မကြာသေးခင် လျိုယွဲ့ ရွာ မီးရှူးမီးပန်းများ ဖောက်၍ ပျော်ရွှင်နေကြသည်။ ဆူညံသံများ တစ်ရွာကျွတ် ကျယ်လောင်စွာ ထွက် ပေါ် နေ၏။
သို့သော် လွန်ခဲ့သည့် အခိုက်အတန့် ၌ တိတ်ဆိတ်မှု ရွာတစ်ရွာလုံးကို ဖုံးလွှမ်းသွား ။
သတို့သမီးလေး ပျောက်နေတယ်။
လင်းဂျန် အိမ်တော် တွင်နေထိုင်သော ခရိုင်တရားသူကြီး ချုစစ်ဟန် သည် အသက် ၃၀ အောက်သာ အသက်ရှင်လိမ့်မယ်လို့ တိုင်းပြည်၏နတ်ဆရာက က ကြိုတင်နိမိတ်ထုတ်ခဲ့သည်။ လျိုယွဲ့ရွှာ၊လုမိသားစု ရဲ့သမီး နဲ့လက်ထပ်ထိမ်းမြှားမှ သူ့ကံကြမ္မာမှ လွတ်မြောက်မယ်လို့ဆိုတယ်။
လွန်ခဲ့သောရက်အနည်းငယ်က ချုအိမ်တော် သည် လု မိသားစုထံ လက်ထပ်ထိမ်းမြားလက်ဆောင်များ ပေးပို့ခဲ့တယ်။ ဒီနေ့ သတို့သမီးကို ခေါ်ဖို့ ရောက်လာသည်။
သို့သော် လုမိသားစု၏ လက်ထပ်ပွဲ အခမ်းအနားသို့ ရောက်သောအခါ ချုမိသားစု သည် သတို့သမီး ပျောက်ဆုံးနေကြောင်း ကြားသိခဲ့ရတယ်။
ချူမိသားစုအားလုံး ဒေါသတကြီးထွက်သွားတော့သည်။
သူတို့က လု မိသားစု၏ တံခါး ဝင်ပေါက်မှာ ပိတ်ဆို့ကာ သတို့ သမီး သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ မြင်ရဖို့ခွင့်တောင်းကြတယ်။
” အသက်ရှင်နေတဲ့လူက ဘယ်လိုလုပ် ပျောက်သွားတာလဲ? ”
လျိုယွဲ့ ရွာသူကြီးက မျက်မှောင်ကြုံ့ပြီး သတို့သမီး၏ဖခင် လုဒါဟွာ ကိုမေးမြန်းသည်။
လာရောက်လည်ပတ်သူများမှာချု မိသားစုဖြစ်တယ်။
လင်းဂျန် အိမ်တော် သည် ဟောင်ရန်မြို့ကိုမပြောနဲ့ ချုမိသားစု ကိုစော်ကားဖို့ သတ္တိမရှိပေ။ လု မိသားစုသည် အဆင့်အတန်းနိမ့်သော ရွာသားများဖြစ်တယ် ။
” မသိဘူး!” လုဒါဟွား အော်ဟစ်တယ်။
စကားနားထောင်တဲ့ သမီးလေး ပျောက်ဆုံးသွားလိမ့်မယ်လို့ သူ မတွေးခဲ့မိဘူး။
“ဖေဖေ၊ ညီမလေး ပျောက်ဆုံးသွားတာက သခင် ချု ကို လက်မထပ်ချင်လို့ ဖြစ်နေမလား?။ သူဘာကြောင့် ထွက်ပြေးသွားတာလဲဆိုတာနဲ့ ပတ်သပ်ပြီး ရှင်းနေတာပဲ။”
မိန်းမချောလေးတစ်ယောက်က မဝံ့မရဲနဲ့ ဆိုသည်။ ။
“သူမ က ငါတို့သခင်ကို လက်မထပ်ချင်ဘူးလား?” ချူ မိသားစု ရဲ့ အိမ်ထိန်း မျက်လုံးများ ပြူးကျယ်သွားကာ “ သူမသာ သခင် နဲ့ လက်ထပ်မယ်ဆိုရင် ကောင်းချီးများစွာကို ရမယ်ဆိုတာ သိသင့်တယ်။”
“အဲဒါတော့ မဟုတ်ဘူး!”
မိန်းကလေး တစ်ယောက် က အပြင်းအထန် လက်ခါပြလိုက်သည်။ မိန်းကလေးက ကြောက်ရွံ့သောလေသံဖြင့် မရှင်းပြခင် နှုတ်ခမ်း သပ်လိုက်တယ်။ “အိမ်ထိန်းချု ၊ အဖေ သတိမထားပေမဲ့ ညီမလေးမှာ … စေ့စပ်သူရှိတယ် သူမ အဲဒီလူကို အရမ်းကြိုက်တယ်။”
“စေ့စပ်သူ ?”
အိမ်ထိန်း ချု မျက်မှောင်ကြုံ့ကာ လုဒါဟွာကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်သည်။ ။
လုဒါဟွား နှလုံးခုန်တက်သွား၏။
သူ့သမီးမှာ စေ့စပ်ထားသူ – သွမ့်ကျန်း ရှိသည် ။ သူက ရွာတွင် တစ်ဦးတည်းသော ပညာတက်တစ်ယောက်ဖြစ်သည်။
သို့သော် သွမ့်ကျန်း သည် အရင်နှစ်တွင် ပညာတော်သင်အဆင့်သို့ ရောက်ရှိပြီးကတည်းကသွမ့်မိသားစု သည် လုမိသားစုနဲ့ အဆက်အသွယ်ဖြတ်ဖို့ကြိုးစားတော့သည်။ ။
လုမိသားစု သူတို့နဲ့ပတ်သက်တဲ့ ကောလာဟလတွေ ဖြန့်မှာကို စိုးတာကြောင့် သူတို့ ဆန္ဒတွေကို သွယ်ဝိုက်သည့်နည်းဖြင့်ဖော်ပြကြတယ်။ ။
သူတို့ရဲ့ ပြောဆိုချက်တွေက လုရှန်း နှင့် သွမ့်ကျန်း တို့နဲ့ ကိုက်ညီမှု မရှိဆိုတာ သိသာလွန်းနေတယ်။
လုဒါဟွား သည် သွမ့် မိသားစု၏ ပြောစကားများစွာကို နားထောင်နေရတာကြောင့် နားလေးမလို တောင် ဖြစ်သွား၏။
တကယ်တော့ သွမ့်ကျန်းဟာ ဟောင်ရန်မြို့မှာ ပထမဆုံးအောင်မြင်သူ၊။ သူက အင်ပါယာ ပြည်နယ်အဆင့် အောင်မြင်ခဲ့တယ်။ အနာဂတ်မှာ အဆင့်မြင့်အရာရှိဖြစ်မယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ?
လုဒါဟွား ဒီလို ကောင်းမွန်တဲ့ အိမ်ထောင်ရေး ဘာလို့ ငြင်းပယ်ရမှာလဲ? ။
သို့သော် လွန်ခဲ့သောရက်အနည်းငယ်က အိမ်ထိန်းချု ရုတ်တရက်လာရောက်ပြီး ခရိုင်တရားသူကြီးက သူတို့ ရဲ့ သမီးကို လက်ထပ်လိုကြောင်း အသိပေးခဲ့သည်။
ဒီသတင်းက သွမ့် မိသားစုဆီ ရောက်ရှိသွားကာ သွမ့်မိသားစု သည် စေ့စပ်ပွဲကို ဖြတ်တောက်ခဲ့တယ်။
သွမ့် မိသားစုက ရုတ်တရက် စေ့စပ်ကြောင်းလမ်းမှု ပျက်ပြယ်သွားရတဲ့ အကြောင်းရင်းကို မသိပေမယ့် ဒါဟာ သူတို့ အမြဲလိုချင်ခဲ့တဲ့ ရလဒ်လည်းဖြစ်တယ် ။
ဒါကြောင့် တစ်စက္ကန့်မျှ မစဉ်းစားဘဲ သူတို့ သဘောတူခဲ့သည်။
ဒီသတင်းကိုသိရှိပြီးတဲ့နောက်မှာ လုရှန်း အခန်းထဲသော့ပိတ်နေပြီး တညလုံးအဆာအငတ်ခံ ငိုယိုနေခဲ့တယ်။ နောက်တနေ့မှ အခန်းထဲက ထွက်ခဲ့တယ်။
သူမ လုဒါဟွာကို ချုမိသားစုက သူနဲ့လက်ထပ်မယ်လို့ကတိပေးခဲ့တယ်။ ။
ထို့အပြင် မနေ့ညက ညစာစားနေစဉ် သူမ ရှိနေသေးသည် ။
နောက်တစ်နေ့ သူမဘယ်လိုလုပ် ပျောက်ဆုံးနိုင်မှာလဲ ?
“အဲဒါ။အတိတ်က ကိစ္စပဲ။ စေ့စပ်ထားတာ တော်တော်ကြာပါပြီ”
လုဒါဟွာ စကားအဆုံးသတ်ပြီးနောက် မယားပါသမီးကို လူသတ်ချင်လောက်တဲ့ အကြည့်နဲ့ ကြည့်လိုက်သည်။
အမျိုးသမီး လျို သည် လုနိုင်းကို ဘေးသို့ ဆွဲခေါ် ပြီး အပြစ်တင်တယ်။ “လူကြီးတွေ စကားပြောနေတယ် ပါးစပ်ကို ပိတ်ထား”
လုနိုင်း သူမ နှုတ်ခမ်းများကို စေ့ထားကာ စကားပင် ဆက်မပြောတော့သို့သော် ရက်စက်ယုတ်မာမှုက သူမမျက်လုံးတွင် တောက်ပနေ၏ ။
လုရှန်း ဟာ ဒီဘဝမှာ ဘယ်တော့မှ ပြန်လာမှာ မဟုတ်ဘူး။