Switch Mode

အပိုင်း(၄)

ဈေးပေါလိုက်တာ

လီဖန်းကမျက်လုံးအရောင်တောက်သွားပြီးကြည့်လိုက်သည်။ အင်္ကျီအဖြူ၊အနက်ရောင်စကတ်တိုနှင့်ခြေအိတ်အနက်ရောင်တို့ကခန္ဓာကိုယ်ကောက်ကြောင်းနှင့်ရှည်လျားလှပသောခြေတံတွေကိုပေါ်လွင်စေသည်။ ဝတ်စုံနှင့်အတူဝေ့ပင်ချင်းရဲ့ကိုယ်ရောင်ကိုယ်ဝါလည်းပြောင်းသွားသည်။ သိပ်ချစ်စရာမကောင်းတော့ဘူး ဒါပေမယ့်ရူးသွပ်အောင်စွဲလန်းစေနိုင်သည်။

‘ကျွန်တော့ကိုရဲနဲ့ဖမ်းတော့မယ်ထင်နေတာ’ ဝေ့ပင်ချင်းကိုကြည့်ပြီးနောက်သလိုလိုပြောလိုက်သည်။

‘တွေးတော့တွေးမိသားဒါပေမယ့်မလုပ်ဖြစ်တာ ဒီမှာအဝတ်တွေဝယ်လာတယ်ဝတ်ကြည့်လိုက်ဦး’ အဝတ်တွေပေးပြီးဝေ့ပင်ချင်းပြန်ထွက်လာသည်။

လီဖန်းဟာအဝတ်တွေ၊အောက်ခံဘောင်းဘီနဲ့ဖိနပ်တို့ကိုကြည့်ရင်းရေရွတ်လိုက်သည် ‘ဒီလောက်ကြာနေတာအံ့ဩစရာမရှိဘူး’။ အဝတ်တွေကတော်ပေမယ့်အတွင်းခံကကြီးနေတယ် ‘သူငါ့ကိုသေသေချာချာမြင်လိုက်ပါတယ် အန် ဝေ့ပင်ချင်းကိုကြည့်ပြီးအငယ်ကောင်ကမာန်ဖီနေခဲ့တာလား!@#$%’။

ခဏနေတော့ရဲတွေရောက်လာပြီးစွန်းဝေကိုသယ်သွားတယ်။လီဖန်းနဲ့ဝေ့ပင်ချင်းလည်းစခန်းကိုမှတ်တမ်းယူဖို့လိုက်သွားသည်။ပန်းခြွေမုဆိုးကိုမိတာဟာပေါ့သေးသေးတော့မဟုတ်ဘူး။ ပုလဲမြို့အစိုးရအဖွဲ့ရဲ့ဒါရိုက်တာဖြစ်တဲ့ကျန်းဟောင်မေဟာအံ့ဩပြီးလီဖန်းကိုကျေးဇူးတွေတင်နေလေသည်။

‘အရမ်းကြီးအားနာမနေပါနဲ့ ဒါဟာနိုင်ငံသားတစ်ယောက်ရဲ့တာဝန်ပဲလေ’ဘယ်သူလဲမသိပေမယ့်ပုခုံးပေါ်ကဒု-စစ်ဆေးရေးမှုးဆိုတဲ့တံဆိပ်ကိုလျစ်လျှူရှုလို့မရပါဘူး ယဉ်ယဉ်ကျေးကျေးပဲ။

‘မစ်ဝေ့ကျွန်တော်တို့ပေါ့လျော့တာပါကျွန်တော်တို့ဌာနအစားကျွန်တော်ကပဲတောင်းပန်ပါတယ်’။ ဝေ့မိသားစုဆိုတာပုလဲမြို့ရဲ့ချမ်းသာတဲ့မိသားစုကြီးပါ။ စက်ရုံတွေ၊ အိမ်ခြံတွေ၊ ဟိုတယ်စသဖြင့်ပိုင်ဆိုင်မှု၁၀၀ဘီလီယံကျော်ပြီးပေကျင်းအထိပေါက်မြောက်သည်။ဝေ့ပင်ချင်းကလည်းနာမည်ကြီးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး ဝေ့မိသားစုရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လို့ဂရုစိုက်ဖို့လိုပါသည်။

‘ဒါရိုက်တာကျန်းကအားနာနေပြန်ပြီ၊ ဆရာကျန်းရဲ့စွမ်းဆောင်ရည်ကြောင့်သာပုလဲမြို့ရဲ့လုံခြုံရေးကအမြဲထိပ်ဆုံးကို‌ရောက်နေတာပေါ့’။ ဒီကိစ္စအတွက်တော့ဝေ့ပင်ကျင်းကရဲတွေကိုအပစ်တင်မနေပါဘူး။

‘စိတ်ချပါမစ်ဝေ့ကျွန်တော်တို့လုံခြုံရေးကိုတိုးမြှင့်ပြီးနောက်နောင်ဒါမျိုးမဖြစ်စေရပါဘူး’ကျန်းဟောင်မေအခုမှစိတ်ချနိုင်သည်။ ထို့နေက်ကျန်းဟောင်မေဟာလီဖန်းကိုပြုံးပြီး ‘မစ္စတာလီဆုငွေ၅၀၀၀၀၀ယွမ်ကိုကျေးဇူးပြု၍လက်ခံပေးပါဦး’။

လီဖန်းလည်းအခုမှဆုငွေနဲ့ဝရမ်းရှိတာကိုသတိရသွားပါတယ်။ မနေ့ညကအထိမွဲတေနေတာအခုတော့၅၀၀၀၀၀ရလိုက်တာဟာအိပ်မက်လိုပင်ထင်ရသည်။

‘ကျေးဇူးပါဒါရိုက်တာကျန်း၊နောက်နောင်လည်းကျွန်တော်ကဒီလိုကိစ္စမျိုးဆိုလက်ပိုက်ကြည့်မနေပါဘူး။ ဒါပေမယ့်အစီရင်ခံစာမှာကျွန်တော့နာမည်မထည့်ပါနဲ့ဗျာ’လီဖန်းကပိုက်ဆံကိုလက်ခံရင်းပြောလိုက်သည်။ ကျန်းဟောင်မေနဲ့တခြားခေါင်းဆောင်တွေကြောင်သွားတယ်။တခြားလူတွေဆိုနာမည်ကြီးချင်နေကြတာကို။ လီဖန်းကရာဇဝတ်ကောင်တွေလက်စားခြေမှာကိုကြောက်နေရမှာပါ။ နာမည်လည်းမကြီးချင်ပါဘူး။

စွန်းဝေဆိုတာသာမန်မဟုတ်Aအဆင့်ဝရမ်းထုတ်ထားတဲ့ကောင်ပါ။သတင်းထောက်တွေအင်တာလာဗျူးလျှင်ဘယ်လိုလုပ်မလဲ။ အနည်းဆုံးတော့အခုအချိန်ဟာလီဖန်းအတွက်ကျော်ကြားသင့်တဲ့အချိန်မဟုတ်သေးဘူး။ မှတ်တမ်းယူပြီးပြန်ဖို့အလုပ်မှာမာစီဒီးကားတစ်စီးရောက်လာပြီးလူငယ်သုံးယောက်ဆင်းလာသည်။

‘ပင်ချင်း ပန်းခြွေနတ်ဆိုးရောက်လာတယ်ကြားလို့အဆင်ပြေရဲ့လား’ ဝတ်စုံဖြူနဲ့လူငယ်ကစိတ်ပူစွာနဲ့မေးလိုက်သည်။ ‘ပန်းခြွေမုဆိုးကဖမ်းပြီးသွားပြီ မစ္စတာဖန်းရဲ့စိုးရိမ်မှုအတွက်ကျေးဇူးပါ’ ဝေ့ပင်ချင်းကမျက်မှောင်ကျုတ်ရင်းပြောလိုက်သည်။ သူကတော့ဖန်းကျွင်ပါ၊မင်ကျူးမှာချမ်းသာတဲ့ဖန်းမိသားစုရဲ့တတိယမျိုးဆက်ခေါင်းဆောင်ဖြစ်ပြီးမိသားစုပိုင်ဆိုင်မှုဟာ၁၀၀ဘီလီယံကျော်ကာဝေ့ပင်ချင်းနဲ့သင့်တော်သူတစ်ယောက်ဖြစ်သည်။

‘အဲ့ဒါဆိုစိတ်ချရပါပြီ’။ထိုနောက်ကျန်းဟောင်မေကိုကြည့်ပြီး ‘ဒါရိုက်တာကျန်းကိုကျေးဇူးတင်တဲ့အနေနဲ့မြို့တော်အစိုးရကို၁မီလီယံလှူတန်းပါ့မယ်’။ ဆက်လက်ပြီး ‘ပင်ချင်း မင်းကိုကိုယ်ကိုယ်ရံတော်နှစ်ယောက်ရှာပေးမယ်လို့ပြောထားတာအခုတော့မင်းမငြင်းသင့်တော့ဘူး။အချမ်း၊ အမုံ မင်းတို့နှစ်ယောက် ခေါင်းဆောင်ဝေနောက်ကိုလိုက်ရမယ် အခုချိန်ကစပြီးသူ့လုံခြုံရေးကိုဂရုစိုက်ရမယ်’။

‘ဟုတ်ကဲ့ ဖန်းသခင်လေး’လူသန်ကြီးနှစ်ယောက်ဟာဝေ့ပင်ချင်းနောက်ကိုသွားရပ်နေလိုက်ပါတယ်။ ‘နေပါဦးမစ္စတာဖန်းကျွန်မမှာဘော်ဒီဂတ်ရှိပါတယ်။အခုပန်းခြွေနတ်ဆိုကိုလည်းသူပဲဖမ်းပေးတာပါ’ဝေ့ပင်ချင်းကအေးဆက်စွာပဲပြောလိုက်သည်။ ရှင်းဟွေအုပ်စုနားမှာသူငှားထားတဲ့လူတွေရှိပါတယ်။လုံခြုံရေးရဲ့စကားအရဝေ့ပင်ချင်းထွက်လာတော့လူစိမ်းတစ်ယောက်ပါလာတယ်ဆိုတာဒီကောင်ဖြစ်မယ်ဆိုပြီးလီဖန်းကိုအကဲခတ်လိုက်သည်။ လီဖန်းကမျက်လုံးပင့်ပြီးကြည့်လိုက်သည်

‘ဒီကောင်ငါ့ကိုပြိုင်ဘက်ကြည့်နဲ့ကြည့်နေတာလား’။

‘ဒါကျွန်မကိစ္စပါမစ္စတာဖန်းနဲ့မဆိုင်ပါဘူး နောက်ကျနေပြီမို့ခွင့်ပြုပါဦး’ ဝေ့ပင်ချင်းလီဖန်းကိုခေါ်သွားဖို့လုပ်လေသည်။ ‘ခဏနေပါဦး’ ဖန်းကျွင်ရှန်းကဝေ့ပင်ချင်းကိုတားလိုက်ပြီး

‘ပင်ချင်းဘော်ဒီဂတ်ရှာလျှင်သတိထားရတယ်သစ္စာရှိဖို့ကပထမ၊ ပြီးတော့မင်းကိုကာကွယ်နိုင်တဲ့အရည်အချင်းရှိဖို့လည်းလိုတာပေါ့။ ဒီတစ်ခေါက်ပန်းခြွေမုဆိုးနောက်ဒီထက်ဆိုးတဲ့သူနဲ့တွေ့လျှင်ဘယ်လိုလုပ်မလဲ။ အချမ်းနဲ့အမုံ ကချန်ပီယံရထားတဲ့ဖိုက်တာတွေပဲ။ပင်ချင်းကိုယ်ကလဲမင်းအတွက်ပါကွာ တကယ်လို့သူသာအချမ်းနဲ့အမုံကိုနိုင်လျှင် ကိုယ်ဆက်မပြောတော့ဘူး’။

‘ဟေ့လူခင်ဗျားစိန်ခေါ်ရဲလား’ ဖန်းကျွင်ရှန်းလီဖန်းကိုကြည့်ရင်းမျက်လုံးမှာအေးဆက်သောအလင်းရောင်တစ်ချက်ဖြတ်သန်းသွားသည်။ လီဖန်းကဘော်ဒီဂတ်ဆိုလျှင်တောင်ဝေ့ပင်ချင်းမှာကြိုက်နေတဲ့သူတွေအများကြီးရှိပြီး ဘယ်သူမှသူမအိမ်မှာလီဖန်းလိုပေါ်မလာပါဘူး။

‘ဒင် သခင် တာဝန်အသစ်ရှိပါတယ် စစ်ကြည့်မလား’ထိုအချိန်မှာပဲအစ်မကျီလင်ရဲ့အသံရောက်လာသည်။ လီဖန်းလည်းကြည့်လိုက်ရာ

‘တာဝန်-လောင်းကစား’

‘တာဝန်ဖော်ပြချက်- အမုံနဲ့အချမ်းကိုနိုင်အောင်တိုက်ပြီးလောင်းကြေး၅၀၀၀၀၀ရအောင်ဆောင်ရွက်ပါ’၊

‘တာဝန်ဆုကြေး-၁၀၀EXP၊၁၀၀၀စနစ်အမှတ်’။


Comment

Leave a Reply

Options

not work with dark mode
Reset