‘ပန်းချွေနတ်ဆိုး’
ဝေ့ပင်ချင်းက လန့်ပြီး အော်လိုက်သည်။
‘ဟန့် ငါ့ကိုမှတ်မိတယ်ပေါ့’
အိပ်ခန်းထဲဝင်တော့မယ့် စွန်းဝေဟာ အံ့ဩသွားသည်။ လီဖန်းဆိုတဲ့လူ ပြောတာတကယ် ဖြစ်လာတာပဲ။
အခုကဘာလဲ ရဲခေါ်ရမလား။ နောက်ကျသွားလောက်ပြီ။ ရဲလာလျှင်တောင် ဟောင်ဟွာမိသားစုရဲ့အကြီးဆုံးသမီးဟာသေပြီး အပင်တောင်ပေါက်လာလောက်ပါပြီ ။ လုံခြုံရေးခေါ်ရမလား။ မဖြစ်သေးဘူး အချက်ပေးက ဧည့်ခန်းမှာ။ စွန်းဝေကအဝမှာကို သူမကဧည့်ခန်းထဲ ဘယ်လိုသွားရမလဲ။
လီဖန်းကို အားကိုးရမလား။ အာ..ဒီတစ်နည်းပဲ ကျန်တော့တယ်ထင်တယ်။ ဒါပေမယ့် သူ့ကိုအရင် အတွင်းခံဝတ်ခိုင်းရမယ် ထင်တယ်။ ဘယ်လိုသူရဲကောင်းလဲဟ သူက။
‘တခြားယောက်ျားတစ်ယောက် ရှိနေတာလား။ သူများတွေပြောကြတာတော့ ဝေ့ပင်ချင်းက အရမ်းလှပြီး သန့်ရှင်းတယ်။ အသက်၂၆ရောက်ပေမယ့် ချစ်သူတောင် မထားဖူးဘူးတဲ့။ ဒါပေမယ့်ကိစ္စမရှိပါဘူးအတွေ့အကြုံရှိတဲ့မိန်းမတွေက ပိုပြီးအရသာရှိတယ်တဲ့’
စွန်းဝေက ပြောရင်းဆိုရင်း မျက်နှာဖုံးကို ချွတ်လိုက်သည်။
အခြေအနေက မျှော်လင့်ထားသလို မဟုတ်ပေမယ့် စွန်းဝေက လီဖန်းကိုမျက်လုံးထဲတောင် မထည့်ပါဘူး။ လူလတ်ပိုင်းလေးငါးယောက်လောက်ကို အမှောက်သိပ်နိုင်တဲ့သူက တစ်ယောက်လောက်ကို ဂရုစိုက်စရာလား။ လီဖန်းကမျက်မှောင်ကျုံ့ပြီးတိတ်ဆိတ်နေလေ၏။
စွန်းဝေကို သူတိုက်ခိုက်သင့်တာ သိပေမယ့် သာမန်လူတစ်ယောက်က Aအဆင့်ဝရမ်းထုတ်ထားတဲ့လူကို ဘယ်လိုနိုင်မှာလဲ။ ဒါနဲ့ ငါသိုင်းတတ်တယ်ဆို။
‘စနစ် ဘယ်မှာတုန်းသိုင်း’ လီဖန်းဟာ မေးလိုက်လေသည်။ ချက်ချင်းပဲသူ့ ရဲ့ရှေ့မှာသူဘဲမြင်ရတဲ့ အလင်းမျက်နှာပြင်တစ်ခုပေါ်လာသည်။ လီဖန်းကပျော်သွားပြီး စစ်ဆေးလိုက်သည်။ စနစ်မှာခေါင်းစဉ် ခြောက်မျိုးရှိတယ်။
ပထမဇယားမှာ စာအုပ်တစ်အုပ်ရှိပြီး ‘ရောနှောသိုင်း’ လို့ရေးထားသည်။
‘ဖော်ပြချက်- အဆင့်နိမ့်သိုင်းကွက်ဖြစ်ပြီး ကမ္ဘာပေါ်မှာရှိတဲ့ တိုက်ခိုက်နည်းအားလုံးရဲ့ အနှစ်ကိုစုပေါင်းထားသည်’။
‘ယခုသင်ချင်ပါသလား’။
လီဖန်းလည်း တုံ့ဆိုင်းမနေပဲ ချက်ချင်းသင်လိုက်သည်။စနစ်ပေါ်က စာအုပ်ဟာ ပျောက်သွားပြီး အဖြူရောင်အလင်းတစ်ခု သူ့စိတ်ထဲမှာပေါ်လာသည်။ နွေးထွေးတဲ့ စီးကြောင်းတစ်ခုဟာ ခန္ဓာကိုယ်တစ်လျှောက် စီးသွားပြီးမှတ်ဉာဏ်ထဲမှာ ‘ရောနှောသိုင်း’ဟာ ပေါ်ပေါက်လာသည်။
ဒီမှတ်ဉာဏ်နဲ့ လီဖန်းဟာ တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝတဲ့ လူတစ်ယောက်လို ဖြစ်လာသည်။ စနစ်က တကယ်စွမ်းတာပဲ။
‘ကြမ်းချင်ယောင် ဆောင်နေတယ်ပေါ့ အချိန်ဆွဲပြီး ရဲခေါ်ခိုင်းမလို့လား။အိပ်မက်မက်မနေနဲ့။ ဒီဗီလာရဲ့လုံခြုံရေးပစ္စည်းတွေကို ငါထိန်းချုပ်ပြီးသွားပြီ ဘယ်သူမှလာမကယ်နိုင်ဘူး။ သေဖို့သာ စောင့်နေလိုက်’။
‘ဒါပေမယ့် ငါမင်းကိုအခွင့်အရေးတစ်ခု ပေးလိုက်မယ်။ ဒီကောင်မနဲ့ ငါအေးအေးဆေးဆေး ကစားလို့ရလျှင်တော့ မင်းရဲ့ခွေးလောက်တန်ဖိုးမရှိတဲ့ အသက်ကိုချမ်းသာပေးလိုက်မယ်’
စွန်းဝေကပြောပြီး ပြုံးလိုက်သည်။
လီဖန်းက ပုခုံးတွန့်ပြီး ဝေ့ပင်ချင်းဘက် လှည့်ကာ ပြောလိုက်သည်
‘မစ်ဝေ့ ကျွန်တော့ကိုယုံပြီလား’။
သိုင်းပညာလက်ထဲရှိနေတော့ သူ စွန်းဝေနဲ့တိုက်ဖို့ ယုံကြည်ချက်ရှိပါသည်။ ဝေ့ပင်ချင်းက ခေါင်းညှိတ်မှ သူလည်းနေသာသွားသည်။ မဟုတ်ဘဲ လူယုတ်မာထင်နေလျှင် နောက်စနစ်ကပေးတဲ့ တာဝန်တွေကို မလုပ်နိုင်ဘဲ ထိုင်ငိုနေရမှာပေါ့။
‘ငါ့ကို လစ်လျှူရှုထားတယ်ပေါ့ ကောင်လေးမင်းကမောက်မာလှချည်လား’ စွန်းဝေက ပြောရင်းဆိုရင်း ခါးကဓါးမြောင်ကိုထုတ်ကာ လျှာနဲ့ရက်လိုက်လေသည်။ သူ့အပြုံးကသွေးဆာပြီး မကောင်းဆိုးဝါးဆန်ကာ လူတွေကိုကျက်သီးထ စေနိုင်သည်။
လီဖန်းလဲ ဇာတ်လမ်းထဲက သိုင်းဆရာတွေလိုလက်နောက်ပစ်ပြီး ပြောလိုက်သည်။ ‘မင်းက ငါဂရုစိုက်ရလောက်တဲ့အထိ အဆင့်ရှိလို့လား ။ မင်းလောက်ကို ဆယ်ယောက်ပေးလို့ ရတယ်’။
စနစ်အရ နတ်ဘုရားမလေးများကို ကယ်ပြီးသိမ်းပိုက်ရမယ်ဆိုတော့ ဟိတ်ဟန်လေးတော့ ပြဦးမှ။ မဟုတ်လျှင် ဘယ်လိုမြှူဆွယ်ရမလဲ။ အဝတ်မပါဘဲ ဟိတ်တွေဟန်တွေပြနေတော့ စွန်းဝေတောင် ကြောင်သွားသည်။
‘ကောင်းပြီကောင်လေး မင်းငါ့ဒေါသကို ဆွနိုင်လိုက်ပြီ မင်းခြေတွေလက်တွေကိုဖြတ်ပြီး ဝေ့ပင်ချင်းနဲ့ ငါကစားတာကို ကောင်းကောင်းကြီး ကြည့်စေရမယ်’။
စွန်းဝေရဲ့ ရက်စက်မှုကို သိထားတဲ့ ဝေ့ပင်ချင်းဟာ ဒီအချိန်မှာ လီဖန်းကိုအပြစ်မတင်နိုင်တော့ပါ။ သူသာ မနိုင်လျှင် သူမဘဝက မတွေးဝံ့စရာပဲ။ စွန်းဝေဟာ လီဖန်းရှေ့ချက်ချင်းရောက်လာပြီး ရင်ဘတ်ကိုဓါးမြှောင်နဲ့ ထိုးလိုက်သည်။ ဓါးချက်ကမြန်ဆန်တိကျပြီး ရက်စက်ပါတယ်။
‘ဟန့်’ လီဖန်းဟာ ခါးကိုစောင်းရှောင်ရင်း လက်သီးဖြင့်နံကို ထိုးလိုက်သည်။ ထို့နောက်တစ်ဆက်တည်း ဓါးလွတ်ကျအောင် လက်ကိုဖြတ်ရိုက်လိုက်ပြီး စောင့်ဆွဲကာ ပုခုံးဖြင့်ရင်ဘတ်ကို တိုက်ထုတ်လိုက်သည်။
‘အာ့’ စွန်းဝေဟာ ညာဘတ်လက်သုံးမရတော့ဘဲ လန့်သွားပေမယ့် ပြာယာခတ် မသွားပါဘူး။ ဘယ်လက်နဲ့ ဆက်ထိုးလိုက်သည်။ လီဖန်းလည်း တံတောင်နဲ့ကာပြီး ရှိုက်ကိုထိုးလိုက်ရာ စွန်းဝေလွင့်သွားပြီး ဒူးထောက်ကျသွားသည်။
‘ခရက်’ အသံထွက်လာပြီး အရိုးကျိုးသွားသော စွန်းဝေမှာသတိလစ်သွားလေသည်။ ကြမ်းတမ်းတဲ့စွန်းဝေဟာ လီဖန်းဆီမှာ သုံးစက္ကန့်လောက်နဲ့ ရှုံးသွားတော့ ဝေ့ပင်ချင်းတောင်မှင်သက်နေပါတယ်။
‘မစ်ဝေ့ ဘာဆက်လုပ်ကြမလဲ’။
‘ရဲခေါ်လိုက်မယ်„ ပြီးတော့….ကျေးဇူးပါ’ဝေ့ပင်ချင်းကအသက်ကို ရှုချလိုက်ပြီး ပြောလိုက်သည်။ ခဏအတွင်းမှာစိတ်တည်ငြိမ်အောင် ထိန်းချုပ်လိုက်တာဟာ အခက်အခဲများစွာကို ရင်ဆိုင်ဖူးတဲ့ အားနွဲ့မှုမရှိတဲ့ သန်းကြွယ်ကုမ္ပဏီရဲ့ ခေါင်းဆောင်တစ်ယောက် ပီသပါပေတယ်။
ထို့နောက်အစ်မကျီလင်ရဲ့အသံထွက်လာသည်။
‘ဒင် ဂုဏ်ယူပါတယ်သခင် တာဝန်ပြီးမြောက်ပါပြီ။ ဆုများကိုထုတ်ပြန်လိုက်ပါပြီ။
‘ဒင် ဂုဏ်ယူပါတယ်သခင် EXP၁၀၀၊ ၁၀၀၀စနစ်အမှတ်၊ ရောနှောသိုင်းရရှိပါတယ်။ တာဝန်အသစ်ကို စီစဉ်နေပါတယ် ခဏစောင့်ပါ…’။
‘ဒင် တာဝန်အသစ် ရှိပါတယ်။ စစ်ကြည့်ပါ’။
စနစ်ရဲ့အချက်ပေးမှုကြောင့် လီဖန်းလည်း ကျေနပ်သွားလေသည်။ အငယ်ကောင် မတိုတော့ဘူးပေါ့။ စိတ်လှုပ်ရှားပြီးနောက် တာဝန်သစ်ကို ကြည့်လိုက်လေ၏။
‘တာဝန်-နတ်ဘုရားမလေး ဝေ့ပင်ချင်းကို ကယ်တင်ပါ (၂)’
‘တာဝန်ဖော်ပြချက်-ဝေ့ပင်ချင်းရဲ့ ကိုယ်ရံတော်အဖြစ်စာချုပ်ချုပ်ပါ’
ဆုကြေး- EXP၃၀၀၊၂၀၀၀စနစ်အမှတ်,၁အောင်မြင်အမှတ်
မှတ်ချက်- အောင်မြင်အမှတ်သည် အထူးစကေးများ၊ပစ္စည်း (သို့) မဲနှိုက်ခြင်းတို့လုပ်နိုင်ပြီး သခင် အောင်မြင်မှတ်ရပြီးမှ စတင်ပေါ်ပေါက်လာမည်။