Switch Mode

Chapter 3 – လက်ဆောင်ပေးသူတောင်းစား 

လက်ဆောင်ပေးသူတောင်းစား

အခုလေးတင်မီးလောင်သွားတဲ့ အရာက က သူမကိုယ်တိုင်ရေးဆွဲထားတဲ့ လူတစ်ယောက်ရဲ့ ကမ္ပည်းဖြစ်တယ်။

သူမရဲ့ ဆရာ က ကျင့်ကြံသူတစ်ယောက်။ အရာအားလုံးကို မှတ်မိနိုင်တဲ့ အချိန်ကစပြီး သူမ ဆရာ နဲ့အတူ ကျင့်ကြံခဲ့သည်။

သူမ သည် ဆရာရဲ့ အဆင့်ကိုမမှီသော်လည်း သူမရဲ့ဆရာ က ကျင့်ကြံခြင်းတွင် သူမ ရဲ့ အရည်အချင်းကို အသိအမှတ်ပြုခဲ့သည်။

သင့်လျော်သောအရာများကို သင်ယူဖို့ ငြင်းဆိုတိုင်း သူမရဲ့ဆရာက သိမ်ဖျင်းသောသဘောထား မှတ်ချက်အမြဲပေးတက်သည် ။ သူမ ရိုးစင်းသော အကျင့်ဆိုးများနှင့် ယုတ်မာသောလှည့်ကွက်များကို အမြဲလေ့လာရန် ကြိုးစားတက်သေးသည်။

ဟား!

တကယ်လို့ သူမ ဆရာရဲ့ စကားကို နားထောင်ပြီး ထမင်းစားရန်တစ်ယောက်တည်း အပြင်မထွက်ခဲ့ရင် ဓာတ်ငွေ့ယိုစိမ့်မှုနှင့် နောက်ဆုံးသေဆုံးမှုကို ရှောင်ရှားနိုင်မှာ ဖြစ်တယ်။

ကျေးဇူးတင်ရမှာ က ဘုရားသခင်သည် သူမအား အခြားအသက်တစ်ခုကို ကောင်းချီးပေးခဲ့တယ်။

သူမရဲ့ ကြင်နာတတ်တဲ့ စရိုက်ကြောင့် ဖြစ်မယ်။

လျိုယွဲ့ ရွာတွင် လုရှန်း ကို ရှာဖွေနေဆဲဖြစ်တယ်။

ဒါပေမဲ့ လုရှန်း ခေါက်ဆွဲဆိုင်ရှေ့ မုန့်ထုပ် ကိုင်ထားပြီး လက်ဖဝါးပေါ် ရှိကြေးပြားနှစ်ပြားကို ကြည့်နေတယ်။

လမ်းဘေး နံရံဘေးမှာ ထိုင်ကာ အနားယူချိန် အမျိုးသမီးတစ်ယောက်က သူမ ဆီကြေးပြား ၆ ပြားပစ်ချပေးခဲ့တယ်။

အိမ်က အမြန်ထွက်လာတာမို့ ကြေးပြားအလုံအလောက်မပါဘူး လို့ အမျိုးသမီးက ဆိုတယ်။ နောက်တစ်ကြိမ် ပြန်ဆုံကြရင် ထပ်ပေးမယ်လို့လည်းဆိုသည်။

ဒါ့အပြင် ထိုအမျိုးသမီးက သူ့အစေခံ ကို လုရှန်း ကို ပန်းသီးတစ်လုံးပေးခိုင်းခဲ့တယ်။ စောစောက သူမ စားခဲ့တဲ့ ပန်းသီးဖြစ်တယ်။

သူ့ဆရာ က “လူသည် အလွန်လောဘမကြီးသင့်” လို့ တစ်ခါက ပြောဖူးတယ်။ လုရှန်းက သူမ မှာ မုန့်တွေရှိပြီးသားမို့ မုန့် မတောင်းသင့်ဘူးဆိုတာ သိတယ်။

သူ့ကိုယ်သူ ယုံကြည်ပြီး လုရှန်း သက်ပြင်းချလိုက်ကာ ကျန်ကြေးပြား နှစ်ပြားကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်တယ်။

ဘဝက ခက်ခဲလွန်းတယ်!

လုရှန်း ခေါင်းမော့ပြီး ကောင်းကင်ကို မော့ကြည့်တယ်။ စောသေးသည်။ မှောင်တော့မှ လျိုယွဲ့ ရွာ ကို ပြန်တော့မယ်။

နောက်ပိုင်း လေပြင်းများတိုက်ခတ်လာမယ်လို့ ခန့်မှန်းမိသည်။ ညဘက်တွင် သူမအလိုရှိရာကို လွယ်ကူစွာလုပ်ဆောင်နိုင်သည်။

“သခင်မလေး ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ထမင်းကျွေးပါ!”

လုရှန်း ဖြတ်သွားစဉ် လူတစ်ယောက်က ရုတ်တရက် သူမခြေထောက်ကို ပွေ့ဖက်တယ်။

အဘွားအိုတစ်ဦးသည် သူမ၏ အသားမုန့်ကို ဆာလောင်စိတ်ဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

အဘွားကြီးဘေး ကောင်လေးတစ်ယောက် ရပ်နေတယ်။ သူ့မျက်နှာက ညစ်ပတ်နေပေမယ့် သူ့မျက်လုံးတွေက ကြည်လင်တောက်ပ၏။

ကောင်လေးက လုရှန်း ကို ကြည့်ပြီး “အဘွား လူမှားပြီး ။တောင်းနေတယ်။ သူမက လည်း သူတောင်းစားပဲ။”

လုရှန်း စကားမပြောနိုင်အောင်ဖြစ်သွား၏။

ထိုစကားကိုကြားသောအခါ အဘွားကြီးသည် လုရှန်း ကို စိုက်ကြည့်ပြီးနောက် လွှတ်ပေးလိုက်တယ်။

အဘွားအိုက ရှက်ရွံ့သောအမူအရာဖြင့် “အဖွား မျက်စိမှုန်တဲ့အတွက် အရာဝတ္ထုတွေကို ရှင်းရှင်းလင်းလင်းမမြင် ရဘူး။ သမီး လည်း အဖွာတို့လို သနားစရာကောင်းတဲ့လူဖြစ်မယ်လို့ မမျှော်လင့်ထားဘူး။”

စကားလုံးများကြောင့် လုရှန်း နှုတ်ဆိတ်သွားပြန်တယ်။

“ယူပါ။”

တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် လုရှန်း အဘွားအိုအား သူမမှာ ရှိတဲ့ မုန့်၂ ခု ကို တွန့်ဆုတ်စွာ ပေးလိုက်သည်။

လုရှန်း သက်ပြင်းချမိသည်။

‘ငါတကယ်ကို ကြင်နာလွန်းတယ်။’

သူမနှင့် ဆန့်ကျင်ဘက် စားသောက်ဆိုင်တွင် အဖြူရောင် ၀တ်စုံဝတ်ထားသည့် အမျိုးသားတစ်ဦးက ဒုတိယထပ် တွင် ထိုင်နေသည်။ထို မြင်ကွင်းကို မြင်လိုက်ရတယ်။ သူရဲ့ နဂိုက ငြိမ်သက်နေသော မျက်လုံးများ စိတ်ဝင်စားမှုနဲ့ ပြည့်နှက်နေ၏။

“သခင် ဘာကြည့်နေတာလဲ?”

ခရိုင်တရားသူကြီးဝတ်စုံ ဝတ်ဆင်ထားသော အဆင့်မြင့် အရာရှိ တစ်ဉီး သာမန်အားဖြင့် ငြိမ်သက်စွာ ရှိသူဆိုပေမဲ့ ရယ်မောနေသည်ကိုမြင်တော့ သူရဲ့ သိချင်စိတ်ကို ထိန်းမနိုင်တော့ပေ။

အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ လူငယ်ရဲ့ နောက်လိုက် မတက်နိုင်ပဲအောက်ငုံ့ကြည့်သည်။

သို့ပေမဲ့ ငယ်ရွယ်သော သူတောင်းစား မုန့်စားနေတာကို မြင်ရသည်။  ဘာမှ မထူးခြားပေ။

“ဘာမှမဟုတ်ဘူး။”

အဖြူရောင်ဝတ်စုံဝတ်ထားသည့်လူငယ် တည်တည်ငြိမ်ငြိမ်ပြန်ကြည့်တယ်။ထို့နောက် မတ်တပ်ထရပ်ကာ “နောက်ကျနေပြီ။ ငါသွားဖို့ကိစ္စရှိတယ်။ ငါ အခု သွားတော့မယ်။”

“ကောင်းပြီ!”

ထိုလူ၏စကားကိုကြားသောအခါ သူ အလျင်အမြန်ထရပ်ကာ အနောက်သို့လိုက်လာခဲ့သည်။

ချုစစ်ဟန် ထွက်လာသောအခါတွင် အခြားသူတောင်းစားအား အစာကျွေးပေးသော ကြင်နာတတ်သော သူတောင်းစားကို တွေ့လိုက်ရသည်။ ခေါင်းစောင်းနေပြီး ပါးစပ်ထဲမှာ မိုးမခသစ်ရွက်ကိုက်ကာ တံတားပေါ်မှာ ရပ်နေ၏။ သူမ ဘာတွေးနေသလဲ မသိပေ။

Comment

Leave a Reply

Options

not work with dark mode
Reset