အပိုင်း(၃)

ပြန်ရှင်သန်နိုင်မယ့် မျှော်လင့်ချက်

‘ရှင်အဝတ်အရင်ဝတ်ပေးနိုင်မလား’ ဝေ့ပင်ချင်းနေရအဆင်မပြေဘူးဖြစ်နေပါပြီ။ လီဖန်းကသူမကိုစွန်းဝေလက်ကကယ်ခဲ့ပေမယ့် ဒီအဝတ်မပါတဲ့လူကိုတော့သူမတည်တည်ငြိမ်ငြိမ်မပြောနိုင်သေးဘူး။

‘အာ့…ကျွန်တော့မှာအဝတ်မပါဘူးဗျ။ ဒီမှာတစ်ထည်လောက်မရှိဘူးလား။

‘ဒီမှာယောက်ျားလေးအဝတ်မရှိဘူးရှင့်။ တစ်ခုခုနဲ့ကာထားပါလား’။ အခုတော့ဝေ့ပင်ချင်းဟာလီဖန်းသူမအပေါ်မကောင်းမကြံဘူးဆိုတာသိလိုက်ပါပြီ။

‘ကောင်းပြီလေ’ လီဖန်းဟာခေါင်းငြိမ့်လိုက်ပြီးအိပ်ယာဆီသွားကာစောင်နဲ့ပတ်လိုက်ပြီးပြောလိုက်တယ် ‘ခဏနေရဲခေါ်ပြီးလျှင်ကျွန်တော့ကိုခင်ဗျားဘော်ဒီဂတ်လို့ပြောပေးနိုင်မလား။ ကျွန်တော်ကပြဿနာမကြောက်ပေမယ့်မရှိတော့ပိုကောင်းတာပေါ့’။

‘ဟုတ်ပြီလေ၊ ဒါနဲ့ရှင်ကဘယ်သူလဲ’ အခုမှဝေ့ပင်ချင်းလီဖန်းကိုဂရုတစိုက်ကြည့်နိုင်သည်။ အသက်၂၀ရောက်စလောက်ဆံပင်တိုတိုနဲ့ ရုပ်ကတော့ဖြောင့်ပါတယ်။

‘ကောင်းပြီလေ ဘယ်လိုဖြစ်တာလဲတော့ငါလဲမသိဘူး ကို့ဘာသာအိပ်နေတာမင်းအန္တရာယ်ရှိနေတယ်လို့အိပ်မက်မက်ပြီးနိုးတော့ဒီရောက်နေတာ’ လီဖန်းလည်းပုခုံးတွန်ရင်းသူလဲသေချာမသိသလိုပြောလေသည်။

ပထမတော့သူ့ကိုယ်သူစူပါမန်း၊ဂြိုလ်သားတို့နတ်သားတို့ပြောမလို့ပဲဒါပေမယ့်နောက်ဆုံးတော့စိတ်ပြောင်းသွားတာ။ ဝေ့ပင်ချင်းအနေနဲ့သူ့အကြောင်းကိုစုံစမ်းဖို့လွယ်မှာပါ။ စနစ်ကိုထားပြီးကျန်တာပြောလိုက်တာကောင်းပါတယ်။

‘ရှင်ဒီမှာခဏနေဦး၊ကျွန်မဖုန်းသွားခေါ်လိုက်ဦးမယ်’။

‘ဘာကိုဆိုလိုတာလဲ ယုံတာလားမယုံတာလား’ လီဖန်းဟာဝေ့ပင်ချင်းရဲ့နောက်ပိုင်းအလှကိုကြည့်ရင်းသံသယဝင်စိတ်ကိုထားလိုက်ကာစနစ်ကိုဖွင့်ပြီးလေ့လာနေလိုက်သည်။

စနစ်ဈေးဆိုင်ကတော်တော်ကျယ်ပြန့်တာပဲ။ သိုင်းကွက်များ၊နည်းပညာလက်နက်၊သိုင်းလက်နက်၊လေယာဉ်ပျံ၊နျူကလိယျဗုံး…ပိုက်ဆံတောင်အမှတ်နဲ့လဲလို့ရသည်။အမှတ်တာလုံလုံလောက်လောက်ရှိလျှင်ကမ္ဘာပေါ်မှာအချမ်းသာဆုံးသူဌေးဖြစ်နေလောက်ပြီ။

ဒါပေမယ့်ပစ္စည်းအများစုကမှောင်နေပြီးလောလောဆယ်ဝယ်လို့မရပါဘူး။

အဲ့ဒီအချိန်မှာပဲလီဖန်းဟာအသက်ရှူမြန်လာပြီးမေးလိုက်သည် ‘စနစ်ဒီမှာလူသေကိုပြန်ရှင်အောင်လုပ်လို့ရတဲ့ဟာမရှိဘူးလား’။

‘ရှိပါတယ်၊ပြာပုံဖြစ်သွားလျှင်တောင်ပြန်လည်ရှင်သန်ခြင်းဆေးလုံးကရှင်သန်လာစေနိုင်တယ်။ဈေးနှုန်းကစနစ်အမှတ်၁၀သန်း’။ လီဖန်းကစိတ်ထဲမှပင်ကြိမ်ဆဲလိုက်သည်၊

မျက်ရည်များလည်းစီးကျလာသည်။ ခဏနေမှမျက်ရည်သုတ်လိုက်ပြီး ‘ကျန်းနန်ဝမ်မိသားစု မင်းတို့အမှိုက်လို့မှတ်ထားတဲ့ကောင်ကဒီလိုအခွင့်အရေးမျိုးရလိမ့်မယ်လို့စိတ်ကူးခဲ့ကြမှာမဟုတ်ဘူး။ဟွာချန်း စုမိသားစုလွန်ခဲ့တဲ့၃နှစ်က မင်းတို့ငါ့အမေကိုဒေဝါလီခံရအောင်လုပ်ပြီးကားအက်စီးဒန့်ဖြစ်အောင်ဖန်တီးခဲ့ကြတယ်၊အေးမင်းတို့အဆ၁၀၀ပြန်ခံစားစေရမယ်ကွ’။

‘အမေ ဘုရားကအမေ့အတွက်စိတ်မကောင်းဖြစ်လို့ထင်တယ်ကျွန်တော့ကိုအခွင့်အရေးပေးခဲ့ပြီ၊ကျွန်တော်အမေ့ကိုပြန်ရှင်စေရမယ်’။

ဝမ်မိသားစု , ယန်ကြယ်မြစ်ရဲ့တောင်ဘက်မှာရှိပြီးထင်ရှားတဲ့မိသားစုကြီးတစ်ခုဖြစ်သည်။အဓိကမိသားစုတွေဟာစီးပွားရေးလုပ်ငန်းရှင်တွေ(သို့)နိုင်ငံရေးမှာရာထူးကြီးတဲ့လူတွေဖြစ်ကြသည်။ လီဖန်းဖခင်ဝမ်ချွင်ဟာဝမ်မိသားစုခေါင်းဆောင်ရဲ့ဒုတိယသားဖြစ်သည်။လွန်ခဲ့တဲ့နှစ်၂၄နှစ်ခန့်ကလီယွမ်နဲ့တွေ့ပြီးချစ်ကျွမ်းဝင်ခဲ့ကြသည်။

အကြောင်းကလီယွမ်ကမိဘမဲ့တစ်ယောက်ဖြစ်လို့ဝမ်မိသားစုကလက်မခံခဲ့ကြဘူး။ နောက်ဆုံးမှာသူမကိုကျန်းနန်ကနေမောင်းထုတ်ခဲ့ကြတယ်။ဟွာချန်းကိုရောက်မှကိုယ်ဝန်ရှိမှန်းသိခဲ့ပြီးဝမ်ချွင်ဟာတော့မိသားစုကြီးတစ်ခုရဲ့မိန်းကလေးတစ်ယောက်နဲ့လက်ထပ်သွားတယ်။

ဝမ်ချွင်ဟာလီယွမ်ကိုသိပ်ချစ်ခဲ့ပြီးပိုက်ဆံအများကြီးပေးခဲ့လို့ဟွာချန်းမှာကိုယ်ပိုင်စီးပွားရေးတည်ထောင်နိုင်ခဲ့တယ်။ ဝမ်ချွင်ဟာလွန်ခဲ့တဲ့၁၀နှစ်ကပဲရောဂါနဲ့သေဆုံးခဲ့ပြီးလီယွမ်ဟာသူ့သားကိုခေါ်သွားပေမယ့်ဝမ်မိသားစုရဲ့ကဲ့ရဲ့အနိုင်ကျင့်ခြင်းကိုသာခံခဲ့ရတယ်။

လီယွမ်တည်ထောင်ခဲ့တဲ့ကုမ္ပဏီကိုစုမိသားစုကဖျက်စီးခဲ့ပြီးလီယွမ်မှာလည်းကားမှောက်သေဆုံးခဲ့ရာဝမ်မိသားစုမှာလက်ပိုက်ကြည့်နေယုံသာမကလှောင်ပြောင်ခဲ့ကြသည်။ လီဖန်းဟာသာမန်ဆင်းရဲသားတစ်ယောက်ဖြစ်လာ၍သူ့အမုန်းတွေကိုမြိုသိပ်ထားခဲ့သည်။သူ့ကိုယ်သူရူးသွပ်သွားမှာစိုးလို့တောင်နေ့တိုင်းပြုုံးနေလေ့ရှိတယ်။အပြင်လူတွေအတွက်တော့လီဖန်းဟာအကောင်းမြင်တတ်တဲ့ကောင်လေးတစ်ယောက်ပေါ့၊ နာကျင်မှုဆိုတာရင်ထဲမှာပဲရှိနိုင်တော့ဘယ်သူမှမသိနိုင်ဘူး။

အခုတော့လက်စားချေချင်တဲ့စိတ်တွေပေါ်ပေါက်လာခဲ့ပြီ။နောက်ဆုံးပြန်လည်ရှင်သန်ခြင်းဆေးလုံးကိုလဲနိုင်လျှင်သူ့အမေနဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်ပြီပေါ့။ လီဖန်းဟာစနစ်မှာကိုယ်ပိုင်အရည်အချင်းကိုကြည့်လိုက်တယ်

သခင်-လီဖန်း

အဆင့်(-C-)အဆင့်

EXP-၀/၂၀၀

စနစ်အမှတ်-၅၀၀

အောင်မြင်မှတ်-၀

စကေး-ရောနှောသိုင်း

တာဝန်-နတ်ဘုရားမလေးဝေ့ပင်ချင်းကိုကယ်တင်ပါ(၂)

လီဖန်းဟာအခုမှတကယ့်သန်မာတဲ့လူတွေရှိတာကိုသိလေသည်။ နံရံတွေပေါ်မှာပျံရင်းတစ်ယောက်နဲ့အယောက်၁၀၀သတ်ကြတာဟာရုပ်ရှင်တွေထဲလူစွမ်းကောင်းတွေနဲ့မကွာဘူး။

သိုင်းအဆင့်တွေကိုကြည့်မယ်ဆိုလျှင်D,C,B,A,S,SS,SSSခွဲခြားထားပြီးအဆင့်တစ်ခုစီတိုင်းကိုသုံးမျိုးပြန်ခွဲထားသည်။

လီဖန်းဆိုလျှင်C-မှC ၊ C မှ C+ ဆက်လက်တိုးတက်လာနိုင်ပြီးC-အဆင့်ဟာကမ္ဘာ့တိုက်ခိုက်ရေးချန်ပီယံနဲ့ညီပါသည်။စနစ်မှာဇယားတွေထပ်ပေါ်လာပြီးအပြင်ကပစ္စည်းတွေကိုပါထားနိုင်ကြောင်းတွေ့လာရသည်။

‘ထူးဆန်းတယ်ဝေ့ပင်ချင်းပြန်မလာသေးပါလား။ပြန်မလာရဲလို့လား’။ ထိုအချိန်မှာပဲဒေါက်ဖိနပ်သံပေါ်လာပြီးယူနီဖောင်းကိုစမတ်ကျကျဝတ်ထားတဲ့ဝေ့ပင်ချင်းဝင်လာသည်။


Comment

Leave a Reply

Options

not work with dark mode
Reset