Switch Mode

အခန်း ( ၄၈၃ )

မင်းရဲ့ဆေးပေါင်းဖိုတွေကို အတိတ်မှာကျန်ရစ်ခဲ့အောင် လုပ်ပြမယ်

” မြေအောက်မြစ်ရေ ပါလား…. ”
ပိုင်ရှောင်ချန်းသည် ထိုရေအား မည်သို့အသုံးပြုရမည်ကို သေချာမသိသော်လည်း ထိုရေ တစ်စက်၏ တန်ဖိုးပင်လျှင် အလွန်မြင့်မားနေသည်ကို တွေ့လိုက်ရသည်။ ကျင့်ကြံသူများအတွက် အလွန်အသုံးဝင်မည်မှာတော့ အမှန်ပင်။

” ကြည့်ရတာ မြေရိုင်းဒေသရဲ့ ဝိညာဥ်ကျင့်ကြံသူတွေက ကောင်းကင်တံတားမြစ်ရေကို လိုချင်သလိုမျိုး ဒီက ကျင့်ကြံသူတွေက မြေအောက်မြစ်ရေကို လိုချင်နေကြတာ နဲ့တူတယ်…. ”
ပိုင်ရှောင်ချန်းသည် မဟာတံတိုင်းသို့ ရောက်သည်မှာ သိပ်မကြာသေးသော်လည်း မြေရိုင်းဒေသထဲတွင် ကောင်းကင်တံတားမြစ်ရေများမှာ အလွန်စျေးကြီးကြောင်းကို ကြားဖူးထားသည်။

ထို့ကြောင့် လူအနည်းစုမှာ ထိုရေများကို မြေရိုင်းဒေသဆီသို့ မှောင်ခိုသွင်းကာ ထိုနေရာရှိ ဝိညာဥ်ကျင့်ကြံသူများနှင့် ရောင်းဝယ်ဖောက်ကားမှုများ ပြုကြသည်။ ထိုသို့ရောင်းချခြင်းကို အတင်းအကြပ် တားမြစ်တားပါသော်လည်း လုံးဝ မဖြစ်ပေါ်နိုင်အောင်တော့ မထိန်းသိမ်းနိုင်ပေ။

မဟာတံတိုင်း၏ မြို့ထဲတွင်ပင် မှောင်ခိုစျေးကွက်တစ်ခု ရှိနေသည်။ သို့သော် ပိုင်ရှောင်ချန်းက ထိုအချက်ကို စိတ်မဝင်စားပေ။

သူစိတ်ဝင်စားနေသည်များမှာ ယင်ယန်ဝိညာဥ်ဆေးလုံးများ ဖြစ်သည်။

သူက ထိုဆေးလုံးများ၏ စာရင်းနှင့် စျေးနှုန်းကိုကြည့်မိလိုက်သောအခါ မှင်တက်သွားရတော့သည်။ စောစောတုံးက သူသည် တိုက်ပွဲစွမ်းဆောင်မှုရမှတ် အတော်အတန် စုဆောင်းမိနေပြီဟု ယူဆထားသည်။ သို့သော် ပစ္စည်းများစွာ၏ စျေးနှုန်းများမြင့်မားနေမှုကို မြင်လိုက်ရပြီးနောက် သူက အလွန်အမင်း ဝမ်းနည်းသွားရတော့သည်။

” ယင်ယန်ဝိညာဥ်ဆေးလုံးတွေက…. တိုက်ပွဲစွမ်းဆောင်မှုရမှတ် သန်းပေါင်းများစွာ တန်ကြေးရှိတာပါလား…. ”
သူ၏ခရမ်းရောင် အမိန့်ပေး အမှတ်တံဆိပ် ဆွဲပြားကို ဝမ်းနည်းပက်လက် စိုက်ကြည့်ရင်း သက်ပြင်းသာချနိုင်တော့သည်။ ယင်ယန်ဝိညာဥ်ဆေးလုံးများသည် ယင်ယန်ဝိညာဥ်အဆင့်သို့ တက်လှမ်းရာတွင်သာမက အခြားနေရာများတွင်ပါ သုံး၍ရသည် မဟုတ်ပါလော။ ထိုဆေးလုံးများမှာ လူတစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံကို တိုးတက်စေသည့် အာနိသင်ရှိသဖြင့် အမြုတေအဆင့်၏မဟာ စက်ဝန်းသို့ ရောက်ရှိစေရန်အတွက်လည်း အသုံးပြုနိုင်သည်။

ထိုသို့ အသုံးပြုနိုင်ရခြင်းမှာ ယင်ယန်ဝိညာဥ်ဆေးလုံးများသည် ဆေးဖက်ဝင်ပစ္စည်းများ၏ စွမ်းအားများကို ထောက်ပံ့ပေးခြင်းဖြင့် အဆင့်တက်ရာတွင် ကူညီပေးသောကြောင့် ဖြစ်သည်။ သို့သော် ထိုဆေးဖက်ဝင်ပစ္စည်းများထဲမှ အချို့ကသာလျှင် ယင်ယန်ဝိညာဥ် ဖြစ်ပေါ်လာစေရန်အတွက် အထူးဆောင်ရွက်ပေးသည်သာဖြစ်သည်။ ဤအချိန်တွင် ပိုင်ရှောင်ချန်း အာရုံကျနေသည်မှာ ထိုဆေးလုံးကပေးစွမ်းနိုင်သည့် အခြားသော အကျိုးကျေးဇူးများသာ ဖြစ်သည်။

” တစ်လုံး…. ယင်ယန်ဝိညာဥ်ဆေးလုံး တစ်လုံးလောက်ရရင် ငါ ရွှေအမြုတေ မဟာစက်ဝန်းအဆင့်ကို ရောက်အောင်သွားနိုင်ပြီ။ ” ယခုတွင်မူ ပိုင်ရှောင်ချန်းသည် ယင်ယန်ဝိညာဥ်ဆေးလုံး ဝယ်ယူမည့် အကြံကို ပယ်ဖျက်လိုက်ရတော့သည်။ ထိုအစား သူက အမြုတေအဆင့်တွင်သုံးနိုင်သည့် အဆင့်မြင့်ဆေးလုံးများနှင့် မှော်ပစ္စည်းအချို့ကို ဝယ်ယူကာ ထွက်ခွာသွားတော့သည်။

သူ၏ နေအိမ်သို့ပြန်ရောက်ပြီးနောက် သူက နေရာတစ်ခုလုံးကို လုံခြုံစွာပိတ်လိုက်ပြီး သူ၏ လိပ်ပုံစံဒယ်အိုးလေးကိုထုတ်ကာ သူဝယ်ခဲ့သမျှ အရာအားလုံးနှင့်တကွ သူ၏ထည့်စရာအိတ်ထဲရှိ အခြားပစ္စည်းများကို အဆင့်ခြောက်အထိ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်လိုက်တော့သည်။

သူပြီးစီးသွားသောအခါ အဆင်မြှင့်တင်ပြီးဖြစ်သော ပစ္စည်းများပေါ်ရှိ များစွာသော အင်းကွက်များကို ချီတုံချတုံဖြင့် ကြည့်လိုက်တော့သည်။

” ငါ့မှာ ခုနစ်ရောင်ခြယ် မီးတောက်အတွက် လောင်စာနှစ်ခုနဲ့ ရှစ်ရောင်ခြယ်မီးတောက်အတွက်လောင်စာတစ်ခုပဲ ရှိတာ… အဲ့တာ ငါ့ကို ပိုင်လင်းပေးနိုင်သမျှ အကုန်ပဲ။ ” ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် သူက အဆင့်အမျိုးမျိုးရှိသော ရောင်ခြယ်မီးတောက်များအတွက် လောင်စာများကို လိုက်လံရှာဖွေခဲ့ပါသော်လည်း မအောင်မြင်ခဲ့ပေ။ ထိုအချိန်မှစ၍ ခုနစ်ရောင်ခြယ်မီးတောက်အတွက် လောင်စာများကို ရှာဖွေရန်မှာ ဖြစ်နိုင်သေးပြီး ရှစ်ရောင်ခြယ်မီးတောက် အတွက်လောင်စာမှာ အလွန်ရှားကြောင်းကို သိထားသည်။

ဤတစ်ခုကိုပင် ပိုင်လင်းက ကြိုးစား၍ ရှာဖွေခဲ့ရမည်သာ ဖြစ်သည်။

တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ပိုင်ရှောင်ချန်းက သူ၏ထည့်စရာအိတ်ထဲမှ ကျောင်စိမ်းသေတ္တာတစ်ခုကို ထုတ်ကာ အတွင်းရှိ ပါဝင်ပစ္စည်းများကို စစ်ဆေးလိုက်တော့သည်။ အထဲတွင် သာမန်ဟုသာ ထင်ရသည့် လက်သည်းအရွယ်အစားရှိသော ကျောက်တုံးလေးတစ်တုံးရှိသည်။ သို့သော် ထိုကျောက်တုံးအတွင်းရှိ အံ့သြဖွယ်စွမ်းအင်များကို ခံစားနိုင်သည်။ ထိုစွမ်းအင်များမှာ အနည်းငယ်ပွတ်တိုက်မိရုံမျှပင် ပေါ်ထွက်လာမည်ဖြစ်သည်။

ထိုကျောက်တုံးမှာ ရှစ်ရောင်ခြယ်မီးတောက်၏ လောင်စာဖြစ်သည်။

ထိုလောင်စာကို ခေတ္တမျှ လေ့လာလိုက်ပြီးနောက် သူက ကျောင်စိမ်းသေတ္တာ၏ အဖုံးကို အသေအချာပိတ်ကာ ခေါင်းခါလိုက်တော့သည်။

” ဒီ ရှစ်ရောင်ခြယ်မီးတောက်ရဲ့ လောင်စာကို ငါ မသုံးသေးပဲ သေချာသိမ်းထားရမယ် ” သူက တွေးလိုက်သည်။
” ပြီးတော့ တကယ်ကောင်းမွန်တဲ့ မှော်ပစ္စည်းအတွက်ပဲ အဲ့မီးတောက်ကို သုံးရမယ်။ ”
ရှစ်ရောင်ခြယ်မီးတောက်၏ လောင်စာကို သိမ်းဆည်းလိုက်ပြီးနောက် သူက စောစောက အဆင့်မြှင့်ထားသော ဆေးလုံးများကို သုံးလိုက်တော့သည်။

ထိုအခါ သူ၏ခန္ဓာကိုယ်အတွင်း စိတ်စွမ်းအင်များ စီးဆင်းစပြုလာပြီး သူ၏ရွှေအမြုတေထဲတွင် စုဝေးနေသည့် အေးစိမ့်ချီ အမျှင်အတန်းများအဖြစ် ပြောင်းလဲသွားတော့သည်။

နောက်ထပ် အချိန်တစ်လ ကုန်သွားပြန်သည်။

ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံမှာ ပို၍အဆင့်မြင့်လာလေ ဆေးဖော်စပ်ရသည်မှာ ပို၍လွယ်ကူလာလေ ဖြစ်သည်။ သူက ဝိညာဥ်စုစည်း ဆေးလုံးများကို တစ်သုတ်ပြီးတစ်သုတ် အောင်မြင်စွာ ဖော်စပ်နိုင်ေနပြီး ရလဒ်များကို အလွန်အားမရသော်လည်း မူလ ဆေးလုံးများနှင့် ယှဥ်လိုက်ပါက ၎င်းတို့မှာ တိုးတက်လာပြီဖြစ်သည်။

မကြာမီတွင် စိတ်ကျေနပ်မှု အပြည့်အဝပေးစွမ်းနိုင်မည့် ဝိညာဥ်စုစည်းဆေးလုံးများကို ဖော်စပ်နိုင်မည်ဟု သူကယုံကြည်ထားသည်။ ထို့အပြင်ဆေးလုံးများ၏ အစွမ်းကို သိသိသာသာတိုးတက်အောင်လုပ်ပြီးမှသာ ပိုင်လင်းကိုသွားပြရန်မှာ အကောင်းဆုံးဖြစ်ကြောင်း ဆုံးဖြတ်ထားသည်။

ယခုအထိ ပိုင်ရှောင်ချန်းမှာ မဟာတံတိုင်းတွင်နေရသည့် ဘဝကြီးကို အလွန်ကျေနပ်နေဆဲပင်။ လူတိုင်းက သူ့ကိုလေးစားကြရုံသာမက တံတိုင်းအပြင်ဘက်သို့ ပုံမှန်ပစ်လွှတ်ခံနေရသည့် ဆေးပေါင်းဖိုများက ရန်သူများအကြားတွင် ပေါက်ကွဲရာမှလည်း သူ၏ တိုက်ပွဲစွမ်းဆောင်မှုရမှတ်များမှာ နေ့စဥ်ဆက်တိုက် ဆိုသလို တက်နေတော့သည်။

သူ၏ ပေါက်ကွဲနိုင်သော ဆေးပေါင်းဖိုများမှာ အရေခွံဆုတ်တပ်ပိုင်ဆိုင်ထားသော အစွမ်းအထက်ဆုံး လက်နက်များထဲမှ တစ်ခုဖြစ်နေပြီး မြေရိုင်းဒေသ၏ အောက်လမ်းဆရာများအတွက်မူ ဖိအားကြီးတစ်ရပ်အလား ဖြစ်နေတော့သည်။

ဤတိုက်ခိုက်မှုသည် အကြီးစား တိုက်ခိုက်မှုတစ်ခုသာ မဟုတ်ပါက မြေရိုင်းဒေသတပ်ဖွဲ့များ တပ်ဆုတ်သွားကြမည်မှာ ကြာမြင့်နေလောက်ပြီဖြစ်သည်။ ပိုင်ရှောင်ချန်းသည် သူ၏ဆေးပေါင်းဖိုများ၏ ပေါက်ကွဲမှုများ၏ ဖျက်စီးနိုင်စွမ်းများကို ကိုယ်တိုင်လာကြည့်တိုင်း တိုက်ပွဲကြီးမှာ ပို၍ပြင်းထန်လာသည်ကို မြင်နေရပေသည်။

ဤအချိန်တွင် တိုက်စစ်ဘက်တွင် ပါဝင်နေသည်မှာ လူ့ဘီလူးမျိုးနွယ်စုတစ်စုထဲ မဟုတ်တော့ပေ။ မျိုးနွယ်ခြောက်စုအထိ ရှိနေပြီဖြစ်သည်။ ယခင်က စစ်မြေပြင်ပေါ်တွင် လူ့ဘီလူးအရေအတွက် တစ်သောင်းခန့်သာ ရှိခဲ့ပါသော်လည်း ယခုတွင်မူ ရှစ်သောင်းဝန်းကျင်ရှိနေပြီ ဖြစ်သည်။ ဤစစ်ပွဲထဲတွင် ဤမျှ ကြီးမားသော တိုက်ပွဲကြီးတစ်ခု မဖြစ်ဖူးသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီ ဖြစ်သည်။

လူ့ဘီလူးကြီးများက ဟိန်းဟောက်ကာ တိုက်ပွဲထဲသို့ပြေးဝင်လာလိုက်တိုင်း ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ ဖိန့်ဖိန့်တုန်သွားရ စမြဲပင်။

ထို့အပြင် ဝိညာဥ်ကျင့်ကြံသူများစွာမှာလည်း ထပ်ခါထပ်ခါ ပေါ်ပေါက်လာကြသည်။ စစ်တပ်ငါးတပ်မှ ကျင့်ကြံသူများသည်လည်း ၎င်းတို့အားလုံးကို သတိကြီးကြီးထားနေကြပြီး စွမ်းအားအကြီးဆုံး ကျွမ်းကျင်သူများကိုစေလွှတ်၍ တိုက်ခိုက်နေကြသည်။

သို့သော် ထို ဝိညာဥ်ကျင့်ကြံသူများကို လူ့ဘီလူးအဖွဲ့ကြီးများက ကာကွယ်ပေးထားသည်။ ထိုလူ့ဘီလူးအချို့ကိုမူ အနိုင်ယူနိုင်ပါသော်လည်း ကြမ်းတမ်းခက်ခဲစွာ တိုက်လိုက်ရသည်။

နှစ်ဘက်စလုံးမှာ အသေအပျောက်များကြပြီး မြေရိုင်းဒေသမှာ ပို၍ အခြေအနေဆိုးသည်။ စစ်တပ်ငါးတပ်မှာ သူတို့ကိုကာကွယ်ပေးနေသည့် မဟာတံတိုင်းရှိနေပြီး ပေါက်ကွဲနေသည့် ဆေးပေါင်းဖိုများမှာလည်း အသိဥာဏ်မရှိသော ဝိညာဥ်အများစုကို အတုံးအရုံး ဖျက်စီးနေကြသည် မဟုတ်ပါလော။

ဆေးပေါင်းဖိုများသာ မရှိပါက သေဆုံးရမည်ကို မကြောက်ကြသည့် အမုန်းဝိညာဥ်များမှာ စစ်တပ်ငါးတပ်အတွက် ခေါင်းခဲစရာကြီးတစ်ခု ဖြစ်နေမည် ဖြစ်သည်။

ဤအချိန်တွင်မူ မဟာတံတိုင်းမြို့၏ တပ်များထဲတွင် ပိုင်ရှောင်ချန်း၏ အမည်ကို မကြားဖူးသူများ မကျန်တော့ပေ။ ထို့အပြင် သူ၏နာမည်မှာ မဟာတံတိုင်း၏ အပြင်ဘက်အထိပါ ကျော်ကြားနေပြီဖြစ်သည်။ လူ့ဘီလူးမျိုးနွယ်စုအများစုမှာ သူ့ကို သိသွားကြပြီ ဖြစ်ပြီး ဝိညာဥ်များကို နှိမ်နင်းရာတွင် အလွန် အသုံးဝင်နေသည့် မှော်ပစ္စည်းများကို သူက တီထွင်ပေးနေခြင်းဖြစ်ကြောင်းကိုပါ သိသွားကြတော့သည်။

သူသည် မြေရိုင်းဒေသ၏ သေမိန့်ကျစာရင်း ထဲမှာပင် ပါနေပြီဖြစ်ပြီး ထိပ်ဆုံးအဆင့်တစ်ရာထဲအထိ ရောက်နေပြီဖြစ်သည်။

ထိုစာရင်းထဲရှိ သူ၏အထက်မှ လူများမှာ မြေရိုင်းဒေသမှလူများ အရိုးစွဲအောင်မုန်းတီးကြသော ကျော်ကြားသည့် လူများဖြစ်သည်။

ပိုင်ရှောင်ချန်းတစ်ယောက်ထဲကြောင့် စစ်ပွဲကြီး၏ အခြေအနေ ပြောင်းသွားသည်ဟု မဆိုနိုင်ပေ။ ပေါက်ကွဲနိုင်သော ဆေးပေါင်းဖိုအနည်းငယ်က ထိုသို့လုပ်နိုင်မည် မဟုတ်သော်လည်း သူသည် တိုက်ပွဲ၏ အခြေအနေကို လွှမ်းမိုးထားနိုင်ပြီး ထိုလွှမ်းမိုးမှုမှာ အချိန်ကြာလေ ကြီးထွားလာလေ ဖြစ်နေတော့သည်။

ထို့အပြင် လူ့ဘီလူးမျိုးနွယ်များ၏ ခေါင်းဆောင်အကြီးအကဲများနှင့် အောက်လမ်းဆရာများကပါ သူ့ကို ရိုးတွင်းခြင်ဆီအထိ မုန်းတီးနေကြပြီး သူတို့၏ ရင်ထဲတွင် လက်စားချေလိုစိတ်များ ကိန်းအောင်းနေကြတော့သည်။

ခေါင်းဆောင်ကြီးများမှာ သူတို့၏ မျိုးနွယ်စုများထဲမှ အသက်ဆုံးရှုံးသွားရသူတို့အတွက် ဝမ်းနည်းပူဆွေးနေကြပြီး မာန်မာနထောင်လွှားနေကြဖြစ်သော အောက်လမ်းဆရာများမှာ ဝိညာဥ်များကို ထိန်းချုပ်ခြင်းဖြင့်သာ အချိန်ကုန်နေရတော့သည်။

ပုံမှန်ဆိုလျှင် ထိုဝိညာဥ်များကို ထိန်းချုပ်ရန်မှာ သူတို့၏ အဟုန်ကိုသာ လမ်းကြောင်းထိန်းပေးရုံပင် ဖြစ်သည်။ မြေအောက်မြစ်ထဲမှ စီးထွက်လာသည့် ဝိညာဥ်များမှာ နဂိုထဲက ရက်စက်ကြမ်းကြုတ်ပြီးသားဖြစ်သည် မဟုတ်ပါလော။ သို့သော် ယခုတွင်မူ ပေါက်ကွဲနေသည့် ဆေးပေါင်းဖိုများ၏ ရန်ကြောင့် ဝိညာဥ်များကို ထိန်းချုပ်ရသည်မှာ အလွန်ခက်ခဲနေရသည်။ ဝိညာဥ်အချို့ဆိုလျှင် ထွက်ပြေးရန်ပင် ကြိုးပမ်းနေကြပြီး အချို့မှာ ထိန်းချုပ်နေသူများကို ပြန်လည်ရန်ပြုရန်ပင် ကြိုးစားနေကြတော့သည်။

လက်ရှိအချိန်တွင်မူ အနက်ရောင်ကျောက်တုံး အတုံးတစ်ထောင်ကျော် ရှိသည့် ကျယ်ပြန့်သော ကွင်းပြင်ကြီးထဲတွင် ဆွေးနွေးပွဲတစ်ခု လုပ်နေကြသည်။

လေပေါ်လွင့်မျောနေသည့် အနက်ရောင် ပလ္လင်ကြီးပေါ်ရှိ အနက်ရောင်ဝတ်ရုံနှင့် အဘိုးကြီး၏ ပတ်ပတ်လည်တွင် လူဆယ်ယောက် ရှိနေသည်။ သူတို့အားလုံးမှာ ခဲရောင် ဝတ်ရုံများဝတ်ဆင်ထားကြပြီး ကြောက်မက်ဖွယ် အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ ထို အငွေ့အသက်များကိုကြည့်၍ သူတို့က အောက်လမ်းဆရာများဖြစ်ကြောင်း သိနိုင်သည်။

သူတို့ထဲမှ တစ်ယောက်မှာ ထိုအဘိုးကြီးကို အာခေါင်ခြစ်သံဖြင့် စကားပြောနေတော့သည်။

” မြင့်မြတ်လှသော တမန်တော်ကြီးခင်ဗျား။ ဒီလိုဆက်သွားရင် အဆင်မပြေနိုင်တော့ပါဘူး။ ဒီကိစ္စကို တစ်နည်းနည်းနဲ့တော့ ဖြေရှင်းမှ ရပါလိမ့်မယ် ”

အောက်လမ်းဆရာများအပြင် ထိုပလ္လင်ပေါ်တွင် ရှေးဟောင်းဆန်လွန်းလှသော ဘီလူးကြီးဆယ်ကောင်လည်း ရှိနေသေးသည်။ သူတို့အားလုံးမှာ အခြားဘီလူးများနှင့် မတူညီပဲ ပို၍ကြီးမားကာ ပို၍ အသိဥာဏ်ရှိသည့်ပုံပေါ်သည်။ ထိုထဲမှ ဘီလူးတစ်ကောင်က အနက်ရောင်ဝတ်ရုံနှင့် အဘိုးကြီးကိုကြည့်ကာ ဖြည်းညင်းစွာ ဆိုလိုက်သည်။
” ကျုပ်လည်း သဘောတူပါတယ် မြင့်မြတ်လှသော တမန်တော်ကြီး။ ဒီလိုသာ ဆက်သွားနေရင် ကျုပ်တို့မျိုးနွယ်စုရဲ့ စစ်သည်တော်တွေက ဝိညာဥ်တွေပေးတဲ့ ကာကွယ်မှုကို ရနိုင်မှာ မဟုတ်တော့ဘူး။ အဲ့အကာအကွယ်သာ မရှိရင် တံတိုင်းပေါ်က ကျင့်ကြံသူတွေနဲ့ လုံးဝယှဥ်လို့မရနိုင်ပါဘူး။ မြင့်မြတ်လှသော တမန်တော်ကြီး ခင်ဗျား။ အရှင့်ရဲ့ နတ်ဘုရားစွမ်းရည်တွေကို သုံးပြီးတော့ ဒီဒုက္ခမီးတောက်ကြီးကို ငြိမ်းသက်ပေးတော်မူပါ။ ”

အောက်လမ်းဆရာများနှင့် မျိုးနွယ်စု ခေါင်းဆောင်များ၏ ပြောစကားများကြောင့် အဘိုးကြီးသည် တစ်ခဏမျှ တွေးတောလိုက်ပြီး ရက်စက်ကြမ်းကြုတ်သောလေသံကြီးဖြင့် ဆိုလိုက်လေသည်။
” သတ်မှတ်ထားတဲ့ အချိန် မရောက်သေးသရွေ့ ဝိညာဥ်စွမ်းအင်တွေ အများကြီး သုံးမိလို့ မဖြစ်ဘူးကွ…. ”

” ဒါပေမဲ့ မပူပါနဲ့။ ငါ ပြင်ဆင်မှုအချို့လုပ်ပြီးသွားပြီ။ ပြီးတော့ အခုကလှုပ်ရှားဖို့ အကောင်းဆုံးအချိန်ပဲ။ မနက်ဖြန်ဖြစ်မဲ့ တိုက်ပွဲကို သေချာကြည့်နေ။ ပိုင်ရှောင်ချန်းရဲ့ ဆေးပေါင်းဖိုတွေကို အတိတ်မှာ ကျန်ရစ်ခဲ့အောင် ငါလုပ်ပြမယ်။ “

Comment

Leave a Reply

Options

not work with dark mode
Reset