Switch Mode

Chapter 2 – သူတောင်းစားအပေါ် အမှားကျုးလွန်ခြင်း ။

သူတောင်းစားအပေါ် အမှားကျုးလွန်ခြင်း ။

ဒီအချိန် ပျောက်ဆုံးသွားပြီလို့ ထင်နေတဲ့ လုရှန်း ကတော့ ဟောင်ရန် မြို့ထဲ ပန်သီးစားရင်း ပေါ့ပေါ့ပါးပါး ဈေးဝယ်ထွက်နေ၏။

ရေကန်ထဲ ရေကူးပြီး ရွာရှေ့က ပျက်စီးနေတဲ့ အိမ်တစ်လုံးထဲဝင်ကာ မီးပုံရှေ့ ၌ တညကုန်ဆုံးခဲ့သည်။ ။ မနက်မိုးလင်းမှ လျိုယွဲ့ ရွာမှ ထွက်ခွာ လာခဲ့သည်။

ဒီ ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ မှတ်ဉာဏ် အရ လူသတ်သမားရဲ့ လုပ်ရပ် ကြောင့် သေဆုံးသွားတယ်ဆိုသည့်အကြောင်းအရင်း ပေးခဲ့တယ်။

ခန္ဓာကိုယ် ပိုင်ရှင် ရဲ့ ညီမ လုနိုင်း သည် သူမနဲ့အစားထိုးပြီး ခရိုင်တရားသူကြီး နဲ့ လက်ထပ်ချင်လို၏။

ဒါကြောင့် ခန္ဓာကိုယ် ပိုင်ရှင် ရဲ့ မိထွေးဖြစ်သူ အမျိုးသမီး လျို နှင့် ပူးပေါင်းခဲ့တယ်။ ညသန်းခေါင် ခန္ဓာကိုယ် ပိုင်ရှင်ဖြစ်သူ အိပ်ပျော်သွားချိန် သူတို့နှစ်ယောက်က အသက်ရူကြပ်အောင်လုပ်ခဲ့သည်။ ထို့နောက် သူမကို ရေကန်ထဲသို့ ပစ်ချခဲ့သည်။

ကျေးဇူးတင်ရမှာက သူမက ဒီနေရာကို အမြန်ရောက်ရှိခဲ့လို့ မဟုတ်ရင် ခန္ဓာကိုယ် ပြို လဲသွားလိမ့်မည်။

သူမခေါက်ဆွဲဆိုင်တွင် ခေါက်ဆွဲစားနေချိန် ဓာတ်ငွေ့အဆိပ်သင့်ပြီး သေဆုံးသွားခဲ့သည်။

အချိန်အတော်ကြာပြီးနောက်မှာ သူမ ကူးပြောင်းလာတယ်ဆိုတာ သိလိုက်တယ်။

သူမ ရေကန်ဘေးတွင် အကြာကြီးထိုင်နေခဲ့ပြီး ဖြစ်ပျက်ခဲ့သည်များကို လက်ခံခဲ့တယ်။

လောလောဆယ် လျိုယွဲ့ ရွာ ကို မပြန်ချင်သေးဘူး ခန္ဓာကိုယ် ပိုင်ရှင်ဟာ အဲဒီမှာ အချည်းအနှီးသေဆုံးသွားခဲ့သည်။

အမျိုးသမီး လျို နဲ့လုနိုင်းတို့ သူတို့ရဲ့ ရာဇ၀တ်မှုကို စိတ်လိုလက်ရ ဝန်ခံခွင့် မှ ခန္ဓာကိုယ် ပိုင်ရှင်ရဲ့ စိတ်ဝိညာဉ်ကို အေးချမ်းမှု ပေးနိုင်မှာဖြစ်တယ် ။

“ဒီအသားထုပ်က ဘယ်လောက်လဲ?”

လုရှန် ပေါင်မုန့်ဆိုင်တစ်ဆိုင်ရှေ့ကို ဖြတ်သွားချိန် စားချင်စိတ်တွေ မထိန်းနိုင်ဖြစ်ပြီး သရေကျလာတယ်။

သူမရဲ့ဆရာ သူမကိုပေးခဲ့တဲ့ နေရာလွတ်လက်ကောက်ထဲ ဟင်းသီးဟင်းရွက်များ၊ ငါးအရှင်များ၊ ပုစွန်အရှင်များ ရှိသည်။

သူမ မနေ့ညက ငါးကင်စားခဲ့ပြီး ဒီနေ့ အသားမုန့်ကို အနံ့ခံမိပြီး သူမ၏ဗိုက် ကျယ်လောင်လာသည် ။

သူမ ဆရာ နဲ့ ကုန်စုံဆိုင်သွားတုန်းက ဝက်သားကို ဗိုက်သားများများဝယ်ပြီး လက်ကောက်ထဲ ထည့်ထားသင့်တယ်လို့တွေးမိသည်။

“ဒီသူတောင်းစား ဘယ်ကရောက်လာတာလဲ။ ကျေးဇူးပြုပြီး ချထားပါ။”

ပိုင်ရှင်က စိတ်မရှည်စွာ ကြည့်တယ်။ ။ သူ့အမူအရာသည် စိတ်အနှောက်အယှက်ဖြစ်စေသော ယင်ကောင်တစ်ကောင်ကို လိုက်ဖမ်းနေသည့် လူနှင့်တူ၏

လုရှန်း ခေတ္တရပ်လိုက်ပြီး သူ့ကိုယ်သူ ပြန်ငုံ့ကြည့်တယ်။

ထိုပုံစံကိုကြည့်ပြီး သူမကိုယ်တိုင်က ဘာပြောရမှန်းမသိ ဖြစ်သွား၏။ ။

သူမရဲ့အဝတ်အစားတွေက စုတ်ပြဲနေပြီး ဖိနပ်တစ်ဖက် လည်း ပျောက်ဆုံးနေ၏ ။

ထို့နောက် သူမ မှန်သေးသေးလေးကို ထုတ်ကာ သူ့ကိုယ်သူ ကြည့်လိုက်သည်။

သူမ၏ မျက်နှာငယ်လေးသည် ညစ်ပေနေပြီး နှစ်ပေါင်းများစွာ မျက်နှာ မသစ် ခေါင်းမဖြီးထားသလို စုတ်ပြတ်နေ၏။ ။

သူမ မှန်ကို တိတ်တိတ်လေး ပြန်သိမ်းပြီး အမဲသားပေါင်မုန့်ကို ကြည့်ရင်း နောက်တဆိုင်သို့သွားသည်။

နောက်တစ်ဆိုင်မှာလည်း အသားမုန့်တွေ ရောင်းတယ်။ သို့သော် ဒီ ဆိုင်ပိုင်ရှင်က သူမကို မနှင်ထုတ်ခဲ့ဘူး စက္ကူအိတ်ထဲကို အသားမုန့်နှစ် ခုတောင် ထည့်ပေးခဲ့လိုက်တယ်။

“သမီး။ ဗိုက်ဆာနေတာဖြစ်မယ် ။ ဒါ သမီး အတွက်ပါ။”

“ကျေးဇူးတင်ပါတယ်!”

လုရှန် စားနေတဲ့ ပန်းသီးက အစေ့တစ်စေ့လောက်အရွယ်သာ ကျန်တော့တယ်။ သူမ အမှိုက်များပြည့်နေပြီး ဝါးနဲ့ ပြုလုပ်ထားတဲ့ အမှိုက်ပုံးထဲကို ပစ် ထည့်လိုက်၏။

ထို့နောက် သူမ ပြုံးပြီး အသားပေါက်စီ ကိုယူရန် လက်ကိုဆန့်လိုက်တယ်။ထို့နောက် အိတ်ကပ်အတွင်းမှ ကြေးပြား ထုတ်ကာ ဆိုင်ပိုင်ရှင်ကိုပေးလိုက်တယ်။

ဈေးဆိုင်ပိုင်ရှင် အံ့အားသင့်သွားတယ်။

“သမီး။ အသားမုန့် တစ်ခုကို ကြေးပြားတစ်ခု ”

“တကယ်လား?” လုရှန် သူမ၏ ခြေလှမ်းများ ကို နောက်ပြန်ဆုတ်လိုက်ပြီး ဆိုင်ပိုင်ရှင်ကို ပြုံးပြကာ “ဒါဆို သမီး အတွက် နောက်ထပ် အသားမုန့် ၂ ခု ထုပ်ပေးပါ”

“ကောင်းပြီ!”

ငွေသိမ်းပြီးနောက် ဈေးဆိုင်ပိုင်ရှင်က သူမအတွက် နောက်ထပ် အသားမုန့်နှစ်ခု ကို ပျော်ရွှင်စွာ ထုပ်ပိုးပေးခဲ့တယ် ။

လုရှန်း ပထမ အသားဆိုင်မှ ပိုင်ရှင်၏ ငိုကြွေးသံ ကြားရတယ်။ “သူတောင်းစားတောင်မှ အခုအသားပေါင်မုန့်ကို စားနိုင်နေပြီ။ ဘယ်လောက်ကံမကောင်းလိုက်တာလဲ!”

လုရှန်း သည် ထိုစကားကြားသောအခါ မျက်ခုံးပင့်လိုက်သည်။

ထို့နောက် သူမ အဝါရောင် ဂါထာစာရွတ် ကို ဆွဲထုတ်ကာ စကားလုံးအချို့ကို တီးတိုးရွတ်ဆို။

လမ်းသွားလမ်းလာတွေက သူမကို စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။ ။

ခဏကြာတော့ သူ့လက်ထဲက အဝါရောင်စက္ကူ ဟာ ရုတ်တရက် မီးလောင်သွာပြီး ပြာအဖြစ်ပြောင်းလဲသွားပေမဲ့ ဘယ်သူမှ သတိမထားမိလိုက်ဘူး။

အဝါရောင် ပြာများ လောင်ကျွမ်း သွားတော့ သူမ၏ နှုတ်ခမ်းတွင် မကောင်းသော အပြုံးတစ်ခု ပေါ်လာတယ်။

သူ့ဆရာက လူတိုင်းမှာ သူတို့ရဲ့ နေထိုင်မှုပုံစံရှိတယ်လို့ တစ်ခါက ပြောဖူးတယ်။ အခြားသူများတွင် သဘောထားကွဲလွဲခွင့်ရှိသော်လည်း လေးစားလိုက်နာရဆဲဖြစ်သည်။

ပထမဆိုင်ပိုင်ရှင်သည် အားနည်းသူများကို အနိုင်ကျင့်ပြီး အားကြီးသူများကို ကြောက်ရွံ့သည် ။ ဒုတိယဆိုင်ပိုင်ရှင်က ကြင်နာတတ်ပြီး မကောင်းမှုကို ကြောက်သည်။

လုရှန်း ထွက်သွားပြီးနောက် ပထမဆိုင်ကအသား မုန့်တွေကို မရောင်းရဘဲ ဒုတိယဆိုင်က မကြာခင် အသားမုန့် အားလုံး ရောင်းထွက်သွားခဲ့တယ်။

Comment

Leave a Reply

Options

not work with dark mode
Reset