကြီးရှိပါတယ်။ အမုံနဲ့အချမ်းကစီရင်စုနဲ့ပြည်တွင်းလောက်မှာရတာဖြစ်နိုင်ပါတယ်။ ကမ္ဘာအဆင့်ချန်ပီယံတွေဆိုတာတစ်ပွဲလောက်ကိုမီလီယံဆယ်နဲ့ချီပြီးရကြပါတယ်။ ဝေ့ပင်ချင်းမှာရီရမယ်ငိုရမယ်တောင်မသိတော့ပါဘူး။ တစ်ခါတည်းချမ်းသာမယ်ဆိုပါလား။ သို့သော်လီဖန်းရဲ့ယုံကြည်မှုအပြည့်ရှိတာကိုတွေ့တော့သူမ မတားတော့ပါဘူး။

‘ဟုတ်တာပေါ့ တစ်ခါတည်းချမ်းသာမှာဆင်းရဲသားတွေကဒီလိုအိပ်မက်မက်ကြတာပဲ။အခွင့်အရေးကမင်းရှေ့ကိုရောက်နေပြီကောင်းကောင်းအသုံးချနိုင်မလားဆိုတာတော့မင်းအပေါ်မူတည်တာပေါ့’ဖန်းကျွင်ရှန်းမှာပြောရင်းဆိုရင်းလီဖန်းမှာဝေ့ပင်ချင်းအနားကပ်ဖို့အသာထားလက်ကျန်ဘဝတစ်လျှောက်လုံးအိပ်ယာထဲလှဲနေရမှာကိုမြင်ယောင်နေပါပြီ။

‘ကဲဘယ်သူလာမလဲ နှစ်ယောက်တစ်ယောက်လား’လီဖန်းလည်းရှေ့တိုးရင်းပြောလိုက်သည်။အမုံက ‘ဟန့် မင်းကိုရှင်းဖို့နှစ်ယောက်မလိုဘူး။ အချမ်းငါတို့ကညီအစ်ကိုတွေပဲ သူ့ကိုဘယ်သူအမှောက်သိပ်သိပ် ဆုငွေကတစ်ယောက်တစ်ဝက်ပဲမှတ်လား’။

‘ဟုတ်တာပေါ့’ အချမ်းပြန်ပြောလိုက်တော့ပုခုံးပုတ်ကြရင်း ‘မင်းကညီအစ်ကိုကောင်းပဲ’။ အမုံလည်းရှေ့ထွက်လာပြီးလီဖန်းနဲ့တိုက်ဖို့လုပ်သည်။

‘ဖန်းသခင်လေးစိတ်ချပါ’ အမုံကမင်ကျူးမှာသူကြောက်တဲ့လူမရှိပါဘူး။

‘တစ်ယောက်နဲ့တစ်ယောက်ပြိုင်တာကိစ္စမရှိဘူး ဒါပေမယ့်အသက်အန္တရာယ်ထိခိုက်အောင်တော့လုပ်လို့မရဘူး’ ကျန်းဟောင်မေလည်းတားမရမှာမှန်းသိလို့ လွှတ်ထားလိုက်တော့တယ်။

‘စိတ်ချဒါရိုက်တာကျန်း’ ဖန်းကျွင်ရှန်းကလီဖန်းကိုဒုက္ခိတပဲဖြစ်စေချင်တာပါသတ်လိုက်လျှင်ဖန်းမိသားစုအနေနဲ့တောင်လုံးဝကြီးလွတ်ဖို့မလွယ်ပါဘူး။ လီဖန်းအနေနဲ့တော့ကိစ္စမရှိပါဘူးသူအနေနဲ့တာဝန်ပြီးဖို့ကအဓိကပါ။

‘အိုကေ’ ကျန်းဟောင်မေလည်းအဖိုးကြီးကောကိုရဲစခန်းမှCCTVကိုပိတ်ခိုင်းလိုက်သည်။ လီဖန်းကကျန်းဟောင်မေကိုစိတ်ထဲမှချီးကျူးလိုက်သည်။ ကျန်းဟောင်မေနဲ့အခြားရဲတွေကဆွေးနွေးနေပါတယ်။

‘ဒီအမုံဆိုတာကိုငါသိတယ်။လွန်ခဲ့တဲ့၂နှစ်ကပုလဲမြို့ရဲ့ချန်ပီယံဆုရခဲ့တာ။ သူ့ခွန်အားကထူခြားတယ်။ ‘ ‘အေး ငါလည်းသူ့ကိုသိတယ်။နောက်ဆုံးပြိုင်ဘက်ကငါတို့ရဲဌာနကဝမ်ရှောင်ကျန့်နဲ့။’

‘ရှောင်ကျန့်.. ရဲအရာရှိပြိုင်ပွဲမျာပထမရတဲ့တစ်ယောက်မှတ်လား’။

‘ဟုတ်တယ်သူပဲ’။

‘ဟေး ဒါဆိုလျှင်တော့အမုံရဲ့ခွန်အားကသာမန်သန်မာရုံလောက်မဟုတ်တော့ဘူး’။ ဝေ့ပင်ချင်းကသူတို့ဆွေးနွေးသံကြားတော့ပိုပြီးစိုးရိမ်လာသည်။ ဖန်းကျွင်ရှန်းကပျော်နေသည် ‘လီဖန်းဆိုတဲ့ကောင်မင်းသေဖို့တာပြင်ထား’။ အားလုံးကဆွေးနွေးနေစဉ်အမုံကမာန်ဖီလိုက်ပြီးလီဖန်းဆီပြေးဝင်လာသည်။

‘မြန်လိုက်တာ’ ကျန်းဟောင်မေလေးစားသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာအမုံကလီဖန်းရှေ့ရောက်လာပြီးမျက်နှာကိုထိုးလိုက်သည်။လီဖန်းကနောက်ဆုတ်ရှောင်လိုက်ရာကြိုသိထားတဲ့အမုံကခြေထောက်ကိုဆက်ကန်လိုက်သည်။

‘အကြွင်းမဲ့ခြေထောက်’ ကျန်းဟောင်မေကထအော်လိုက်သည်။ တိုက်ခိုက်ရေးမာစတာတွေသုံးလေ့ရှိပြီးအမုံသုံးတာကမြန်ဆန်လွန်းကာပြိုင်လက်ကိုတုံ့ပြန်ချိန်တောင်မပေးပါဘူး။

ဝေ့ပင်ချင်းမှာစိုးရိမ်လျှက်ရှိကာဖန်းကျွင်ရှန်းမျက်လုံးတွေကတော့ပြူးကျယ်နေပြီးလီဖန်းလဲကျတာကိုမြင်ချင်နေပုံပါ။ လီဖန်းကအေးဆေးပင်ခုန်ရှောင်လိုက်ရာပြန်ကျလာချိန်တွင်ကအမုံကလက်သီးဖြင့်ဆက်ထိုးလိုက်သည်။

လီဖန်းကပြန်ထိုးရာလက်သီးနှစ်ခုဆုံမိပြီး ‘ဘုန်း’ ‘ခရက်’ အရိုးကျိုးသံနှင့်အတူအမုံမှာနောက်သို့အော်ရင်းလွင့်ထွက်သွားသည်။ အမုံမျက်နှာဖြူရော်နေပြီးညာဘက်လက်မှာအောက်သို့တွဲကျနေသည်။

‘ငါအရှုံးပေးတယ်’ အမုံအော်လိုက်သည်။ အမုံရဲ့နှာခေါင်းနားကိုရောက်နေတဲ့လီဖန်းရဲ့လက်သီးဟာရပ်သွားသည်။ ‘ဟန့်’

ဘေးကကြည့်နေသူများမှာ အံ့ဩကာတချို့ထတောင်အော်မိကြလေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset