ညနေ၁၀နာရီ မင်ကျူးစံအိမ်ရဲ့ ဇိမ်ခံအိပ်ခန်း၌ ဝေ့ပင်ချင်းဟာ အိပ်ယာထပြီးနောက် ကိုယ်လက်သန့်စင်ကာ စိုစွတ်နေတဲ့ဆံပင်ကို ပဝါနဲ့ သုတ်နေလေသည်။
သူမဟာ အဖြူရောင် ညအိပ်ဝတ်စုံနဲ့ တင့်တယ်လှပါတယ်။ ထိုအချိန်မှာပဲ အခန်းထဲရှိမီးအလင်းဟာ မှောင်လိုက်လင်းလိုက်ဖြစ်လာပြီး လိုက်ကာမှာလည်း လေတိုက်မှုကြောင့်လှုပ်ယမ်းနေေလ၏။
ဝေ့ပင်ချင်းဟာ လန့်သွားပြီး ကျက်သီးတွေ ထလာသည်။ သို့ပေမယ့် မကြာခင်မှာပဲ လေရပ်သွားပြီး အလင်းရောင်လည်းပုံမှန်ပြန်ဖြစ်လာသည်။
ထို့နောက်အနက်ရောင်အက်ကြောင်းတစ်ခု လေထဲမှာ ဗြုန်းစားကြီး ပေါ်လာသည်။ ထိုအက်ကြောင်းဟာ ၁၀cm လောက်ကျယ်ပြီး မီတာဝက်လောက်ထိ ရှည်သည်။
အပြင်ကနေကြည့်လျှင် အက်ကြောင်းဟာ မှောင်မဲနေပြီး ဘယ်လောက်ရှည်လဲဆိုတာကို မသိနိုင်ပါဘူး။ ရုတ်တရက်ဆိုသလို လက်နှစ်ဖက်ဟာ အက်ကြောင်းထဲကနေ ထွက်လာပြီး အက်ကြောင်းနှုတ်ခမ်းကို ဆွဲဖြဲလိုက်လေသည်။
ကွဲအက်လာတဲ့ အသံနှင့်အတူအက်ကြောင်းဟာ ၁၀cmမှ မီတာဝက်လောက်ထိ ကျယ်လာသည်။ ထို့နောက် လူငယ်တစ်ယောက်ဟာ အဝတ်မပါဘဲ အထဲကနေ လမ်းလျှောက်ထွက်လာ၏။
‘အား…’
ဝေ့ပင်ကျင်းဟာ ကြောက်လန့်တကြား အော် လိုက်ပြီး စားပွဲခုံသို့ပြေးကာ သစ်သီးလှီးတဲ့ဓါးဖြင့် လူငယ်ကိုရွယ်ပြီး ပြောလိုက်သည်။ “ရှင် … ရှင်ဘယ်သူလဲ ဒီကိုမလာနဲ့”
လူငယ်က ‘အာ.. ငါဘယ်သူလဲ၊ ဘယ်ကလဲ၊ ဘာလာလုပ်တာလဲဆိုပါလား’
လီဖန်းဟာ ကြောင်သွားပါတယ်။ သူကအခုမှထွက်လာတာပါ။ အိမ်ထဲမှာအိပ်နေပြီးအိပ်ယာနိုးတော့ အနက်ရောင်အလုံးကြီးထဲ ရောက်နေတာနဲ့ပဲ တိုးထွက်လာတာပေါ့။
အက်ကြောင်းကိုဆွဲဖြဲပြီး ထွက်လာတော့ ဘယ်နေရာရောက်မှန်း မသိနိုင်ဘဲ အလှအပလေး တစ်ပွေကိုတွေ့မိတာပါပဲ။
‘အိပ်မက်လားဟ’။ လီဖန်းဟာခါးကို ဆွဲလိမ်လိုက်သည်။ ‘ဟစ်’ ချီးနာတယ်ဟ အိပ်မက်မဟုတ်ဘူး။
“ဒင် ဂုဏ်ယူပါတယ်သခင် ပေါင်းစပ်မှုအောင်မြင်ပါတယ်” နတ်ဘုရားမလေးများအား ပျော်ရွှင်စွာ ကယ်တင်နိုင်ဖို့ တာဝန်တွေကို စီစဉ်ပြီးပါပြီ။
ထိုအချိန်မှာပဲ အစ်မကြီးကျီလင်ရဲ့ သာယာတဲ့အသံဟာ လီဖန်းရဲ့စိတ်ထဲမှာ ပေါ်ထွက်လာသည်။
လီဖန်း “…”
‘အ…လခွမ်း’
ဝေ့ပင်ကျင်းဟာ လီဖန်းရဲ့ အမူအရာကိုတွေ့ပြီး အလွန်ကြောက်သွားသည်။
‘ဘုရားသခင် ကြောက်ဖို့ကောင်းလိုက်တာ’။
လီဖန်းဟာ ကမန်းကတန်း ရှင်းပြဖို့ကြိုးစားနေပေမယ့် သူလည်းဘာတွေဖြစ်နေမှန်း သေချာမသိလို့ ပြန်ငြိမ်နေလိုက်သည်။
ထို့နောက် အစ်မကြီးကျီလင်ကပဲ ဆက်ရှင်းပြရတော့၏။
‘သခင်ဟာ အိပ်ပျော်နေပြီး စနစ်နဲ့ပေါင်းစပ်တာကို သတိမထားမိတာပါ။ ပထမဆုံးအနေနဲ့ ဂုဏ်ယူပါတယ်သခင် ကောင်းကင်ကိုးခုနှင့် ကမ္ဘာမြေဆယ်ခုမှာ အစွမ်းထက်ဆုံးနဲ့အလွှမ်းမိုးနိုင်ဆုံး စနစ်ကိုရရှိပါတယ်။ စနစ်လက်ထဲမှာရှိလျှင် နတ်မိမယ်လေးတွေရှိမယ်။ တခြားလူတွေက ကမ္ဘာကိုကြီးစိုးပြီးမှ နတ်မိမယ်တွေကိုရတယ်။ သခင်က နတ်မိမယ်လေးတွေကို သိမ်းပိုက်ရင်း လောကကြီးကို တစ်ခါတည်း ပိုင်ဆိုင်နိုင်မယ်။ ဒါ့ကြောင့် စနစ်ရဲ့ဆောင်ပုဒ်မှာ နတ်ဘုရားမလေးတွေကိုရှာမယ်၊ ကယ်မယ်၊ ပြီးရင် သိမ်းပိုက်မယ် ဒါပဲဖြစ်တယ် ။ အခုစနစ်က ပထမဆုံးတာဝန်ကို ထုတ်လွှင့်လိုက်ပါပြီ။ နတ်ဘုရားမလေး ဝေ့ပင်ချင်းအား ကယ်တင်ပါ။ စနစ်ရဲ့တာဝန်နေရာမှာအသေးစိတ်ကို ကြည့်နိုင်ပါတယ်။ နောက်ပြီးသခင့်ရဲ့အရမ်းအားနည်းနေတဲ့ ခန္ဓာကိုယ်ကို စနစ်ကအလကားမွမ်းမံ ပေးထားသေးတယ်။ပင်ကိုယ်အရည်အချင်း နေရာမှာ ပြန်ကြည့်လိုက်ပါဦး’။
“@#$%^အားနည်းတယ် ဘယ်သူကအားနည်းတာလည်းမင်းတို့တစ်မျိုးလုံးကမှ အားနည်းတာ”။
အံ့ဩစရာတော့မရှိဘူး ဒါကြောင့်နေရတာ ပေါ့ပါးနေတာကို။
စနစ်ကရှင်းပြပြီးနောက် လီဖန်းဟာ သတိထားမိလိုက်လေသည်။
‘ဝိုး စစ်ပတ်တွေပဲ’။ ဗလကြီးတွေလောက် တအားကြီးမလာပေမယ့် တော်တော်ကြည့်လို့ ကောင်းသွားသည်။
အရေးကြီးတာက စနစ်နဲ့ဆို အရင်ကမလုပ်နိုင်တာတွေ လုပ်နိုင်လာတော့မယ်။ စိတ်လှုပ်ရှားနေတဲ့ လီဖန်းဟာ ကိုယ်ပိုင်အရည်အချင်းနေရာကို ကြည့်လိုက်သည်။
သခင် -လီဖန်း
အဆင့် -D+အဆင့်
EXP -0/100
စနစ်အမှတ်-0
အောင်မြင် မှတ်-0
စကေး -မရှိ
‘ရှင်အခုထွက်သွား မဟုတ်လျှင် ရဲတိုင်ရလိမ့်မယ်’
လီဖန်းရဲ့တိတ်ဆိတ်နေမှုဟာ ဝေ့ပင်ချင်းကို ပိုလန့်စေသည်။ရဲတိုင်လိုက်လျှင် လီဖန်းဟာ အညှိုးနဲ့လက်စားခြေမှာကိုလဲသူမကြောက်သည်။
သူမဟာ ပြောနေပေမယ့် မလှုပ်ရဲပဲ ခေါင်းကိုစောင်းထားသည်။
‘ဒီကမိန်းမလှလေး ကျွန်တော့နာမည်လီဖန်းပါ။ နတ်ဘုရားကမင်းကိုကယ်ဖို့ လွှတ်လိုက်တာဆို မင်းယုံမလား။ ‘
လီဖန်းဟာ စနစ်ကိုထားပြီး မဲ့ပြုံးပြုံးကာ ပြောလိုက်လေ သည်။ပျော်ရွှင်မှုပြီးဆုံးပြီးနောက် နာကျင်မှုက ရောက်ရှိစမြဲပါ။ စနစ်လုပ်လိုက်တဲ့သူ့ပုံစံက တော်တော်ဆိုးပါတယ်။
အဝတ်အစား ပါမလာခဲ့တော့ လူယုတ်မာလို့သတ်မှတ်ခံရလျှင်တောင် မဆန်းတော့ပါ။ အဟမ်း စော်လေးကသေချာကြည့်တော့လည်း တော်တော်လှတာဟ။ ဘော်ဒီကရှယ်။
အဖြူရောင် လည်တိုင်လေးရဲ့အောက်မှာ ညဝတ်စုံနို့ရည်ဖြူရောင်လေးနဲ့ လိုက်ဖက်နေတာပေါ့။ ခါးလေးကသိမ်ပြီး ရင်နေရာရင် တင်နေရာတင် ကြည့်ရင်းက ရင်တွေတောင်ခုန်သည်။
စကတ်အောက်က ဖြူဖွေးပြီးရှည်လျားတဲ့ ခြေတံနှစ်သွယ်ဟာ လူကိုရူးသွတ်သွားနိုင်သည်။ ဒါတင်မကသေး မျက်နှာလေးကလည်း လှပကာမျက်လုံးနက်နှစ်ခုမှာ ကြယ်တာယာတွေလို တောက်ပနေတဲ့ အကြည့်လေးက တန်ဆာဆင်လို့ပါလား။
နှာတန်စင်းစင်းလေးနဲ့ အနီရောင်နှုတ်ခမ်းတသွယ် ဖြူလွှပြီး ညီညာနေတဲ့ သွားလေးတွေနဲ့ မင်ရည်လိုနက်မှောင်ပြီးပခုံးပေါ်မှာ ရစ်သိုင်းနေတဲ့ ဆံနွယ်တွေဟာ နတ်ဘုရားတွေရဲ့ဂုဏ်အယူရဆုံး ဖန်တီးမှုတစ်ခုလို့ ဆိုနိုင်လောက်အောင်ပါပဲ။
‘ကျွန်မရှင့်ကိုယုံပါတယ်။ ပြီးတော့ကယ်တင်ဖို့လဲ မလိုပါဘူး။ ဒီကနေသာ မြန်မြန်ထွက်သွားပေးပါ။ မဟုတ်လျှင်ရဲခေါ်ရလိမ့်မယ်’
ဝေ့ပင်ချင်းဟာ လီဖန်းကိုမကြည့်ရဲပဲ ပြောလို့သာနေပါသည်။
လီဖန်းပေါ်လာတာက ထူးဆန်းပြီး သူ့စကားတွေဟာလည်းပေါက်ကရတွေပါ။ သူမမှာ ဘာအန္တရာယ်ရှိနိုင်မှာလဲ။ ရှိလျှင်လည်း သူလုပ်တာပဲဖြစ်မှာပါ။
“အာ…” လီဖန်းက သူပြောလည်း အသုံးမဝင်တာ သိသွားပြီး စနစ်ပေါ်ကိုသာ ကြည့်လိုက်လေ၏။
တာဝန် – နတ်ဘုရားမလေး ဝေ့ပင်ချင်းကို ကယ်တင်ပါ(၁)
တာဝန်ဖော်ပြချက် – ပန်းခြွေမုဆိုး စွန်းဝေဟာ ဒီညဝေ့ပင်ချင်းဆီကို လာပါ လိမ့်မယ်။ စွန်းဝေဆီက ကာကွယ်နိုင်(သို့) နှိမ်နင်းနိုင်လျှင် တာဝန်ပြီးမြောက် ပြီဟုသတ်မှတ်နိုင်။
“ဆုကြေး- ၁၀၀EXP၊ ၁၀၀၀စနစ်အမှတ်”
မှတ်ချက်- စနစ်မှပေးသည့် တာဝန်ကျရှုံးမှုတိုင်းအတွက် တူညီသောအပြစ်တစ်ခုသာပေးမည်”ညီလေး၁cmတိုသွားမည်” အနာဂတ်အတွက်တာဝန်ကို အကောင်းဆုံးပြီးမြောက်အောင်ဆောင်ရွက်ပါ။
– တာဝန်ဟာ အန္တရာယ်ကြီးသဖြင့် လူသားခြင်းစာနာထောက်ထားခြင်း နိယာမအရ သခင်ဟာတာဝန်ပြီးတဲ့အထိ သိုင်းပညာခဏတာ တတ်မြောက်စေမည်။ တာဝန်ကိုဖတ်ပြီး လီဖန်းဟာ ခေါင်းကိုက်နေပါပြီ။
“မဟုတ်ဘူး ….စနစ်မင်းက မကောင်ဆိုးဝါးလား။ အပြစ်ပေးမှုက ကြီးလေးလွန်းတာပေါ့”
ဒါဟာတာဝန်တိုင်းကို ပြီးမြောက်အောင် လုပ်ဆောင်ဖို့ခြိမ်းခြောက်တာပါပဲ။
“ကျွန်ေတာ်ပြောတာနားထောင် ပန်းခြွေတဲ့အရူးက မင်းဆီလာမှာ ငါတကယ်မင်းကို ကယ်ဖို့ရောက်နေတာပါကွာ” လီဖန်းဟာ စနစ်ကိုကြိမ်ဆဲပြီးတာနဲ့ ဝေ့ပင်ချင်းဆီ လှည့်ပြောလိုက်သည်။
ပန်းခြွေတဲ့အရူး စွန်းဝေဟာ အခုတလောTVမှာ နာမည်ကြီးနေတာပါ။ ငယ်ငယ်ရွယ်ရွယ် မိန်းကလေးတွေကို ဖျက်စီးပြီး သတ်ပစ်တာပေါ့။
လူထုကာကွယ်ရေး ဝန်ကြီးဌာနက Aအဆင့်ဝရမ်းထုတ်ထားပေမယ့် မမိသေးပါဘူး။ ဝေ့ပင်ချင်းဟာ လန့်ပြီးခေါင်းကိုသာ ရမ်းနေသည်။ သူမ သိတာပေါ့ သတင်းထဲမှာ။ ဒါပေမယ့် ဒီစံအိမ်က လုံခြုံရေးကောင်းပြီး ဝန်းကျင်မှာရှိတဲ့ရှင်းဟွာအစုကလည်း ကင်းလှည့်လေ့ရှိပါသည်။
စွန်းဝေဆိုတဲ့ကောင် ဘယ်လောက်ပဲဆိုးဆိုး လာလောက်မည်မထင်။ ဒါပေမယ့် အဲ့ဒီအချိန်မှာပဲ အိပ်ခန်းတံခါးဟာပွင့်လာပြီး ဂျိုကာမျက်နှာဖုန်းနဲ့ လူတစ်ယောက်ဝင်လာပါတော့တယ်။
Good
Up
nice
😍