ချုစစ်ဟန် စကားမပြောဘူး။
ချုယွမ် အံ့အားတကြီး ချုစစ်ဟန် ကို စိုက်ကြည့်ပြီး “သခင်၊ သူတောင်းစားကို ပြောနေတာလား?”
ချုစစ်ဟန် တိတ်ဆ တ် …
သို့သော် ချုယွမ် ဘယ်သူကို ပြောနေတာလဲဆိုတာကို သိသည်။
ဒီလိုဆိုရင်တောင် သူသံသယ ဖြစ်မိသည်။ …သခင် က “ သနားခြင်း” ဆိုတာကို ဘယ်အချိန်ကနေစပြီးတော့ နားလည်သွားတာလဲ?
ချုယွမ် ထပ်မမေးတော့ဘဲ ငွေဒဂါးပြားတွေကို အိတ်ထဲက ယူပြီး လုရှန်း ဆီ လျှောက်လာတယ်
တစ်စုံတစ်ယောက်က သူ့အနားကို လျှောက်လာသည်ကို သတိပြုမိသောအခါ လုရှန်း လှည့်ကြည့်တော့ အိတ်တစ်လုံး ခြေထောက်အနား တွေ့ရသည်။
သူမ အရှေ့က လူငယ်လေးက လှည့်ထွက်သွားသည်။
သူမ အိတ်ကို အမြန်ကောက်လိုက်ပြီး အော်ပြောတယ် “ဆရာကြီး ရဲ့ ပိုက်ဆံအိတ် ကျသွားတယ်”
ချုယွမ်က “ဒါ မင်းအတွက်ပဲ” ပြောကာ လှည့်မကြည့်ဘဲ ထွက်သွားတယ်။
“ငါ အလုပ် မလုပ်ဘဲ ဘယ်အရာကို မှ လက်ခံမှာ မဟုတ်ဘူး!”
အိတ်ထဲတွင် အနည်းဆုံး ငွေ ၁၀တုံး လောက်ပါတာ သူမပြောနိုင်သည် ။
ငွေဆယ်ပြားဆိုရင်တောင် လက်ခံနိုင်သေးတယ် အခုက ငွေတုံး ဆယ်တုံးဖြစ်နေတယ်။
သူမ ရဲ့ ကိုယ်ပိုင် ဝင်ငွေကို နှစ်သက်ပေမဲ့လည်း အရင်ဘဝက ဆရာရဲ့ ငွေကိုပဲ ယူသုံးခဲ့သည် ။
လုရှန်း ချုယွမ် ကိုမြင်တော့ စိတ်မရှည်တော့ဘဲ ငွေအိတ်ကို ချုယွမ် ရှေ့သို့ ပစ်ချလိုက်တယ်။
အိတ်က မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။ …
ချုယွမ် လည်ပင်းကို ပွတ်သပ်ပြီး သွားကြိတ်နေသည်ကို မြင်တော့ လုရှန်းရဲ့ နောက်ကျော အေးစက်သွား၏။ ။
ဒီမြင်ကွင်းကို မြင်တော့ ချုစစ်ဟန် အံ့သြသွားတယ်။ ထို့နောက် သူ ပြုံးလိုက်သော်လည်း အပြုံးက တခဏချင်း ပျောက်ကွယ်သွား၏။ ။
ဒီ သူတောင်းစား တွင် ဒီလောက်ကြီးကျယ်တဲ့ စိတ်ဓာတ်မျိုး ပိုင်ဆိုင်ထားလိမ့်မယ်လို့ သူ မမျှော်လင့်ထားဘူး။
“မင်း…”
ချုယွမ် ဒေါသတကြီး ခေါင်းလှည့်လာပြီး သွားတင်းတင်းကြိတ်ကာ လုရှန်း စူးစူးစိုက်စိုက် ကြည့်တယ်။
“အာ… ရည်ရွယ်ချက်ရှိရှိ လုပ်တာမဟုတ်ဘူး”
သူမ မလိုချင်ဘူးလို့ ပြောထားပြီးသား ပြန်ယူဖို့ ငြင်းဆန်တယ်။
သူမ၏ ရည်ရွယ်ချက် က ငွေတုံးများ ပြန်ပေးဖို့ ဖြစ်သည်။ ။ သူမမှာ ကောင်းမွန်သော တိကျမှု ရှိလိမ့်မည် လို့ မမျှော်လင့်ထားဘူး။
သူမ နှာသီးဖျားကို ထိလိုက်၏။ သူမ၏ မျက်နှာပေါ် အပြစ်ကင်းစင်မှု ပေါ်လွင်နေသည်။
ချုယွမ် ငွေတုံးတွေကို ကောက်ယူလိုက်ပီး ဒေါသ တကြီး လှည့်ထွက်ကာ ချူဆီဟန်ထံ ပြန် သွားသည်။
“သခင်၊ သူမ မလိုချင်ဘူး။”
သူ့လေသံက သနားဖို့ကောင်းနေ၏။ ။
ထိုအချိန် မှ လုရှန်း သည် အဖြူရောင်ဝတ်စုံဝတ်ထားသော အခြားလူတစ်ယောက် ရှိနေတာ သိလိုက်သည်။ ။
ထိုသူ ရဲ့ မျက်နှာကို မြင်တော့ သူမ အံ့သြသွားတယ်။
သူမရဲ့ ဘဝမှာ သူမရဲ့ ဆရာပဲ အချောမောဆုံးမျက်နှာကို ပိုင်ဆိုင်ထားတယ်လို့ ထင်ခဲ့သည် ။
သို့သော် ဆရာ လို ချောမောသော အသွင်ကို ပိုင်ဆိုင်ထားသူ တစ်ဦးကို တွေ့ရမယ်လို့ သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။
သူမ၏ဆရာက အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ဦးနှင့်တူသော အသက်ရာနှင့်ချီရှိ အဘိုးကြီးဖြစ်သည်။
သူမရဲ့ ဆရာ သည် ခိုင်မာသော တွေးခေါ်တတ်သူ၊ လူငယ်တစ်ယောက်မဟုတ်တာ သူမ ချက်ချင်းပြောနိုင်သည် ။
သို့သော် သူမအရှေ့က လူက မတူဘူး သူ့မျက်လုံးများက ကမ္ဘာကြီ အသွင်အမျိုးမျိုး ဖြင့် ကြည့်ပြီး နောက် မျက်ဝန်းထဲ ဘာမှ မရှိတဲ့ပုံပေါ်သည် ။
ပြီးတော့ သူက လူငယ်တစ်ယောက်ဆိုတာ ပြောနိုင်တယ်။
ထိုလူသည် ဘေးတစ်ဖက်တစ်ချက်တွင် တိတ်တဆိတ်ရပ်နေပြီး သူ၏ချောမောသောမျက်နှာပေါ် ဘာ အရိပ်အယောင်မရှိပေ။ သူ့မျက်လုံးများက ဒေါသမထွက်နေဘဲ အာဏာ ထင်ဟပ်နေ၏။ ။
သူ သူမကိုကြည့်နေပြီး တစ်ဖက်သို့ မလှည့်ခင် သူမ ရဲ့ နှုတ်ခမ်းနှစ်ဖက် ခပ်ပြုံးပြုံး ဖြစ်သွား၏။
“သခင်၊ စောစောပြန်ကြရအောင်” ချုယွမ် က သူ့ကို သတိပေးတယ်
“ကောင်းပြီ”
ချုစစ်ဟန် လုရှန်း ဆီ မှ သူ့အကြည့်ကို မရုပ်သိမ်းခင် ပြန်ဖြေတယ်။
ဒီတစ်ခေါက် ဟောင်ရန် မြို့ကို အကြောင်းနှစ်ချက်ကြောင့် ပြန်လာခဲ့တာ ဖြစ်တယ်။ ပထမအချက်မှာ လူသတ်မှုကို စုံစမ်းဖို့ ၊ ဒုတိယအချက်မှာ သူ့မိဘများ စီစဉ်ပေးထားသည့် အိမ်ထောင်ရေးကို ရပ်တန့်ဖို့ ဖြစ်တယ်။
တိုင်းပြည်ရဲ့ နတ်ဆရာ သည် ည် ရွမ်ယွဲ့ တိုင်းပြည် တွင် အဆင့်အတန်းမြင့်မားပြီး ဧကရာဇ်နဲ့ ထပ်တူအဆင့်အတန်းတူသည်။
ချုစစ်ဟန် သည် သဘာဝလွန်ကိစ္စများကိုမဟုတ်ဘဲ သူ့ကိုယ်သူယုံကြည်မှုရှိသူဖြစ်သည်။ ဒါကြောင့်တိုင်းပြည်ရဲ့နတ်ဆရာ စကားကို မယုံဘူး။
ဒါ့အပြင် သူအရင်က မမြင်ဖူးတဲ့ မိန်းကလေးကို လက်ထပ် သည်ထက် တစ်ယောက်ထဲ နေလိုတယ်။
ညနေစောင်းလာတာကိုမြင်တော့ လုရှန်း လျိုယွဲ့ ရွာသို့ ခရီးထွက်ဖိူ့ ပြင်ဆင်တယ်။
ဟောင်ရန် မြို့မှ လျိုယွဲ့ ရွာသို့ နှစ်နာရီခန့် သွားရသည်။ ။
သူမရွာရောက်ချိန် (လျိုယွဲ့ ) ရွာသားများရဲ့ အိပ်ချိန် ဖြစ်နေလိမ့်မယ်။
မကြာသေးမီက ဖြစ်ပွားခဲ့သော လူသတ်မှုကြောင့် မြို့တွင်း စစ်ဆေးမှုများ တင်းကျပ်၏
ညအချိန် ကိုးနာရီတွင် မြို့မှထွက်ခွာခြင်းမပြုသူများသည် ထိုနေရာတွင် တစ်ညလုံးနေရလိမ့်မယ်။
လူသတ်မှုကျူးလွန်သူသည် အမျိုးသားဖြစ်ကြောင်း အတည်ပြုနိုင်သောကြောင့် အမျိုးသမီးများအတွက် တင်းကျပ်သောစစ်ဆေးမှုများ နည်းသည်။ ။
အမျိုးသမီးများအတွက် သူတို့ရဲ့ အသွင်အပြင်နှင့် ကျား၊မ တို့ကိုသာ စစ်ဆေးသည်။ ။
အမျိုးသားများအတွက်၊ သူတို့ရဲ့ ရုပ်ရည်၊ အရပ်၊ ခြေရာတို့ကိုပင် စစ်ဆေးပြီး စစ်ဆေးမှုများသည် ပိုမိုတင်းကြပ်သည်။
“အဲဒီမိန်းကလေး ကို ငွေပြား ၁၀ပြားပေးလိုက်”
“မိန်းကလေး?”
ချုယွမ် သခင့်ရဲ့အကြည့်တိုင်း ကြည့်ပြီး စိတ်ရူပ်ထွေးနေ၏။ ။ ” ဘယ်မှာလဲ မိန်းကလေး ”
တံတားပေါ်တွင် စုတ်ပြဲနေသော အဝတ်အစားများ ဝတ်ထားသည့် သူတောင်းစား တစ်ဦးသာ တွေ့သော်လည်း အမျိုးသမီး မဟုတ်ပေ။